Grab က ၂၀၂၀ အတွင်း GrabFood နှင့် GrabMart ပေါ်ရှိ  စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့်
မိတ်ဖက်ဆိုင်လုပ်ငန်းများအား  ရွေးချယ်ဆုပေးအပ်

 

ရန်ကုန်၊ မြန်မာ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ –  အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်သော Grab သည်  ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကာလအတွင်း စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား  ဆုအမျိုးအစားခေါင်းစဉ်  ၁၀ ခုဖြင့် ရွေးချယ်ကာ ဆုပေးအပ်ခဲ့သည်။  

 

ဆုအမျိုးအစား ၁ ဖြစ်သည့် Big Heart Award ကို အမေ့အိမ်စားသောက်ဆိုင်ကလည်းကောင်း၊  ဆုအမျိုးအစား ၂ ဖြစ်သည့် Local Hero Award ကို The District Coffee Lounge က လည်းကောင်း၊  5 Star Merchant Award ကို Seoul Chicken က လည်းကောင်း၊ Most Loved by Bikers (YGN) ဆုကို Lotteria က လည်းကောင်း၊  Most Loved by Bikers (MDY) ဆုကို SP Bakery ကလည်းကောင်း၊  Green Merchant Award ကို Cafe Salween က လည်းကောင်း၊ COVID-19 Safety Award ကို The Pizza Company က လည်းကောင်း၊ Mandalay Merchant of the Year ဆုကို စန္ဒာမေက လည်းကောင်း၊  Digital Rising Star ဆုကို J Donut နှင့် GrabMart Merchant of the Year ဆုကို Beauty & Me ကလည်းကောင်း အသီးသီး ရရှိခဲ့သည်။

 

ထိုဆုအမျိုးအစားတိုင်းတွင် သီးသန့်အကဲဖြတ်သတ်မှတ်ချက်များ ရှိပြီး  GrabFood အစားအသောက်ပို့ဆောင်သူများအား အစားအစာအော်ဒါ စောင့်ဆိုင်းနေချိန်အတွင်း နားနေစရာနှင့် အဆာပြေစားစရာများ ပြင်ဆင်ပံ့ပိုးပေးလေ့ရှိသည့်အတွက် Big Heart Award ဆုကို ရရှိသွားသည့် အမေ့အိမ်စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ချိုချိုက “ မေတ္တာပေးလို့ မေတ္တာပြန်ရတယ်လို့ အရမ်းပီတိဖြစ်ရပါတယ်။  GrabFood စက်ဘီးသမားလေးတွေ အစားအသောက်အော်ဒါလာယူတိုင်း နားနေဖို့ နေရာနဲ့  အချိန်အခါအလိုက် အအေးဖြင့် အအေး၊ စားစရာဖြင့် စားစရာ အမြဲ ပြင်ပေးခဲ့တာ၊ သူတို့လေးတွေကို ကိုယ့်သားသမီးတွေလိုပဲ သဘောထားပြီး ဂရုတစိုက်ဆက်ဆံပေးခဲ့တာရဲ့ အကျိုးလို့ မြင်ပါတယ်” ဟု ပြောပြသည်။  အမေ့အိမ်စားသောက်ဆိုင်သည် GrabFood ပလက်ဖောင်းပေါ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လခန့်က စတင်ချိတ်ဆက်ရောင်းချခဲ့ပြီး Grab အက်ပလီကေးရှင်းအတွင်း GrabFood စာမျက်နှာပေါ်ရှိ Local Heroes ဆိုင်အုပ်စုများထဲမှ တစ်ဆိုင်အပါအဝင်ဖြစ်သည်။  

 

GrabFood ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာ မန္တလေးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၌ စတင် မိတ်ဆက်ခဲ့ပါသည်။ ယနေ့အချိန်အထိ GrabFood မှ မိတ်ဖက်စားသောက်ဆိုင်ပေါင်း (၁,၅၀၀) ကျော်အား အွန်လိုင်းကတစ်ဆင့် ပြောင်းလဲရောင်းချနိုင်ရန်နှင့် ၎င်းတို့၏ ဆိုင်ကို ပိုမို လူသိများလာစေရန် ပံ့ပိုးပေးမည့် Grab ၏ နည်းပညာပလက်ဖောင်းနှင့် နည်းပညာအကူအညီများကို တိုက်ရိုက် ရယူအသုံးပြုနိုင်ရေးအတွက် ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။  လွန်ခဲ့သည့် တစ်နှစ်အတွင်း GrabFood မိတ်ဖက်စား သောက်ဆိုင်ပိုင်ရှင်များအတွက် အစားအသောက်အော်ဒါ အရေအတွက်ပေါင်း ပျမ်းမျှ (၄၀%) ခန့် တိုးပွားလာစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် GrabFood မှ ပြည်တွင်းရှိ အကြီးဆုံး မြို့ကြီး နှစ်မြို့အတွင်း ရာပေါင်းများစွာသော မိတ်ဖက်အစားအသောက် ပို့ဆောင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါသည်။

