





ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ – မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုများ စတင် မြင့်တက်လာခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လမှ စတငပြီး အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး super app ဖြစ်သော Grab သည် ကူးစက်ရောဂါကြောင့် ဦးစွာ ထိခိုက်ခဲ့ရသည့် ပြည်တွင်း စားသောက်ကုန် (F&B) လုပ်ငန်းများအား ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများစွာကို လေ့လာဆန်းစစ်ခဲ့ပါသည်။ ထိုအချိန်က စားသုံးသူများအား ဆိုင်ထိုင်စနစ်ဖြင့် စားသုံးခြင်းကို တားမြစ်ထားခဲ့ပြီး စားသောက်ကုန် လုပ်ငန်းအများအပြားမှာ ၎င်းတို့၏ လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ရေးအတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ကြရသည်။
အဆိုပါဖြစ်ရပ်သည် Grab အား #SupportLocal အစီအစဉ် စတင်အကောင်အထည်ဖော်ရန် တွန်းအားဖြစ်စေခဲ့ပြီး ၎င်း၏အချိန်နှင့်တပြေးညီ အသုံးပြုနိုင်သည့် GrabFood ဒစ်ဂျစ်တယ် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုဖြင့် ရန်ကုန်မြို့နေ လူမှုအသိုင်းအဝိုင်းအား တစ်နိုင်တစ်ပိုင်စားသောက်ဆိုင်
#SupportLocal အစီအစဉ် နောက်ခံအချက်အလက်
#SupportLocal အစီအစဉ်တွင် ပါဝင်ခဲ့သော မိတ်ဖက်စားသောက်ဆိုင်များကို GrabFood အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုဖြင့် အော်ဒါများ ပို့ဆောင်ပေးနိုင်ရန် လစဉ်ပျှမ်းမျှ ရောင်းအား (၅၀၀,၀၀၀) ကျပ်အောက်သာ ရရှိပြီး လုပ်ငန်းခွဲ၊ ဆိုင်ခွဲမရှိဘဲ တနိုင်တပိုင် ရပ်တည်နေသည့် စားသောက်ဆိုင်လေး (သို့မဟုတ်) မုန့်ဆိုင်ငယ် တစ်ဆိုင်ဖြစ်ရမည်ဟူသော စံသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
#SupportLocal အစီအစဉ်၏ ကနဦးလှုပ်ရှားမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် “Grab ၏ အသေးစားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက် အကူအညီပေးရေး အစီအစဉ်” တွင် ၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပူးပေါင်းပါဝင်ခဲ့သော မိတ်ဖက်စားသောက်ဆိုင်များမှ ရောင်းချသော အစားအသောက် အမျိုးအစား အားလုံးကို (၂၀%) အထူးလျှော့ဈေးဖြင့် ရောင်းချနိုင်ရန် Grab က ငွေကြေးထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်လုပ်ငန်းငယ်လေးမျာ
#SupportLocal အစီအစဉ်၏ အောင်မြင်မှုရလဒ်များ
အစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် မိတ်ဖက်စားသောက်ဆိုင်များမှာ ဝင်ငွေအခွင့်အလမ်း ပိုမို ရရှိခဲ့ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရန် တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည့်
မိတ်ဖက်စားသောက်ဆိုင်များ၏ ရောင်းအားမြင့်တက်လာခြင်း
● မိတ်ဖက်စားသောက်ဆိုင်များ၏ အစားအသောက် ပို့ဆောင်ရန် အော်ဒါရရှိမှုနှုန်း (၂၂%) မြင့်တက်ခဲ့
● မိတ်ဖက်စားသောက်ဆိုင်များ၏ တစ်ဦးချင်း စားသုံးသူအသစ်များထံမှ အော်ဒါရရှိမှုနှုန်း (၅) ဆ ပိုမို ရရှိခဲ့
● မိတ်ဖက်စားသောက်ဆိုင်များမှာ နံနက်စာနှင့် နေ့လယ်စာ စားချိန်တွင် GrabFood အော်ဒါများကို လက်ခံရရှိမှု အများဆုံး ဖြစ်သောကြောင့် စားသောက်ကုန် စီးပွားရေးလုပ်ငန်းများအနေဖြင့် ညမထွက်ရ ဥပဒေ ချမှတ်ထားသည့်အချိန်တွင်း နေ့ဘက်တွင် ဝင်ငွေပိုမို ရှာဖွေနိုင်ရန် ကူညီပေးနိုင်ခဲ့
မိတ်ဖက်စားသောက်ဆိုင်များ ပိုမို လူသိများလာခြင်း
● အစီအစဉ် ပြုလုပ်ခဲ့သည့် ကာလအတွင်း မိတ်ဖက်စားသောက်ဆိုင်များအား အရောင်းမြှင့်တင်ပေးနိုင်ရေး အတွက် Grab က အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ရင်းနှီးမြုပ်နှံခဲ့သည်။
● မိတ်ဖက်စားသောက်ဆိုင်များ
#SupportLocal အစီအစဉ်တွင် GrabFood မိတ်ဖက်စားသောက်ဆိုင်အဖြစ် ပံ့ပိုးမှုများပေးအပ်ခဲ့သည့် ဆိုင်များအတွင်း တင်တင်အေး ထိပ်တန်း မုန့်ဟင်းခါး (ရန်ကင်း) ဆိုင်လည်း အပါအဝင် ဖြစ်ပါသည်။ အဆိုပါဆိုင်သည် ရန်ကင်းမြို့တွင် တည်ရှိပြီး နံနက်စာနှင့် နေ့လယ်စာ အချိန်များတွင် သုံးဆောင်ရန် အသင့်တော်ဆုံးသော မြန်မာလူမျိုးများအကြိုက် မုန့်ဟင်းခါး အပါအဝင် ခေါက်ဆွဲနှင့် အသုပ်စုံ အမျိုးမျိုး၊ သောက်စရာ အမျိုးမျိုး တို့အား ရောင်းချလျက်ရှိပါသည်။
“ကိုဗစ်စဖြစ်တဲ့အချိန်မှာ ကျွန်မတို့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မတို့ ဆိုင်လေးကို ဆက်ဖွင့်ဖြစ်တဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ချက်က GrabFood ဝန်ဆောင်မှုကနေ အော်ဒါတွေ ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ တကယ်တမ်းမှာတော့ ကျွန်မမျှော်လင့်ထားတာထက်တောင် ပိုပြီး အဆင်ပြေခဲ့ပါတယ်။ တစ်ရက်တည်းမှာပဲ GrabFood ပလက်ဖောင်းမှာ ဒစ်ဂျစ်တယ်ဆိုင်လေး တစ်ဆိုင် ဖွင့်ထားနိုင်ခဲ့ပြီး ကျွန်မဆိုင်မှာ ရောင်းရတဲ့အထဲက (၃၀%) လောက်က ဒစ်ဂျစ်တယ်ကတစ်ဆင့် လာတဲ့အော်ဒါတွေလို့ ပြောလို့ရပါတယ်။ #SupportLocal အစီအစဉ်ရဲ့ ဗီဒီယိုကြော်ငြာ ရိုက်ကူးရေးမှာလည်း ကျွန်မတို့ဆိုင်ကို ထည့်ပြီး ရိုက်ကူးပေးခဲ့ပါသေးတယ်။ နေ့တိုင်း မိတ်ဖက်အစားအသောက်ပို့ဆောင်သူတွေ ကျွန်မ ဆိုင်ကို လာပြီး အော်ဒါတွေ ယူသွားကြတာကို ကြည့်ပြီး အရမ်းပျော်ခဲ့ရသလို ခုထိလည်း ပျော်နေရတုန်းပါ။ တကယ်လို့ ကိုဗစ်ကြောင့် အခက်အခဲတွေ ဖြစ်နေချိန်မှာ GrabFood လိုမျိုး ဒစ်ဂျစ်တယ် နည်းပညာအကူအညီတွေသာ မရှိခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာ မပြောတတ်ပါဘူး။ အခုလို ဆိုင်စီးပွားရေးကို ဆက်ထိန်းထားနိုင်အောင် ကူညီပေးတဲ့ Grab နဲ့ GrabFood စားသုံးသူတွေကို ကျေးဇူးတင်ပါတယ်” ဟု တင်တင်အေး ထိပ်တန်းမုန့်ဟင်းခါး (ရန်ကင်း) ဆိုင်ပိုင်ရှင် ဒေါ်ကြည်အောင်က ပြောသည်။
Grab သည် ပြည်တွင်း စားသောက်ကုန်လုပ်ငန်းများအတွက် ရေရှည်ပံ့ပိုးမှုပေးရန် ကြိုးပမ်းလျှက်ရှိသောကြောင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ
Grab ၏ #SupportLocal အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ
#SupportLocal အစီအစဉ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့က ရာပေါင်းများစွာသော ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများမှာ GrabFood မိတ်ဖက်စားသောက်ဆိုင်အဖြစ် လုပ်ကိုင်ရန် စာရင်းပေးသွင်းခဲ့ကြသည်။ Grab ၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းသည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ စားသောက်ကုန်လုပ်ငန်းများအတွက် မိမိတို့၏ စားသုံးသူများထံ GrabFood ဖြင့် အော်ဒါများ သယ်ယူပို့ဆောင်ပေးနိုင်ရန် မရှိမဖြစ် နည်းပညာတီထွင်ဆန်းသစ်မှု တစ်ခုအဖြစ် ကူညီဆောင်ရွက်ပေးခဲ့သည်။
“ရန်ကုန်နဲ့ မန္တလေးမြို့က လူတွေကတော့ အသွားအလာ ကန့်သတ်ထိန်းချုပ်ထားတဲ့ ကာလတုန်းက လူသွားလူလာမရှိ ထူးထူးခြားခြား ခြောက်ကပ်နေတဲ့ လမ်းမတွေရဲ့ မြင်ကွင်းကို မှတ်မိနေကြဦးမှာပါ။ ဒီလမ်းပေါ်မှာ လူတွေရဲ့ အိမ်ရှေ့ထိ အစားအသောက်တွေအရောက် ပို့ဆောင်ပေးနိုင်အောင် မနားမနေ သွားလာလုပ်ကိုင်နေကြတဲ့ မိတ်ဖက် အစားအသောက်ပို့ဆောင်သူတွေပဲ ရှိနေခဲ့တာပါ။ ကျွန်မတို့ရဲ့ #SupportLocal အစီအစဉ်ကနေ ရန်ကုန်မြို့နေ လူမှုအသိုင်းအဝိုင်းနဲ့ GrabFood စားသုံးသူတွေ အတူတကွပူးပေါင်းပြီး တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်ငယ်လေးတွေကို အခုလို ဝိုင်းဝန်းပံ့ပိုးနိုင်ခဲ့လို့
GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar