GrabThoneBane

သင် လိုအပ်တဲ့အချိန်တိုင်းအတွက် အဆင်သင့်ရှိနေမယ့် သုံးဘီး

သင် သွားလိုရာကို ပို့ဆောင်ပေးမယ့် GrabThoneBane ရှိနေပါပြီ

GrabThoneBane ရောက်ရှိလာတဲ့အတွက် မြို့ထဲမှာ သွားလာလှုပ်ရှားစရာကိစ္စတွေကို ပိုပြီးလွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်စေမှာပါ။ ဒီနေ့ကစပြီး အရှေ့တောင်အာရှရဲ့ ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုအက်ပလီကေးရှင်းရဲ့အကျိုးကျေးဇူးတွေကို စတင်ခံစားလို့ ရနိုင်ပါပြီ။


GrabThoneBane ကို အသုံးပြုသင့်တဲ့ အကြောင်းရင်း ၃ ခု

ပုံသေဈေးနှုန်းကို ကြိုမြင်ရတယ်

အဆင့် ၃ ဆင့်နဲ့ လွယ်ကူစွာ အမြန်ဆုံးငှားရမ်းနိုင်မယ်

နေပူ၊ မိုးရွာ သက်သောင့်သက်သာ သွားလာနိုင်မယ်

ပြသထားတဲ့ ဈေးနှုန်း
အခြေခံ ယာဉ်စီးခနှုန်းထားကျပ် ၁,၀၀၀
အနိမ့်ဆုံးယာဉ်စီးခနှုန်းထားကျပ် ၁,၃၀၀
တစ်ကီလိုမီတာနှုန်းထားကျပ် ၃၀၀

ကားငှားစီးဖို့ လိုပါသလား? အခုပဲ GrabThoneBane ကို ငှားလိုက်ပါ။

အမေးများသည့်မေးခွန်း

GrabThoneBane ဆိုတာ သုံးဘီးမော်တော်ကားအမျိုးအစားဖြစ်ပြီး ပုံသေဈေးနှုန်းနဲ့အတူ အဆင်ပြေလွယ်ကူပြီး ဘေးကင်းလုံခြုံစွာ စီးနင်းနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။

GrabThoneBane ရဲ့အခြေခံဈေးနှုန်းကတော့ ၁၀၀၀ ကျပ်ဖြစ်ပြီး ၁ ကီလိုမီတာတိုင်းကို ၃၀၀ ကျပ်စီ ကျသင့်မှာဖြစ်ပါတယ်။ ခရီးအကွာအဝေးနဲ့ ငှားရမ်းတဲ့ ခရီးသည်ပမာဏပေါ်မှာ မူတည်ပြီး ဈေးနှုန်းပြောင်းလဲနိုင်ပါတယ်။

လတ်တလောတော့ မန္တလေးမြို့တွင်းမှာ GrabThoneBane ကို စတင်ငှားနိုင်ပါပြီ။ ( ဦးပိန်တံတား၊ မန္တလေးတောင်ခြေ အပါအဝင်)

ခရီးသည် ၂ ဦး စီးနင်းနိုင်ပါတယ်။

Grab ခရီးစဉ်အတွက် Platform Fee ၁၀၀ ကျပ် တွင် တစ်ကိုယ်ရေ ထိခိုက်မှု အာမခံကြေး (ခရီးသည်များနဲ့ ယာဉ်မောင်း နှစ်ဘက်လုံးအတွက် ခရီးစဉ်အတွင်း ထိခိုက်မှုအတွက် အမေရိကန် ဒေါ်လာ ၁၀၀၀ ကျပ်အထိ ဆေးကုသစရိတ် အာမခံ)၊ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ GrabRewards အစီအစဉ်များ၊ ယာဉ်မောင်းလမ်းညွှန်သင်ကြားပေးမှုများနဲ့ အခြားသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာများအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Grab ခရီးစဉ်များရဲ့ ဈေးနှုန်းမှာ အခြေခံဈေးနှုန်းအပေါ်တွင် ထပ်မံသွားရသော ကီလိုမီတာ၊ အချိန်၊ ယာဉ်မောင်းများလာရသော ခရီးနဲ့ အားထုတ်မှုအပေါ်တွင် မူတည်၍ တွက်ချက်ထားခြင်း ဖြစ်ပါတယ်။ ခရီးစဉ် မတင်ခင် ကြိုဆိုရန်နေရာနဲ့ သွားရန်နေရာများ ဖြည့်ပြီးတာနဲ့ ပုံသေဈေးနှုန်းကို ကြိုတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ခရီးစဉ် ဘိုကင်မတင်ခင် ဈေးနှုန်းကို အရင်စစ်ဆေးဖို့ အကြံပြုလိုပါတယ်။