Press Centre

Grab ၏ ဒုတိယ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပိုမို ဘေးကင်းလုံခြုံသောခရီးစဉ်များ ဝန်ဆောင်မှုပေးနိုင်ရန် ၎င်း၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြု

မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် နိုင်ငံတကာ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Samaritan’s Purse Myanmar တို့ သင်ကြားပို့ချပေးခဲ့သည့် အသိပညာပေး ဆွေးနွေးပွဲတွင် ရန်ကုန်မြို့ရှိ မိတ်ဖက်ယာဉ်မောင်း (၂၀၀) ကျော် ပါဝင်တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် နိုင်ငံတကာ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Samaritan’s Purse Myanmar တို့ သင်ကြားပို့ချပေးခဲ့သည့် အသိပညာပေး ဆွေးနွေးပွဲတွင် ရန်ကုန်မြို့ရှိ မိတ်ဖက်ယာဉ်မောင်း (၂၀၀) ကျော် ပါဝင်တက်ရောက်ခဲ့သည်။

Grab Myanmar ၏ Country Head ဖြစ်သူ Ms Cindy Toh က မြန်မာနိုင်ငံအတွက် Grab က ထားရှိသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာကတိကဝတ်အကြောင်း ရှင်းပြစဉ်

အောက်မြန်မာပြည် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးသိန်းဦးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ တာဝန် စသည်တို့ကို ယာဉ်မောင်းများအား ရှင်းပြစဉ်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက် – အရှေ့တောင်အာရှ၏ ထိပ်တန်း super app ဖြစ်သော Grab မှ  ၎င်း၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ‘နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး’ ပညာပေး ဆွေးနွေးပွဲတစ်ခုကို မိတ်ဖက်ယာဉ်မောင်း (၂၀၀) ကျော်အတွက် မရမ်းကုန်းမြို့နယ်၊ Gandamar Wholesale၊ ဆိုင်ဝန်းအတွင်းရှိ Gandamar Grand Ballroom တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ Grab မှ ပိုမိုဘေးကင်းလုံခြုံသော ခရီးစဉ်များဝန်ဆောင်မှုပေးနိုင်ရန်ဟူသည့် ၎င်း၏ ကတိကဝတ်ကို မျှော်မှန်း ဦးတည်ကာ ကြီးမှူးကျင်းပသည့် အသိပညာပေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် နိုင်ငံတကာလူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Samaritan’s Purse Myanmar တို့မှလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

Grab သည် ၎င်း၏ “နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး” ကတိကဝတ်ကို အရှေ့တောင်အာရှနိုင်ငံများ၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင် အသိပေးထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့နှင့်ပူးပေါင်း၍ မန္တလေးမြို့ရှိ မိတ်ဖက်ယာဉ်မောင်းများအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်း လုံခြုံစွာ မောင်းနှင်နိုင်ရေး ပညာပေး  ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကတိကဝတ်အရ ယခုလ မြန်မာနိုင်ငံတွင် ဂုဏ်ပြုဆင်နွှဲသွားမည့် ရိုးရာသင်္ကြန်ပွဲတော်ချိန်ကာလအတွင်း လမ်းမများပေါ်တွင် ပျော်ရွှင်စွာ ရေကစားကြမည့်သူများနှင့် သင်္ကြန် လည်မည့်သူများ အများအပြားရှိမည်ဖြစ်ရာ ယနေ့ မိတ်ဖက်ယာဉ်မောင်း များအတွက် ကျင်းပပြုလုပ်သည့် အသိပညာပေး ဆွေးနွေးပွဲသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများ၊ အခြေခံ ရှေးဦးသူနာပြုစုနည်းနှင့် အရေးပေါ် အသက်ကယ်နည်းများ အပါအဝင် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို အချိန်မီ သိရှိလေ့လာ ထားနိုင်ရန် ဝေမျှပေးခဲ့ခြင်း ဖြစ်သည်။

Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က “မြန်မာနိုင်ငံမှာ Grab ရဲ့ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ဆင်နွှဲတာနဲ့တစ်ဆက်တည်း ကျွန်မတို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအ တွက် နေ့စဉ် ပိုမို ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်တွေ ဖန်တီးပေးနိုင်ဖို့နဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် ဘေးကင်းလုံခြုံရေး စံနှုန်းသတ်မှတ်ချက်တွေကို မြှင့်တင်ပေးနိုင်ဖို့ မျှော်မှန်းထားတဲ့ ကျွန်မတို့ရဲ့ ကတိကဝတ်ကို ပိုပြီး ခိုင်မာအောင် လုပ်ဆောင်ပေးလိုပါတယ်။ ကျွန်မတို့ရဲ့ ပလက်ဖောင်းပေါ်မှာ ကြိုတင်ကာကွယ်လို့ရတဲ့ မတော်တဆမှုတွေ လုံးဝ မရှိစေဖို့ဆိုတဲ့ ကိုယ်ပိုင်ရည်မှန်းချက် မြင့်မြင့်ထားရှိပြီး အစိုးရ အဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်းတွေ နဲ့ ပုဂ္ဂလိက အခန်းကဏ္ဍတွေ ပူးပေါင်းပါဝင်မှ ပိုပြီး ဘေးကင်းလုံခြုံတဲ့ မြန်မာနိုင်ငံ ဖြစ်လာအောင် ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လာမယ့်နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ပိုပြီးလုံခြုံစိတ်ချရတဲ့ ခရီးစဉ်တွေ ဝန်ဆောင်မှုပေးနိုင်အောင် မျှော်မှန်း လုပ်ဆောင်ရာမှာ ကူညီပံ့ပိုးပေးသွားမယ့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲ တပ်ဖွဲ့နဲ့ ကျွန်မတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို Grab Myanmar အဖွဲ့သားများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောချင်ပါ တယ်” ဟု ပြောသည်။

အခမ်းအနားတွင် Cindy Toh နှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်တို့ အမှာစကားပြောကြားပြီးနောက် အောက်မြန်မာပြည် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဦးသိန်းဦးက ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို အသိပညာပေး ပြောကြားကာ အခမ်းအနားကို စတင်ခဲ့ပါသည်။ ဆက်လက်ပြီး အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ချမှတ်  ဆောင်ရွက်လျက်ရှိသည့် Samaritan’s Purse Myanmar မှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများနှင့် Grab မိတ်ဖက် ယာဉ်မောင်းများအနေဖြင့် လူကုန်ကူးမှု ဖြစ်ပွားနိုင်သည့် အခြေအနေများကို မည်ကဲ့သို့ ဆန်းစစ်သိရှိနိုင်ကြောင်း စသည်တို့ကို သင်ကြားပို့ချခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲ၏ နောက်ဆုံးပိုင်းတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အခြေခံ ရှေးဦးသူနာပြုစု နည်းနှင့် အရေးပေါ် အသက်ကယ်နည်းလမ်းများကို ဝေမျှပေးခဲ့သည်။ သင်ကြားပို့ချရာတွင် လမ်းမထက်တွင် အရေးပေါ်ကိစ္စရပ်တစ်ခု ဖြစ်ပွားပါက မည်သို့ ဆောင်ရွက်သင့်ကြောင်း အဆင့်များနှင့် အပြည့်အဝ ဆေးကုသမှု မခံယူနိုင်မီ နာမကျန်း သို့မဟုတ် ဒဏ်ရာရနေသော လူနာအား မည်သို့ ကူညီပေးသင့်ကြောင်း သရုပ်ဖော်ပြသ  ပေးခြင်းနှင့် လက်တွေ့ ပြုလုပ်ခြင်းတို့ ပြုလုပ်ခဲ့သောကြောင့် မိတ်ဖက်ယာဉ်မောင်းများမှာ စာတွေ့၊ လက်တွေ့  လေ့လာသင်ကြားနိုင်ခဲ့ကြသည်။ ပညာပေးဆွေးနွေးပွဲ အပြီးတွင် Grab မှ မိတ်ဖက်ယာဉ်မောင်းများအတွက်  မော်တော်ယာဉ်အတွင်း တပ်ဆင်ထားရမည့် မီးသတ်ဆေးဗူး (၂၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

  

“ကျွန်တော်ကားမောင်းနေတဲ့ နှစ်တွေအတွင်း လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေ တွေ့တဲ့အခါ ထိခိုက်ဒဏ်ရာ ရနေတဲ့သူတွေကို ကူညီချင်တဲ့ ဆန္ဒအမြဲရှိခဲ့ပါတယ်။ အဲ့လို အရေးပေါ်ဖြစ်တဲ့အချိန်မှာ ရှေးဦး သူနာပြုစုနည်း အသိပညာ၊ ဗဟုသုတတွေနဲ့ ကျွမ်းကျင်မှုတွေ ရှိထားရင် အရမ်းကို အသုံးဝင်ပါတယ်။ အခုဆိုရင် Grab နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကျွန်တော်တို့ကို အရေးပေါ် ဖြစ်လာတဲ့အချိန်မှာ ဘယ်လိုလုပ်ရမလဲဆိုတာ သိအောင် သင်ကြားပို့ချပေးလို့ ဝမ်းသာမိပါတယ်” ဟု ယနေ့ကျင်းပပြုလုပ်သည့် ပညာပေးဆွေးနွေးပွဲတွင် အရေးပေါ်အသက်ကယ်နည်းကို ပထမဦးဆုံးအကြိမ်အဖြစ် သင်ကြားခဲ့သူ Grab မိတ်ဖက်ယာဉ်မောင်းတစ်ဦး ဖြစ်သော ဦးအောင်ကျော်မြင့်က ပြောသည်။

Grab မြန်မာအဖွဲ့သည် ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများအားလုံးအတွက် ဘေးကင်းလုံခြုံသည့် ခရီးစဉ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး အောက်ပါ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်များကို အက်ပလီကေးရှင်း အတွင်း အသုံးပြုနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

  • Emergency SOS safety button – ခရီးစဉ်တစ်ခုအတွင်း ခရီးသည် သို့မဟုတ် ယာဉ်မောင်းက အရေးပေါ်ခလုတ် နှိပ်လိုက်မည် ဆိုပါက အဆိုပါ ခရီးစဉ် အချက်အလက်များကို အရေးပေါ် ဆက်သွယ်ရန် ထည့်သွင်းထားသော ဖုန်းနံပါတ်များထံ အလိုအလျောက် SMS ပေးပို့သွားမည် ဖြစ်ပါသည်။ အဆိုပါ အရေးပေါ်ခလုတ်ကို Grab ခရီးစဉ်တစ်ခုအတွင်း ဝင်ဝင်ချင်း စာမျက်နှာပေါ်တွင် ပြသထားပြီး အကြောင်းကိစ္စ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက တစ်ချက်နှိပ်လိုက်ရုံဖြင့် နီးစပ်ရာ ရဲစခန်းသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။
  • Share-My-Ride – ခရီးသည် သို့မဟုတ် ယာဉ်မောင်းအနေဖြင့် မိမိရောက်ရှိနေသည့် နေရာကို မိသား စု၊ သူငယ်ချင်းများထံ ဝေမျှပေးပို့ပြီး အချိန်နှင့် တပြေးညီ ခြေရာခံနိုင်သည့် GPS စနစ်အား အသုံးပြုနိုင်မည် ဖြစ်ပါသည်။
  • 24/7 hotline ဝန်ဆောင်မှုမှတစ်ဆင့် ခရီးသည် သို့မဟုတ် ယာဉ်မောင်းများအတွက် အချိန်မရွေး ကူညီပေးနိုင်မည် ဖြစ်ပါသည်။

အဆိုပါ လုပ်ဆောင်ချက်များအပြင် Grab ခရီးစဉ်တိုင်းတွင် မိတ်ဖက်ယာဉ်မောင်းနှင့် ခရီးသည်များအတွက် တစ်ကိုယ်ရေထိခိုက်မှု အာမခံ ပေးအပ်ထားပါသည်။ ဆက်လက်ပြီး ယာဉ်မောင်း၏ ပင်ပန်းနွမ်းနယ်မှု အနေအထားကို စောင့်ကြည့်ခန့်မှန်းပြီး ပင်ပန်းနွမ်းနယ်နေကြောင်း စစ်ဆေးတွေ့ရှိသည့်အခါ ခတ္တခဏ အနားယူပါရန် အက်ပလီကေးရှင်းအတွင်း စာပေးပို့ သတိပေးနိုင်မည့် လုပ်ဆောင်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ထို့အပြင် ခရီးသည်အသစ်များကို ၎င်းတို့၏ အကောင့်များတွင် ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးကာ အတည်ပြုစေသည့် “ခရီးသည် အတည်ပြု စစ်ဆေးခြင်း” လုပ်ဆောင်ချက်ကို မကြာမီ မိတ်ဆက်သွားမည်ဖြစ်ပြီး မိတ်ဖက်ယာဉ်မောင်းများအတွက်  ပေးအပ်ထားသော အကာအကွယ်များကို တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည်။

 မိတ်ဖက်ယာဉ်မောင်းများနှင့်အတူ ဆင်နွှဲမည့် Grab ၏ သင်္ကြန်ပွဲတော် အစီအစဉ်

ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကြာမြင့်မည့် သင်္ကြန်ပွဲတော်နှင့်အတူ မြန်မာနှစ်သစ်ကူးပိတ်ရက် မတိုင်မီ Grab မှ အထူး သင်္ကြန်ပွဲတော်အစီအစဉ် တစ်ခုကို ဧပြီလ ၁၂ ရက်နေ့တွင် မိတ်ဖက်ယာဉ်မောင်းများနှင့်အတူ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါနေ့တွင် ရွှေတိဂုံဘုရား  တောင်ဘက်မုခ် လှေကားနေရာတွင် စုဝေးနားခိုရာ နေရာတစ်ခု ရှိမည်ဖြစ်ပြီး နံနက် ၆ နာရီမှ နေ့လယ် ၁ နာရီ အထိ မိတ်ဖက်ယာဉ်မောင်းများ ကားရပ်နား၍ ခေတ္တ အနားယူရင်း အဆာပြေ သုံးဆောင်စရာများနှင့် ရိုးရာ မုန့်များကို လာရောက်သုံးဆောင်နိုင်မည် ဖြစ်ပါသည်။

သင်္ကြန်ရေသဘင်ပွဲတော် ကာလအတွင်း ယာဉ်အများစုမှာ အနားယူကြလေ့ ရှိကြသောကြောင့် အငှားယာဉ် ပြတ်လပ်မှုရှိနိုင်ကြောင်း Grab က ခန့်မှန်းသိရှိထားပါသည်။ သင်္ကြန်ပွဲတော်အတွင်း မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု သက်သာစေရန်နှင့် ပွဲတော်တွင် ဆင်နွှဲမည့်သူများ အတွက်လည်း အဆင်ပြေစေရန် Grab က ရန်ကုန်မြို့ရှိ အဓိက နေရာများကို ရွေးချယ်ပြီး လာကြိုရမည့် နေရာနှင့် ပို့ရမည့် နေရာများကို ဆုံမှတ်ဂိတ်  လေးများအဖြစ် သတ်မှတ်ပေးထားမည် ဖြစ်ပါသည်။ Grab က ခရီးသည်များ၏ အက်ပလီကေးရှင်းတွင် သင်္ကြန်ကာလအတွင်း လမ်းပိတ်ထားသည့် နေရာများနှင့် ကားလမ်းပိတ်ဆို့မှု များပြားနေသည့် နေရာများကို မှတ်သား ကန့်သတ်ပေးထားမည် ဖြစ်သောကြောင့် ခရီးသည်နှင့် ယာဉ်မောင်း အချင်းချင်းကြား ဖြစ်ပေါ် လာနိုင်သည့်  ပဋိပက္ခများ နည်းပါးသွားမည် ဖြစ်ပါသည်။

Grab Myanmar အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက http://www.grab.com နှင့် www.facebook.com/GrabMM တို့တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter