GrabCoins သုံးပြီး GrabFood နဲ့ GrabMart အော်ဒါတိုင်းမှာ လျှော့ဈေးတွေကို ချက်ချင်းလက်ငင်းရယူပါ။


GrabFood နဲ့ GrabMart ကနေ အော်ဒါမှာယူတိုင်း အနည်းဆုံး GrabCoins ၂၃ ခုကနေစပြီး လျှော့ဈေးတွေ ရယူနိုင်ပါပြီ။ ဒါကြောင့် Check Out လုပ်တဲ့အခါ GrabCoins နေရာကို နှိပ်ပြီး GrabFood နဲ့ GrabMart အော်ဒါအတွက် လျှော့ဈေးတွေကို အလွယ်တကူ ရယူလိုက်ပါ။


လျှော့ဈေးအဖြစ် လဲလှယ်အသုံးပြုရန် အနည်းဆုံး လိုအပ်သော ပမာဏ: GrabCoins ၂၃ ခု ≈ ၅၀ ကျပ်


၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစ၍ အသုံးပြုသူအားလုံးအတွက် တူညီတဲ့ အကျိုးခံစားခွင့်တွေ ပေးအပ်နိုင်ဖို့ GrabRewards ရဲ့ အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်များ (Member, Silver, Gold, Platinum) ကို ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ အရင်က အဖွဲ့ဝင် အဆင့်သတ်မှတ်ချက်အလိုက် ရရှိတဲ့ GrabCoins အစား အားလုံးတူတူ ပုံသေနှုန်းထားတစ်ခုနဲ့ ရရှိမှာ ဖြစ်ပြီး Grab ကို နေ့စဉ်အသုံးပြုမှုအပေါ် မူတည်ပြီး GrabCoins တွေ ပိုမိုရရှိနိုင်မယ့် နည်းလမ်းသစ်တွေကို ပြောင်းလဲအသုံးပြုသွားမှာ ဖြစ်ပါတယ်။


GrabCoins ပိုမိုရယူနိုင်မယ့် နည်းလမ်းများ

04 260x260-Group-order

Group Order နဲ့ မှာယူပါ


GrabCoins ၁၀၀ ရယူပါ။

06 260x260-Breakfast-order

မနက် ၇နာရီမှ ၉နာရီအတွင်း အော်ဒါမှာယူပါ


GrabCoins ၁၅၀ ရယူပါ။

05 260x260-superstar-mexs

စူပါစတား ဆိုင်များမှ အော်ဒါမှာယူပါ


GrabCoins ၂၀၀ ရယူပါ။

03-07 260x260-cashless

ကတ်အသုံးပြု၍ ပေးချေပါ


GrabCoins ၁၀၀ ရယူပါ။

01 260x260-Airport-ride

လေဆိပ်သို့အသွားအပြန် ခရီးစဉ်တွေအတွက် အသုံးပြုပါ


GrabCoins ၁၅၀ ရယူပါ။

02 260x260-GrabTaxi-EV

GrabTaxi Plus နဲ့ EV ခရီးစဉ်အတွက် အသုံးပြုပါ


GrabCoins ၂၀၀ ရယူပါ။

ဒါတင် မကသေးပါဘူး။ GrabCoins ရယူနိုင်မယ့် အခြားနည်းလမ်းပေါင်းများစွာကို GrabCoins Homepage မှာ ဝင်ရောက်လေ့လာပြီး အခုပဲ Coins တွေ စတင်စုဆောင်းလိုက်ပါ။

မှတ်ချက်။ ။ GrabCoins Homepage သို့ ဝင်ရောက်နိုင်ရန် Grab App ကို နောက်ဆုံး Version သို့ Update လုပ်ထားဖို့ လိုအပ်ပါသည်။

GrabCoins အဖြစ် ပြောင်းလဲမှုများနှင့် ကိုက်ညီစေရန် သက်တမ်းကုန်ဆုံးမှု မူ၀ါဒကိုလည်း ပြန်လည်ပြင်ဆင်ပေးထားပါတယ်။

အများဆုံး မေးလေ့ရှိသော မေးခွန်းများ


မေးခွန်းများကို ပိုမိုသိရှိနိုင်ရန် Help Centre မှာ ဝင်ရောက်လေ့လာပါ။


GrabRewards ကို GrabCoins အဖြစ် အမည်ပြောင်းလဲလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့မှာရှိတဲ့ ပွိုင့်တွေကို “၁ ပွိုင့် = ၁ GrabCoin” အနေနဲ့ လက်ကျန်ပွိုင့် အရေအတွက်အတိုင်း ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ GrabCoins သုံးပြီး GrabFood နဲ့ GrabMart အော်ဒါတိုင်းမှာလည်း လျှော့ဈေးတွေကို ချက်ချင်းလက်ငင်း ရယူနိုင်ပါတယ်။


မိတ်ဆွေတို့မှာရှိတဲ့ ပွိုင့်တွေကို “၁ ပွိုင့် = ၁ GrabCoin” အနေနဲ့ လက်ကျန်ပွိုင့်အရေအတွက်အတိုင်း ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။


GrabFood နဲ့ GrabMart ရဲ့ အော်ဒါမှာယူမှုတစ်ခုချင်းစီအတွက် အနည်းဆုံး GrabCoins ၂၃ ခု ≈ ၅၀ ကျပ် ကနေစပြီး လျှော့စျေးရယူနိုင်ပါပြီ။ Checkout လုပ်တဲ့အခါ GrabCoins နေရာကို နိုပ်ပြီး လျှော့စျေးကို အလွယ်တကူရယူနိုင်ပါတယ်။ GrabCoins နေရာကို မတွေ့ရပါက သင့် Grab App ကို နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်တင်ပါ။


GrabCoins လက်ကျန်အရေအတွက်ကို စစ်ဆေးရန် –

၁။ Grab ပင်မစာမျက်နှာထိပ်၏ ညာဘက်ရှိ Avatar Icon ကို နှိပ်ပါ။

၂။ “For more value” အောက်မှ “Rewards” ကို တစ်ချက်နှိပ်ပါ။

၃။ စာမျက်နှာအပေါ်ဆုံးတွင် သင့် GrabCoins လက်ကျန်အရေအတွက်ကို စစ်ဆေးကြည့်နိုင်ပါပြီ။


ရရှိနိုင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများတွင် (OVO Points သုံးသော အင်ဒိုနီးရှားနိုင်ငံမှလွဲ၍) Grab Rides, GrabFood, GrabExpress အစရှိတဲ့ Grab ဝန်ဆောင်မှု အသုံးပြုမှုများအတွက် GrabCoins ရရှိနိုင်ပါတယ်။ ဒါပေမဲ့ သင့်သွားရောက်လည်ပတ်တဲ့ နိုင်ငံရဲ့ Earn Rate ပေါ်မူတည်ပြီး GrabCoins ရရှိမှု အရေအတွက်လည်း ကွာခြားနိုင်ပါတယ်။


၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မတိုင်ခင်
GrabCoins (ယခင်က GrabRewards ပွိုင့်များ) ဟာ နောက်ဆုံး ပွိုင့် ရရှိခဲ့တဲ့ အချိန်ကစလို့ ၃ လအကြာမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှစ၍
နိုဝင်ဘာလ ၁၇ ရက်နေ့မှာရှိတဲ့ လက်ကျန် ပမာဏနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရရှိတဲ့ GrabCoin များက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍
GrabCoin များဟာ ၆ လအကြာမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
ဥပမာ –
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာရရှိတဲ့ GrabCoins များဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရရှိတဲ့ GrabCoins များဟာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။