Grab မှ မိဘမဲ့ကလေးများအတွက် ငွေကျပ် သိန်း ၁၅၀ ကျော်နှင့် ကျောင်းသုံးပစ္စည်းများလှူဒါန်း
ရန်ကုန်၊ မြန်မာ၊ မေလ ၃၁ ရက်နေ့၊ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေး စနစ် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab မှ ယနေ့ကျင်းပသည့် လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့ ကျောင်းသုံးပစ္စည်းများအပါအဝင် စုစုပေါင်း အလှူငွေကျပ် ၁၅,၇၅၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁,၆၁၆ ခန့်) ကို ပေးအပ်လှူဒါန်းခဲ့သည်။ လှူဒါန်းငွေများတွင် Grab မှ ငွေကျပ် ၆,၇၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့်) ဖြင့် စတင် မတည်ပေးခဲ့ပြီး Grab ခရီးသည်များက ၈,၉၇၂,၀၀၀ […]
ရန်ကုန်၊ မြန်မာ၊ မေလ ၃၁ ရက်နေ့၊ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေး စနစ် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab မှ ယနေ့ကျင်းပသည့် လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့ ကျောင်းသုံးပစ္စည်းများအပါအဝင် စုစုပေါင်း အလှူငွေကျပ် ၁၅,၇၅၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁,၆၁၆ ခန့်) ကို ပေးအပ်လှူဒါန်းခဲ့သည်။ လှူဒါန်းငွေများတွင် Grab မှ ငွေကျပ် ၆,၇၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့်) ဖြင့် စတင် မတည်ပေးခဲ့ပြီး Grab ခရီးသည်များက ၈,၉၇၂,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၆၁၆ ခန့်) အား ၎င်းတို့၏ GrabRewards ပွိုင့်များကို Grab မှတစ်ဆင့် ငွေသားအဖြစ် ပြောင်းလဲကာ ပါဝင်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ခင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဌာနမှ ဦးစီးလျက်ရှိသော မိဘမဲ့ကလေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် Grab မှ ရန်ပုံငွေ ရှာဖွေပေးသည့် အစီအစဉ်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့အထိ Grab အက်ပလီကေးရှင်း အတွင်းရှိ GrabRewards ကတ်တလောက်တွင် ထည့်သွင်းပြုလုပ်ခဲ့ပြီး အဆိုပါ လှူဒါန်းမှုတွင် Grab ခရီးသည်များမှလည်း ၎င်းတို့၏ GrabRewards ပွိုင့်များ အသုံးပြု၍ ပါဝင်ကုသိုလ်ပြုနိုင်ရန် အသိပေး ဖိတ်ခေါ်ခဲ့ပါသည်။ GrabRewards ပွိုင့်ဆိုသည်မှာ ရန်ကုန်မြို့တွင် ခရီးသည်တစ်ဦးမှ GrabTaxi ငှားရမ်းစီးနင်းလိုက်တိုင်း ရရှိသော ပွိုင့်များဖြစ်ပါသည်။ အဆိုပါ ရန်ပုံငွေ အစီအစဉ်တွင် Grab အသုံးပြုသူ ခရီးသည်များမှ လိုအပ်နေသူများအတွက် ကူညီထောက်ပံ့လိုသော စိတ်ထားများဖြင့် တက်ညီလက်ညီ ပါဝင်လှူဒါန်းခဲ့ကြပြီး လက်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနတွင် ခိုလှုံလျက်ရှိသော အသက် ၁၀ နှစ်အောက် မိဘမဲ့ ကလေးငယ်ပေါင်း ၉၂ ဦးအတွက် အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။
Grab Myanmar ၏ ယာယီ Country Head ဖြစ်သူ Alvin Loh မှ “Grab က မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာအောင် ကူညီထောက်ပံ့ပေးရုံသာမက ကျွန်တော်တို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ နေထိုင်မှုဘဝ တိုးတက်မြင့်မားလာစေဖို့အတွက်ပါ ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းပေါင်း မျိုးစုံကိုလည်း ပြန်လည်အကျိုးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အခုလို အချိန်တိုလေးအတွင်းမှာ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနက ကလေးငယ်တွေကို လှူဒါန်းဖို့အတွက် မထင်မှတ်ထားလောက်တဲ့ အလှူငွေတန်ဖိုးရရှိအောင် ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး လှူဒါန်းကြတဲ့ Grab ခရီးသည်တွေအတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီလို ပရဟိတ လှုပ်ရှားမှုတွေကနေ လူ့အဖွဲ့အစည်းရဲ့ ညီညွတ်မှုအင်အားကို ပြသနိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကလည်း အခုလို အခြားသူတွေရဲ့ဘဝကို ပိုပြီးကောင်းမွန်လာအောင် လုပ်ပေးတဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြရလို့ အရမ်းပဲ ဝမ်းသာကြည်နူးမိကြမှာပါ။ ငွေသားအလှူအပြင် Grab က မိဘမဲ့ ကျောင်းသားကလေးတွေ လာမယ့်စာသင်နှစ်မှာ အသုံးပြုဖို့အတွက် ကျောင်းသုံးပစ္စည်းတွေလည်း လှူဒါန်းခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ယနေ့ မနက်ခင်းတွင် ကျင်းပခဲ့သော အခမ်းအနား၌ Alvin Loh နှင့် ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှ တာဝန်ရှိသူ ဒေါ်ခင်ယုဒါရီ တို့မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ Grab အဖွဲ့သားများက လှူဒါန်းငွေ ပမာဏကို ကြေညာခဲ့ပြီးနောက် မိဘမဲ့ ကလေးငယ်များအတွက် ကျောင်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး ၎င်းတို့နှင့်အတူ နေ့လယ်စာ စားရင်း အတူတကွ အချိန်ကုန်ဆုံးခဲ့သည်။
“Grab Myanmar နဲ့ Grab ခရီးသည်တွေရဲ့ ဒီနေ့ လှူဒါန်းမှုကုသိုလ်အတွက် တကယ့်ကို ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ရဲ့ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှာ အသက် ငါးနှစ်ကနေ ဆယ်နှစ်အရွယ်ရှိတဲ့ ကလေးငယ်တွေကို အခြေခံ မူလတန်းအထိ သင်ကြားပေးပြီး သူတို့လေးတွေ နေထိုင်စားသောက်ဖို့၊ လိမ္မာရေးခြားရှိအောင် သင်ကြားပြသပေးဖို့အထိ ကူညီပေးနေပါတယ်။ Grab က လှူဒါန်းတဲ့ အလှူငွေနဲ့ ကျောင်းသုံးပစ္စည်းတွေကို ကျွန်မတို့ ကလေးတွေအတွက် ပျော်ရွှင်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ အကျိုးရှိရှိ အသုံးပြုသွားမှာပါ” ဟု ဒေါ်ခင်ယုဒါရီ ကပြောသည်။
အကြီးတန်း မန်နေဂျာ တစ်ဦးနှင့် Grab ပလက်တီနမ် အဆင့် အသင်းဝင်တစ်ဦးဖြစ်ပြီး အလှူတွင် ပါဝင်ခဲ့သည့် မခိုင်ယမုံ က “Grab အက်ပလီကေးရှင်းထဲမှာ တစ်ချက်၊ နှစ်ချက် နှိပ်လိုက်ရုံနဲ့ Grab ရဲ့ ပရဟိတ ရန်ပုံငွေပွဲမှာ လှူလို့ရတဲ့အတွက် ကျွန်မတို့လို ခရီးသည်တွေအတွက် လှူရတာ အရမ်းပဲ အဆင်ပြေလွယ်ကူပါတယ်။ ဒီနေ့ အလှူကို Grab ခရီးသည်တွေ ကိုယ်စား တက်ရောက်ပေးဖို့ Grab ကနေ ဖိတ်ကြားပေးတဲ့အတွက်လည်း ဝမ်းသာမိပါတယ်ရှင်။ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနက သားငယ်၊ သမီးငယ်တွေလည်း ကလေးဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပြီး အနာဂတ်မှာ အောင်မြင်သူတွေ ဖြစ်လာနိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
Grab မှ ခရီးသည်များအား ပွိုင့်များဖြင့် လဲလှယ်အသုံးပြုနိုင်မည့် အထူးဈေးနှုန်းများနှင့် အကျိုးခံစားခွင့်များအပြင် အလှူအတန်းများ ပြုလုပ်ရန်အတွက် ရန်ပုံငွေ ရှာဖွေသည့် အစီအစဉ်များကိုလည်း အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Grab အက်ပလီကေးရှင်းတွင်ပါရှိသော GrabRewards ကတ်တလောက်ကို ပုံမှန်စစ်ဆေးစေရန် တိုက်တွန်းလိုပါသည်။ ယခု လက်ရှိတွင် Grab ခရီးသည်များ အနေဖြင့် မိမိတို့ ရရှိထားသော GrabRewards ပွိုင့်များကို သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် နေရာဒေသများအပါအဝင် လိုအပ်နေသောအဖွဲ့အစည်းများအတွက် ရန်ပုံငွေများ တိုးမြှင့်ရရှိစေရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့အစည်းနှင့် လခြမ်းနီ အသင်း IFRC သို့ အလှူငွေအဖြစ် ပြောင်းလဲလှူဒါန်း နိုင်ပါသည်။ မြန်မာနိုင်ငံရှိ Grab အသုံးပြုသူများမှာ မြန်မာငွေ ကျပ် ၅၀၀ မှ စတင်လှူဒါန်းနိုင်ပြီး ယင်းသည် GrabRewards ၂၃၀ ပွိုင့်နှင့် ညီမျှသည်။GrabRewards အစီအစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက https://www.grab.com/mm/hello_grabrewards/ တွင်လည်းကောင်း၊ Grab Myanmar နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါကhttp://www.grab.com သို့မဟုတ် www.facebook.com/GrabMM တွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါသည်။