ကျွန်ုပ်တို့အကြောင်းနှင့် ကျွန်ုပ်တို့၏ ရပ်တည်မှု
Grab ၏ တရားဝင်ဘလော့ဂ်မှ သတင်းနှင့် အကြောင်းအရာများ
ရင်းနှီးမြှုပ်နှံသူတွေတွက် အချက်အလက်များ
ကျွန်ုပ်တို့၏ အိမ်ဟု ခေါ်တွင်သော မြို့များ၊ နိုင်ငံများ
သင့်လုံခြုံရေးအတွက် ကျွန်ုပ်တို့၏ ပုံမှန်လုပ်ဆောင်မှုများ
ကြှနျတောျတို့ ဝနျဆောငျမှုပေးနသေည့ျလူမှုဝနျးကငြျအပေါျ အကြိုးသကျရောကျမှု
နောက်ဆုံးရ သတင်းများ၊ ထုတ်ပြန်ကြေညာချက်များ
အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်ရေး ကျွန်ုပ်တို့၏ ရည်ရွယ်ချက်တွင် ပူးပေါင်းဆောင်ရွက်ပါ
ကျွန်တော်တို့ရဲ့ ရန်ပုံငွေဟာ အရှေ့တောင်အာရှရှိ လူမှုအသိုင်းအဝိုင်းများကို အားဖြည့်ပေးမယ့်ရန်ပုံငွေဖြစ်ပါတယ်။
နောက်ဆုံးပေါ် အကြောင်းအရာများနှင့် လျှော့ဈေးပရိုမိုကုဒ်များ
A မှ B သို့ ရောက်အောင် သင့်အားပို့ဆောင်ရာတွင် ပါဝင်သောလုပ်ဆောင်ချက်များ
သင့်အိမ်တံခါးဝ ရောက်လာမယ့် သင့်အကြိုက် စားစရာများ
လိုအပ်သမျှ အစုံအလင်ရှိတာ
Grab သုံးစွဲသူအဖြစ် သီးသန့်အထူးခံစားခွင့်များ
Grab တွဲဖက်ယာဉ်မောင်းများအတွက် နောက်ဆုံးရသတင်းများ၊ ထုတ်ပြန်ကြေညာချက်များ
မိမိစိတ်တိုင်းကျ ကြိုက်တဲ့အချိန်တွင် မောင်းနှင်ပါး
အနီးဆုံး Driver Centre ကို ရှာပါ
အကောင့်ပြဿနာများ၊ App ပြဿနာများနှင့် အခြားအရာများအတွက် အကူအညီရယူပါ။
မိတ်ဖက်ဆိုင်လုပ်ငန်းအဖြစ် သင့်ခရီးကို စတင်ပြီး သန်းနှင့်ချီသော သုံးစွဲသူများထံ ဆက်သွယ်လိုက်ပါ။
သင့်စီးပွားရေး လိုအပ်ချက်အလိုက် ပေးအပ်သော Grab ဝန်ဆောင်မှုများ
ကျွန်ုပ်တို့နှင့် ပူးပေါင်းပြီး အွန်လိုင်းမှ၊ ပြင်ပထိ သုံးစွဲသူ ရယူပါ
သုံးစွဲသူများ၊ ဧည့်သည်များနဲ့ ဝန်ထမ်းများအတွက် Grab ဘောက်ချာများ ပြုလုပ်ပေးပါ
စီးပွားရေးလုပ်ငန်းများအတွက် ဒေသနယ်မြေအလိုက် မြေပုံနည်းပညာများနှင့် တည်နေရာအချက်အလက်ဖြေရှင်းချက်များ
အဆိုပါ ပြည်တွင်း မိတ်ဖက်စားသောက်ဆိုင် (၁၀၀) ကို GrabFood အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှု မှတစ်ဆင့် လစဉ်ပျမ်းမျှ ရောင်းအား (၅၀၀,၀၀၀) ကျပ်အောက် ရရှိသည့် လုပ်ငန်းခွဲ၊ ဆိုင်ခွဲမရှိသည့် တစ်နိုင်တစ်ပိုင် ရပ်တည်နေသည့် စားသောက်ဆိုင်လုပ်ငန်းများဖြစ်ရမည်ဟူသည့် စံသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
#SupportLocal အစီအစဉ်တွင် ကနဦး ဆောင်ရွက်သွားမည့် အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁) Grab အသေးစားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက် အကူအညီပေးရေး အစီအစဉ် – တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များနှင့် လမ်းဘေးမုန့်ဆိုင်လေးများ အော်ဒါပိုမို ရရှိစေရန် ကူညီသည့်အနေဖြင့် ၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အဆိုပါ ဆိုင်များမှ ရောင်းချသော အစားအသောက် အမျိုးအစားအားလုံးကို (၂၀%) အထူးလျှော့ဈေးဖြင့် ရောင်းချနိုင်ရန် Grab Myanmar က ငွေကြေးထောက်ပံ့ပေးမည် ဖြစ်ပါသည်။ GrabFood မှာယူစားသုံးသူများမှာ အနည်းဆုံးမှာယူရမည့်တန်ဖိုး ကန့်သတ်ချက်မရှိဘဲ ‘SUPPORTLOCAL’ ပရိုမိုကုဒ် အသုံးပြု၍ (၂၀%) လျှော့ဈေးဖြင့် မှာယူနိုင်မည်ဖြစ်ပါသည်။ Grab Myanmar အနေဖြင့် ပေးအပ်ထားသည့် လျှော့ဈေးများ၏ ကုန်ကျစရိတ်အားလုံးကို ကျခံတာဝန်ယူပေးမည်ဖြစ်ပြီး ရပ်ကွက်ပတ်ဝန်းကျင်များနှင့် ချိတ်ဆက်နေသည့် တစ်နိုင်တစ်ပိုင် မိတ်ဖက်စားသောက်ဆိုင်ငယ်လေးများကို ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။
၂) ‘ပြည်တွင်းက Hero များ’ အစီအစဉ် – Grab Myanmar သည် ရွေးချယ်ထားသော မိတ်ဖက်စားသောက်ဆိုင် (၁၀၀) ကို လူအများ ပိုမို သိရှိသတိပြုမိလာကြစေရန် ဈေးကွက်ထိုးဖောက်သည့်အနေဖြင့် ‘ပြည်တွင်းက Hero များ’ အစီအစဉ်ကို Grab အက်ပလီကေးရှင်းနှင့် ဒစ်ဂျစ်တယ်ချန်နယ် မျိုးစုံမှတစ်ဆင့် စီစဉ်တင်ဆက်ပေးမည် ဖြစ်ပါသည်။ အဆိုပါ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များကို ဝိုင်းဝန်းအားပေးပံ့ပိုးပေးကြရန် ရန်ကုန်မြို့တွင်းရှိ ပြည်သူများကို တိုက်တွန်းနှိုးဆော်သည့်အနေဖြင့်ဈေးကွက်ချဲ့ထွင်သည့် လှုပ်ရှားမှုများကို မေလ ၁ ရက်နေ့က စပြီး အကောင်အထည်ဖော်လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ စားသောက်ဆိုင်ငယ် အများစုမှာလည်း မြို့နေပြည်သူများ နှစ်ခြိုက်ခံတွင်း တွေ့စေမည့် အစားအသောက်များဖြစ်ပြီး GrabFood မှတစ်ဆင့် မှာယူပါက အိမ်ရှေ့အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။
၃) Unilever Food Solutions (UFS) နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်း – Grab Myanmar က UFS နှင့် ပူးပေါင်း၍ ရွေးချယ်ထားသော GrabFood မိတ်ဖက်စားသောက်ဆိုင် (၁၀၀) အတွက် လုပ်ငန်းလည်ပတ်ရာတွင် ကုန်ကျမည့် အသုံးစရိတ်ကို လျှော့ချပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပါသည်။ UFS အနေဖြင့် မိတ်ဖက်စားသောက်ဆိုင်များအတွက် ချက်ပြုတ်ရာတွင် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် ဟင်းခတ်မှုန့်၊ ဆော့စ်၊ မရောနိစ်နှင့် ဒရက်စ်စင်း(dressing)၊ အသားပြုတ်ရည်အနှစ်(bouillon) စသည့် ဟင်းခတ် အမွှေးအကြိုင်များကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည် ဖြစ်ပါသည်။ ထို့အပြင် UFS မှ လက်ဆေးဆပ်ပြာ၊ အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပေးစာအုပ်နှင့် မီးဖိုချောင်သုံး အေပရွန်များ ပါဝင်သည့် UFS၏ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း အစုံလိုက်များကို အခမဲ့ ပေးအပ်သွားမည် ဖြစ်ပါသည်။
“ကျွန်မတို့ #SupportLocal အစီအစဉ်ရဲ့ အစပျိုးဆောင်ရွက်ချက်တွေကနေ ပြည်တွင်း အစားအသောက်လုပ်ငန်းတွေ အတွက် တစ်ထောင့်တစ်နေရာက အထောက်အပံ့ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ နေ့စဉ်နဲ့အမျှ အပြင်ကိုထွက်ပြီး စားသုံးသူတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ရဲ့ မိတ်ဖက်အစားအသောက်ပို့ဆောင်သူတွေလိုပဲ ကျွန်မတို့ရဲ့ မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တွေဟာလည်း နေ့စဉ် စားသုံးသူတွေကို ရောင်းချနိုင်ဖို့၊ သူတို့ရဲ့ မိသားစု စားဝတ်နေရေးအတွက် ရှာဖွေဖို့ ရုန်းကန်ကြိုးစားနေရဆဲပါ။ လူတွေ အိမ်မှာနေရတာ ပိုမိုများပြားလာတဲ့အတွက် အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှု လိုအပ်ချက်ဟာလည်း သိသိသာသာ မြင့်တက်လာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ GrabFood က ပြည်တွင်း အစားအသောက် လုပ်ငန်းတွေ အတွက် ပလက်ဖောင်းတစ်ခုအဖြစ် ထောက်ပံ့ကူညီပေးမှာ ဖြစ်ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။
GrabFood ပလက်ဖောင်းပေါ်တွင် ပြည်တွင်းရှိ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်ငယ် အတော်များများ ရောက်ရှိနေပြီ ဖြစ်ရာ ယခုကဲ့သို့ COVID-19 ရောဂါကြောင့် စားသုံးသူများ ဆိုင်သို့လာရောက်ဝယ်ယူရန် ခက်ခဲနေပြီး ဝင်ငွေ အမြတ်အစွန်းရရှိရန် အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းများကို ပိုမို မှီခိုအားထားလာရသည့် အချိန်ကာလတွင် ပြည်တွင်း စားသောက်ဆိုင် အရေအတွက်ကို သုံးဆတိုးမြှင့်၍ လက်တွဲလုပ်ကိုင်သွားရန် ဦးတည်ဆောင်ရွက်လျက် ရှိပါသည်။
“အရင် ရက်သတ္တပတ် အနည်းငယ်ကပဲ ကျွန်မတို့ရဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေကို စာရင်းသွင်းပေးတဲ့ အစီအစဉ်နဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို မြန်မြန်ဆန်ဆန် အလုပ်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ်။ အခုဆိုရင် F&B စားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့သူတို့ကိုယ်တိုင် စာရင်းပေးသွင်းပြီး GrabFood ပလက်ဖောင်းပေါ်မှာ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် စတင်နိုင်ပါပြီ” ဟု Cindy Toh က ပြောသည်။
#SupportLocal အစီအစဉ်ဖြင့် ပံ့ပိုးကူညီပေးရန် ရွေးချယ်ခံခဲ့ရသည့် GrabFood မိတ်ဖက်စားသောက်ဆိုင်များတွင် Café Salween ဆိုင်လည်း အပါအဝင် ဖြစ်ပါသည်။ Café Salween သည် ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်ထားသော ဒေသထွက် ကော်ဖီများကို အဓိက ရောင်းချလျက်ရှိပြီး မြန်မာ့ရိုးရာ အချိုမုန့်များ အပါအဝင် လက်ဖက်ထမင်းဘာဂါ၊ ကချင်ပါစတာ၊ ဒေသထွက်ကုန်များဖြင့် ဖန်တီးထားသည့် အိမ်လုပ်ပီဇာ စသည့် မြန်မာ့အကြိုက် အရသာများဖြင့် ပေါင်းစပ်ထားသော အစားအစာများအပြင် အခြား စားသောက်ဖွယ်ရာ အမျိုးမျိုးကို ရောင်းချလျက် ရှိပါသည်။
GrabFood အသုံးပြုသူများနှင့် အများပြည်သူတို့အား #SupportLocal အစီအစဉ်တွင် ပါဝင်ပြီး ရန်ကုန်မြို့ရှိ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များနှင့် မုန့်ဆိုင်ငယ်များထံမှ မှာယူစားသုံးကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။ မှာယူလိုသူများအနေဖြင့် ပြည်တွင်း မိတ်ဖက်စားသောက်ဆိုင်များ စာရင်းကို ကြည့်ရှု့နိုင်ရန် Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood ကိုနှိပ်ပြီး ‘Local Heroes’ နေရာသို့ ဝင်ရောက်ကာ ရွေးချယ်မှာယူနိုင်မည် ဖြစ်ပါသည်။
GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် စာရင်းပေးသွင်းလိုသော တစ်နိုင်တစ်ပိုင် စားသောက်ဆိုင် များနှင့် မုန့်ဆိုင်ငယ်များအနေဖြင့် ဖုန်း – ၀၉ ၇၆၅၄၂၁၀၄၉ (သို့) အီးမေးလ် – gf.mm.merchants@grab.com သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။