Press Centre

Grab နှင့် IFRC တို့ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသည့် လူများကို ကူညီပေးနိုင်ရန် ဖိတ်ခေါ်

 Grab နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် IFRC ၏ ပထမဦးဆုံးအကြိမ် စမတ်ဖုန်း App တစ်ခု အသုံးပြု၍ ကမ္ဘာတစ်ဝှမ်း ရန်ပုံငွေရှာဖွေခြင်း ဖြစ်ပါသည်။ Grab အသုံးပြုသူများသည် မိမိ၏ GrabRewards ပွိုင့်များကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့အစည်းနှင့် လခြမ်းနီ အသင်းများ (IFRC) အတွက် အလှူဒါနအဖြစ် ပြောင်းလဲသုံးစွဲနိုင်သည်။ ၂၀၁၆ ခုနှစ် အစောပိုင်းတွင် စတင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Grab နှင့် IFRC တို့သည် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် သဘာဝဘေးအန္တရာယ်များကို ကူညီပေးနိုင်မည့် အစီအစဉ်အသစ်များ ဆက်လက် […]

 Grab နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် IFRC ၏ ပထမဦးဆုံးအကြိမ် စမတ်ဖုန်း App တစ်ခု အသုံးပြု၍ ကမ္ဘာတစ်ဝှမ်း ရန်ပုံငွေရှာဖွေခြင်း ဖြစ်ပါသည်။

  • Grab အသုံးပြုသူများသည် မိမိ၏ GrabRewards ပွိုင့်များကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့အစည်းနှင့် လခြမ်းနီ အသင်းများ (IFRC) အတွက် အလှူဒါနအဖြစ် ပြောင်းလဲသုံးစွဲနိုင်သည်။
  • ၂၀၁၆ ခုနှစ် အစောပိုင်းတွင် စတင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Grab နှင့် IFRC တို့သည် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် သဘာဝဘေးအန္တရာယ်များကို ကူညီပေးနိုင်မည့် အစီအစဉ်အသစ်များ ဆက်လက် ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိကြသည်။

စင်ကာပူ၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ၂၀၁၈ ခုနှစ် – Grab နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့အစည်းနှင့် လခြမ်းနီ အသင်း (IFRC) တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော နေရာများအပါအဝင် ချို့တဲ့နွမ်းပါးသော နေရာများကို ပိုမို ကူညီထောက်ပံ့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပါသည်။ အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab နှင့် ကမ္ဘာ့အကြီးဆုံး လူမှုဂရုဏာ အဖွဲ့အစည်းတို့ ပူးပေါင်းလိုက်ခြင်းဖြင့် Grab အသုံးပြုသူများသည် မိမိတို့ ရရှိထားသော GrabRewards ပွိုင့်များကို IFRC အတွက် အလှူငွေအဖြစ် ပြောင်းလဲ ပေးအပ်နိုင်မည် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် အစောပိုင်းတွင် စတင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် Grab နှင့် IFRC တို့သည် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် အရှေ့တောင်အာရှအတွင်းရှိ နေရာဒေသများကို ကူညီထောက်ပံ့နိုင်ရန် အစီအစဉ်အသစ်များ ဆက်လက်ရှာဖွေကာ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်ပါသည်။