 

ပြီးခဲ့သည့် ၆ လတာအတွင်း အစားအသောက်မှာယူသူများ၏ အကောင်းဆုံးသော အဆင့်သတ်မှတ်ချက်နှင့် အတူ ရောင်းအားအမြင့်ဆုံးရရှိခဲ့သည့် Local Hero Award ကို ရရှိသွားသည့် The District Coffee Lounge  ၏ ဆိုင်တာဝန်ခံဖြစ်သူ မအိအိဝင်းက “ဒီလိုရောင်းအားမြင့်တက်လာတာဟာ ကျွန်မတို့လို local စားသောက်ဆိုင်တွေအတွက် GrabFood က ပြုလုပ်ပံ့ပိုးပေးခဲ့တဲ့ Local Heroes ကမ်ပိန်းတွေနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကြောင့်လည်း ပါပါတယ်။  ဆိုင်ရဲ့ စုစုပေါင်းရောင်းအားရဲ့ ထက်ဝက်လောက်က GrabFood အမှာအော်ဒါတွေဆီက လာတာပါ။ ဆိုင်အနေနဲ့ကတော့  စားသုံးသူတွေ ကျေနပ်ဖို့အတွက် ကိုယ့်ဆိုင်က အစားအသောက်ပစ္စည်းတွေကို အမြဲ စုံလင်အောင်၊ မှာလိုက်တဲ့အခါ မရှိဘူးဆိုတာမျိုး မဖြစ်ရအောင် ပြင်ဆင်ထားသလို  GrabFood အော်ဒါပို့ပေးတဲ့ စက်ဘီးသမားတွေရဲ့ မြန်ဆန်တဲ့ ဝန်ဆောင်မှုကလည်း ကျွန်မတို့ရဲ့ အစားအသောက်တွေကို ပူပူနွေးနွေး အရသာမပျက်စေဘဲ စားသုံးသူတွေ လက်ထဲ ပို့ဆောင်ပေးနိုင်တာမို့  စားသုံးသူကျေနပ်မှုရပြီး rating ကောင်းကောင်း ပေးကြတာဖြစ်မယ်ထင်ပါတယ်” ဟု ဆိုပါသည်။ 

 

ဆုအမျိုးအစား ၁၀ ခုအနက် GrabFood အစားအသောက်ပို့ဆောင်ပေးသူများ နှစ်ခြိုက်သဘောကျစွာ မဲပေးရွေးချယ်မှုဖြင့် Most Loved by Bikers ( YGN) ကို ရရှိသွားသည့် Lotteria ၏ မန်နေဂျာ မကျင့်ရှင့်နှဲမ်က အစားအသောက်ပို့ဆောင်သူများနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်ထားကြောင်း၊  အော်ဒါစောင့်ဆိုင်းချိန်ကိုလည်း တတ်နိုင်သမျှ နည်းအောင် ပြင်ဆင်ပေးပြီး အကြောင်းကိစ္စကြုံလာပါကလည်း ညှိနှိုင်းဖြေရှင်းပြီးအတူတကွ လုပ်ဆောင်ကြကြောင်း ပြောပြသည်။ 

 

“ပစ္စည်းပို့ပေးတဲ့ Biker တွေရဲ့ ပံ့ပိုးမှုကလည်း အရေးကြီးပါတယ်။  သူတို့က ကျွန်မတို့လို ရောင်းချသူတွေနဲ့ ဝယ်ယူသူတွေကြား မရှိမဖြစ် တံတားလည်း ဟုတ်တယ်၊ မျက်နှာစာဆိုလည်း ဟုတ်ပါတယ်။  သူတို့နဲ့ အဆင်မပြေရင် ဝယ်တဲ့သူတွေကလည်း မှာကြမှာမဟုတ်တော့ဘူးလေ။ အခုလို ကိုဗစ်ကာလအတွင်း ရောင်းသူ ဝယ်သူ တွေ့ဆုံလို့ မရတဲ့အချိန်တွေမှာ ပိုသိသာပါတယ်” ဟု GrabMart Merchant of the Year ဆုရှင် မကေဇင်ဖြိုးဝင်းက ဆိုသည်။ 

 

“ကျွန်တော်တို့ Grab အနေနဲ့ မိတ်ဖက်လုပ်ငန်းတွေအတွက် စီးပွားရေးဆိုင်ရာ အကျိုးရှိပြီး လူမှုဘဝတွေကို တိုးတက်ကောင်းမွန်စေဖို့ အမြဲ အလေးထားလုပ်ဆောင်နေပါတယ်။ ဒါအ့ပြင် အခုလို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကာလမှာ ကျွန်တော်တို့ရဲ့ GrabFood မိတ်ဖက်အစားအသောက် ပို့ဆောင်သူတွေအတွက် ဝင်ငွေ ရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေ ပံ့ပိုးပေးနိုင်လို့ ဝမ်းသာကျေနပ်မိပါတယ်။ အစားအသောက်တွေကို မှာယူသူတွေဆီ အရောက်ပို့ဆောင်ပေးဖို့၊ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ ကြိုးစားနေကြတဲ့ သူတို့ရဲ့ အားထုတ်မှုတွေကို ကျွန်တော်တို့သာမက သူတို့နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ မိတ်ဖက်စားသောက်ဆိုင်လုပ်ငန်းတွေကပါ အသိအမှတ်ပြုကြတာကို ကျေးဇူးတင်ဂုဏ်ယူမိပါတယ်” ဟု Head of GrabFood Myanmar ဖြစ်သူ ကိုမြတ်ကောင်းမင်း က ပြောသည်။

 

ပြီးခဲ့သည့် COVID-19 ကပ်ရောဂါကြောင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအကြား  အစားအသောက်မှာယူသူ များ စိတ်ချလက်ချမှာယူစားသောက်နိုင်ရေးအတွက် ဆိုင်တွင်း အစားအသောက်ပြင်ဆင်မှု၊ သန့်ရှင်းမှုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်အတိုင်း နှာခေါင်းစည်းမျက်နှာဖုံးတပ်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ကို မကြာခဏဆေးကြောသန့်စင်ခြင်းနှင့် အချင်းချင်းထိတွေ့မှုနည်းစေရန် ရှိသင့်သည့်အကွာအဝေးများကို သတ်မှတ်ပြီး အစားအသောက်ပြင်ဆင်စီစဉ်ပေးသူနှင့် အော်ဒါလာယူသူ အစားအသောက်ပို့ဆောင်သူများအား လိုက်နာဆောင်ရွက်စေခြင်းတို့ကို အလေးထားပြသနိုင်ခဲ့သည့် COVID-19 Safety Award ပိုင်ရှင် ThePizza Company နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သက်ရောက်မှုများကို မိမိတတ်နိုင်သည့်အပိုင်းမှ လိုက်နာဆောင်ရွက်ကာ စက္ကူပါကင်များကို အသုံးပြုသည့် Green Merchant Award ရရှိသွားသော Cafe Salween စားသောက်ဆိုင်တို့ကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ကိုမြတ်ကောင်းမင်းက ပြောသွားခဲ့သည်။

 

ဆုအမျိုးအစားနှင့် ဆုရှင်များ 

 

 
ဆုအမျိုးအစား
ဆုရှင်
Big Heart Award
အမေ့အိမ်စားသောက်ဆိုင်
COVID-19 Safety Award
The Pizza Company
Digital Rising Star
J-Donut
Green Merchant Award 
Cafe Salween 
Mandalay Merchant of the Year
စန္ဒာမေ (၇၉ လမ်း) 
Most Loved by Bikers (MDY) 
SP Bakery
Most Loved by Bikers (YGN) 
Lotteria 
Local Hero Award
The District Coffee Lounge
GrabMart Merchant of the Year 
Beauty & Me (Korea Skin Care)
၁၀
5-Stars Merchant (rated by GrabFood customers)
Seoul Chicken (စမ်းချောင်း)