ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက်

အာဏာသက်ရောက်သည့် နေ့: ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ (၈) ရက်။

ဤ ကိုယ်ရေးကိုယ်တာထုတ်ပြန်ချက် (Privacy Notice) နှင့် ၎င်း၏ နောက်ဆက်တွဲများသည် Grab Holdings Limited နှင့် ၎င်း၏ လုပ်ငန်းခွဲများ၊ တွဲဖက်လုပ်ငန်းများ၊ ဆက်စပ်ကုမ္ပဏီများနှင့် ပူးတွဲထိန်းချုပ် ထားသည့် လက်အောက်ခံ အဖွဲ့အစည်းများ (“Grab Group and Associates” ၊ “Grab”၊ “ကျွန်ုပ်တို့”) မှ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုလုပ်ငန်းများ၊ ထုတ်ကုန်များ၊ နှင့် ဖြေရှင်းနည်းများ (“ဝန်ဆောင်မှုများ”) ကို လူကြီးမင်း ထံသို့ ပေးအပ်ရန်အတွက် ပြုလုပ်ထားသော ကျွန်ုပ်တို့ ပိုင်ဆိုင်သည့် သို့မဟုတ် ကျွန်ုပ်တို့က လည်ပတ် ဆောင်ရွက်နေသည့် ပလက်ဖောင်းများ (မိုဘိုင်း အက်ပလီကေးရှင်းများ၊ ဝက်ဆိုဒ်များ၊ ဆော့ဖ်ဝဲများ သို့မဟုတ် ပေါ်တယ်များ အပါဝင်) ကို လူကြီးမင်းက အသုံးပြုရာ၌ ပေးအပ်ထားသည့် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို (သက်ဆိုင်ရာ ဒေတာလုံခြုံရေး ဥပဒေများအောက်တွင် သတ်မှတ်ထားသည့်အတိုင်း) မည်သို့ ကိုယ်တွယ် အသုံးပြုကြောင်းကို ရှင်းလင်းတင်ပြထားပါသည်။ 

၎င်းသည် ကျွန်ုပ်တို့၏ ဖောက်သည်များ၊ အေးဂျင့်များ၊ ရောင်းချသူများ၊ ပေးသွင်းသူများ၊ မိတ်ဖက်များ (ယာဉ်မောင်း၊ ပို့ဆောင်ရေးနှင့် ကုန်သည်မိတ်ဖက်များ) ကန်ထရိုက်တာများ နှင့် ဝန်ဆောင်မှုပေးသူများ (“လူကြီးမင်း”) အားလုံးနှင့် သက်ဆိုင်စေရမည်။  

ကျွန်ုပ်တို့သည် လူကြီးမင်း၏ခွင့်ပြုချက်ဖြင့် သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်း အောက်ပါတို့ကို ဆောင်ရွက်ပါသည် –

  • ဥပဒေအရ လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊
  • လူကြီးမင်းအပေါ်ဆောင်ရွက်ပေးရန် လိုအပ်သည့် ကျွန်ုပ်တို့၏ စာချုပ်ပါ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပေးရန် သို့မဟုတ် စာချုပ်ချုပ်ဆိုရန်၊
  • ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားများကို ဖြည့်ဆည်းရန် သို့မဟုတ် အခြားသူများကို အကျိုးစီးပွားကို ဖြည့်ဆည်းရန်။ 

၁။ ကိုယ်ရေးကိုယ်တာ အချက်အလက်များ စုဆောင်းခြင်း 

ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အောက်ဖော်ပြပါ နည်းလမ်းများဖြင့် စုဆောင်းပါသည်။ ကျွန်ုပ်တို့သည် အောက်ပါ လမ်းကြောင်းအမျိုးမျိုးမှ စုဆောင်းရရှိသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုလည်း ပေါင်းစည်းလိုက ပေါင်းစည်းနိုင်ပါသည်။ 

ကျွန်ုပ်တို့ထံသို့ ပေးအပ်သည့် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ

ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လူကြီးမင်းမှ ပေးအပ်သည့်အခါ စုဆောင်းသိမ်းဆည်းမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် လူကြီးမင်းက –

  • အသုံးပြုသူအဖြစ် မှတ်ပုံတင်သည့် ပုံစံကို ဖြည့်စွက်ခြင်း သို့မဟုတ် လူကြီးမင်း၏ ကိုယ်ရေး အချက်အလက် (လူကြီးမင်း၏ အမည်၊ ဆက်သွယ်ရန် အချက်အလက်နှင့် လိုအပ်ပါက အခြား မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြချက် စသည်) ကို စိတ်ကြိုက် ပြင်ဆင်ခြင်း၊  
  • Grab ၏ ယာဉ်မောင်းမိတ်ဖက် သို့ ပို့ဆောင်ရေးမိတ်ဖက်ဖြစ် ဝန်ဆောင်မှုများ ပေးအပ်ရန် (လူကြီးမင်း၏ ယာဉ်မောင်းလိုင်စင် အချက်အလက်၊ ယာဉ်အချက်အလက်နှင့် နောက်ခံစစ်ဆေးမှု ရလာဒ်များကဲ့သို့သော) အရည်အချင်း ပြည့်မှီမှုကို အကဲဖြတ်ရန် အချက်အလက်များကို ပေးအပ်ခြင်း၊  
  • ကျွန်ုပ်တို့သည် Grab ယာဉ်မောင်း မိတ်ဖက်၊ ပို့ဆောင်ရေးမိတ်ဖက် သို့မဟုတ် ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်ရှိ အသုံးပြုသူအဖြစ် လူကြီးမင်းအား ပိုမိုကောင်းမွန်သည့် အထောက့်အပံ့များ ပေးအပ်နိုင်ရန်အတွက် မသန်မစွမ်းဖြစ်ကြောင်း အထောက်အထား၊ လျှော့ဈေးရရှိခွင့် ကဲ့သို့သော အထောက်အထား စာရွက်စာတမ်းများ ပေးအပ်ခြင်း၊ 
  • Grab ၏ မိတ်ဖက် ကုန်သည်၊ ရောင်းချသူ၊ ပေးသွင်းသူ သို့မဟုတ် အခြားမိတ်ဖက်အဖြစ် လူကြီးမင်း၏ အရည်အချင်းကိုက်ညီမှုကို အကဲဖြတ်ရန် (အခွင့်ရကိုယ်စားလှယ်၏ အမည်နှင့် ဆက်သွယ်ရန် အချက်အလက်ကဲ့သို့သော) အချက်အလက်များ ပေးအပ်ခြင်း၊ 
  • ကျွန်ုပ်တို့၏ လူမှုကွန်ရက်စာမျက်နှာများနှင့် (လူကြီးမင်း၏ ဆိုရှယ်မီဒီယာ အကောင့် ID ၊ ပရိုဖိုင်ဓာတ်ပုံနှင့် ကျွန်ုပ်တို့၏ လူမှုကွန်ရက် စာမျက်နှာ ချန်နယ်များတွင် ထုတ်ဝေရန် လူကြီးမင်းဖန်တီးထားသော မည်သည့် အကြောင်းအရာများ (ဥပမာ – ဓာတ်ပုံများ၊ ဗီဒီယိုများ၊ စာတိုများ) နှင့် မဆို) အပြန်အလှန် နှီးနှော ဖလှယ်ခြင်း၊
  • ကျွန်ုပ်တို့မှ စီစဉ်သော ပြိုင်ပွဲများ သို့မဟုတ် ပြပွဲများတွင် ပါဝင်ခြင်း (လူကြီးမင်းတင်ပြနိုင်သည့် ရုပ်ပုံများ၊ အသံ သို့မဟုတ် ဗီဒီယိုများကဲ့သို့သောလူကြီးမင်း၏ ရုပ်ပုံပါဝင်နိုင်သည့် ရုပ်ပုံများ) 
  • စစ်တမ်းများတွင် လူဦးရေဆိုင်ရာ အချက်အလက်များ (ဥပမာ- လူကြီးမင်း၏ အသက်၊ ကျား/မ နှင့် လူကြီးမင်းမှ ဆန္ဒအလျောက် ပေးအပ်နိုင်သည့် အခြားအချက်အလက်များဖြစ်သော အိမ်ထောင်ရေး အခြေအနေ၊ အလုပ်အကိုင်နှင့် ဝင်ငွေဆိုင်ရာ အချက်အလက်များ) ကို ဖြည့်သွင်းခြင်း၊ 
  • လူကြီးမင်း၏ပြက္ခဒိန်ရှိ အစီအစဉ်များ (ကြိုတင်စာရင်းသွင်းသည့်ရက်စွဲများ၊ အချိန်များနှင့် ကျင်းပရာနေရာအမည်များ သို့မဟုတ် လိပ်စာများ၊ လေယာဉ်ခရီးစဉ်များကဲ့သို့သော) ကို ကျွန်ုပ်တို့အား ဝင်ရောက်ကြည့်ရှုခွင့်ပြုခြင်း၊
  • ချေးငွေများ၊ အာမခံ တောင်းဆိုမှုများ သို့မဟုတ် အခြားသော ငွေကြေးဆိုင်ရာ ထုတ်ကုန်များအတွက် လျှောက်ထားခြင်းတို့အတွက် (ဝင်ငွေရှင်းတမ်းများ၊ ဘဏ်ရှင်းတမ်းများ၊ မတော်တဆမှု အချက်အလက်များ၊ ဆေးလက်မှတ်များ၊ ဆက်ဆံရေး အထောက်အထားများနှင့် လူကြီးမင်းမှ ဆန္ဒအလျောက် ပေးအပ်နိုင်သည့် သက်ဆိုင်ရာ အချက်အလက်များကဲ့သို့သော) အရည်အချင်း ပြည့်မီမှုကို အကဲဖြတ်နိုင်ရန် တင်ပြခြင်း၊ 
  • ကျွန်ုပ်တို့၏ မတူညီသော ဖောက်သည်အကူအညီပေးရေး ချန်နယ်များ (ဥပမာ- ချတ်၊ မက်ဆေ့ချ်များ၊ အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများ၊ လူကြီးမင်း၏ တောင်းဆိုမှုကို ပံ့ပိုးရန် တင်ပြသော ဓာတ်ပုံများ) မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်ခြင်း၊
  • ကျွန်ုပ်တို့၏ အများပြည်သူဆိုင်ရာ ပရိုဖိုင်စာမျက်နှာနှင့် ဆက်နွယ်နေ၍ ၎င်းနှင့်အတူ တွဲဖက်၍ ပြသနိုင်သည့် ပြန်လည် သုံးသပ်ချက်များ၊ အကြံပြုချက်များ၊ အဆင့်သတ်မှတ်ချက်များ၊ မီဒီယာ၊ သို့မဟုတ် နေရာတစ်ခု နှင့်/သို့မဟုတ် ဝန်ဆောင်မှုများအကြောင်း အခြားအကြောင်းအရာများကို တင်ပြခြင်း၊
  • ကျွန်ုပ်တို့၏ အက်ပလီကေးရှင်းအတွင်းရှိ ဆက်သွယ်ရေး လုပ်ဆောင်ချက်များတွင် အခြားအသုံးပြု သူများနှင့် အပြန်အလှန် ဆက်သွယ်ခြင်း၊
  • ယာဉ်အတွင်း အသံနှင့်/သို့မဟုတ် ဗီဒီယို မှတ်တမ်းတင်ခြင်း ပါဝင်သည့် စီးနင်းမှုကို လက်ခံရန် သဘောတူခြင်း၊
  • လူကြီးမင်း၏ ခွင့်ပြုချက်ဖြင့် လူကြီးမင်း၏ စက်ပစ္စည်းမှ တိကျသော တည်နေရာ အချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်း၍ အသုံးပြုနိုင်သည့် မြေပုံနှင့်သက်ဆိုင်သည့် လုပ်ဆောင်ချက်များဖြစ်သော တိုက်ရိုက် တည်နေရာမျှဝေခြင်းကဲ့သို့သော လုပ်ဆောင်ချက်များကို အသုံးပြုခြင်း၊
  • လူကြီးမင်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို နည်းလမ်းအမျိုးမျိုး (ဥပမာ- ဆိုရှယ်မီဒီယာ အကောင့်ဝင်ခြင်း၊ ဆယ်လ်ဖီပုံများ တင်ပြခြင်း၊ တိုက်ရိုက်စစ်ဆေးခြင်း သို့မဟုတ် သီးခြား အတည်ပြုထားသော ငွေပေးချေမှုကတ် အချက်အလက်များ ဖြည့်သွင်းခြင်း) ဖြင့် စစ်ဆေး အတည်ပြုခြင်း။ ဥပမာအားဖြင့်၊ လူကြီးမင်းသည် အသုံးပြုသူ တစ်ဦးဖြစ်ပါက၊ ကျွန်ုပ်တို့သည် ထပ်ဆောင်းကာကွယ်မှုအလွှာအဖြစ် သို့မဟုတ် သက်ဆိုင်ရာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများအရ Grab ၏ “လူကြီးမင်း၏ဖောက်သည်ကိုသိရှိခြင်း (Know Your Customer)” လုပ်ထုံး လုပ်နည်းနှင့်အညီ ဆယ်လ်ဖီပုံများမှတစ်ဆင့် လူကြီးမင်းက မည်သူမည်ဝါ ဖြစ်ကြောင်းကို စစ်ဆေးအတည်ပြုနိုင်ပါသည်။ လူကြီးမင်းသည် ယာဉ်မောင်း-မိတ်ဖက် တစ်ဦး ဖြစ်ပါက၊ လူကြီးမင်း၏ ယာဉ်မောင်းအကောင့်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းမှ ကာကွယ်ရန် ခရီးစဉ်မစမီ သို့မဟုတ် စီးနင်းပြီးနောက် ဆယ်လ်ဖီမှတစ်ဆင့် လူကြီးမင်းက မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်ပြုရန် တောင်းဆိုခံရနိုင်ပါသည်။
  • လူကြီးမင်းသည် AI-စွမ်းအင်သုံး ချတ်ဘော့များအား မေးခွန်းများမေးမြန်းသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ AI ဖြေရှင်းနည်းများသို့ ဒေတာထည့်သွင်းခြင်း ကဲ့သို့သော ကျွန်ုပ်တို့၏ ဉာဏ်ရည်တု (“AI”) ဝန်ဆောင်မှုများကို အသုံးပြု၍ အချက်အလက်များ ပေးအပ်ခြင်း။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြု၍ စုဆောင်းခြင်း

ကျွန်ုပ်တို့၏ ပလက်ဖောင်းများ ပုံမှန် လည်ပတ်သည့်အခါ သို့မဟုတ် ၎င်းတို့ကို အသုံးပြုသည့်အခါ  လူကြီးမင်း၏ အောက်ပါ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သွယ်ဝှိုက်သောနည်းလမ်းများဖြင့် စုဆောင်း ကောက်ယူခြင်း ခံရနိုင်ပါသည်။ ဥပမာအားဖြင့် – 

  • လူကြီးမင်း၏ တည်နေရာ အချက်အလက်၊
  • ငွေပေးငွေယူခြင်းဆိုင်ရာ အချက်အလက်များ (ဥပမာ – ငွေပေးချေမှုနည်းလမ်းများ၊ ပြေစာမှတ်တမ်းများ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှ တစ်ဆင့် ဝယ်ယူထားသော သို့မဟုတ် ပေးချေထားသော ပစ္စည်းများ)၊
  • အသုံးပြုမှုဆိုင်ရာ စစ်တမ်းများ (ဥပမာ- အသုံးပြုထားသော လုပ်ဆောင်ချက်များနှင့် ကြည့်ရှုထားသော အကြောင်းအရာများ)၊ 
  • စက်ပစ္စည်းဆိုင်ရာ အချက်အလက် (ဥပမာ- ဟာ့ဒ်ဝဲမော်ဒယ်နှင့် အမှတ်စဉ်နံပါတ်၊ IP လိပ်စာများ)၊ ဖိုင်နှင့် အက်ပ်အမည်များနှင့် ဗားရှင်းများ၊ GPS တည်နေရာ၊ IMEI နံပါတ်နှင့် ကြော်ငြာသတ်မှတ်ကိန်းများ သို့မဟုတ် စက်ပစ္စည်း သို့မဟုတ် အက်ပ် ပြုပြင်မွမ်းမံမှုကို ညွှန်ပြနိုင်သည့် မည်သည့်အချက်အလက်မဆို)၊ 
  • အောက်ပါ ရည်ရွယ်ချက်များအတွက် အသုံးပြုရန်အတွက် ယာဉ်များတွင် တပ်ဆင်ထားသော စက်ပစ္စည်းများမှတစ်ဆင့် စုဆောင်းရရှိသည့် တယ်လီမက်တစ်ဒေတာ (ဥပမာ- အမြန်နှုန်း၊ အရှိန်မြှင့်တင်မှုနှင့် ဘရိတ်အုပ်မှုဆိုင်ရာ ဒေတာများ) – :
    • ယာဉ်များကို သင့်လျော်စွာ ထိန်းသိမ်းထားရှိပြီး အချိန်မီ ဝန်ဆောင်မှုပေးနိုင်ရန်၊
    • ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ဘေးကင်းလုံခြုံမှု၊ လုံခြုံရေးနှင့် ပြည့်စုံမှန်ကန်မှုကို ထိန်းသိမ်းရန်နှင့် တိုးတက်ကောင်းမွန်အောင် ကူညီရန်၊
    • for internal tracking of the vehicle, analysis and administrative purposes; လုပ်ငန်းအတွင်း ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ယာဉ်နှင့် စပ်လျဉ်း၍ ပြည်တွခြေရာခံခြင်း၊
    • အန္တရာယ်အကဲဖြတ်ခြင်း၊ ပရီမီယံများ သတ်မှတ်ခြင်းနှင့် အသုံးပြုမှုအခြေပြု အာမခံ အစီအစဉ်များ ပေးအပ်ခြင်းကဲ့သို့သော အာမခံနှင့်သက်ဆိုင်သည့် ရည်ရွယ်ချက်များ အတွက် မောင်းနှင်မှုပုံစံများကို ခွဲခြမ်းစိတ်ဖြာရန်။
  • လူကြီးမင်းက ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များ၊ နှင့် အပြန်အလှန် ဆက်သွယ်ခြင်းဖြင့် လူကြီးမင်း၏ ယဉ်အတွင်း အသံနှင့်/သို့မစုတ် ဗီဒီယိုရိုက်ကူးမှ တဆင့် ရယူနိုင်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များ (ဥပမာ – လူကြီးမင်း၏ ရုပ်ပုံ၊ ဗီဒီယို၊ သို့မဟုတ် အသံဖိုင် သို့မဟုတ် အရုပ်အသံတွဲဖက်ထားမှုများ နှင့် ၎င်းတို့၏ ဆက်စပ်ဒေတာများ)၊ 
    • ကျွန်ုပ်တို့၏ ယာဉ်အတွင်းရှိ အက်ပလီကေးရှင်းများ သို့မဟုတ် စက်ပစ္စည်းများ၊
      • ကျွန်ုပ်တို့သည် ယာဉ်မောင်းမိတ်ဖက်များ၊ ပို့ဆောင်ရေးမိတ်ဖက်များနှင့် စားသုံးသူများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ရန်အတွက် ယာဉ်အတွင်းအသံနှင့် သို့မဟုတ် ဗီဒီယိုမှတ်တမ်းတင်ရန်အတွက် ယာဉ်အတွင်း၌ အက်ပလီကေးရှင်း သို့မဟုတ် စက်ပစ္စည်းများကို တပ်ဆင်နိုင်ပါသည်။ 
    • ကိုယ်ပိုင် ယာဉ်အတွင်း တပ်ဆင်ထားသည့် အပ်ပလီကေးရှင်းများ သို့မဟုတ် စက်ပစ္စည်းများ၊ 
      • Grab မိတ်ဖက်အချို့သည် ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များအတွက် ၎င်းတို့၏ ယာဉ်များတွင် ကိုယ်ပိုင် ယာဉ်အတွင်း အပ်ပလီကေးရှင်းများ သို့မဟုတ် စက်ပစ္စည်းများကို တပ်ဆင်ထားနိုင်ပါသည်။ ဤဆောင်ရွက်ချက်များအတွက်  Grab မှ အတည်ပြုထားခြင်း သို့မဟုတ် တားမြစ်ထားခြင်း မရှိပါ၊ 
      • ကိုယ်ပိုင် ယာဉ်အတွင်း အက်ပလီကေးရှင်းများ သို့မဟုတ် စက်ပစ္စည်းများမှ ရရှိသော ကိုယ်ရေးကိုယ်တာဒေတာကို စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းတို့သည် သက်ဆိုင်ရာ မိတ်ဖက်၏ တာဝန်ဖြစ်သည်။ ကိုယ်ပိုင် ယာဉ်အတွင်း ကင်မရာများ အသုံးပြုခြင်းနှင့်ပတ်သက်၍ မေးမြန်းလိုပါက သက်ဆိုင်ရာ မိတ်ဖက်နှင့်သာ စစ်ဆေးရမည် 

အခြားအရင်းအမြစ်များမှ ရယူစုဆောင်းခြင်း

ကျွန်ုပ်တို့သည် အခြားရင်းမြစ်များမှ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ (လူကြီးမင်းနှင့် ပတ်သက်သည့် အချက်အလက်များဖြစ်သော ဖောက်သည်အချက်အလက်၊ ဆက်သွယ်ရန် အသေးစိတ် အချက်အလက်များ၊ အခြားသော သက်သေခံအချက်အလက်များနှင့် လိုအပ်ပါက ဘဏ္ဍာရေးဆိုင်ရာဒေတာများ အပါအဝင်) ကို ကန့်သတ်ထားခြင်း မရှိစေပဲ စုဆောင်းနိုင်ပါသည်။ ထိုရင်းမြစ်များတွင် အောက်ပါတို့ ပါဝင်သည်-:

  • Grab Group နှင့် ၎င်း၏ လုပ်ငန်းခွဲများ၊ တွဲဖက်လုပ်ငန်းများ၊ ဆက်စပ်ကုမ္ပဏီများနှင့် ပူးတွဲထိန်းချုပ်ထားသည့် လက်အောက်ခံ အဖွဲ့အစည်းများ။
  • ရည်ညွှန်းညွှန်ကြားရေး အစီအစဉ်များ၊
  • ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များဖြစ်သော ယာဉ်အုပ်စုမိတ်ဖက်များ၊ ငွေပေးချေမှု ဝန်ဆောင်မှု ပေးသူများ၊ ခရီးသည်ပို့ဆောင်ရေးမိတ်ဖက်များနှင့် သယ်ယူပို့ဆောင်ရေးမိတ်ဖက်များ၊
  • အာမခံနှင့် ငွေကြေးဝန်ဆောင်မှုပေးသူများ၊
  • risk intelligence နှင့် လိမ်လည်မှု အကဲဖြတ်ခြင်း ဝန်ဆောင်မှုပေးသူများ၊
  • credit bureaus, payment network providers, alternative credit scoring agencies နှင့် အခြားသော ပြင်ပအဖွဲ့အစည်း၊ ခရက်ဒစ်အချက်အလက် ပေးပို့သည့် အဖွဲ့အစည်းများ၊ 
  • အများပြည်သူသိရှိနိုင်သော သို့မဟုတ် အစိုးရရင်းမြစ်များမှ ရရှိသည့် ဒေတာ၊  နှင
  • ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ဝန်ဆောင်မှု ပေးသူများနှင့် မိက်ဖက်များ။

လူကြီးမင်းက အခြားပုဂ္ဂိုလ်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့အား ပေးအပ်သည့် အခါ

လူကြီးမင်းသည် အခြားပုဂ္ဂိုလ်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို  လူကြီးမင်း၏ အရေးပေါ်အဆက်အသွယ်အဖြစ် ထည့်သွင်းသည့်အခါ၊ အက်ပ်အတွင်း စကားပြောခန်းကို အသုံးပြုသည့်အခါ၊ ၎င်းတို့ကိုယ်စား ခရီးစဉ်တစ်ခုကို ကြိုတင်စာရင်းသွင်းသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှတစ်ဆင့် ၎င်းတို့ကို လက်ခံသူ သို့မဟုတ် အကျိုးခံစားခွင့်ရှိသူအဖြစ် ထည့်သွင်းခြင်းကဲ့သို့သော အချို့အခြေအနေများတွင်  ကျွန်ုပ်တို့အား ပေးအပ်နိုင်ပါသည်။ လူကြီးမင်းက ၎င်းတို့၏ ကိုယ်ရေးကိုယ်တာဒေတာကို ကျွန်ုပ်တို့အား ပေးအပ်ပါက၊ ဤကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်အတိုင်း ၎င်းတို့၏ ကိုယ်ရေးကိုယ်တာဒေတာကို စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ၎င်းတို့၏ ခွင့်ပြုချက်ကို ရယူထားကြောင်း လူကြီးမင်းက ကိုယ်စားပြု၍ အာမခံပါသည်။

.ဆယ်ကျော်သက်များ၏ ကိုယ်ရေးအချက်အလက်များ

မိဘ/အုပ်ထိန်းသူများ၏ အချက်အလက်များ

Grab သည် ကျွန်ုပ်တို့၏ ဆယ်ကျော်သက် အသုံးပြုသူများ၏ ဘေးကင်းလုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာကို ဦးစားပေးပါသည်။ လူကြီးမင်းသည် မိသားစုအကောင့် (Family Account) feature ကို အသုံးပြုသည့်အခါ၊ ဆယ်ကျော်သက်များအတွက် ခရီးစဉ်စောင့်ကြည့်ခြင်း သို့မဟုတ် ဘေးကင်းရေး အစီအမံ အဖြစ် ယာဉ်အတွင်း အသံမှတ်တမ်းတင်ခြင်း ကဲ့သို့သော Feature များအတွက် အရည်အချင်းပြည့်မီမှု ရှိမရှိ စစ်ဆေးရန်နှင့် လူကြီးမင်း၏ ဆယ်ကျော်သက် နှင့် ဆက်သွယ်နိုင်ရန် (push notification နှင့်/သို့မဟုတ် အက်ပ်အတွင်း/ တိုက်ရိုက်ခေါ်ဆိုမှုများမှတစ်ဆင့်) လူကြီမင်း၏ ဆယ်ကျော်သက်နှင့် စပ်လျဉ်းသည့် ကိုယ်ရေးကိုယ်တာ အချက်အလက် (အသုံးပြုသူအမည်၊ ဆက်သွယ်ရန် နံပါတ်၊ မွေးသက္ကရာဇ်နှင့် တည်နေရာကဲ့သို့သော) ကို ကျွန်ုပ်တို့က အသုံးပြု၍ လိုအပ်သည် များကို လုပ်ဆောင်နိုင်ပါသည်။ လိုအပ်သည့်အခါတွင် အပိုဆောင်း ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့က ထပ်မံ စုဆောင်းနိုင်ပြီး၊ ထိုသို့ပြုလုပ်ရာတွင် ဥပဒေနှင့် ကိုက်ညီမှုရှိစေရန် အလေးထား ဆောင်ရွက်ပါမည်။ လူကြီးမင်း၏ ဆယ်ကျော်သက်ကို ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်သို့ ဝင်ရောက်အသုံးပြု ခွင့်ပြုခြင်းဖြင့်၊ လူကြီးမင်းသည် မိဘ သို့မဟုတ် အုပ်ထိန်းသူ တစ်ဦးအနေဖြင့် လူကြီးမင်း၏ ဆယ်ကျော်သက်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ကျွန်ုပ်တို့မှ အသုံးပြုရန် အတွက် ခွင့်ပြုချက် ပေးအပ်ပြီး ဖြစ်သည်ဟု မှတ်ယူပါမည်။

 ဆယ်ကျော်သက်များ အတွက် သတင်းအချက်အလက်

Grab သည် ဝန်ဆောင်မှုမျိုးစုံကို ပေးဆောင်ပြီး လူကြီးမင်း၏မိဘ သို့မဟုတ် အုပ်ထိန်းသူများက မိသားစုအကောင့် (Family Account) feature မှတစ်ဆင့် ပေးအပ် ထားသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်အချို့ကို အသုံးပြုရန် လိုအပ်ပါက အသုံးပြုနိုင်ပါသည်။ ဤအချက်အလက်များတွင် လူကြီးမင်း၏ username ၊ ဆက်သွယ်ရန်နံပါတ်၊ မွေးသက္ကရာဇ်နှင့် တည်နေရာတို့ ပါဝင်နိုင်သည်။ ၎င်းသည် လူကြီးမင်းအား ဘေးကင်းစေရန်နှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နောက်ဆုံးရသတင်းများကို မျှဝေရန် ကူညီပေးသည်။ အချို့ကိစ္စများတွင်၊ လူကြီးမင်း၏ဘွတ်ကင်များကို ပြီးမြောက် အောင်မြင်စေရန်အတွက် ယာဉ်မောင်း သို့မဟုတ် ပို့ဆောင်ရေး မိတ်ဖက်များ ကဲ့သို့သော ယုံကြည်ရသည့် ပြင်ပအဖွဲ့အစည်းများနှင့် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေနိုင်သည်။ ထိုသို့ ပြုလုပ်သည့်အခါ၊ ဤကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်အတိုင်း လူကြီးမင်း၏ အချက်အလက်များကို ကာကွယ်နိုင်ရန် ကျွန်ုပ်တို့က အလေးအနက်ထား ဆောင်ရွက်ပါမည်။

အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ

လူကြီးမင်းထံမှ ကျွန်ုပ်တို့က စုဆောင်းသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်အချို့သည် အချို့နိုင်ငံများတွင် အရေးကြီးသည့် အချက်အလက်များ ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ ၎င်းအချက်အလက်များတွင် လူကြီးမင်း၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား အချက်အလက်၊ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများ၊ (ဘဏ္ဍာရေးနှင့် ပြစ်မှုမှတ်တမ်း အပါအဝင် ဥပဒေအရ ခွင့်ပြုနိုင်သည့် ပမာဏအထိ ပါဝင်သည့်) နောက်ခံအင်အားနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ မသန် မစွမ်းဖြစ်မှု၊ အိမ်ထောင်ရှိ/မရှိ၊ တည်နေရာနှင့် ဇီဝဗေဒဆိုင်ရာ အချက်အလက်များ အစရှိသဖြင့် ကောက်ယူ နိုင်သမျှသော အချက်အလက်များလည်း ပါဝင်နိုင်သည်။ ကျွန်ုပ်တို့သည် အရေးကြီးသည့် ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို လူကြီးမင်း၏ သဘောတူညီချက်ဖြင့် နှင့်/သို့မဟုတ် သက်ဆိုင်ရာ ဥပဒေကို တိတိကျကျ လိုက်နာခြင်းဖြင့်သာ စုဆောင်းပါမည်။ အကယ်၍ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ (အဆိုပါ ရည်ရွယ်ချက်အတွက် မလိုအပ်သော) ပါဝင်နိုင်သည့် စာရွက်စာတမ်း သို့မဟုတ် အချက်အလက်များကို ကျွန်ုပ်တို့ထံသို့ မည်သည့်ရည်ရွယ်ချက်အတွက်မဆို ပေးအပ်ရန် လိုအပ်ပါက၊ အဆိုပါ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့ထံသို့ ပေးအပ်ခြင်းမပြုမီ ထိမ်ချန်ဖျက်ထုတ်ရန် လူကြီးမင်းက သဘောတူပါသည်။

၁။ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုခြင်း

Grab သည် အောက်ဖော်ပြပါ ရည်ရွယ်ချက်များ (“ရည်ရွယ်ချက်များ”) အတွက် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုပါသည်။ ထို့အပြင်၊ လူကြီးမင်းသည် Grab ၏ အမျိုးမျိုးသော လုပ်ငန်း ဆောင်တာများကို အသုံးပြုပါက (ဥပမာ- ဝန်ဆောင်မှုမျိုးစုံကို အသုံးပြုခြင်း၊ သို့မဟုတ် မိတ်ဖက်ကုန်သည်/ ယာဉ်မောင်းမိတ်ဖက်/ပို့ဆောင်ရေးမိတ်ဖက်နှင့် စားသုံးသူ၊ သို့မဟုတ် Grab Group နှင့် တွဲဖက်များမှတဆင့် ဝန်ဆောင်မှုများကို အသုံးပြုသူအဖြစ် ဝန်ဆောင်မှုရယူပါက) ကျွန်ုပ်တို့၏ ဝန်ဆောင်မှု များကို အသုံးပြုခြင်းကို လွယ်ကူချောမွေ့စေရန်နှင့် အောက်ဖော်ပြပါ ရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် လူကြီးမင်း၏ လုပ်ငန်းဆောင်တာအမျိုးမျိုးမှ စုဆောင်း ထားသည်များကို ချိတ်ဆက် နိုင်ပါသည် –

ဝန်ဆောင်မှုများနှင့် feature များကို ပေးအပ်ခြင်း

လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့၏ ပလက်ဖောင်းများနှင့် ဝန်ဆောင်မှုများကို အထောက်အပံ့ပေးရန်၊ စိတ်ကြိုက်ပြင်ဆင်ရန်၊ ထိန်းသိမ်းရန်နှင့် အဆင့်မြှင့်တင်ရန်တို့အတွက် အသုံးပြုပါမည်။ ၎င်းတွင် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်လက်ကို အောက်ပါတို့အတွက် အသုံးပြုခြင်းများ ပါဝင်သည်-

  • သက်ဆိုင်ရာ Grab Group နှင့် တွဲဖက်လုပ်ငန်းများနှင့်တကွ ကျွန်ုပ်တို့၏ ဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုးတွင် လူကြီးမင်းအား ဝန်ဆောင်မှုများ ပေးအပ်ရန်၊
  • လူကြီးမင်း၏ အကောင့်ကို ဖန်တီးရန်၊ စီမံခန့်ခွဲရန်နှင့် အဆင့်မြှင့်တင်ရန်၊
  • ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ပရိုမိုးရှင်းများ၊ ဆုလာဘ်များနှင့် စာရင်းသွင်းမှုများအတွက် လူကြီးမင်း၏ အရည်အချင်းပြည့်မီမှုကို စီမံဆောင်ရွက်ရန်၊ စီမံခန့်ခွဲရန် သို့မဟုတ် စစ်ဆေးရန်၊
  • သင့်လျော်သော စိစစ်မှုများ ပြုလုပ်ရန်၊ အသုံးပြုသူ၏ အန္တရာယ်ရှိသော ကိုယ်ရေး အချက်အလက်များ ကို အကဲဖြတ်ရန်နှင့် စောင့်ကြည့်ရန်၊ စည်းမျဉ်းနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် အတွက် ဆုံးရှုံးနိုင်ခြေများရှိမရှိကို ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရန်၊
  • လူကြီးမင်း၏ မည်သူမည်ဝါဖြစ်မှုကို အတည်ပြုရန် (လိုအပ်သည့်အခါ)၊
  • လူကြီးမင်း၏ ခရီးစဉ်ကို အတည်ပြုရန်နှင့် ငွေပေးချေမှုများကို ဆောင်ရွက်ရန်၊
  • အာမခံ သို့မဟုတ် ငွေကြေးဆိုင်ရာ ဖြေရှင်းနည်းများကို ကမ်းလှမ်းရန်၊ ရယူရန်၊ ပေးအပ်ရန်၊
  • လူကြီးမင်း၏ ခရီးစဉ်တိုးတက်မှုကို ခြေရာခံရန်၊ ပုံမှန်မဟုတ်သော ခရီးစဉ်သွေဖယ်မှုများကို ရှာဖွေရန်နှင့် လူကြီးမင်း၏ စက်ပစ္စည်းမှ ဒေတာကို အသုံးပြု၍ ခရီးစဉ်လမ်းညွှန်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၏ တိကျမှုနှင့် ယုံကြည်စိတ်ချရမှုကို မြှင့်တင်ရန်၊
  • ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များမှ စီစဉ်သော သို့မဟုတ် Grab နှင့် ပူးပေါင်း၍ စီစဉ်သော loyalty programme များ သို့မဟုတ် စျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများတွင် ပါဝင်ခွင့်ပြုရန်၊
  • လူကြီးမင်း၏ အတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန် (ဥပမာ- လူကြီးမင်း၏ နှစ်သက်မှုများကို ဖော်ထုတ်ရန် နှင့် လူကြီးမင်းနှင့်သက်ဆိုင်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အကြံပြုရန်)၊
  • လူကြီးမင်း၏ အတွေ့အကြုံကို ပိုမိုချောမွေ့စေရန် (ဥပမာ- ဝန်ဆောင်မှုတစ်ခုမှ အခြား ဝန်ဆောင်မှုတစ်ခုသို့ ပြောင်းလဲသည့်အခါ လူကြီးမင်း၏ မှတ်ပုံတင်အချက်အလက်များကို အလိုအလျောက် ဖြည့်သွင်းပေးခြင်း)၊
  • ဆော့ဖ်ဝဲလ်ချို့ယွင်းချက်များနှင့် လုပ်ငန်းလည်ပတ်မှုပြဿနာများကို ဖြေရှင်းခြင်း၊ ဒေတာ ခွဲခြမ်းစိတ်ဖြာခြင်း၊ စမ်းသပ်ခြင်းနှင့် သုတေသနပြုခြင်း၊ အသုံးပြုမှုနှင့် လှုပ်ရှားမှုလမ်းကြောင်းများကို စောင့်ကြည့် လေ့လာခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းအပါအဝင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပေးအပ်ရန်အတွက် လုပ်ငန်းတွင်း လိုအပ်သည်များကို လုပ်ဆောင်ရန်၊
  • ဝန်ဆောင်မှုများပေးအပ်ရန်နှင့် ဝန်ဆောင်မှုများကို ရရှိနိုင်စေရန် အသုံးပြုသော မည်သည့် အဆောက်အအုံ သို့မဟုတ် စက်ပစ္စည်းများ၏ လုံခြုံရေး သို့မဟုတ် ပြည့်စုံမှန်ကန်မှုကို ကာကွယ်ရန်၊
  • ကျွန်ုပ်တို့၏ အသုံးပြုသူများအကြား ဆက်သွယ်မှုများ ဆောင်ရွက်နိုင်ရန်၊
  • ကျွန်ုပ်တို့၏ ပွဲများ၊ စစ်တမ်းများနှင့် လေ့လာမှုများတွင် ပါဝင်ရန်အတွက် ဖိတ်ခေါ်ရန်၊
  • ကျွန်ုပ်တို့၏ မိတ်ဖက်များအား ယာဉ်အုပ်စုအရင်းအမြစ်များကို စီမံခန့်ခွဲရန်နှင့် ခွဲဝေပေးရန်၊ နှင့်
  • ဒေတာထိန်းချုပ်သူ (ဆိုလိုသည်မှာ လူကြီးမင်း ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူခဲ့သည့် အဖွဲ့အစည်းနှင့် Grab က ၎င်းတို့ကိုယ်စား ဝန်ဆောင်မှုများ ပေးအပ်နေသည့် အဖွဲ့အစည်း) ထံသို့ အဆိုပါဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် လူကြီးမင်းက သဘောတူညီချက် ပေးအပ်ထားသည့် အခါတွင် ဒေတာပရိုဆက်ဆာအဖြစ် လူကြီးမင်းအား ဝန်ဆောင်မှုများ ပေးအပ်ရန်။

ဤဝန်ဆောင်မှုများနှင့် feature များကို ပေးအပ်ရာတွင် ကျွန်ုပ်တို့သည် AI ဝန်ဆောင်မှုများအပါအဝင် လူကိုယ်တိုင် သို့မဟုတ် အလိုအလျောက် ဝန်ဆောင်မှု ပေးသည့်နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့၏ AI ဝန်ဆောင်မှုများ၏ တိကျမှန်ကန်မှုနှင့် ယုံကြည်စိတ်ချရမှုကို သေချာစေရန် ကြိုးပမ်းထားပြီး လိုအပ်သည့်အခါတိုင်း ရလဒ်များကို လူကိုယ်တိုင် စစ်ဆေးအတည်ပြုနိုင်ပါသည်။

 ဘေးကင်းလုံခြုံရေး

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် အသုံးပြုသူအားလုံး၏ ဘေးကင်းလုံခြုံရေးကို သေချာစေရန်အတွက် လူကြီးမင်း၏ အချက်အလက်များကို အသုံးပြုပါသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-

  • ယာဉ်မောင်းနှင့် ပို့ဆောင်ရေးမိတ်ဖက်များအား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးမပြုမီ စစ်ဆေးခြင်း၊
  • အရှိန်လွန်ခြင်း၊ ပြင်းထန်စွာ ဘရိတ်အုပ်ခြင်းနှင့် အရှိန်မြှင့်တင်ခြင်းကဲ့သို့သော မလုံခြုံသော မောင်းနှင်မှု အပြုအမူများကို ဖော်ထုတ်ခြင်း၊ နှင့် ယာဉ်မောင်းမိတ်ဖက်များအား ကိုယ်ပိုင်တုံ့ပြန်ချက်များ ပေးအပ်ခြင်း၊
  • Grab သို့ log in ဝင်ရောက်သည့်အခါ လူကြီးမင်း၏ မည်သူမည်ဝါဖြစ်မှုကို အတည်ပြုခြင်း၊
  • ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် လူကြီးမင်း၏ အတွေ့အကြုံကို စိတ်ကြိုက်ပြုပြင်ရန်အတွက် ကျား/မ အချက်အလက်များကို အသုံးပြုခြင်း (ဥပမာ- ကျား/မ တူညီသော ခရီးစဉ်များကို ခွဲဝေပေးခြင်း)၊
  • လိမ်လည်မှု သို့မဟုတ် မလုံခြုံသော လုပ်ဆောင်မှုများကို တားဆီးရန်၊ ကြားဝင်ဆောင်ရွက်ရန်၊ ရှာဖွေရန်နှင့် တိုက်ဖျက်ရန်အတွက် စက်ပစ္စည်း၊ တည်နေရာ၊ ပရိုဖိုင်၊ အသုံးပြုမှု၊ ယာဉ်အတွင်း လုပ်ဆောင်မှုများနှင့် အခြားကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုခြင်း၊
  • အရေးပေါ်ခလုတ် သို့မဟုတ် “Share My Ride” လုပ်ဆောင်ချက်ကို ဖွင့်ထားသည့်အခါ ယာဉ်မောင်း မိတ်ဖက်များနှင့် ခရီးသည်များ၏ တည်နေရာနှင့် အသေးစိတ်အချက်အလက်များကို မျှဝေခြင်း၊ နှင့်
  • ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် မူဝါဒများကို လိုက်နာမှုရှိမရှိ စောင့်ကြည့်ခြင်း။

အသုံးပြုသူကို ပံ့ပိုးခြင်း

ကျွန်ုပ်တို့သည် အသုံးပြုသူကို ပံ့ပိုးခြင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုပါသည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည်-

  • စိုးရိမ်ဖွယ်ရာ ရှိသည်များကို စုံစမ်းစစ်ဆေးရန်နှင့် ဦးတည်ဆောင်ရွက်ရန်၊
  • ကျွန်ုပ်တို့၏ အသုံးပြုသူကို ပံ့ပိုးခြင်းဆိုင်ရာ တုံ့ပြန်မှုများကို စောင့်ကြည့်ပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်
  • မေးခွန်းများ၊ မှတ်ချက်များနှင့် တုံ့ပြန်ချက်များကို ပြန်လည်ဖြေကြားရန်၊ နှင့်
  • အသုံးပြုသူကို ပံ့ပိုးခြင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် လုပ်ဆောင်ခဲ့သည့်အဆင့်များ အကြောင်း လူကြီးမင်းအား အသိပေးရန်။

သုတေသန၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး

ကျွန်ုပ်တို့သည် စုဆောင်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်ကို စမ်းသပ်ခြင်း၊ သုတေသနပြုခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ စက်ပစ္စည်းများဖြင့် လေ့လာခြင်းနှင့် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုနိုင် ပါသည်။ ၎င်းသည် လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကြိုက်နှစ်သက်မှုများကို နားလည်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်ရန်၊ လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန်၊ ကျွန်ုပ်တို့ပေးအပ်သည့် ဝန်ဆောင်မှု များ၏ ဘေးကင်းလုံခြုံမှုကို ပိုမိုကောင်းမွန်စေရန်နှင့် ၎င်းတို့ကိုမြှင့်တင်ရန်၊ လုပ်ဆောင်ချက် အသစ်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန်၊ အာမခံနှင့် ဘဏ္ဍာရေး ဆိုင်ရာ ဖြေရှင်းနည်းများ ဖွံ့ဖြိုး တိုးတက်မှုကို လွယ်ကူချောမွေ့စေရန်တို့ကို ခွင့်ပြုခြင်းများပါဝင်ပါသည်။

ဥပဒေရေးရာ ရည်ရွယ်ချက်များ

ကျွန်ုပ်တို့သည် စုဆောင်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို အောက်ဖော်ပြပါ  ဥပဒေရေးရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။

  • လိမ်လည်မှု သို့မဟုတ် ရာဇ၀တ်မှုများကို ကာကွယ်ရန်၊ ရှာဖွေရန်၊ စုံစမ်းစစ်ဆေးရန်၊ ဖြေရှင်းရန် သို့မဟုတ် တရားစွဲဆိုရန်၊
  • တရားရုံးအမိန့်များ သို့မဟုတ် အခြားသော ဥပဒေ၊ အစိုးရ သို့မဟုတ် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာရန်၊
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုစည်းမျဉ်းများ သို့မဟုတ် အခြားသဘောတူညီချက်များကို အကောင်အထည် ဖော်ရန်၊ နှင့်
  • မည်သည့်တရားစီရင်ပိုင်ခွင့်တွင်မဆို တိုင်ကြားမှု၊ စုံစမ်းစစ်ဆေးမှု၊ တိုင်ကြားချက် သို့မဟုတ် အငြင်းပွားမှု ဖြစ်ပေါ်ပါက ကျွန်ုပ်တို့၏ အခွင့်အရေးများ၊ အကျိုးစီးပွားများ သို့မဟုတ် ပိုင်ဆိုင်မှုများကို အကောင်အထည် ဖော်ရန် သို့မဟုတ် ကာကွယ်ရန်။

ဈေးကွက်ရှာဖွေခြင်း နှင့် အရောင်းမြှင့်တင်ခြင်းများ

ကျွန်ုပ်တို့သည် လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို စိတ်ကြိုက်ပြင်ဆင်ထားသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ (လူကြီးမင်း၏ပရိုဖိုင်အပေါ်အခြေခံ၍ စိတ်ဝင်စားဖွယ် သို့မဟုတ် သက်ဆိုင်ရာဖြစ်နိုင်သည်) လူကြီးမင်းထံသို့ သို့မဟုတ် Grab ၏ မိတ်ဖက်များ၊ ပံ့ပိုးကူညီသူများနှင့် ကြော်ငြာရှင်များထံသို့ ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ ပွဲများ သို့မဟုတ် ပရိုမိုးရှင်းများနှင့်ပတ်သက်သည့် စျေးကွက်ရှာဖွေရေး ဆက်သွယ်မှုများကိုဆောင်ရွက်ရန် အတွက် ပေးပို့ အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည်-

  • Grab ၏ ဝန်ဆောင်မှုအားလုံးတွင် လူကြီးမင်း အတွက် စိတ်ဝင်စားဖွယ် သို့မဟုတ် လူကြီးမင်းနှင့် သက်ဆိုင်သည့် အထူးကမ်းလှမ်းမှုများကို ပေးပို့နိုင်သည်၊
  • သတိပေးချက်များ၊ သတင်းလွှာများ၊ ပြင်ဆင်ချင်များ၊ မေးလ်များ၊ ပရိုမိုးရှင်းပစ္စည်းများ၊ အထူး အခွင့်အရေး များ၊ ပွဲတော်နှုတ်ခွန်းဆက်စကားများကို ပေးပို့နိုင်သည်၊ နှင့်
  • ရိုက်ကူးထားသော ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများ ထုတ်ဝေခြင်းအပါအဝင် ကျွန်ုပ်တို့၏ ပွဲများ သို့မဟုတ် လှုပ်ရှားမှုများတွင် လူကြီးမင်း၏ပါဝင်မှုကို အသိပေးခြင်း၊ ဖိတ်ကြားခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ကျွန်ုပ်တို့သည် ထိုသို့သော စျေးကွက်ရှာဖွေရေးကို (SMS, chat applications များအပါအဝင်) သက်ဆိုင်ရာနေရာများတွင် (ဥပမာ- WhatsApp, Telegram, LINE, Viber, WeChat, Zalo), push notification, call, နှင့် email တို့ဖြင့် လူကြီးမင်းထံသို့ ဆက်သွယ်နိုင်ပါသည်။

ထိုသို့သော စျေးကွက်ရှာဖွေရေး ဆက်သွယ်မှုများတွင် စာရင်းသွင်းထားမှုကို ရပ်ဆိုင်းလိုပါက သက်ဆိုင်ရာ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်ရှိ စာရင်းသွင်းမှု ရပ်ဆိုင်းရန် လင့်ခ်ကို နှိပ်၍ ရပ်ဆိုင်းနိုင်ပါသည်။ တနည်းအားဖြင့်၊ ကျွန်ုပ်တို့၏ App Setting များတွင် လူကြီးမင်း၏ ကြိုက်နှစ်သက်မှုများကိုလည်း ပြင်ဆင်နိုင်ပါသည်။ လူကြီးမင်းသည် စျေးကွက်ရှာဖွေရေး သို့မဟုတ် ဈေးကွက်မြှင့်တင်ရေး ဆက်သွယ်မှုများကို ရွေးချယ်ဖယ်ရှားနိုင်သော်လည်း Grab က လူကြီးမင်းအား အကောင့်နှင့်/သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ မက်ဆေ့ချ်များ (ဥပမာ- two-factor authentication၊ လူကြီးမင်း၏ ငွေပေးငွေယူများဆိုင်ရာ အချက်အလက်၊ ဆုလာဘ်များ စသည်) ကို ဆက်လက် ပေးပို့နိုင်သည်ကို ကျေးဇူးပြု၍ သတိပြုပါ။

အသုံးပြုသူမှ ထုတ်ဝေသည့် အကြောင်းအရာများ

Grab ပလက်ဖောင်းပေါ်တွင် အကြောင်းအရာ (ဥပမာ- ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် မှတ်ချက်) များကို ထုတ်ဝေရန် လူကြီးမင်းက ရွေးချယ်ပါက၊ ၎င်းကို လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက် (ဥပမာ- username၊ တင်ထားသော ဓာတ်ပုံ(များ)) နှင့် လူကြီးမင်း တင်ထားသည့် အကြောင်းအရာတွင် ထည့်သွင်းထားသော အခြားအချက်အလက်များနှင့်အတူ လူအများမြင်သာအောင် ပြသနိုင်ပါသည်။ ပိုမိုသိရှိလိုပါက၊ ကျွန်ုပ်တို့၏ ပြန်လည်သုံးသပ်ခြင်း လမ်းညွှန်ချက်များ ကို ကြည့်ရှုနိုင်ပါသည်။

၂။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း

ကျွန်ုပ်တို့သည် လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် လိုအပ်သလို အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် မျှဝေနိုင်ပါသည်။ ဤအဖွဲ့အစည်းများတွင် အောက်ပါတို့ ပါဝင်သည်-

အခြားအသုံးပြုသူများ

ဥပမာအားဖြင့်-

  • လူကြီးမင်းသည် ခရီးသည်ဖြစ်ပါက၊ လူကြီးမင်း၏ဝန်ဆောင်မှုတောင်းဆိုချက်ကို ဖြည့်ဆည်းပေးမည့် ကျွန်ုပ်တို့၏ ယာဉ်မောင်းမိတ်ဖက်နှင့် လူကြီးမင်း၏ username ၊ ခေါ်ယူမည့်နေရာနှင့် ဆင်းမည့်နေရာများကို မျှဝေနိုင်ပါသည်။
  • လူကြီးမင်းသည် ယာဉ်မောင်း သို့မဟုတ် ပို့ဆောင်ရေးမိတ်ဖက်ဖြစ်ပါက၊ လူကြီးမင်း၏ အမည်နှင့် ဓာတ်ပုံ၊ လူကြီးမင်း၏ ယာဉ်အမျိုးအစား၊ မော်ဒယ်၊ နံပါတ်ပြား၊ တည်နေရာနှင့် ပျမ်းမျှ အဆင့် သတ်မှတ်ချက် အပါအဝင် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ရွေးချယ်ထားသော မိတ်ဖက်ကုန်သည်နှင့် အသုံးပြုသူထံသို့ မျှဝေနိုင်ပါသည်။
  • လူကြီးမင်းသည် ကျွန်ုပ်တို့၏ GrabFood သို့မဟုတ် GrabMart ဝန်ဆောင်မှုကို အသုံးပြုနေပါက၊ လူကြီးမင်း၏ အမည်၊ ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များ၊ မှာယူမှုအချက်အလက်နှင့် ပို့ဆောင်မည့်နေရာအပါအဝင် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာဒေတာကို ကျွန်ုပ်တို့၏ ပို့ဆောင်ရေး မိတ်ဖက်နှင့် ရွေးချယ်ထားသော မိတ်ဖက်ကုန်သည်ထံ မျှဝေနိုင်ပါသည်။
  • လူကြီးမင်းသည် မည်သည့် မိတ်ဖက်ကုန်သည်ကိုမဆို အဆင့်သတ်မှတ်ချက်နှင့် ပြန်လည် သုံးသပ်ချက် ထားခဲ့ပါက၊ လူကြီးမင်း၏ ပရိုဖိုင်ပုံ၊ တုံ့ပြန်ချက်၊ အကြောင်းအရာနှင့် username ကို အများပြည်သူနှင့် အခြားအသုံးပြုသူများထံ ရရှိနိုင်ပါသည်။
  • လူကြီးမင်းသည် ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များမှ စီစဉ်သော သစ္စာရှိမှုအစီအစဉ်များ သို့မဟုတ် စျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများတွင် ပါဝင်နေပါက၊ လူကြီးမင်း၏ အမည်နှင့် ဆက်သွယ်ရန် အသေးစိတ် အချက်အလက်များအပါအဝင် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ၎င်းတို့နှင့် မျှဝေနိုင်ပါသည်။
  • လူကြီးမင်းသည် Family Profile အကောင့်၏ အဖွဲ့ဝင်ဖြစ်ပါက၊ လူကြီးမင်း၏ မှာယူမှု အသေးစိတ်အချက်အလက်များ၊ ကျွန်ုပ်တို့၏ ယာဉ်မောင်း/ပို့ဆောင်ရေးမိတ်ဖက်နှင့် အပြန်အလှန် ဆက်သွယ်မှုများ (ရှိပါက)၊ ခေါ်ယူမည့်နေရာနှင့် ဆင်းမည့်နေရာအပါအဝင် လူကြီးမင်း၏ ကိုယ်ရေး ကိုယ်တာဒေတာကို လူကြီးမင်း၏ စီမံခန့်ခွဲသူနှင့် မျှဝေနိုင်ပါသည်။ လူကြီးမင်းသည် ထိုသို့သော ငွေပေးငွေယူများကို ဖြည့်ဆည်းပေးသည့် ယာဉ်မောင်း/ပို့ဆောင်ရေးမိတ်ဖက်ဖြစ်ပါက၊ စီမံခန့်ခွဲသူ သည် လူကြီးမင်း၏ တည်နေရာနှင့် အဖွဲ့ဝင်နှင့် စကားပြောဆိုမှုများကို ရယူနိုင်မည်ဖြစ်သည်။
  • လူကြီးမင်းသည် တိုက်ရိုက်တည်နေရာလုပ်ဆောင်ချက်ကို အသုံးပြုပါက၊ လူကြီးမင်း၏ စက်ပစ္စည်း တည်ရှိသည့် အချိန်နှင့်တစ်ပြေးညီတည်နေရာကို လူကြီးမင်း ရွေးချယ်ထားသော အရေးပေါ် အဆက်အသွယ်များနှင့် သတ်မှတ်ထားသော ကာလတစ်ခုအတွက် မျှဝေပါမည်။
  • လူကြီးမင်းသည် ကျွန်ုပ်တို့၏ GrabExpress ဝန်ဆောင်မှုကို အသုံးပြုပါက၊ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာဒေတာကို လူကြီးမင်း၏ ပါဆယ်လက်ခံသူနှင့်၊ ပြောင်းပြန်အားဖြင့်၊ လူကြီးမင်း၏ ဝန်ဆောင်မှုတောင်းဆိုမှုကို ဖြည့်ဆည်းပေးမည့် ပို့ဆောင်ရေးမိတ်ဖက်နှင့် မျှဝေနိုင်ပါသည်။
  • လူကြီးမင်းသည် ကျွန်ုပ်တို့၏ အက်ပ်အတွင်း စကားပြောခန်းဝန်ဆောင်မှုကို အသုံးပြုပါက၊ လူကြီးမင်း၏ Grab တွင် မှတ်ပုံတင်ထားသောအမည်နှင့် ပရိုဖိုင်ဓာတ်ပုံကို လူကြီးမင်း၏ စကားပြောခန်းရှိ အခြားအဖွဲ့အစည်းများနှင့် မျှဝေနိုင်ပါသည်။

ပြင်ပအဖွဲ့အစည်းများနှင့် ယှဉ်တွဲအသုံးပြုခြင်း

Grab ဝန်ဆောင်မှုများကို လူကြီးမင်း အသုံးပြုရာမှ ဆက်စပ်သော ဆောင်ရွက်ရသည့် ပြင်ပ အဖွဲ့အစည်းများနှင့်အတူ အသုံးပြုနိုင်ပါသည်။ 

ဥပမာအားဖြင့်-

  • လူကြီးမင်းသည် ခရီးသည်ဖြစ်ပါက၊ “Share My Ride” လုပ်ဆောင်ချက်ကို အသုံးပြုခြင်း သို့မဟုတ် အရေးပေါ်ခလုတ်ကို ဖွင့်ထားသည့်အခါ ကျွန်ုပ်တို့သည် ယာဉ်၏တည်နေရာ၊ ယာဉ်မောင်း ၏အမည်နှင့်/သို့မဟုတ် လူကြီးမင်း၏အမည်ကို ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေနိုင်ပါသည်။

  • လူကြီးမင်းသည် ယာဉ်မောင်း-မိတ်ဖက်ဖြစ်ပါက၊ အာမခံတောင်းဆိုမှုများ တင်သွင်းရန်အတွက် လူကြီးမင်း၏ ယာဉ်နံပါတ်ပြား သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာဒေတာကို အာမခံကုမ္ပဏီနှင့် /သို့မဟုတ် လူကြီးမင်း၏ ခရီးသည်ထံ ထုတ်ဖော်နိုင်ပါသည်။

  • လူကြီးမင်းသည် ကျွန်ုပ်တို့၏ ငွေပေးချေမှုဝန်ဆောင်မှုများကို အသုံးပြုပါက၊ Grab တွင် လူကြီးမင်း၏ ငွေပေးချေမှုကို ဖွင့်ရန် ရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ ပြင်ပအဖွဲ့အစည်းဝန်ဆောင်မှု ငွေပေးချေမှုနည်းလမ်းကို ကျွန်ုပ်တို့၏ ငွေပေးချေမှုဝန်ဆောင်မှုနှင့် ချိတ်ဆက်ရန် ခွင့်ပြုပြီး ဖွင့်ထားပါက၊ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာဒေတာကို အခြားတစ်ဦးချင်းစီနှင့် မျှဝေနိုင်ပါသည်။

လူကြီးမင်း အသုံးပြုနိုင်သည့် Grab အကောင့်များ၏ စီမံခန့်ခွဲသူများနှင့် အတူ အသုံးပြုခြင်း

ဥပမာအားဖြင့်-

  • လူကြီးမင်း၏ အလုပ်ရှင်သည် လူကြီးမင်းက အလုပ်ရှင်၏ Grab for Business အကောင့်ကို အသုံးပြုသည့်အခါ ငွေပေးငွေယူဒေတာ (စီးပွားရေးစရိတ်အဖြစ် မှတ်သားထားသည်) အား လက်ခံရရှိနိုင်ပါသည်။
  • လူကြီးမင်း၏ Grab အကောင့်ကို ချိတ်ဆက်ထားသည့် မည်သည့်လူမှုအဖွဲ့အစည်း၏ စီမံခန့်ခွဲသူမဆို လူကြီးမင်း ငွေပေးငွေယူလုပ်ဆောင်သည့်အခါ ငွေပေးငွေယူဒေတာကို လက်ခံရရှိနိုင်ပါသည်။

လုပ်ငန်းခွဲများ၊ တွဲဖက်လုပ်ငန်းများ၊ ဆက်စပ် ကုမ္ပဏီများနှင့် ပူးတွဲထိန်းချုပ်ထားသည့် အဖွဲ့ အစည်းများနှင့်အတူ အသုံးပြုခြင်း 

Grab Group နှင့် ၎င်း၏ လုပ်ငန်းခွဲများ၊ တွဲဖက်လုပ်ငန်းများ၊ ဆက်စပ်ကုမ္ပဏီများနှင့် ပူးတွဲထိန်းချုပ်ထားသည့် အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို လူကြီးမင်းက အသုံးပြုသည့် အခါ တသမတ်တည်း၊ ယုံကြည်စိတ်ချရပြီး လုံခြုံသော အတွေ့အကြုံကို ပေးအပ်ရန်အတွက် အခြေခံ အဆောက်အအုံ၊ နည်းပညာနှင့် အခြားအရင်းအမြစ်များကို အချင်းချင်း မျှဝေပါသည်။ ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်ရန်၊ အန္တရာယ်ရှိနိုင်သည့် အသုံးပြုသူ ပရိုဖိုင်များကို အကဲဖြတ်စီမံရန်၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မြှင့်တင်ရန်အတွက် Grab Group နှင့် ၎င်း၏ လုပ်ငန်းခွဲများ၊ တွဲဖက်လုပ်ငန်းများ၊ ဆက်စပ်ကုမ္ပဏီများနှင့် ပူးတွဲထိန်းချုပ်ထားသည့် အဖွဲ့အစည်းများမှတဆင့် ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရန်၊ တာဝန်ယူမှုရှိသော ချေးငွေဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် စည်းမျဉ်းဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရန်အတွက်လည်း မျှဝေနိုင်ပါသည်။

ဥပမာအားဖြင့်၊ တာဝန်ယူမှုပြုနိုင်သည့် ချေးငွေဆုံးဖြတ်ချက်တွင် လူကြီးမင်း၏ ငွေကြေးအလေ့အထနှင့် ဆုံးရှုံနိုင်ခြေများကို အကဲဖြတ်ခြင်း ပါဝင်နိုင်ပြီး ချေးငွေပေးအပ်ခြင်းသည် လူကြီးမင်း၏ ပြန်ဆပ်နိုင်စွမ်းနှင့် ကိုက်ညီမှုရှိစေရန် သေချာစေခြင်းဖြင့် လူကြီးမင်းနှင့် ငွေချေးသူနှစ်ဦးစလုံးကို ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဆိုင်ရာ ထိခိုက်မှုများမှ ကာကွယ်ပေးပါသည်။  

Grab ၏ ဝန်ဆောင်မှု ပေးသူများနှင့် စီးပွားရေး မိတ်ဖက်များနှင့်အတူ အသုံးပြုခြင်း

ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကျွန်ုပ်တို့၏ ရောင်းချသူများ၊ အကြံပေးများ၊ စျေးကွက်ရှာဖွေရေးမိတ်ဖက်များ၊ သုတေသနကုမ္ပဏီများနှင့် အခြားဝန်ဆောင်မှုပေးသူများ သို့မဟုတ် စီးပွားရေးမိတ်ဖက်များထံ ပေးအပ်နိုင်ပါသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်-

  • ငွေပေးချေမှု လုပ်ငန်းဆောင်ရွက်သူများနှင့် လွယ်ကူချောမွေ့စေသူများ၊
  • ကြွေးမြီကောက်ခံသူများ၊
  • ခရက်ဒစ်ဗျူရိုများ၊ ငွေပေးချေမှုကွန်ရက်ဝန်ဆောင်မှုပေးသူများ၊ အခြားရွေးချယ်စရာ ခရက်ဒစ် အဆင့်သတ်မှတ်ခြင်းအေဂျင်စီများနှင့် အခြားမည်သည့် ပြင်ပအဖွဲ့အစည်း ခရက်ဒစ် အချက်အလက် ပေးပို့သည့် အဖွဲ့အစည်းများ၊
  • နောက်ခံစစ်ဆေးမှုနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဝန်ဆောင်မှုပေးသူများ၊
  • ဆုံးရှုံးနိုင်ချေအတွက် ထောက်လှမ်းရေးနှင့် လိမ်လည်မှုအကဲဖြတ်ခြင်း ဝန်ဆောင်မှုပေးသူများ၊
  • cloud သိုလှောင်မှု ဝန်ဆောင်မှုပေးသူများ၊
  • စာရွက်စာတမ်းသိုလှောင်မှုနှင့် စီမံခန့်ခွဲမှု ဝန်ဆောင်မှုပေးသူများ၊
  • ကြော်ငြာနှင့် စျေးကွက်ရှာဖွေရေးမိတ်ဖက်များနှင့် ပလက်ဖောင်းဝန်ဆောင်မှုပေးသူများ၊
  • ဒေတာခွဲခြမ်းစိတ်ဖြာမှု ဝန်ဆောင်မှုပေးသူများ၊
  • Grab နှင့်ပူးပေါင်း၍ သို့မဟုတ် Grab ကိုယ်စား စစ်တမ်းများ သို့မဟုတ် သုတေသနစီမံကိန်းများ ဆောင်ရွက်သူများ အပါအဝင်၊ သုတေသနမိတ်ဖက်များ၊ 
  • ပညာရေးနှင့် လေ့ကျင့်ရေးအဖွဲ့အစည်းမိတ်ဖက်များ၊
  •  မိတ်ဖက် ယာဉ်အုပ်စုနှင့် ကုန်သည်များ၊
  • အာမခံနှင့် ငွေကြေးဆိုင်ရာ မိတ်ဖက်များ၊ 
  • ပွဲစားများ၊ ပိုင်ဆိုင်မှုမန်နေဂျာများနှင့် အုပ်ထိန်းသူများကဲ့သို့သော ရန်ပုံငွေများကို စီမံခန့်ခွဲသည့် ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သည့် ပြင်ပ ကြားခံအဖွဲ့အစည်းများ၊
  • မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်သော ဝန်ဆောင်မှုများ ပေးဆောင်သည့် ဝန်ဆောင်မှု ပေးသူများ၊ နှင့် 
  • ယာဉ် ပြဿာနာများ ဖြေရှင်းပေးသည့် မိတ်ဖက်များ၊ ရောင်းချသူများ သို့မဟုတ် ပြင်ပရှိ ယာဉ်နှင့် ပက်သက်သည့် ဝန်ဆောင်မှုပေးအပ်သူများ။ 

ဥပမာ-

  • လူကြီးမင်းသည် Grab မိတ်ဖက်မှတစ်ဆင့် ဝန်ဆောင်မှုတစ်ခုကို တောင်းဆိုခဲ့လျှင် သို့မဟုတ် Grab မိတ်ဖက်မှ ပေးအပ်သော ပရိုမိုးရှင်းကို အသုံးပြုခဲ့လျှင်၊ Grab သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ထို Grab မိတ်ဖက်နှင့် မျှဝေနိုင်သည်။
  • လူကြီးမင်းသည် Grab နှင့်အတူ ယာဉ်မောင်းနှင်သည့် ဝန်ဆောင်မှုပေးရန် ကျွန်ုပ်တို့၏ အကြံပြုထားသော မိတ်ဖက်ယာဉ်အုပ်စု များထံမှ ယာဉ်တစ်စီးကို ငှားရမ်းခဲ့လျှင်၊ ကျွန်ုပ်တို့သည် သက်ဆိုင်ရာ အချက်အလက်များ (ဥပမာ- လူကြီးမင်း၏ အကောင့်အခြေအနေ၊ သက်ဆိုင်ရာ မက်လုံးများ/ပရိုမိုးရှင်းများ၊ လူကြီးမင်း၏ ခရီးစဉ်စာရင်းအင်းများ) ကို ပူးပေါင်းဆောင်ရွက်မှုများ (ဥပမာ- လူကြီးမင်းအတွက် အထူးအကျိုးခံစားခွင့် များနှင့် အကျိုးကျေးဇူးအသစ်များ ဖန်တီးခြင်း သို့မဟုတ် ယာဉ်မောင်းမိတ်ဖက်များ၏ ပံ့ပိုးမှုကို မြှင့်တင်ခြင်း) အတွက် မျှဝေနိုင်သည်။

ကျွန်ုပ်တို့၏ ဥပဒေအကြံပေးများနှင့် အစိုးရ အာဏာပိုင်များနှင့်အတူ အသုံးပြုခြင်း

ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာဒေတာကို ကျွန်ုပ်တို့၏ ဥပဒေအကြံပေးများ၊ ဥပဒေစိုးမိုးရေးအရာရှိများ၊ အစိုးရအာဏာပိုင်များနှင့် အခြားပြင်ပအဖွဲ့အစည်းများနှင့် မျှဝေနိုင်ပါသည်။ ၎င်းသည် ဥပဒေရေးရာ ရည်ရွယ်ချက်များ (အထက်တွင် ဖော်ပြထားသည်) သို့မဟုတ် အောက်ပါအခြေအနေများမှ တစ်ခုခုကို ဖြည့်ဆည်းရန် ဖြစ်နိုင်သည်-

  • လူတစ်ဦး၏ အသက်၊ ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်သည့် အရေးပေါ် အခြေအနေတစ်ရပ်ကို တုံ့ပြန်ရန် လိုအပ်သည့်အခါ၊ သို့မဟုတ်
  • အများပြည်သူအကျိုးစီးပွားအတွက် လိုအပ်သည့်အခါ (ဥပမာ- ပြည်သူ့ကျန်းမာရေး အကျပ်အတည်းတွင်၊ ထိတွေ့မှုခြေရာခံခြင်းနှင့် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို ကာကွယ် စောင့်ရှောက်ခြင်း အစရှိသည့် ရည်ရွယ်ချက်များအတွက်)။

လုပ်ငန်းလွှဲပြောင်းမှုများ 

ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို လုပ်ငန်းဝယ်ယူမှုများ၊ ရောင်းချမှုများ၊ ပူးပေါင်းမှုများ၊ ဖက်စပ်လုပ်ငန်းများ၊ ပေါင်းစည်းမှုများ၊ ပြန်လည်ဖွဲ့စည်းမှုများ၊ ငွေကြေးထောက်ပံ့မှုများ သို့မဟုတ် အခြားမည်သည့် လုပ်ငန်းဆောင်ရွက်မှု အမျိုးအစားများနှင့်မဆို ဆက်စပ်၍ အခြားအဖွဲ့အစည်းများနှင့် မျှဝေနိုင်ပါသည်။ သို့ရာတွင် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်သည် လူကြီးမင်း သဘောတူထားသည့် ရှိနှင့်ပြီးဖြစ်သည့် မည်သည့် ကိုယ်ရေးကိုယ်တာထုတ်ပြန်ချက်တွင်မဆို ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများအောက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

၃။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းသိမ်းထားရှိခြင်း 

ကျွန်ုပ်တို့သည် ဤထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်သည့် ကာလအတွက် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းသိမ်းထားရှိမည်ဖြစ်ပြီး၊ ဥပဒေအရ ပိုမိုကြာရှည်စွာ ထိန်းသိမ်းထားရန် လိုအပ်ခြင်း သို့မဟုတ် ခွင့်ပြုထားခြင်းမရှိပါက ထိန်းသိမ်း ထားရှိမည်မဟုတ်ပါ။ ထိန်းသိမ်းထားရှိသည့် ကာလများသည် ထိန်းသိမ်းရမည့် အချက်အလက်၏ သဘောသဘာဝ၊ စုဆောင်းခြင်းနှင့် စီမံဆောင်ရွက်ရသည့် အကြောင်းရင်းနှင့် သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် လုပ်ငန်းလိုအပ်ချက်များကဲ့သို့သော အချက်များပေါ် မူတည်၍ ကွဲပြားပါသည်။ ဥပမာအားဖြင့်၊ ဆယ်လ်ဖီပုံများကို စုဆောင်းသည့်နေ့မှစ၍ ၁၀ နှစ်အတွင်း ဖျက်ဆီးမည်ဖြစ်ပြီး၊ ဥပဒေ သို့မဟုတ် ဥပဒေကြောင်းအရ ဒေတာကို ထိန်းသိမ်းထားရန် အခြားနည်းဖြင့် ခွင့်ပြုထားခြင်း သို့မဟုတ် လိုအပ်ခြင်းမရှိပါက ဖျက်ဆီးမည်ဖြစ်သည်။

လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်သည် ဝန်ဆောင်မှုများ သို့မဟုတ် ၎င်းရည်ရွယ်ချက်များ အတွက် မလိုအပ်တော့ပါက၊ ကျွန်ုပ်တို့သည် သက်ဆိုင်ရာဥပဒေများနှင့်အညီ ဥပဒေ တစ်ရပ်ရပ်ကို လိုက်နာခြင်း၊ ဘေးကင်းလုံခြုံရေး၊ လုံခြုံရေး၊ လိမ်လည်မှုကာကွယ်ခြင်းနှင့် ထောက်လှမ်းခြင်းတို့အတွက် လိုအပ်သည့်နေရာများမှအပ ဖျက်ပစ်ရန်၊ ဖျက်ဆီးရန်၊ အမည်မဖော်ရန် သို့မဟုတ် ဝင်ရောက်အသုံးပြုခြင်းကို တားဆီးရန် လိုအပ်သည့် ဆောင်ရွက်ချက်အဆင့်ဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။

၄။ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပြည်ပသို့ လွှဲပြောင်း ပေးအပ်ခြင်း။

လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လူကြီးမင်း၏ လက်ရှိတည်နေရာမှ  အကြောင်းရင်းအမျိုးမျိုးအတွက် ကျွန်ုပ်တို့၏ ဒေတာစီမံဆောင်ရွက်ခြင်းနှင့် သိုလှောင်ခြင်း၊ ဒေသတွင်း နောက်ခံရုံးလုပ်ငန်းများနှင့် ပံ့ပိုးကူညီမှုနှင့် ဝန်ဆောင်မှုပေးအပ်ခြင်းစသည့် ဗဟိုချုပ်ကိုင်ထားသော အဖွဲ့အစည်းတည်ရှိသည့် အခြားတရားစီရင်ပိုင်ခွင့်ရှိသည့် နိုင်ငံသို့ လွှဲပြောင်းပေးနိုင်ပါသည်။

ကျွန်ုပ်တို့၏ ဤလွှဲပြောင်းမှုများသည် သက်ဆိုင်ရာဥပဒေများနှင့် စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိစေရန် အလေးထားဆောင်ရွက်ပါမည်။ ၎င်းတွင် လွှဲပြောင်းရန်အတွက် ဥပဒေ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိစေခြင်း၊ သက်ရောက်မှုအကဲဖြတ်မှုများ ပြုလုပ်ခြင်းနှင့် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်အတွက် လုံလောက်သော ကာကွယ်မှုအဆင့်ကို သေချာစေရန် သင့်လျော်သည့် နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကာအကွယ်များ ထားရှိခြင်းတို့ ပါဝင်သည်။ ကျွန်ုပ်တို့၏ အကိုးအကားပြုသည့် ဥပဒေ အကြောင်းပြချက် ဆိုသည်မှာ သဘောတူညီချက် (လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာဒေတာကို ပေးအပ်သည့်အချိန်တွင် ရယူထားသည်) သို့မဟုတ် ဥပဒေများက ခွင့်ပြုထားသော အကာအကွယ်များထဲမှ တစ်ခုခုကို ဆိုလိုပါသည်။

၅။ COOKIE များ ဆက်စပ်နည်းပညာများနှင့် ပစ်မှတ်ထားသော ကြော်ငြာများ 

Cookie များ 

Grab နှင့် ကျွန်ုပ်တို့ ပူးပေါင်းလုပ်ဆောင်သော ပြင်ပအဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ ပလက်ဖောင်းများကို လူကြီးမင်း အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကွတ်ကီးများ၊ ဝက်ဘ်ဘီကွန်များ၊ တက်ဂ်များ၊ စကရစ်ပ်များ၊ HTML5 ကဲ့သို့သော ဒေသတွင်းမျှဝေထားသည့် အရာဝတ္ထုများ၊ ကြော်ငြာသတ်မှတ်ကိန်းများနှင့် အလားတူနည်းပညာများ (ကွတ်ကီးများနှင့် အလားတူလုပ်ဆောင်ချက်များရှိပြီး Grab အက်ပ်တွင် ထည့်သွင်းနိုင်သည့် ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်ရေး ကိရိယာအစုံများ (SDKs) ကဲ့သို့သော) (စုပေါင်း၍ “ကွတ်ကီးများ”) ကို အသုံးပြုနိုင်ပြီး ၎င်းတို့သည် လူကြီးမင်း၏ browser များ သို့မဟုတ် စက်ပစ္စည်းများပေါ်တွင် အမြဲတမ်း သို့မဟုတ် တစ်ဦးချင်း သတ်မှတ်နေရာ အတွင်း၌သာ သိမ်းဆည်းထားနိုင်ပါသည်။

ကွတ်ကီးများသည် ထူးခြားသော သတ်မှတ်ကိန်းများ ရှိနိုင်ပြီး လူကြီးမင်း၏ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းစက်ပစ္စည်း၊ ကျွန်ုပ်တို့ လူကြီးမင်းထံ ပေးပို့သော အီးမေးလ်များနှင့် ကျွန်ုပ်တို့၏ ဝက်ဘ်စာမျက်နှာများတွင် ရှိနေနိုင်သည်။ ကွတ်ကီးများကို အောက်ပါ ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်သည်-

  • ကျွန်ုပ်တို့၏ ပလက်ဖောင်းများ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် မရှိမဖြစ်လိုအပ်သော အခြေခံလုပ်ဆောင်ချက်များကို ပံ့ပိုးပေးရန်၊
  • လူကြီးမင်းဖြစ်ကြောင်းကို အတည်ပြုရန် သို့မဟုတ် လူကြီးမင်း၏ ကြိုက်နှစ်သက်မှုများနှင့် ဆက်တင်များကို မှတ်သားထားရန်၊
  • ကြည့်ရှုမှုအရေအတွက် သို့မဟုတ် ကလစ်နှိပ်မှုအရေအတွက်ကို တိုင်းတာခြင်းဖြင့် ကြော်ငြာ လှုပ်ရှားမှုများ ၏ ထိရောက်မှုကို ဖန်တီးရန်နှင့် တိုင်းတာရန်၊
  • Site သွားအလာနှင့် ခေတ်ရေစီးကြောင်းများကို ခွဲခြမ်းစိတ်ဖြာရန်၊
  • အခြားကုမ္ပဏီများပိုင်ဆိုင်သော အခြားအက်ပ်များနှင့် ဝက်ဘ်ဆိုက်များမှတဆင့် လူကြီးမင်းနှင့် သက်ဆိုင်ရာ ကြော်ငြာများကို ပြသရန် (ကျွန်ုပ်တို့မှဖြစ်စေ သို့မဟုတ် အခြားကြော်ငြာရှင်များမှဖြစ်စေ)၊ နှင့်
  • ကျွန်ုပ်တို့၏ ပလက်ဖောင်းများ သို့မဟုတ် ဝန်ဆောင်မှုများနှင့် အပြန်အလှန်ဆက်သွယ်သော အသုံးပြုသူများ၏ အွန်လိုင်းအပြုအမူများနှင့် စိတ်ဝင်စားမှုများကို ယေဘုယျအားဖြင့် နားလည်ခြင်းဖြင့် အသုံးပြုသူမျက်နှာပြင်နှင့် အတွေ့အကြုံကို မြှင့်တင်ရန်။

Grab သည် ပြင်ပအဖွဲ့အစည်းများအား ကွတ်ကီးများကို အသုံးပြု၍ Grab ကိုယ်တိုင်အတွက် ဝန်ဆောင်မှု ပေးအပ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတိုင်း ကိုယ်ရေးကိုယ်တာအချက်အလက် မျိုးအစားတူများကို စုဆောင်း ခွင့်ပြုနိုင်သည်။ ပြင်ပအဖွဲ့အစည်းများသည် ၎င်းတို့စုဆောင်းထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အခြားရင်းမြစ်များမှ လူကြီးမင်းနှင့်ပတ်သက်သည့် အခြားကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ချိတ်ဆက်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ၎င်းတို့အသုံးပြုသော ကွတ်ကီးများကို မဖြစ်မနေ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း သို့မဟုတ် ထိန်းချုပ်နိုင်ခြင်း မရှိပါ။

ကျွန်ုတို့၏ websites များတွင် ကွတ်ကီးများ စုဆောင်းခြင်းကို ပိတ်ထားနိုင်ခြင်း   

လူကြီးမင်းတွင် ကွတ်ကီးများကို ပိတ်ရန်၊ ပိတ်ဆို့ရန် သို့မဟုတ် ပိတ်ထားရန် ရွေးချယ်ခွင့်ရှိပါသည်။ ကွတ်ကီးအချို့ကို ငြင်းပယ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းသည် ကျွန်ုပ်တို့၏ ပလက်ဖောင်းများ သို့မဟုတ် ဝန်ဆောင်မှုများ၏ ရရှိနိုင်မှု၊ လုပ်ဆောင်နိုင်မှု သို့မဟုတ် အသုံးပြုမှုကို ထိခိုက်နိုင်သည်ကို ကျေးဇူးပြု၍ သတိပြုရမည်။

လူကြီးမင်း၏ အင်တာနက် browser ဆက်တင်များကို ကွတ်ကီးများကို ပိတ်ရန်၊ ပိတ်ဆို့ရန် သို့မဟုတ် ပိတ်ထားရန်၊ လူကြီးမင်း၏ ရှာဖွေမှုမှတ်တမ်းကို ဖျက်ရန် သို့မဟုတ် လူကြီးမင်း၏ အင်တာနက် browser မှ cache ကို ရှင်းလင်းရန် ချိန်ညှိနိုင်ပါသည်။ ဆက်တင်များသည် လူကြီးမင်း၏ အင်တာနက် browser များ၏ “History”၊ “Preferences”၊ “Settings” သို့မဟုတ် “Privacy” ကဏ္ဍအတွင်းတွင် ပါဝင်နိုင်သည်၊ သို့မဟုတ် ပိုမိုသိရှိလိုပါက လူကြီးမင်း၏ အင်တာနက် browser ရှိ အကူအညီကဏ္ဍကို ကြည့်ရှုနိုင်ပါသည်။ လူကြီးမင်း၏ ကွတ်ကီး ဆက်တင်များကို ဤနေရာတွင်လည်း ချိန်ညှိနိုင်သည်-

ပိတ်ပင်ထားသော ကြော်ငြာများကို ပြသခြင်းကို ပိတ်ထားနိုင်ခြင်း

လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပစ်မှတ်ထားသော ကြော်ငြာများအတွက် မည်သို့ အသုံးပြုခွင့်ပြုသည်ကို နည်းလမ်းများစွာဖြင့် ထိန်းချုပ်နိုင်သည်-

Grab App အတွင်း၌ 

လူကြီးမင်းသည် အက်ပ်ဆက်တင်များတွင် လူကြီးမင်း၏ ကြိုက်နှစ်သက်မှုများကို တိုက်ရိုက်ချိန်ညှိနိုင်သည်။

အခြား ပလက်ဖောင်းများတွင် 

ကျွန်ုပ်တို့သည် သတ်မှတ်ထားသော ဝိသေသလက္ခဏာများ သို့မဟုတ် စိတ်ဝင်စားမှုရှိနိုင်သော အသုံးပြုသူများအား ကြော်ငြာများပြသရန် အခြားအွန်လိုင်းပလက်ဖောင်းများနှင့် လက်တွဲလုပ်ဆောင် နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤကြော်ငြာများအတွက် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို အသုံးမပြုသော်လည်း၊ ယေဘုယျ ပရိသတ်ပရိုဖိုင်များအပေါ် အခြေခံ၍ သက်ဆိုင်ရာဟု ထင်ရသော ကြော်ငြာများကို လူကြီးမင်း မြင်တွေ့နိုင်သေးသည်။ ထိုသို့သော ပစ်မှတ်ထားခြင်းကို ကန့်သတ်ရန် ထိုပလက်ဖောင်းများပေါ်တွင် လူကြီးမင်း၏ နှစ်သက်မှုများကို တိုက်ရိုက်စီမံခန့်ခွဲနိုင်သည်။ 

လူကြီးမင်း၏ စက်ပစ္စည်းရှိ ဆက်တင်များမှ တစ်ဆင့် ထိန်းချုပ်ခြင်း

လူကြီးမင်း၏ ဖုန်းနှင့် operating system ပေါ်မူတည်၍ လူကြီးမင်း၏ စက်ပစ္စည်း၏ privacy setting များကို ချိန်ညှိခြင်းဖြင့် မိုဘိုင်းသတ်မှတ်ကိန်းများ (ဥပမာ- Apple ၏ IDFA သို့မဟုတ် Google ၏ GAID) ကို ကျွန်ုပ်တို့ အသုံးပြုခြင်းနှင့် အခြားကုမ္ပဏီများပိုင်ဆိုင်သော အက်ပ်များနှင့် ဝက်ဘ်ဆိုက်များမှတဆင့် လုပ်ဆောင် ချက်များကို ခြေရာခံခြင်းကို ပိတ်ရန် ရွေးချယ်နိုင်ပါသည်။

၆။ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ခြင်း 

လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကာကွယ်ရန် သင့်လျော်သော ဥပဒေရေးရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် နည်းပညာဆိုင်ရာ အစီအမံများကို ကျွန်ုပ်တို့က အကောင်အထည်ဖော် ထားရှိပါသည်။ ၎င်းတွင် လူကြီးမင်း၏ အချက်အလက်များ ဆုံးရှုံးခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းတို့ကို ကာကွယ်ရန် အစီအမံများ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို သိရှိရန်လိုအပ်သည့် အခြေနေအထိသာ ဝင်ရောက်ခွင့်ပြုရန် ကန့်သတ်ထားပါသည်။ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကြည့်ရှုခွင့်ရရှိသူများသည် ခွင့်ပြုထားသော နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး လူကြီးမင်း၏ အချက်အလက်များကို လျှို့ဝှက် ထားရန် လိုအပ်ပါသည်။

သို့ရာတွင်၊ အင်တာနက်မှတစ်ဆင့် အချက်အလက်များ ပေးပို့ခြင်းသည် လုံးဝလုံခြုံမှုမရှိကြောင်း လူကြီးမင်းက နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းမည်ဖြစ်သော်လည်း အွန်လိုင်းမှတစ်ဆင့် ပေးပို့သည့် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်၏ လုံးဝလုံခြုံမှုကို ကျွန်ုပ်တို့ အလုံးစုံအာမခံနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့်၊ အွန်လိုင်းမှတစ်ဆင့် ပေးပို့သော သို့မဟုတ် လွှဲပြောင်းသော မည်သည့်ဒေတာနှင့်မဆို အန္တရာယ်အချို့ ရှိနေသေးကြောင်း လူကြီးမင်းက အသိအမှတ်ပြုရမည်။

၇။ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ အခွင့်အရေးများ 

သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ လူကြီးမင်းသည် အောက်ပါတို့ကို လုပ်ဆောင်ခွင့် ရှိသည်-

  • လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို အသုံးပြုခြင်းနှင့်ပတ်သက်၍ မေးမြန်းရန်နှင့် ၎င်း၏မိတ္တူကို ရယူခြင်း၊
  • ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်ပစ်ရန် တောင်းဆိုခြင်း၊
  • အသုံးပြုခြင်းကို ကန့်သတ်ခြင်း သို့မဟုတ် ကန့်ကွက်ခြင်း၊
  • သဘောတူညီချက်ကို ရုပ်သိမ်းရန် (လုပ်ဆောင်ခြင်းသည် သဘောတူညီချက်အပေါ် အခြေခံပါက)၊
  • လူကြီးမင်း၏ ဒေတာကို အခြားအဖွဲ့အစည်းတစ်ခုသို့ စက်ဖြင့်ဖတ်နိုင်သော ပုံစံဖြင့် လွှဲပြောင်းပေးရန် တောင်းဆိုရန်၊ နှင့်
  • လူကြီးမင်း၏ အခွင့်အရေးများ ချိုးဖောက်ခံရသည်ဟု ယုံကြည်ပြီး ကျွန်ုပ်တို့က လူကြီးမင်း၏ စိုးရိမ်ပူပန်မှုများကို မဖြေရှင်းနိုင်ပါက သက်ဆိုင်ရာ ဒေတာလုံခြုံရေးအာဏာပိုင်ထံ တိုင်ကြားရန်။

လူကြီးမင်းသည် ကိုယ်ရေးကိုယ်တာဒေတာကို မပေးအပ်ရန် ရွေးချယ်ပါက သို့မဟုတ် နောက်ပိုင်းတွင် သဘောတူညီချက်ကို ရုပ်သိမ်းပါက အက်ပ်၏ အချို့သော ဝန်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ချက်များကို ဝင်ရောက်အသုံးပြုနိုင်မည်မဟုတ်ပါ။ သို့ရာတွင်၊ ကျွန်ုပ်တို့သည် ဥပဒေအရ လိုအပ်သလို သို့မဟုတ် ခွင့်ပြုထားသည့်အတိုင်း လူကြီးမင်း၏ ဒေတာကို ဆက်လက် အသုံးပြုနိုင်ပါသည်။

လူကြီးမင်း၏ အခွင့်အရေးများကို ကာကွယ်ရန်၊ ကျွန်ုပ်တို့သည် တောင်းဆိုမှုအားလုံးကို စစ်ဆေးပြီး ပံ့ပိုးပေးသည့် အချက်အလက် သို့မဟုတ် စာရွက်စာတမ်းများကို တောင်းဆိုနိုင်ပါသည်။ စစ်ဆေးပြီးသည်နှင့် ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေများက သတ်မှတ်ထားသော အချိန်ကာလအတွင်း လူကြီးမင်း၏ တောင်းဆိုမှုကို လုပ်ဆောင်ပါမည်။

၈။ ပြင်ဆင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း

Grab သည် ဤကိုယ်ရေးကိုယ်တာထုတ်ပြန်ချက်ကို အချိန်မရွေး ပြင်ဆင်မွမ်းမံနိုင်ပါသည်။ ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက်ကို ပုံမှန်ပြန်လည်သုံးသပ်ရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်သည်။ ဤထုတ်ပြန်ချက်အား ပြင်ဆင်မှုများ၊ မွမ်းမံမှုများ သို့မဟုတ် ဖြည့်စွက်မှုများ ပြုလုပ်ပြီးနောက် လူကြီးမင်းက ပလက်ဖောင်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုခြင်း၊ Grab မှ ထုတ်ကုန်များကို ဝယ်ယူခြင်း သို့မဟုတ် Grab နှင့် ဆက်သွယ်ပြောဆိုခြင်း သို့မဟုတ် ထိတွေ့ဆက်ဆံခြင်းတို့သည် လူကြီးမင်းက ထိုပြင်ဆင်မှုများအတိုင်း လူကြီးမင်းအပေါ် ဆက်လက် စည်းနှောင်မှုပြုရန် သဘောတူညီကြောင်း အဓိပ္ပာယ်သက်ရောက်ပါသည်။

၉။ ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဤထုတ်ပြန်ချက်နှင့်ပတ်သက်၍ မေးမြန်းစရာများရှိပါက သို့မဟုတ် လူကြီးမင်း၏ အခွင့်အရေးများကို ကျင့်သုံးလိုပါက၊ အောက်ပါဖောင် ကို ဖြည့်စွက်ပါ သို့မဟုတ် ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေးအရာရှိထံသို့ စာပို့ပါ-

မလေးရှားရှိ အသုံးပြုသူများအတွက်၊

အမည်- MyTeksi Sdn. Bhd. (သတိပြုရန်- Grab ကိုယ်ရေးကိုယ်တာရုံး)

လိပ်စာ- Level 25, 1 First Avenue, Bandar Utama, Petaling Jaya, Selangor, 47800, Malaysia

ဖိလစ်ပိုင်ရှိ အသုံးပြုသူများအတွက်၊

အမည်- MyTaxi PH Inc (သတိပြုရန်- Grab ကိုယ်ရေးကိုယ်တာရုံး)

လိပ်စာ- Level 27,28 & 29 Exquadra Tower – Lot 1A Exchange Road corner Jade Street, Ortigas Center Pasig City, Philippines

ထိုင်းနိုင်ငံရှိ အသုံးပြုသူများအတွက်၊

အမည်- Grabtaxi (Thailand) Co., Ltd. (သတိပြုရန်- Grab ကိုယ်ရေးကိုယ်တာရုံး)

လိပ်စာ- 252 SPE Tower, 10th floor, Phahonyothin Rd,Samsen Nai, Phaya Thai, Bangkok 10400, Thailand

ဗီယက်နမ်ရှိ အသုံးပြုသူများအတွက်၊

အမည်- Grab Company Limited (သတိပြုရန်- Grab ကိုယ်ရေးကိုယ်တာရုံး)

လိပ်စာ- Mapletree Business Centre, 1060 Nguyen Van Linh, Tan HungWard, District 7, Ho Chi Minh City, Vietnam

အခြားနိုင်ငံများရှိ အသုံးပြုသူများအတွက် 

Name: c/o Grab Holdings Limited. (Attention: Grab Privacy Office)
Address: 3 Media Close, Singapore 138498

လူကြီးမင်း၏ မေးမြန်းမှုများကို လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် အွန်လိုင်းဖောင်မှတစ်ဆင့် မေးမြန်းမှုများ ပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။

ဤထုတ်ပြန်ချက်၏ မူရင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပါသည်။ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာ စကားများအကြား ကွဲလွဲမှုများရှိပါက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားချက်သည်သာ အတည်ဖြစ်စေရမည်။

နောက်ဆက်တွဲ ၁။ GRAB FOR BUSINESS

၁။ အဓိပ္ပါယ်ဖွင့်ဆိုခြင်း 

ဤထုတ်ပြန်ချက်တွင် အသုံးပြုထားသော စာလုံးအကြီးဖြင့်ရေးထားပြီး အဓိပ္ပါယ်မဖွင့်ဆိုထားသော ဝေါဟာရအားလုံးသည် အသုံးပြုမှုစည်းမျဉ်း ( Terms of Use ) တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတိုင်း အဓိပ္ပါယ်တူညီစေရမည်။ ဤနောက်ဆက်တွဲသည် ကိုယ်ရေးကိုယ်တာထုတ်ပြန်ချက်၏ အစိတ်အပိုင်းဖြစ်ပြီး ကွဲလွဲမှုရှိပါက Grab for Business ဝန်ဆောင်မှုများအတွက် အကျုံးဝင်ပါသည်။

၂။ GRAB ၏ အသုံးပြုသူများနှင့် ဖောက်သည်များ အကြား ဆက်ဆံရေး 

Grab for Business ၏ အလုပ်လုပ်ပုံ

Grab for Business သည် အဖွဲ့အစည်းများ (“ဖောက်သည်များ”) အား ၎င်းတို့၏ ဝန်ထမ်းများ၊ ဧည့်သည်များ သို့မဟုတ် ကန်ထရိုက်တာများ (“ခွင့်ပြုထားသော အသုံးပြုသူများ”) မှ အသုံးပြုသော အလုပ်နှင့်သက်ဆိုင်သည့် Grab ဝန်ဆောင်မှုများကို စီမံခန့်ခွဲရန်နှင့် ပေးချေရန် ခွင့်ပြုပါသည်။

ခွင့်ပြုထားသော အသုံးပြုသူများသည် ၎င်းတို့၏ ငွေပေးငွေယူများကို “စီးပွားရေး” သို့မဟုတ် “ပုဂ္ဂိုလ်ရေး” အဖြစ် မှတ်သားနိုင်သည်။ စီးပွားရေးအဖြစ် မှတ်သားထားသော ငွေပေးငွေယူများအတွက်၊ Grab သည် Client အား ခွင့်ပြုထားသော အသုံးပြုသူ၏ သတ်မှတ်အချက်အလက်များနှင့် အသေးစိတ် ဘွတ်ကင် အချက် အလက်များကို ကော်ပိုရိတ်ဘေလ်ထုတ်ခြင်းကို လွယ်ကူချောမွေ့စေရန် ထုတ်ဖော်ပြသနိုင်သည်။

သီးခြားစီအနေဖြင့်၊ တစ်ဦးချင်းအသုံးပြုသူများသည် ၎င်းတို့၏ အလုပ်ရှင်သည် ဖောက်သည် မဟုတ်သော်လည်း “စီးပွားရေးပရိုဖိုင်” ကို စတင်သတ်မှတ်ရန် ရွေးချယ်နိုင်သည်။ ၎င်းသည် ၎င်းတို့အား စီးပွားရေးနှင့်သက်ဆိုင်သော ငွေပေးငွေယူများကို မှတ်သားရန်နှင့် ၎င်းတို့၏ အလုပ်ရှင်များထံသို့ ကိုယ်တိုင်တောင်းဆိုမှုများ တင်ပြခြင်းကို လွယ်ကူချောမွေ့စေရန် စုစည်းထားသော အစီရင်ခံစာများကို စီစဉ်ရန် ခွင့်ပြုသည်။

ဤနောက်ဆက်တွဲတွင် ခွင့်ပြုထားသော အသုံးပြုသူများနှင့် တစ်ဦးချင်းအသုံးပြုသူများကို စုပေါင်း၍ “အသုံးပြုသူများ” ဟု ရည်ညွှန်းသည်။ 

Grab သည် ဒေတာထိန်းချုပ်သူဖြစ်၍ လူကြီးမင်းသည် ဖောက်သည် ဖြစ်ပါသည်။ 

Grab သည် ဖောက်သည် ကိုယ်စား ကိုယ်ရေးကိုယ်တာအချက်အလက်ကို အသုံးပြုခြင်းမရှိပါ။ စီးပွားရေးနှင့်သက်ဆိုင်သော ကုန်ကျစရိတ်ကို မည်သူက ပေးချေသည်ဖြစ်စေ၊ Grab သည် ဖောက်သည် ၏ ညွှန်ကြားချက်များအတိုင်းမဟုတ်ဘဲ ၎င်း၏ကိုယ်ပိုင် ဥပဒေဆိုင်ရာတာဝန်ဝတ္တရားများနှင့် ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ကျင့်ထုံးများ နှင့်အညီ အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက် (ဥပမာ- ဝန်ဆောင်မှုဖြည့်ဆည်းမှု၊ ဘေးကင်းလုံခြုံရေး၊ ဘေလ်ထုတ်ခြင်း သို့မဟုတ် ခွဲခြမ်းစိတ်ဖြာခြင်း) ကို မည်သို့နှင့် အဘယ်ကြောင့် လုပ်ဆောင်သည်ကို လွတ်လပ်စွာ ဆုံးဖြတ်ပါသည်။

ထို့ကြောင့်၊ Grab သည် Client ၏ ဒေတာပရိုဆက်ဆာမဟုတ်ဘဲ Grab for Business အောက်တွင် လုပ်ဆောင်သော ကိုယ်ရေးကိုယ်တာအချက်အလက်အားလုံးနှင့်စပ်လျဉ်း၍ လွတ်လပ်သော ဒေတာထိန်းချုပ်သူ ဖြစ်သည်။ အလားတူပင်၊ ဖောက်သည် သည် Grab သို့ ထုတ်ဖော်သော နှင့်/သို့မဟုတ် Grab မှ လက်ခံရရှိသော ကိုယ်ရေးကိုယ်တာအချက်အလက်၏ လွတ်လပ်သော ဒေတာထိန်းချုပ်သူဖြစ်သည်။

၃။ မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက် ကို စုဆောင်း၊ အသုံးပြု၊ ထုတ်ဖော်မည်နည်း။ 

Grab for Business ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Grab က စုဆောင်းသည်များ 

Grab for Business  feature ဝန်ဆောင်မှုကို ပေးအပ်ရန်အတွက် အသုံးပြုသူ သို့မဟုတ် ဖောက်သည် သည် အောက်ပါအချက်အလက်များကို Grab သို့ ပေးအပ်ရန် လိုအပ်မည်ဖြစ်သည်-

  • အမည်အပြည့်အစုံ;
  • လုပ်ငန်းအီးမေးလ်လိပ်စာ; နှင့်
  • Grab မှ ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုသည့်အတိုင်း အသုံးပြုသူနှင့်ပတ်သက်သော အခြားသော သတ်မှတ်အချက်အလက်များ။

Grab သည် ဤအချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုပါမည်-

  • အသုံးပြုသူကို အတည်ပြုရန်၊
  • သက်ဆိုင်ရာနေရာများတွင်၊ ခွင့်ပြုထားသော အသုံးပြုသူ၏ အကောင့်ကို Client ၏ Grab for Business အကောင့်နှင့် ချိတ်ဆက်ရန် သို့မဟုတ် ကျွန်ုပ်တို့၏ ပလက်ဖောင်းများပေါ်ရှိ ခွင့်ပြုထားသော အသုံးပြုသူ၏ လုပ်ငန်းပရိုဖိုင် ဘွတ်ကင်များကို ခြေရာခံရန်၊
  • သက်ဆိုင်ရာနေရာများတွင်၊ ထိုကဲ့သို့သော ခွင့်ပြုထားသော အသုံးပြုသူ၏ ကော်ပိုရိတ် ဘေလ်ထုတ်ခြင်း အခြေအနေကို အခါအားလျော်စွာ စစ်ဆေးအတည်ပြုရန်၊ နှင့်
  • ကိုယ်ရေးကိုယ်တာထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များနှင့်အညီ အသုံးပြုသူကို ဆက်သွယ်ရန်။

အက်ပ်သို့ အသုံးပြုသူတစ်ဦးကို စတင်ထည့်သွင်းပြီးနောက်၊ Grab သည် Grab ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက်နှင့် ဤနောက်ဆက်တွဲနှင့်အညီ အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို အသုံးပြုပါမည်။

Grab မှ ၎င်း၏ ဖောက်သည်များသို့ ထုတ်ဖော်ပြောကြားမည့် အချက်အလက်များ 

Grab သည် ကော်ပိုရိတ်ဘေလ်ထုတ်ခြင်းကို လွယ်ကူချောမွေ့စေရန်အတွက် Grab မှ အခါအားလျော်စွာ သတ်မှတ်ထားသည့် သက်ဆိုင်ရာ ခရီးစဉ်နှင့် ဘွတ်ကင်အချက်အလက်များကို ဖောက်သည်ထံ ထုတ်ဖော်ပြောကြားမည်ဖြစ်သည်။

Grab မှ တစ်ဦးချင်း အသုံးပြုသူများထံသို့ ထုတ်ဖော်ပြောကြားသည်များ 

တစ်ဦးချင်းအသုံးပြုသူမှ ရွေးချယ်ထားသော လုပ်ငန်းပရိုဖိုင် setting များပေါ် မူတည်၍ အသုံးပြုသူသည် သက်ဆိုင်ရာ ခရီးစဉ်နှင့် ဘွတ်ကင်အချက်အလက်များ ပါဝင်သော အစီရင်ခံစာများကို ထုတ်ယူပြီး ဖန်တီးနိုင်ပါသည်။

၄။ ပါဝင်သူများ၏ တာဝန်ရှိမှုများ

လွတ်လပ်သော ဒေတာထိန်းချုပ်သူများအနေဖြင့် ဖောက်သည်နှင့် Grab တို့သည် ကိုယ်ရေးကိုယ်တာ အချက်အလက်ကို လုပ်ဆောင်သည့်အခါ သက်ဆိုင်ရာ ဒေတာကာကွယ်ရေးဥပဒေများအောက်ရှိ ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရမည်ဖြစ်ပြီး၊ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်-

  • ၎င်းတို့၏ အချက်အလက်ပိုင်ရှင်များအား ကိုယ်ရေးကိုယ်တာအချက်အလက်ကို မည်သို့ အသုံးပြု ကြောင်းနှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ အခွင့်အရေးများကို မည်သို့ ကျင့်သုံးခွင့်ပြုကြောင်း အသိပေးခြင်း၊
  • Grab for Business feature ကို လွယ်ကူချောမွေ့စေရန်အတွက် ကိုယ်ရေးကိုယ်တာဒေတာကို ထုတ်ဖော်ပြောကြားရန် လိုအပ်သော သဘောတူညီချက်များ (သက်ဆိုင်ပါက) ရယူခြင်း၊ နှင့်
  • ကိုယ်ရေးကိုယ်တာအချက်အလက်ကို ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် ဥပဒေနှင့်မညီဘဲ အသုံးပြုခြင်း၊ ဆုံးရှုံးစေခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်စီးခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ထုတ်ဖော်ပြောကြားခြင်းတို့မှ ကာကွယ်ရန် သင့်လျော်သော ဥပဒေရေးရာ၊ နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။.

နောက်ဆက်တွဲ ၂။ GRABDEFENCE ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ကြေညာချက်

 

ဤကိုယ်ရေးကိုယ်တာ ထုတ်ပြန်ကြေညာချက် (“ထုတ်ပြန်ကြေညာချက်”) သည် GrabDefence နှင့် ၎င်း၏ ဆက်စပ်ဝန်ဆောင်မှုများ (“GrabDefence”) ကို အသုံးပြုခြင်းမှတစ်ဆင့် Grab မှ ဒေတာများကို မည်သို့ စုဆောင်း၊ အသုံးပြု၊ လုပ်ဆောင်ပြီး ထုတ်ဖော်ပြောကြားသည်ကို ဖော်ပြထားပါသည်။

Grab သည် ၎င်း၏ ဖောက်သည်များ (“GD ဖောက်သည်များ”) အား GrabDefence ဝန်ဆောင်မှုကို ပေးအပ်ပြီး ၎င်းတို့၏ ပလက်ဖောင်းများနှင့် အက်ပလီကေးရှင်းများ (ဝက်ဘ်အခြေပြုနှင့် မိုဘိုင်းအက်ပလီကေးရှင်းအခြေပြု အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး ပလက်ဖောင်းများကဲ့သို့သော) (“ဒစ်ဂျစ်တယ် ပလက်ဖောင်းများ”) ပေါ်ရှိ လိမ်လည်မှု သို့မဟုတ် မလုံခြုံသော လုပ်ဆောင်မှုများကို ကာကွယ်ရန်၊ ရှာဖွေရန်နှင့် တိုက်ဖျက်ရန် ကူညီပေးပါသည်။ GD ဖောက်သည်များသည် ၎င်းတို့၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်ရှိ လိမ်လည်မှု ဖြစ်နိုင်ခြေရှိသော လုပ်ဆောင်မှုများကို ဖော်ထုတ်ရန် GrabDefence ကို ၎င်းတို့၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းများတွင် ပေါင်းစပ်ထည့်သွင်းမည်ဖြစ်သည်။

ဤထုတ်ပြန်ချက်သည် GD ဖောက်သည်များ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းများ၏ အသုံးပြုသူများ (“လူကြီးမင်း”) နှင့် သက်ဆိုင်ပြီး GrabDefence ကို ပေးအပ်ရန် ရည်ရွယ်ချက်များအတွက် GD ဖောက်သည်များ ကိုယ်စား စုဆောင်း၊ အသုံးပြုပြီး ထုတ်ဖော်ပြောကြားသည့် ဒေတာများနှင့်သာ သက်ဆိုင်ပါသည်။ GD ဖောက်သည်များက လူကြီးမင်း၏ဒေတာများကို အခြားမည်သို့ စုဆောင်း၊ အသုံးပြုပြီး ထုတ်ဖော်ပြောကြားသည်ကို နားလည်လိုပါက သက်ဆိုင်ရာ ဝန်ဆောင်မှုစည်းမျဉ်းများနှင့်/သို့မဟုတ် ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက် များကို ကြည့်ရှုနိုင်ပါသည်။

၁။ ဒေတာစုဆောင်းခြင်း

GD ဖောက်သည်များထံ GrabDefence ဝန်ဆောင်မှုကို ပေးအပ်ရန်အတွက် လူကြီးမင်း၏ စက်ပစ္စည်းမှ အချက်အလက်များနှင့် GD ဖောက်သည်များ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းကို လူကြီးမင်းက အသုံးပြုခြင်းနှင့်သက်ဆိုင်သော အချက်အလက်များကို GD ဖောက်သည်များထံမှ စုဆောင်းမည်ဖြစ်သည်။ ထိုအချက်အလက်များတွင် စက်ပစ္စည်း သတ်မှတ်အချက်အလက်များ (ဥပမာ- IMEI၊ Android ID၊ MAC လိပ်စာ စသည်)၊ စက်ပစ္စည်းနှင့် ဟာ့ဒ်ဝဲ အချက်အလက်များ (ဥပမာ- စက်ပစ္စည်းအမည်၊ မျက်နှာပြင် အရွယ်အစား စသည်)၊ အကောင့်အချက်အလက်များ (ဥပမာ- အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ် စသည်) နှင့် GD ဖောက်သည်များ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို လူကြီးမင်းက အသုံးပြုခြင်းနှင့်သက်ဆိုင်သော အခြားအကြောင်းအရာ ဆိုင်ရာ ဒေတာများ (ဥပမာ- IP လိပ်စာ၊ Wifi လိပ်စာ၊ GPS တည်နေရာဒေတာ၊ လိပ်စာ၊ ငွေပေးချေမှုအသေးစိတ်အချက်အလက်များ စသည်) တို့ ပါဝင်သည်။ ထိုအချက်အလက်များကို GD ဖောက်သည်များက ၎င်းတို့၏ ဝန်ဆောင်မှုစည်းမျဉ်းများနှင့်/သို့မဟုတ် ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက်များ နှင့်အညီ ၎င်းတို့၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် လူကြီးမင်းကအပြန်အလှန်ဆက်သွယ်သည့်အခါ စုဆောင်း ပါသည်။ GrabDefence ကို GD ဖောက်သည်များထံ ပေးအပ်ရန်အတွက် အထက်ပါ အချက်အလက်များအပေါ် အခြေခံ၍ လူကြီးမင်းအား ပုဂ္ဂိုလ်ရေးအရ ဖော်ထုတ်ရန် ကျွန်ုပ်တို့ ကြိုးပမ်းမည်မဟုတ်ပါ။

ကျွန်ုပ်တို့သည် GD Customer များထံမှ စုဆောင်းထားသော အချက်အလက်များကို Grab ၏ ဂေဟစနစ်ရှိ ဒေတာအချက်အလက်များနှင့် ပေါင်းစပ်ပြီး သက်ဆိုင်ရာ ထိုးထွင်းသိမြင်မှုများ (ဥပမာ- အက်ပ်ပြုပြင်မွမ်းမံမှု၊ ဒေတာကိုင်တွယ်မှု၊ စက်ပစ္စည်းကို ဖျက်ဆီးမှု၊ GPS အတုအယောင်ပြုလုပ်မှု လက္ခဏာများ ရှိမရှိ) ရယူနိုင်ပါသည်။ GD Customer များအား GrabDefence ကို ပံ့ပိုးပေးနိုင်ရန်အတွက် အထက်ဖော်ပြပါ အချက်အလက်များအပေါ် အခြေခံ၍ လူကြီးမင်းက ကိုယ်တိုင် ဖော်ထုတ်ရန် ကျွန်ုပ်တို့ ကြိုးပမ်းမည် မဟုတ်ပါ။

၂။ ဒေတာ အသုံးပြုခြင်း 

ကျွန်ုပ်တို့သည် GD ဖောက်သည်များ၏ လိမ်လည်မှုရှာဖွေခြင်း ကြိုးပမ်းမှုများကို ကူညီရန်အတွက် GD ဖောက်သည်များ ကိုယ်စား လူကြီးမင်း၏အချက်အလက်များကို ယေဘုယျအားဖြင့် အသုံးပြုပါသည်။ GD ဖောက်သည်များ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းများတွင် GrabDefence ကို အသုံးပြုခြင်းမှ ရရှိသော ရလဒ်ကို အသုံးပြုခြင်းသည် GD ဖောက်သည်များ၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပါသည်။

ဤကိစ္စတွင်၊ ကျွန်ုပ်တို့သည် အောက်ပါရည်ရွယ်ချက်များ (“ရည်ရွယ်ချက်များ”) အတွက် လူကြီးမင်း၏ အချက်အလက်များကို အသုံးပြုခြင်း၊ ပေါင်းစပ်ခြင်းနှင့် လုပ်ဆောင်ခြင်းတို့ ပြုလုပ်နိုင်သည်-

  • GrabDefence ကို ပံ့ပိုးပေးခြင်း၊ လည်ပတ်ခြင်းနှင့် ထိန်းသိမ်းခြင်း၊
  • GrabDefence ၏ ချို့ယွင်းချက်များကို စုံစမ်းစစ်ဆေးခြင်းနှင့် ပြဿနာဖြေရှင်းခြင်း၊
  • GrabDefence အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ရှိပြီးသား လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများကို မြှင့်တင်ခြင်း သို့မဟုတ် GrabDefence အတွက် လုပ်ဆောင်ချက်အသစ်များနှင့် ဝန်ဆောင်မှုအသစ်များ ဖန်တီးခြင်း အပါအဝင်၊
  • လိမ်လည်လှည့်ဖြားမှု လုပ်ဆောင်ချက်များဆိုင်ရာ ထိုးထွင်းသိမြင်မှုများ ရရှိရန်အတွက် စုဆောင်း ထားသော ဒေတာမျိုးစုံတွင် ပုံစံများကို ရှာဖွေခြင်း၊
  • စည်းမျဉ်းနှင့် ပြည်တွင်းစာရင်းစစ် လိုက်နာမှုဆိုင်ရာ ရည်ရွယ်ချက်များ၊ နှင့်
  • မည်သည့် ဥပဒေစိုးမိုးရေး တောင်းဆိုမှု သို့မဟုတ် တရားရုံးအမိန့်ကိုမဆို တုံ့ပြန်ခြင်း။

စုဆောင်းထားသော အချက်အလက်များကို Grab မှ စျေးကွက်ရှာဖွေရေး လုပ်ဆောင်မှုများအတွက် အသုံးပြုမည်မဟုတ်ကြောင်း သို့မဟုတ် လူကြီးမင်းအား မမျှတစွာ ထိခိုက်စေမည့် နည်းလမ်းဖြင့် Grab ရရှိနိုင်သော အခြားဒေတာမျိုးစုံနှင့် ပေါင်းစပ်မည်မဟုတ်ကြောင်း အာမခံပါသည်။

၃။ ဒေတာကို ထုတ်ဖော်ပြောကြားခြင်း 

ကျွန်ုပ်တို့သည် ရည်ရွယ်ချက်များအတွက် အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် အချက်အလက်များကို မျှဝေရန် လိုအပ်နိုင်ပါသည်။ ဤအဖွဲ့အစည်းများတွင် အောက်ပါတို့ ပါဝင်သည်-

  • GD ဖောက်သည်များ (လူကြီးမင်းသည် အသုံးပြုသူအဖြစ် မှတ်ပုံတင်ထားသူများ)၊
  • ကျွန်ုပ်တို့၏ လုပ်ငန်းခွဲများနှင့် တွဲဖက်လုပ်ငန်းများ၊
  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးသူများ (ဥပမာ၊ လူကြီးမင်း၏အချက်အလက်များကို လက်ခံထားရန် Amazon Web Services ၏ cloud ကို ကျွန်ုပ်တို့ အသုံးပြုသည်)၊ နှင့်
  • ကျွန်ုပ်တို့၏ ဥပဒေအကြံပေးများ၊ ဥပဒေစိုးမိုးရေးအရာရှိများနှင့် အစိုးရအာဏာပိုင်များ။

အထက်ဖော်ပြပါ အဖွဲ့အစည်းများမှလွဲ၍ လူကြီးမင်း၏အချက်အလက်များကို အခြားပြင်ပအဖွဲ့အစည်းများ သို့ ထုတ်ဖော်ပြောကြားမည်မဟုတ်ပါ။

၄။ လူကြီးမင်း၏ ဒေတာများအတွက် လူကြီးမင်း၏ အခွင့်အရေး

သက်ဆိုင်ရာ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံရေးဆိုင်ရာ ဥပဒေများနှင့်အညီ GrabDefence အသုံးပြုမှုအရ စုဆောင်းထားသော မည်သည့်အချက်အလက်မဆို ကိုယ်ရေးကိုယ်တာအချက်အလက် ဖြစ်လာနိုင်သည့် အတိုင်းအတာအထိ၊ လူကြီးမင်းသည် လူကြီးမင်း ၏ကိုယ်ရေးကိုယ်တာအချက်အလက် ကို ဝင်ရောက်ကြည့်ရှုရန် သို့မဟုတ် ပြင်ဆင်မွမ်းမံရန် အခွင့်အရေး ရှိနိုင်သည်။ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို GrabDefence က မည်သို့ လုပ်ဆောင်သည် ဆိုသည်ကို ရှင်းပြရန်မှာ GD ဖောက်သည်များက ၎င်းတို့၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို လူကြီးမင်းက အသုံးပြုသည့်အခါ GrabDefence ကို အသုံးပြုခြင်းအပေါ် မူတည်သောကြောင့်၊ လူကြီးမင်း၏ အခွင့်အရေးများကို ကျင့်သုံးလိုပါက၊ လူကြီးမင်း၏အချက်အလက်များကို မည်သို့အသုံးပြုပြီး လုပ်ဆောင်သည် ကို ပိုမိုသိရှိရန်နှင့် လူကြီးမင်း၏ကိုယ်ရေးကိုယ်တာအချက်အလက်အပေါ် လူကြီးမင်း၏ အခွင့်အရေးများကို ကျင့်သုံးရန် လူကြီးမင်း အသုံးပြုနေသော ဒစ်ဂျစ်တယ်ပလက်ဖောင်း၏ အော်ပရေတာကို တိုက်ရိုက် ဆက်သွယ်ရန် အကြံပြုအပ်ပါသည်။

၅။ ဒေတာကို ထိန်းသိမ်းခြင်း

ကျွန်ုပ်တို့သည် လုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက် (ဆိုလိုသည်မှာ GrabDefence ကို ပံ့ပိုးပေးရန်နှင့် ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်) သို့မဟုတ် ဥပဒေအရ ဆောင်ရွက်ရန် ရှိနေသရွေ့ လူကြီးမင်း၏ အချက်အလက်များကို ထိန်းသိမ်းထားရှိပါသည်။ ဤရည်ရွယ်ချက်များ ပြည့်မှီသည်နှင့် လူကြီးမင်း၏ အချက်အလက်များကို ဖျက်ဆီးရန် သို့မဟုတ် အမည်မဖော်ရန် အဆင့်ဆင့် ဆောင်ရွက်ပါသည်။

၆။ ဒေတာများကို နိုင်ငံတကာသို့ လွှဲပြောင်းခြင်း 

GD ဖောက်သည်များ၏ ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အသုံးပြုနေစဉ်တွင် လူကြီးမင်း၏ လက်ရှိတည်နေရာမှ အခြားတရားစီရင်ပိုင်ခွင့်ရှိသော နိုင်ငံသို့ လူကြီးမင်း၏အချက်အလက်များကို လွှဲပြောင်းနိုင်ပါသည်။

၇။ ဒေတာများကို ထိန်းသိမ်းခြင်း 

လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကာကွယ်ရန် သင့်လျော်သော ဥပဒေရေးရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် နည်းပညာဆိုင်ရာ အစီအမံများကို ကျွန်ုပ်တို့က အကောင်အထည်ဖော် ထားရှိပါသည်။ ၎င်းတွင် လူကြီးမင်း၏အချက်အလက်များ ဆုံးရှုံးစေခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းတို့ကို ကာကွယ်ရန် အစီအမံများ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေး ကိုယ်တာအချက်အလက်ကို သိရှိရန်လိုအပ်သည့် အခြေအနေအထိသာ ဝင်ရောက်ခွင့်ပြုရန် ကန့်သတ် ထားပါသည်။ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကြည့်ရှုခွင့်ရရှိသူများသည် ခွင့်ပြုထားသော နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး လူကြီးမင်း၏အချက်အလက်များကို လျှို့ဝှက်ထားရန် လိုအပ် ပါသည်။

သို့ရာတွင်၊ အင်တာနက်မှတစ်ဆင့် အချက်အလက်များ ပေးပို့ခြင်းသည် လုံးဝလုံခြုံမှုမရှိကြောင်း လူကြီးမင်းက နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာဒေတာကို ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်းမည်ဖြစ်သော်လည်း အွန်လိုင်းမှတစ်ဆင့် ပေးပို့သည့် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်အပေါ် လုံးဝလုံခြုံမှုပေးနိုင်ပါသည်ဟု  ကျွန်ုပ်တို့ အလုံးစုံ အာမခံနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့်၊ အွန်လိုင်းမှတစ်ဆင့် ပေးပို့သော သို့မဟုတ် လွှဲပြောင်းသော မည်သည့်ဒေတာနှင့်မဆို အန္တရာယ်အချို့ ရှိနေသေးကြောင်း လူကြီးမင်းက အသိအမှတ် ပြုရမည်။

၈။ ပြင်ဆင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း 

Grab သည် ဤထုတ်ပြန်ကြေညာချက်၏ စည်းကမ်းချက်များကို ၎င်း၏ဝက်ဘ်ဆိုက်တွင် မွမ်းမံထားသော ထုတ်ပြန်ကြေညာချက် တစ်ရပ်ကို တင်လိုက်ခြင်းဖြင့် အချိန်မရွေး ပြင်ဆင်မွမ်းမံနိုင်ပါသည်။

လူကြီးမင်း၏ဒေတာကို မည်သို့အသုံးပြုနေသည်နှင့်ပတ်သက်၍ မေးမြန်းစရာများရှိပါက လူကြီးမင်းက အသုံးပြုသူအဖြစ် မှတ်ပုံတင်ထားသည့် GD ဖောက်သည်ထံ ဆက်သွယ်နိုင်ပါသည်။ GrabDefence နှင့်ပတ်သက်၍ အခြားမေးမြန်းစရာများရှိပါက Grab ၏ ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ဖောင်မှတစ်ဆင့် ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေးအရာရှိထံ ဆက်သွယ်ပါ။