“အရှေ့တောင်အာရှဆိုတာ ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးသွားတဲ့နေရာ အများဆုံးရှိတဲ့ နယ်ပယ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဲဒီ ဒေသက လူပေါင်းများစွာဟာ အစားအစာ၊ ရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု ဒါမှမဟုတ် အသက်မွေးနိုင်တဲ့ အလုပ်အကိုင်တစ်ခုခု ရရှိနိုင်ဖို့ကို ကြိုးစားရုန်းကန်နေကြရတုန်းပါ။ အခုလို ကြက်ခြေနီ၊ လခြမ်းနီ အဖွဲ့ကြီးနဲ့ ပူးပေါင်းလုပ်ကိုင်လိုက်တာကြောင့် သူတို့ရဲ့ လုပ်ငန်းစဉ်တွေအတွက် ရန်ပုံငွေ ပိုရှာပေးနိုင်ပြီး အခက်အခဲဖြစ်နေတဲ့ စိတ်ပျက်ညည်းညူသံတွေကြားက လူတွေကို ကူညီထောက်ပံ့နိုင်လို့ ကျွန်တော်တို့ ရည်မှန်းထားတဲ့အတိုင်း အရှေ့တောင်အာရှကို တိုးတက်ကောင်းမွန်လာအောင် ဖန်တီးပေးနိုင်မှာပါ။ Grab က IFRC နဲ့ လက်တွဲပြီး ဘေးအန္တရာယ် ကျရောက်နေတဲ့သူတွေကို ကူညီဖို့၊ ချို့တဲ့နွမ်းပါးတဲ့သူတွေ ပိုပြီး အဆင်ပြေဖို့ အတူတကွ လုပ်ဆောင်သွားပါမယ်။ GrabRewards ပွိုင့်တွေကို သုံးပြီး ကိုယ့်ဖုန်းထဲမှာ တစ်ချက်နှိပ်လိုက်ရုံနဲ့ အလွယ်တကူ လှူဒါန်းနိုင်ပါပြီ။ ကျွန်တော်တို့ရဲ့ ခရီးသည်တွေ Grab စီးနင်းတိုင်းရတဲ့ ပွိုင့်တွေဟာ အခုဆိုရင် လက်လီကုန်ပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းလေးတွေ ဝယ်ဖို့ချည်းပဲ မဟုတ်တော့ပါဘူး။ အခုဆိုရင် လူတွေက Grab ငှားစီးတိုင်း လှူဒါန်းနိုင်ဖို့ဆိုတဲ့ ပိုပြီး လေးနက်တဲ့ ရည်ရွယ်ချက်လေးကိုပါ ခံစားနိုင်ကြပါပြီ” ဟု အရှေ့တောင်အာရှ GrabPay ၏ Managing Director ဖြစ်သူ Jason Thompson က ပြောသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်၍ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ Grab အသုံးပြုသူများသည် GrabRewards ကတ်တလောက်သို့ ဝင်ရောက်ပြီး နေ့စဉ် အသုံးပြုနေကျ အပလီကေးရှင်းတွင် မိမိတို့၏ အမှတ်များကို ခလုတ်လေးတစ်ချက် နှိပ်ရုံဖြင့် အလှူငွေအဖြစ် ပြောင်းလဲပေးအပ်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ Grab အသုံးပြုသူများမှာ မြန်မာငွေ ကျပ် ၅၀၀ မှ စတင်လှူဒါန်းနိုင်ပြီး ယင်းသည် GrabRewards ၂၃၀ ပွိုင့်နှင့် ညီမျှသည်။

GrabRewards ဖြင့် အလှူငွေ လဲလှယ်လှူဒါန်းပုံ အဆင့်ဆင့်

အာရှပစိဖိတ်၏ IFRC Head of Partnerships ဖြစ်သူ Pierre Kremer က “Grab ဟာ ဒေသတွင်း နည်းပညာကုမ္ပဏီတစ်ခုကနေ အစပျိုးခဲ့ပြီးမှ အရှေ့တောင်အာရှနိုင်ငံတွေထိပါ လုပ်ငန်းချဲ့ထွင်ခဲ့တာဖြစ်လို့ IFRC နဲ့ တကယ့်ကို လိုက်ဖက်တဲ့ မိတ်ဖက်လုပ်ငန်းတစ်ခုပါ။ ဒီလို စမတ်ဖုန်း App တစ်ခုနဲ့ ပူးပေါင်းပြီး ရန်ပုံငွေရှာရတာ ကျွန်တော်တို့အတွက် ပထမဦးဆုံး အကြိမ်ပါ။ ပြီးတော့ ကျွန်တော်တို့မှာ လူအချင်းချင်း ပိုပြီး နွေးထွေးစွာ ဆက်ဆံကြဖို့၊ စည်းလုံးမှု ရှိကြဖို့နဲ့ ကျန်းမာသန်စွမ်းတဲ့ လူ့အဖွဲ့အစည်းတွေ၊ မြို့နယ်တွေနဲ့ နိုင်ငံတွေ ဖြစ်လာအောင် ကြိုးပမ်းရာမှာ ပါဝင်လာကြဖို့ ဆိုတဲ့ တူညီတဲ့ ခံယူချက်တွေလည်း ရှိပါတယ်။ ဒါက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့သားများရဲ့ တာဝန်ဖြစ်လို့ လိုအပ်တဲ့အခါ အကူအညီပေးနိုင်မယ့် ထောင်ပေါင်းများစွာသော စေတနာ့ဝန်ထမ်းတွေကလည်း အသင့်ရှိနေကြပါတယ်။ အခုလို အရှေ့တောင်အာရှနိုင်ငံသားတွေရဲ့ လူသားချင်း စာနာထောက်ထားမှု အင်အားကို ပြသခွင့် ရတဲ့အတွက်ရော၊ Grab နဲ့ ပူးပေါင်းပြီး လိုအပ်နေတဲ့နေရာတွေမှာ ပိုပြီးကူညီနိုင်တဲ့အတွက်ရော စိတ်လှုပ်ရှား ဝမ်းသာမိပါတယ်” ဟု ပြောသည်။

