Press Centre

Grab Myanmar မှ ၂၀၁၈ ခုနှစ်အတွင်း အောင်မြင်မှုမှတ်တိုင်များနှင့် ၂၀၁၉ ခုနှစ် လုပ်ဆောင်သွားမည့်အစီအစဉ်များကို အသိပေးမိတ်ဆက်

အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း ဝန်ဆောင်မှုအသစ်များ ဖြစ်သော GrabShare နှင့် GrabThoneBane ကို မိတ်ဆက်ပေးနိုင်ခဲ့ခြင်း၊ မန္တလေးမြို့နှင့် ပုဂံမြို့များတွင် တိုးချဲ့ ပြေးဆွဲနိုင်ခဲ့ခြင်း၊ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည့် Uber ၏ အရှေ့တောင်အာရှနိုင်ငံများရှိ လုပ်ငန်းလည်ပတ်မှုများကို လွှဲပြောင်းရယူနိုင်ခဲ့ခြင်း၊ ပိုမို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရေးနှင့် ခရီးသည်များ လုံခြုံရေးအတွက် အက်ပလီကေးရှင်းအတွင်း လုပ်ဆောင်ချက်အသစ်များဖြင့် အဆင့်မြှင့်တင်ပေးခဲ့ခြင်း စသည့် အကြောင်းအရာများစွာဖြင့် အံ့အားသင့်ဖွယ်ရာ ထူးခြားသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။

  

ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂၄ ရက်၊၂၀၁၉ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း ဝန်ဆောင်မှုအသစ်များ ဖြစ်သော GrabShare နှင့် GrabThoneBane ကို မိတ်ဆက်ပေးနိုင်ခဲ့ခြင်း၊ မန္တလေးမြို့နှင့် ပုဂံမြို့များတွင် တိုးချဲ့ ပြေးဆွဲနိုင်ခဲ့ခြင်း၊ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည့် Uber ၏ အရှေ့တောင်အာရှနိုင်ငံများရှိ လုပ်ငန်းလည်ပတ်မှုများကို လွှဲပြောင်းရယူနိုင်ခဲ့ခြင်း၊ ပိုမို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရေးနှင့် ခရီးသည်များ လုံခြုံရေးအတွက် အက်ပလီကေးရှင်းအတွင်း လုပ်ဆောင်ချက်အသစ်များဖြင့် အဆင့်မြှင့်တင်ပေးခဲ့ခြင်း စသည့် အကြောင်းအရာများစွာဖြင့် အံ့အားသင့်ဖွယ်ရာ ထူးခြားသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ ထို့အပြင် မိတ်ဖက် ယာဉ်မောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဘဝနေမှုတိုးတက်ကောင်းမွန်လာစေရေးအတွက် မိတ်ဖက်ယာဉ်မောင်းများ၏ ထူးချွန်သော သားသမီးများအား ပညာသင်ဆုကြေး ပေးအပ်သည့် Grab Bursaries အစီအစဉ်၊ ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့်များ ရရှိနိုင်မည့် Driver Benefits အစီအစဉ်၊ ဘေးကင်း လုံခြုံစွာ မောင်းနှင်ရေး ပညာပေးဆွေးနွေးပွဲများနှင့် အခမဲ့ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးပေးခြင်းစသည့် လုပ်ငန်းစဉ်ပေါင်းများစွာကို မိတ်ဆက် အစပျိုးပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း စိုက်ထူနိုင်ခဲ့သည့် Grab ၏ အောင်မြင်မှုမှတ်တိုင်များကို တစ်စထက်တစ်စ များပြားလာသည့် မိတ်ဖက်ယာဉ်မောင်းများ၏ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းမှုများနှင့် နေ့စဉ် လူနေမှုဘဝတွင် လွယ်ကူအဆင်ပြေစေရန် Grab ဝန်ဆောင်မှုများကို ယုံကြည်အားထားစွာ အသုံးပြုနေကြသည့် ခရီးသည်များ၏ ပါဝင်ပံ့ပိုးမှုများ မရှိဘဲ ရရှိနိုင်မည် မဟုတ်ပါ။

၂၀၁၈ ခုနှစ်အတွင်း Grab Myanmar ၏ စိတ်ဝင်စားဖွယ်အကြောင်းအရာအချို့ကို ကိန်းဂဏန်း အချက်အလက် များနှင့်တကွ ဖော်ပြလိုပါသည်။ (အသေးစိတ်ကို ပူးတွဲပါရှိသော infographic တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။)

Grab ဝန်ဆောင်မှု အသုံးပြုနှုန်း တိုးတက်လာခြင်း

  • ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်တွင် နေ့စဉ်ငှားရမ်းမှုနှုန်း ၃၀၀% တိုးတက်လာခဲ့သည်။
  • ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့တွင် နေ့စဉ် ခရီးစဉ်အကြောင်းရေနှုန်းထား ၃၀၀% တိုးတက်လာခဲ့သည်။
  • ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် မောင်းနှင်သွားလာခဲ့သော Grab ခရီးစဉ် အကွာအဝေးပေါင်း ကီလိုမီတာ ၉၃ သန်းကျော် ရှိခဲ့သည်။
  • ၂၀၁၈ ခုနှစ်အတွင်း ခရီးစဉ်များအနက် ၈၅% မှာ  ခရီးသည်များမှ ယာဉ်မောင်းဝန်ဆောင်မှုအတွက် ကြယ် ငါးပွင့် ပေးအပ်သည့် ခရီးစဉ်များဖြစ်သည်။

ပိုမို အဆင်ပြေချောမွေ့သော ခရီးစဉ်များ ဖန်တီးပေးနိုင်ခြင်း

  • ၂၀၁၈ ခုနှစ်တွင် Grab အက်ပလီကေးရှင်းအတွင်း ပိုမိုတိကျသော ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များရှိ တည်နေရာပြပွိုင့်ပေါင်း ၃၂,၀၀၀ ကျော်ကို ဖြည့်သွင်းခဲ့သည်။

မိတ်ဖက်ယာဉ်မောင်းများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်လာခြင်း

  • ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ မိတ်ဖက်ယာဉ်မောင်း အရေအတွက် ၂ ဆ ပိုမို များပြားလာခဲ့သည်။
  • ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်အတွင်းရှိ ပြီးမြောက်ခဲ့သော ခရီးစဉ်အကြောင်းရေများမှ ယာဉ်မောင်းများ၏ ဝင်ငွေ ၂၂၀% အထိ တိုးတက်လာခဲ့သည်။
  • ၁၀၀% သော မိတ်ဖက်ယာဉ်မောင်းများကို CB ဘဏ်အကောင့်များ ဖွင့်ပေး၍ စနစ်တကျ ငွေကြေးစီမံ နိုင်ရန် အကူအညီပေးနိုင်ခဲ့သည်။

GrabRewards အသုံးပြုမှု တိုးတက်နှုန်းများ

  • ၂၀၁၈ ခုနှစ်အတွင်း GrabRewards ပွိုင့် တစ်သန်းကျော် လဲလှယ်အသုံးပြုခဲ့သည်။
  • ၂၀၁၈ ခုနှစ်၏ ပထမလေးလပတ်မှ စတုတ္တလေးလပတ်အထိ GrabRewards လဲလှယ်အသုံးပြုမှုနှုန်း ၁၅၂% အထိ တိုးတက်လာခဲ့သည်။
  • လဲလှယ်အသုံးပြုမှု အများဆုံး မိတ်ဖက်လုပ်ငန်းများ – တယ်လီနော၊ Pizza Hut ၊ Shop.com.mm နှင့် JCGV

ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ်မှ စတင်မိတ်ဆက်ခဲ့ပြီးနောက် Grab ၏ လုပ်ငန်းများကို မြန်မာနိုင်ငံတွင် တစ်ရှိန်ထိုး တိုးချဲ့လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်သည် ၎င်း၏ ခရီးစဉ်အတွက် အစဦးအနေအထားသာ ရှိသေးသည်ဟု ယုံကြည်ထားပါသည်။ စိတ်လှုပ်ရှားဖွယ်ရာ ၂၀၁၉ ခုနှစ်တွင် Grab မှ မြန်မာနိုင်ငံတစ်ဝန်းရှိ လူ့အဖွဲ့အစည်းများ အတွက် ပိုမို ကောင်းကျိုးပြုနိုင်မည့် အစီအစဉ်များ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပိုမို လုံခြုံမှု ရှိသော၊ ဝန်ဆောင်မှု အရည်အသွေး ပိုမို မြင့်မားသော၊ သာလွန်ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး စနစ်အား အသုံးပြုသူ များပြားလာစေရန် အများပြည်သူထံ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာများ ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။

Grab Myanmar ၏ Acting Country Manager ဖြစ်သူ Alvin Loh က “ လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်းမှာ Grab ရဲ့ လုပ်ငန်းဟာ မြန်မာနိုင်ငံမှာ တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ကြုံတွေ့နေရတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ Grab က စွမ်းစွမ်းတမံ ပါဝင်နိုင်ခဲ့တဲ့ အတွက်ရော၊ လူ့အဖွဲ့အစည်း အမျိုးမျိုးအတွက် အထောက်အကူဖြစ်စေနိုင်ခဲ့တဲ့အတွက်ပါ ကျွန်တော်တို့ အရမ်းကို ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ Grab ကနေ ခရီးသည်တွေနဲ့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် ပိုမို ကောင်းမွန်တဲ့ ခရီးစဉ်အတွေ့အကြုံတွေ ရအောင်နဲ့ ပိုမိုအကျိုးရှိတဲ့ သယ်ယူပို့ဆောင်ရေး ကွန်ယက်တစ်ခု ဖန်တီး တည်ဆောက်နိုင်အောင် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ဆက်ပြီး တီထွင်ပြောင်းလဲပေးသွားမှာပါ။ ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထဲထဲဝင်ဝင် သိထားတဲ့ ဒေသခံ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားပြီး အရမ်းကို အလုပ်ကြိုးစားတဲ့ ကျွန်တော်တို့ရဲ့ Grab မြန်မာအဖွဲ့သား တွေကလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းအငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းဆိုတဲ့ နေရာကို ၂၀၁၉ ခုနှစ်သာမက လာမယ့် နှစ်တွေအထိပါ ဆက်ပြီး ထိန်းသိမ်းထားနိုင်အောင် ဆောင်ရွက်သွားမယ့် အဓိက တွန်းအားတွေ ဖြစ်လာမှာပါ” ဟု ပြောသည်။

ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများအားလုံးအတွက် ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေး အတွေ့အကြုံများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ Grab မှ လုံခြုံရေးဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုင်ရာ၊ ခရီးစဉ် အကြံပြုချက်ဆိုင်ရာနှင့် ခရီးသည်များမှ မိတ်ဖက်ယာဉ်မောင်းများကို စာနာ နားလည်ပေးခြင်းဆိုင်ရာ စသည့်ကဏ္ဍများအပေါ် အခြေခံသည့် လုပ်ဆောင်ချက်အသစ်များကို အက်ပလီကေးရှင်း အတွင်း ထည့်သွင်း ပေးသွားမည် ဖြစ်ပါသည်။

စိတ်အေးချမ်းသာစွာ ခရီးသည်အား ပို့ဆောင်ပေးနိုင်မည့် မိတ်ဖက်ယာဉ်မောင်း လုံခြုံရေးလုပ်ဆောင်ချက်

  • Grab မိတ်ဖက်ယာဉ်မောင်း အက်ပလီကေးရှင်းတွင် ယာဉ်မောင်းမှ ခရီးစဉ်တွင်း မိမိတည်နေရာကို အရေးပေါ် ဖုန်းနံပါတ်များ (သို့မဟုတ်) အခြား အက်ပလီကေးရှင်းများမှတစ်ဆင့် လင့်ခ်တစ်ခုဖြင့် အချိန်နှင့် တပြေးညီသိရှိနိုင်ရန် မျှဝေပေးနိုင်မည့် မိတ်ဖက်ယာဉ်မောင်း လုံခြုံရေးလုပ်ဆောင်ချက်ကို ထည့်သွင်းပေးမည် ဖြစ်ပါသည်။
  • အရေးပေါ်အခြေအနေတွင် နီးစပ်ရာ ရဲစခန်းသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားနိုင်သည့် လုပ်ဆောင်ချက်ကို မိတ်ဖက်ယာဉ်မောင်းများလည်း အသုံးပြုနိုင်ပြီ ဖြစ်သည်။

ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများ၏ကိုယ်ရေးအချက်အလက်ဖြစ်သော ဖုန်းနံပါတ်များအား ကွယ်ဝှက် ပေးထားခြင်း –

  • ယင်းလုပ်ဆောင်ချက်သည် ယာဉ်မောင်းနှင့် ခရီးသည်အကြား အပြန်အလှန်ဆက်သွယ်မှုများကို အက်ပလီကေးရှင်းမှတစ်ဆင့် မိုဘိုင်းဒေတာအသုံးပြုကာ သက်သာစွာ ပြုလုပ်နိုင်ပြီး အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်ဖြစ်သော ဖုန်းနံပါတ်များအား ထိန်းသိမ်းကွယ်ဝှက်ပေးထားနိုင်သည်။

ခရီးသည်များအတွက် ပိုမိုကောင်းမွန်တိကျသည့် ခရီးစဉ် အကဲဖြတ်အဆင့်သတ်မှတ်ခြင်း –

  • အသေးစိတ် အကဲဖြတ်အဆင့်သတ်မှတ်ခြင်းများကို ခရီးစဉ်ပြီးဆုံးပြီးနောက် ၇၂ နာရီအတွင်း လုပ်ဆောင်နိုင်ပါသည်။
  • ၇၂ နာရီ နောက်ပိုင်းတွင် မိတ်ဖက်ယာဉ်မောင်း၏ ကိုယ်ရေးအချက်အလက်များအား ကွယ်ဝှက်လိုက် မည် ဖြစ်ပါသည်။
  • ပြုပြင်ပြောင်းလဲထားသော အကဲဖြတ်အဆင့်သတ်မှတ်ခြင်းလုပ်ဆောင်ချက်အားဖြင့် ပိုမိုမျှတပြီး ကောင်းမွန်သော ဝန်ဆောင်မှုအတွေ့အကြုံကို ရရှိစေမည် ဖြစ်သည်။

 ခရီးသည်များအနေဖြင့် စိတ်ကျေနပ်မှုရရှိသည့် ခရီးစဉ်များအတွက် မိတ်ဖက်ယာဉ်မောင်းအား အပိုဆုကြေး ပေးအပ်နိုင်ခြင်း – (  ငွေသားမဲ့ ကတ်သုံးသည့် ခရီးစဉ်များအတွက်သာ)

  • ခရီးသည်များမှ မိမိတို့၏ ယာဉ်မောင်းအား ကြယ်ငါးပွင့်အဆင့် သတ်မှတ်ပေးခြင်းအပြင် ဆုကြေး  ပေးအပ်နိုင်ပြီ ဖြစ်သည်။
  • မိတ်ဖက်ယာဉ်မောင်းများမှ ခရီးစဉ်ကျသင့်ငွေနှင့်အတူ ပေးအပ်လိုသောအပိုဆုငွေပမာဏအား  ရွေး ချယ်နိုင်ရန်  အက်ပလီကေးရှင်းတွင် ပြသပေးမည် ဖြစ်ပါသည်။
  • အပိုဆုငွေများကို မိတ်ဖက်ယာဉ်မောင်း၏ မိုဘိုင်းပိုက်ဆံအိတ်အတွင်း ထပ်ဆောင်းထည့်သွင်းပေးမည် ဖြစ်ပါသည်။

 ၂၀၁၉ ခုနှစ်တွင် Grab မှ တိုးချဲ့လုပ်ဆောင်သွားမည့် အငှားယာဉ်ဝန်ဆောင်မှု အသစ်များမှာ –

  • ရုံးဝန်ထမ်းများနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် လုံခြုံစိတ်ချရပြီး ဈေးနှုန်း သက်သာသည့် GrabShuttle မီနီဘတ်စ် ဝန်ဆောင်မှု
  • Call Center ကိုယ်စားလှယ်များမှတစ်ဆင့် အလွယ်တကူ ဘွတ်ကင်တင်နိုင်မည့် GrabCall ဝန်ဆောင်မှု
  • ဟိုတယ်များနှင့် ရုံးများအတွက် Grab Web Booking ဝန်ဆောင်မှု
  • မန္တလေးမြို့တွင် ချိတ်ဆက်ထားသော မိတ်ဖက်ယာဉ်မောင်းနှင့် ယာဉ်များကို နာရီအလိုက်  ငှားရမ်းနိုင်သည့် Rent ဝန်ဆောင်မှု ဖြစ်ပါသည်။ ဈေးနှုန်းများမှာ ကြာမြင့်ချိန်၊ သတ်မှတ်ထားသော ခရီးစဉ်နှင့် ပြင်ဦးလွင်၊ စစ်ကိုင်းနှင့် အင်းဝမြို့များသို့ ခရီးတစ်ကြောင်းစာ စသည့် အနေအထားအလိုက် ကျသင့်မည် ဖြစ်သည်။

Grab မှ ၎င်း၏ နေ့စဉ်ပိုမိုကောင်းမွန်အဆင်ပြေစေရေးရည်ရွယ်သည့် ‘Better Everyday’ လူထုအကျိုးပြု လုပ်ငန်းစဉ်များနှင့် မိတ်ဖက်ယာဉ်မောင်းများ ဘေးကင်း လုံခြုံစွာ သွားလာနိုင်ရေး ပညာပေးဆွေးနွေးပွဲများ ပါဝင်သည့် ‘Safer Everyday’ လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည့်အလျောက် အက်ပလီကေးရှင်းအတွင်း ထည့်သွင်းသွားမည့် လုပ်ဆောင်ချက်အသစ်များ နှင့် ဝန်ဆောင်မှုအသစ်များ အကြောင်းကိုလည်း လာမည့် လအနည်းငယ်အတွင်း ထပ်မံအသိပေးပြောကြားသွားမည် ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်တွင် မည်သို့သော အောင်မြင်မှုမှတ်တိုင်များကို Grab ရရှိနိုင်မည်နည်း။ Grab နှင့်အတူ လိုက်ပါ စီးနင်းရင်း မည်ကဲ့သို့ ရလဒ်များ ရရှိမည်ကို ရှာဖွေရန် ဖိတ်ခေါ်ပါသည်။ Grab Myanmar အကြောင်း အသေးစိတ် ထပ်မံ သိရှိလိုပါက www.grab.com နှင့် www.facebook.com/GrabMM တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

 

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter