GrabRewards ပွိုင့်ပြောင်းလဲခြင်း

အခြားသော loyalty programmes များက ပွိုင့်များနဲ့ GrabRewards ပွိုင့်များကို ဒီနေ့ပဲ လဲလိုက်ပါ။ အပြန်အလှန် အလဲအလှယ်လုပ်နိုင်ပါတယ်။ 

သင့်ရဲ့ မသုံးရသေးတဲ့ ပွိုင့်တွေကို အလကား မဖြစ်ရအောင် GrabRewards ပွိုင့်တွေအဖြစ် ပြောင်းလိုက်ပါ။ 

သင်မျက်စိကျနေတဲ့ ပိုကြီးတဲ့ rewards တွေရဖို့ သင့်ပွိုင့်တွေကို ထပ်တိုးလိုက်ပါ။ 

ဘာလို့ ပွိုင့်တွေကို ပြောင်းရမှာလဲ။

ကျွန်တော်တို့ GrabRewards ကတ်တလောက်ထဲမှာ ရွေးချယ်စရာ reward တွေများစွာရှိခြင်း

ပွိုင့်များကို အခမဲ့ဖြင့် မြန်မြန် လဲနိုင်ခြင်း

ဝန်ဆောင်မှုများကို အသုံးပြုပြီး ရရှိထားသော ပွိုင့်အသစ်များနဲ့ ဆုလက်ဆောင်များ လဲနိုင်ခြင်း

အခြား ပွိုင့်တွေကို GrabRewards ပွိုင့်တွေဖြစ်အောင် ဘယ်လိုပြောင်းမလဲ။

အဆင့် ၁

မိတ်ဖက် ဆိုင်/လုပ်ငန်းများရဲ့ ပွိုင့်များကို GrabRewards ပွိုင့် ပြောင်းဖို့ အောက်က “Convert Now” ခလုတ်ကို နှိပ်ပါ။ 

အဆင့် ၂

သင့် Grab အကောင့်အား မိတ်ဖက် ဆိုင်/လုပ်ငန်းများတွင် စာရင်းသွင်းထားသော အကောင့်နဲ့ ချိတ်ဆက်ပါ။ 

အဆင့် ၃ 

ပြီးတာနဲ့ သင့် GrabRewards ပွိုင့် လက်ကျန်ဟာ app ထဲမှာ update ဖြစ်နေမှာပါ။ အခုပဲ လဲလှယ်လိုက်ပါ။

ကျွန်ုပ်တို့ မိတ်ဖက်များ

နောက်ထပ်များစွာသော မိတ်ဖက်များနဲ့ ထပ်မံ လက်တွဲသွားမှာမို့ ဒီ စာမျက်နှာကို bookmark လုပ်ထားရင် အလွယ်ဆုံး ပြန်လာကြည့်လိုရမှာပါ။

Qatar Airways Privilege Club

1,000 Avios =
1,000 GrabRewards points

Update as at 20 Feb 2022:

Please be informed that the points conversion programme between Qatar Airways Privilege Club and GrabRewards is temporarily unavailable. We will update this page when it’s back up. Please contact Qatar Airways Privilege Club if you have any queries.

Qatar Airways Privilege Club နဲ့ ခရီးသွားအတွေ့အကြုံတွေကို အဆင့်မြှင့်လိုက်ပါ။ Privilege Club အဖွဲ့ဝင်အဖြစ် Qatar Airways နဲ့ ခရီးသွား အထူး ခံစားခွင့်များ ရယူနိုင်မှာပါ။ Qatar Airways သို့မဟုတ် oneworld® partners များရဲ့ လေယာဉ်စီးတဲ့အခါနဲ့ Privilege Club ရဲ့ lifestyle partners ၆၀+ ဝန်ဆောင်မှုများကို အသုံးပြုတဲ့အခါ Avios များ ရယူပါ။ 

Avios ကို အသုံးပြုပြီး ဆုလက်မှတ်၊ လေယာဉ် စီးနင်းခွင့် upgrades များ၊ အိတ်အပို၊ ဟိုတယ်တည်းခိုခွင့်နဲ့ များစွာသော သီးသန့် rewards များနဲ့ လဲလှယ်နိုင်ပါတယ်။ Avios တွေကို အရင်ကထက်လည်း သက်တမ်း ပိုရပါပြီ။ သုံးလိုက်တိုင်း သို့မဟုတ် miles ရတိုင်း Avios လက်ကျန်သက်တမ်းက နောက်ထပ် ၃၆ လ ထိ ရရှိမှာ ဖြစ်ပါတယ်။

နောက်ထပ်လေ့လာရန် www.qatarairways.com/Avios ကိုဝင်ကြည့်ပေးပါ

  • Qatar Airways Privilege Club မှပြောင်းလဲထားသော GrabRewards ပွိုင့်များသည် အဆင့်တိုးတက်မှုဆီသို့ ဦးတည်ခြင်းမရှိပါ။
  • ပွိုင့်ပြောင်းလဲခြင်း တောင်းဆိုချက်ကို တင်ပြပြီးပါက ဖျက်လို့မရသလို ပြန်ပြောင်းလို့မရပါ။ ပြောင်းလဲမှုအားလုံးဟာ နောက်ဆုံးဖြစ်ပြီး ငွေပြန်အမ်းမည်မဟုတ်ပါ။
  • လဲလှယ်ခြင်း မပြုမီ ပရိုဂရမ်နှစ်ခုလုံးတွင် သင့်အကောင့်သည် လက်ရှိ အသုံးပြုခွင့်ရှိသော (ဆိုင်းငံ့ခံထားရခြင်း မရှိသော) အကောင့်ဖြစ်ရပါမည်။
  • ကွာခြားချက်ရှိပါက Qatar Airways Privilege Club ဝန်ဆောင်မှုဌာနဖြင့် စစ်ဆေးပါ။

သင့် GrabRewards ပွိုင့်တွေကို မိတ်ဖက်ဆိုင်/လုပ်ငန်းတွေရဲ့ ပွိုင့်အဖြစ် ပြောင်းလိုပါသလား။

ဟုတ် မှန်ပါတယ်။ သင့်ပွိုင့်တွေကို Grab နဲ့ Grab ရဲ့ မိတ်ဖက်တွေကြားမှာ စိတ်ကြိုက် အပြန်အလှန် လဲလှယ်လို့ရပါတယ်။ ကြိုက်တဲ့ မိတ်ဖက်အစီအစဉ်ကို ရွေးပြီး စတင်လဲလှယ်လိုက်ပါ။ 

FAQs

သင့် GrabRewards လွှဲပေးလိုက်သော မိတ်ဖက် ဆိုင်/လုပ်ငန်းများတွင် စာရင်းသွင်းထားသော အကောင့်ထဲမှာ ရှာလို့ရပါတယ်။ အကယ်၍ မတွေ့လျှင် မိတ်ဖက်များကို အကူအညီတောင်းရန် ဆက်သွယ်ပါ။

တင်သွင်းပြီးသည့်အခါ GrabRewards ပွိုင့်အားလုံး ပြောင်းလဲဖို့တောင်းဆိုမှုများက အတည်ဖြစ်သွားပါတယ်။ Grab အသုံးပြုသူမှ ပြန်ဖျက်ပေးဖို့ တောင်းဆိုမှု၍ မရပါ။

ချက်ချင်းပြောင်းသွားမှာ ဖြစ်ပါတယ်။ သင့် GrabRewards ပွိုင့်များပျောက်ဆုံးနေပါက ကျေးဇူးပြု၍ မိတ်ဖက် ဆိုင်/လုပ်ငန်းနဲ့ တိုက်ရိုက်ဆက်သွယ်ပါ။