ရရှိသော လှူဒါန်းငွေများကို IFRC မှ နိုင်ငံအသီးသီးရှိ ကြက်ခြေနီ၊ လခြမ်းနီ အဖွဲ့များထံသို့ ပြန်လည်ခွဲဝေပေးမည်ဖြစ်ပြီး ဒေသတစ်ခုချင်းစီအလိုက် ပံ့ပိုးကူညီမှု အလိုအပ်ဆုံး နယ်ပယ်များတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ IFRC မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများမှာ သဘာဝ ဘေးအန္တရာယ်ကြောင့် ခံစားရသော ဆင်းရဲဒုက္ခများ လျော့နည်းစေရန်၊ သန့်ရှင်းသောရေ အလုံအလောက် ဖြန့်ဝေပေးနိုင်ရန်၊ မီးတောင်ပေါက်ကွဲမှု၊ ရေလွှမ်းမိုးမှု၊ အင်အားပြင်း ဆိုင်ကလုန်းနှင့် တိုင်ဖွန်းမုန်တိုင်းတိုက်ခိုက်မှုနှင့် ကပ်ရောဂါ ကူးစက်ခံနေရသည့် နေရာများကို ကူညီကယ်ဆယ်နိုင်ရန်၊ သွေးလှူဒါန်းမှုများ ရရှိလာစေရန်၊ အန္တရာယ်ကျရောက်နေသည့် နေရာများရှိ လူများကို ဖယ်ရှားရွှေ့ပြောင်းပေးရန်နှင့် ကလေးငယ်များ၊ ရွေ့ပြောင်းဒုက္ခသည်များကဲ့သို့ ချို့တဲ့နွမ်းပါးသူများကို ကူညီထောက်ပံ့ပေးနိုင်ရန် စသည်တို့ ဖြစ်ပါသည်။

Grab နှင့် IFRC တို့သည် ယခင်နှစ်များတွင်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ်တွင် Grab နှင့် IFRC တို့ တစ်နှစ်ကြာ ပူးပေါင်း၍ Grab လုပ်ငန်းစုကြီးအတွင်းမှ မိတ်ဖက် အငှားယာဉ်မောင်းများအတွက် အရေးပေါ် အသက်ကယ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှု ပံ့ပိုးပေးခြင်းနှင့် ဒေသအလိုက် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး နည်းလမ်းများ သင်ကြားပြသပေးခြင်းတို့ဖြင့် အသက်ဘေးအန္တရာယ် ကာကွယ်နိုင်မည့် အသိပညာ ဗဟုသုတများ မျှဝေပေးနိုင်ခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Grab ယာဉ်မောင်းများ၏ အရေးပေါ် အသက်ကယ် ပညာရပ်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာများကို မြှင့်တင်ပေးနိုင်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် အခြေအနေများတွင် အကူအညီပေးနိုင်ရန် အသင့်ရှိနေမည့် သူများကို  Grab လုပ်ငန်းစုနှင့် call centre များမှ ရွေးချယ် ခန့်အပ်နိုင်ခဲ့သည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter