ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ မေလ ၈ ရက်နေ့ – COVID-19 ကူးစက်ရောဂါကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရစဉ် ကာလအတွင်း Grab Myanmar သည် ၎င်း၏ မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက် သယ်ယူပို့ဆောင်သူများအား ဆန်နှင့် နှာခေါင်းစည်းများပါဝင်သော ထောက်ပံ့မှုများ ပေးအပ်၍ ကူညီပံ့ပိုးမှုများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိပါသည်။ ၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်နေ့မှ မေလ ၁၉ ရက်နေ့အတွင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ Grab မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူ ထောင်ပေါင်းများစွာသည် မိမိတို့၏ မိသားစုအတွက် သတ်မှတ်ထားသည့် နေရာများတွင် ထောက်ပံ့ပေးအပ်မည့် ပစ္စည်းများကို တစ်ထုပ်စီ လာရောက် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
Grab Myanmar က မတ်လမှစတင်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မည်သည့် မိတ်ဖက် ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူမဆို COVID-19 ရောဂါကူးစက်ခံရပါက (သို့မဟုတ်) ကျန်းမာရေး တာဝန်ရှိသူများမှ ၎င်းတို့ သတ်မှတ်ထားသည့် နေရာအဆောက်အဦးတစ်ခုခုတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ရန် တရားဝင်ညွှန်ကြားခံရပါက ငွေကြေးအထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) စီ ရယူခံစားနိုင်ရန် Grab မိတ်ဖက်အကူအညီ ရန်ပုံငွေကို အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ဖြင့် မ,တည်ပံ့ပိုးပေးခဲ့သည်။ Grab Myanmar အနေဖြင့် အဆိုပါ ဆန်အထောက်အပံ့များကို ဖြန့်ဝေပေးနိုင်ရန် Grab မိတ်ဖက်အကူအညီ ရန်ပုံငွေအတွင်း အမေရိကန်ဒေါ်လာ (၂၀,၀၀၀) ထပ်မံဖြည့်တင်းခဲ့ရာ လက်ရှိ Grab မှ ရန်ပုံငွေ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၀,၀၀၀) မ,တည် ထည့်သွင်းခဲ့ပြီး ဖြစ်ပါသည်။
GrabFood ပလက်ဖောင်းပေါ်တွင် လက်ရှိလုပ်ကိုင်လျက်ရှိသော မိတ်ဖက်အစားအသောက်ပို့ဆောင်သူ များ အားလုံး အပါအဝင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီနှင့် ဒီဇင် ဘာလအတွင်း Grab ပလက်ဖောင်းအား စတင် အသုံးပြုခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အကြောင်းရေ (၁၀၀) ပြည့်အောင် ပို့ဆောင်ခဲ့ပြီးသော မိတ်ဖက်ယာဉ်မောင်းများ အားလုံးသည် အထောက်အပံ့ပစ္စည်းများကို လာရောက် ထုတ်ယူနိုင်မည် ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုထိခြား၍ နေထိုင်ရန်လိုအပ်သည့် ကာလအတွင်း Grab သည် ၎င်း၏ မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ချက်နှင့် ပြည့်မီသော မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူများကို ၎င်းတို့ ရရှိမည့် အထောက်အပံ့ပစ္စည်းများကို ထုတ်ယူနိုင်မည့် အချက်အလက်များအား Grab အက်ပလီကေးရှင်းမှ တစ်ဆင့် မက်ဆေ့ချ်ပေးပို့ အကြောင်းကြားပေးသွားမည် ဖြစ်သည်။ လာရောက်ထုတ်ယူရာတွင် လူထူထပ်များပြားခြင်း မဖြစ်စေရန်အတွက် အုပ်စုလိုက်ခွဲ၍ ထုတ်ပေးသွားရန် စီစဉ်ထားပြီး Grab မှ မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက်သယ်ယူပို့ဆောင်သူများ အားလုံး အထောက်အပံ့ပစ္စည်းများ ထုတ်ယူချိန်တွင် ခန္ဓာကိုယ်အပူချိန် တိုင်းတာစစ်ဆေးရန်၊ နှာခေါင်းစည်းများ ဝတ်ဆင်ရန်၊ လက်ကို သန့်စင်စွာ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး စိတ်ချရသည့် နှစ်မီတာ အကွာအဝေးတွင် ရှိစေရန် တိုက်တွန်းထားပါသည်။
Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က “အခုလိုမျိုး ဘာဆက်ဖြစ်မယ်ဆိုတာ မသေချာမရေရာတဲ့ ကာလမှာ ကျွန်မတို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ မိတ်ဖက်သယ်ယူပို့ဆောင်သူတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတာ ကျွန်မတို့ အမြဲ ဦးစားပေး စဉ်းစားပါတယ်။ ဆန်အထောက်အပံ့ စတာတွေ ဖြန့်ဝေပေးသလိုမျိုး သူတို့အတွက်သာမက သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ပံ့ပိုးကူညီပေးနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar