Grab ၏ မြန်မာနိုင်ငံတွင် တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအစီအစဉ်များနှင့် ကျင်းပ
ရန်ကုန်၊ မြန်မာ၊ ၆ ရက် ဧပြီ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း Grab သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ Grab စတင် ဝင်ရောက်လာသည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သောကြောင့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအစီအစဉ်များ ပြုလုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့သော Grab သည် ယခုအခါ ပြည်တွင်း အငှားယာဉ် ဝန်ဆောင်မှု ဈေးကွက်တွင် ဦးဆောင်သူ တစ်ဦးဖြစ်လာခဲ့ပြီး […]
ရန်ကုန်၊ မြန်မာ၊ ၆ ရက် ဧပြီ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ ထိပ်တန်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း Grab သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ Grab စတင် ဝင်ရောက်လာသည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သောကြောင့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအစီအစဉ်များ ပြုလုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့သော Grab သည် ယခုအခါ ပြည်တွင်း အငှားယာဉ် ဝန်ဆောင်မှု ဈေးကွက်တွင် ဦးဆောင်သူ တစ်ဦးဖြစ်လာခဲ့ပြီး နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍ ပြောင်းလဲ တိုးတက်စေရေးအတွက် ဆက်လက် ပံ့ပိုးကူညီပေးသွားမည် ဖြစ်သည်။ ထို့ကဲ့သို့ ပံ့ပိုးကူညီရာတွင် အငှားယာဉ်များ၏ အရည်အသွေး တိုးတက်လာစေရန်၊ လုံခြုံစိတ်ချမှုရှိစေရန်နှင့် GrabTaxi နှင့် GrabTaxi Plus ဝန်ဆောင်မှုများဖြင့် ခရီးသည်များအတွက် အကောင်းဆုံး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တို့အပြင် မိတ်ဖက်ယာဉ်မောင်းများအတွက် ဝင်ငွေတိုးတက်လာစေရေး အကူအညီပေးနိုင်ရန်တို့လည်း ပါဝင်ပါသည်။
Grab က ၎င်းတို့၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် ခရီးသည်များအတွက် ပြီးခဲ့သည့်နှစ်အတွင်း Grab နှင့်အတူ အပျော်ရွှင်ရဆုံး အမှတ်တရ အချိန်များအား ပြန်လည်မျှဝေပေးနိုင်သည့် ဆိုရှယ်မီဒီယာ လှုပ်ရှားမှုတစ်ခုကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖိတ်ခေါ်ပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် Grab က စိတ်ဝင်စားစရာ အကောင်းဆုံး အမှတ်တရ အဖြစ်အပျက် ၁၀ ခုကို ရွေးချယ်၍ ရွေးချယ်ခံရသော ပြိုင်ပွဲဝင် တစ်ဦးချင်းစီအတွက် GrabRewards ပွိုင့် ၅၀,၀၀၀ စီ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ GrabRewards ပွိုင့်များဖြင့် Grab ငှားရမ်းစီးနင်းရာတွင် အထူးလျှော့ဈေးများ ရရှိနိုင်မည့်အပြင် GrabRewards နှင့် ချိတ်ဆက်ထားသည့် shop.com.mm, Pizza Hut, Swensen’s နှင့် Japan Store တို့တွင်လည်း အထူးလျှော့ဈေးနှင့် မေတ္တာလက်ဆောင်များ လဲလှယ်ရရှိနိုင်ပါသည်။ ခရီးသည်များသည် မိမိတို့၏ GrabRewards ပွိုင့်များနှင့် ရရှိနိုင်သော ဆုလက်ဆောင် ကတ်တလောက်ကို Grab အပလီကေးရှင်း၏ ဘယ်ဘက်ထိပ် menu နေရာရှိ “GrabRewards” အား နှိပ်၍ ဝင်ရောက်ကြည့်ရှု့ပြီး ပွိုင့်များနှင့် စိတ်ကြိုက် ရွေးချယ်လဲလှယ်နိုင်ပါသည်။
Grab အသုံးပြုသော ခရီးသည်များထံမှ ဝင်ရောက်ယှဉ်ပြိုင်သူ အများအပြားရှိခဲ့ပြီး ဆုရပြိုင်ပွဲဝင်တစ်ဦးဖြစ်သော ကျော့သန္တာစိုးက “ကျွန်မ မှတ်ဥာဏ်ထဲမှာ ထူးထူးခြားခြား အခုထိ မှတ်မိပြီး ကျေးဇူးတင်နေတဲ့ အကြောင်းလေး ပြန်ပြောပြချင်ပါတယ်။ ကျွန်မက ဘဏ်ဝန်ထမ်း တစ်ယောက်ပါ။ တစ်နေ့ရုံးမှာ အလုပ်လုပ်နေရင်း အစားမှားလို့ အထက်လှန်အောက်လျှော ဖြစ်သွားပါတယ်။ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်တာပါ။ လမ်းတောင် မလျှောက်နိုင်အောင် ဗိုက်တွေနာ ချွေးသီးချွေးပေါက်တွေက ရေချိုးထားသလို ရွှဲနစ်နေတာပါ။ ဖြစ်ချင်တော့ အိမ်ကလူတွေကလည်း တစ်ယောက်မှ ဖုန်းမကိုင်ကြပါဘူး။ နောက်ဆုံး ကျွန်မလည်း Grab ကို ခေါ်လိုက်ပါတယ်။ Grab က ကားဆရာ အကို ဖုန်းဆက်လာတော့ နေမကောင်းလို့ လမ်းမလျှောက်နိုင်တဲ့အတွက် ရောက်ရင်ပြောပါလို့ ပြောလိုက်ပါတယ်။ သူက ဘဏ်ရှေ့အထိလာပေးမယ်လို့ ပြောပါတယ်။ ကားပေါ်လဲရောက်ရော ကျွန်မလည်း အရုပ်ကြိုးပြတ်ပါပဲ။ ကားဆရာအစ်ကိုက ကျွန်မ နေမကောင်းဖြစ်နေလို့ ဖြေးဖြေးမောင်းပေးမယ်၊ သက်သက်သာသာနေပါလို့ ပြောပါတယ်။ အဲဒီလို အိမ်နဲ့ဖုန်းဆက်လို့ မရလို့ အားငယ်နေတဲ့အချိန်မှာ သူ့ရဲ့ ကူညီဖေးမမှုက တစ်သက်တာ အမှတ်ရစရာ နွေးထွေးတဲ့ ဝန်ဆောင်မှုတစ်ခုပါ။ ကျွန်မ အိမ်ကို သက်သောင့်သက်သာနဲ့ လုံခြုံစိတ်ချစွာ ပြန်ရောက်ခဲ့ပါတယ်” ဟု ပြန်လည်မျှဝေပေးခဲ့သည်။
အခြား ဆုရပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သော ဟေမာန်ကျော်က “Grab နဲ့ ပတ်သက်ပြီး ပျော်ရွှင်ရတဲ့ အမှတ်တရ အချိန်လေးဆိုရင် စာမေးပွဲဖြေပြီးတဲ့နေ့ အပြင်ထွက်တဲ့အချိန် ကိုယ့်ဆီ လာခေါ်တဲ့ကားက အခမဲ့ စီးလို့ရတဲ့ Grab first-class ကား ဖြစ်နေတာပါ။ တော်တော် ကံကောင်းတယ်လို့ ပြောရမယ်!”
Grab တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် Grab ခရီးသည်များ အားလုံးကို မိမိတို့ ချစ်ခင်ရသူများအား Grab အပလီကေးရှင်း အသုံးပြုရန် တိုက်တွန်းပြီး အခမဲ့ စီးနင်းခွင့်များ ရရှိနိုင်မည့် အကြောင်းကြားစာများကို တစ်ဦးချင်းစီထံ ပေးပို့ခဲ့ပါသည်။
ထို့အပြင် Grab မိတ်ဖက်ယာဉ်မောင်းများအကြား ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ခရီးစဉ် အများဆုံး မောင်းနှင်ခဲ့သူ၊ ခရီးသည်များထံမှ အကောင်းဆုံး ကြယ်ပွင့် အဆင့်သတ်မှတ်ချက် ရရှိခဲ့သူနှင့် ခရီးသည်များထံမှ အကောင်းဆုံး မှတ်ချက်ပေးခံရသူများကို Grab က ရွေးချယ် ဆုချီးမြှင့်ခဲ့သည်။ ဆုရရှိခဲ့သည့် Grab မိတ်ဖက်ယာဉ်မောင်း တစ်ဦးစီမှာ ငွေကျပ် ၁၀၀,၀၀၀ တန်ဖိုးရှိ ဓာတ်ဆီဝယ်ယူနိုင်သည့် ဘောက်ချာ တစ်ခုစီ လက်ခံရရှိခဲ့ပါသည်။
Grab ၏ မိတ်ဖက်ယာဉ်မောင်းများကလည်း ပြီးခဲ့သည့်နှစ်အတွင်း Grab နှင့်အတူ လက်တွဲလုပ်ကိုင်လာခဲ့သည့် အကောင်းဆုံး အမှတ်တရများကို ပြန်လည်မျှဝေခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း လူကြိုက်အများဆုံးဆု ရရှိခဲ့သည့် ကိုမျိုးထက်၊ အသက် ၄၁ နှစ်က ယခုကဲ့သို့ Grab က ၎င်း၏ ဝန်ဆောင်မှုနှင့် ထားရှိသော စေတနာအပေါ် အသိအမှတ်ပြုသည့်အတွက် ဝမ်းသာပီတိ ဖြစ်မိကြောင်း ပြောသည်။ သူရရှိခဲ့သော ဆုမှာ ခရီးသည်များအပေါ် ထားရှိသော စိတ်ထားနှင့် ဝန်ဆောင်မှုကြောင့် ဖြစ်သည်ဟု ယုံကြည်ထားသည်။ “ ကျွန်တော်ရဲ့ ကားပေါ်မှာ အမြဲလိုလို ရေသန့်ဘူး၊ သကြားလုံး၊ တစ်ရှူးနဲ့ လက်ဆေးဂျယ်လ်တွေကို ခရီးသည်တွေအတွက် အခမဲ့ ထားပေးထားပါတယ်။ ခရီးသည်တွေက ဒါကိုမြင်တဲ့အခါမှာ အိမ်ကို လာလည်တဲ့ ဧည့်သည်ကို ဧည့်ခံသလိုမျိုး ခံစားရလို့ ကားပေါ်က ဆင်းတောင် မဆင်းချင်ဘူး လို့ ပြောကြပါတယ်။ ကျွန်တော့်ရဲ့ ခရီးသည်တွေ အားလုံးကို ကျွန်တော့်ကား စီးတဲ့အချိန်မှာ ပျော်ရွှင်စေချင်ပါတယ်။ ဒီနှစ်ထဲ Grab ရဲ့ တိုးတက်အောင်မြင်မှုတွေအတွက် ဂုဏ်ယူဝမ်းမြောက်မိသလို နောက်ကိုလည်း ခရီးသည်တွေနဲ့ မိတ်ဖက်ယာဉ်မောင်းတွေကို အခုလိုပဲ ဆက်ပြီး ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်” ဟု သူကပြောသည်။ ဆက်လက်ပြီး ကိုမျိုးထက်က Grab နှင့် မောင်းရာတွင် ခရီးသည်များနှင့် ဈေးစကား အချေအတင်ပြောရန် မလိုအပ်တော့သည်ကို သဘောကျကြောင်း ပြောသည်။
Grab ၏ မြန်မာနှစ်သစ်နှင့် သင်္ကြန်ပွဲတော်အတွက် အထူးအစီအစဉ်များ
မြန်မာနှစ်သစ်နှင့် သင်္ကြန်ပွဲတော်အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် Grab က သင်္ကြန် အစီအစဉ်များဖြင့် ပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသွားမည် ဖြစ်ပါသည်။ သင်္ကြန် ရေသဘင်ပွဲတော် လေးရက်တွင် Grab အဖွဲ့သားများက Grab ထရပ်ကား နှစ်စီးဖြင့် ရန်ကုန်မြို့အနှံ့ လှည့်လည်ပြီး မုန့်နှင့် လက်ဆောင်များ အခမဲ့ လိုက်လံ ဝေငှပေးသွားမည် ဖြစ်သည်။ ထို့အပြင် Grab မှ ပရဟိတ အသင်းအဖွဲ့တစ်ခုသို့ လှူဒါန်းသွားရန် စီစဉ်လျက် ရှိပါသည်။ အဆိုပါ လှူဒါန်းမှုတွင် Grab ခရီးသည်များမှလည်း ၎င်းတို့၏ GrabReward ပွိုင့်များဖြင့် အလှူတွင်ပါဝင် ကုသိုလ်ပြုနိုင်ရန် အသိပေး ဖိတ်ခေါ်သွားမည် ဖြစ်သည်။
သင်္ကြန်ပွဲတော်အတွင်း Grab က ရန်ကုန်မြို့တွင်းရှိ အဓိက နေရာများကို ရွေးချယ်ပြီး လာကြိုရမည့် နေရာနှင့် ပို့ရမည့် နေရာများကို ဆုံမှတ်ဂိတ်လေးများအဖြစ် သတ်မှတ်ပေးထားမည် ဖြစ်ပါသည်။ ပွဲတော်ချိန် ဖြစ်သည့်အတွက် မြို့တွင်း ယာဉ်ကြောပိတ်မှု သက်သာစေရန်နှင့် ပွဲတော်တွင် ဆင်နွှဲမည့်သူများ အတွက်လည်း အဆင်ပြေစေရန် နေရာ ရွေးချယ် စီစဉ်သတ်မှတ်ထားမည်ဖြစ်ပါသည်။ Grab က ခရီးသည်များ၏ အပလီကေးရှင်းတွင် သင်္ကြန်ကာလအတွင်း လမ်းပိတ်ထားသည့် နေရာများနှင့် ကားလမ်း ပိတ်ဆို့မှု များပြားနေသည့် နေရာများကို မှတ်သား ကန့်သတ်ပေးထားမည် ဖြစ်သောကြောင့် ခရီးသည်နှင့် ယာဉ်မောင်း အချင်းချင်းကြား ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများ နည်းပါးသွားမည် ဖြစ်ပါသည်။
သင်္ကြန်ရေသဘင်ပွဲတော် ကာလအတွင်း ယာဉ်အများစုမှာ အနားယူကြလေ့ ရှိကြသောကြောင့် ယာဉ်ပြတ်လတ်မှု ရှိနိုင်ကြောင်း Grab က ခန့်မှန်း သိရှိထားပါသည်။ သင်္ကြန်အချိန် ယာဉ်ပြတ်လတ်မှုကို ဖြေရှင်းနိုင်ရန်အတွက် Grab ၏ မိတ်ဖက်ယာဉ်မောင်းများကို သင်္ကြန်ပွဲတော်အချိန်အတွင်း ကားမောင်းထွက်ရန် တိုက်တွန်းသည့်အနေဖြင့် Grab က မိတ်ဖက်ယာဉ်မောင်း ၁၅၀၀ အတွက် သင်္ကြန်အပြီး ၎င်းတို့၏ ကားများကို အခမဲ့ ကားအတွင်း၊ အပြင် ပြန်လည် ဆေးကြောပေးရန် ယာဉ်ထိန်းသိမ်းရေး ၀န်ဆောင်မှုစင်တာများနှင့် ချိတ်ဆက်ပြင်ဆင်ထားပါသည်။ ထို့ကြောင့် ယာဉ်မောင်းများ အနေဖြင့်လည်း မြန်မာနှစ်သစ် အစတွင် မိမိ မောင်းနှင်သော ကားကို သန့်ရှင်းတောက်ပြောင်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ကြမည် ဖြစ်ပါသည်။
Grab မှ Uber ၏ အရှေ့တောင်အာရှ လုပ်ငန်းများကို လွှဲပြောင်းရယူပြီးနောက် ပြောင်းလဲမှုများ
Grab သည် Uber ၏ အရှေ့တောင်အာရှ လုပ်ငန်းများအား လွှဲပြောင်းရယူလိုက်ကြောင်း ၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ လွှဲပြောင်းရယူမှုသည် အရှေ့တောင်အာရှ အခြေပြု နည်းပညာကုမ္ပဏီတစ်ခု၏ အကြီးမားဆုံးသော လွှဲပြောင်းရယူမှု ဖြစ်ပါသည်။ ယခုကဲ့သို့ ပူးပေါင်းမှုမှတစ်ဆင့် Grab သည် အရှေ့တောင်အာရှဒေသအတွင်း ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်း အဖြစ်သော်လည်းကောင်း၊ အစားအသောက် ပို့ဆောင်ပေးသည့် လုပ်ငန်းနယ်ပယ်တွင် အဓိကကျသော လုပ်ငန်းဆောင်ရွက်သူ အဖြစ်သော်လည်းကောင်း ရပ်တည်နိုင်ရန် ဦးတည်လုပ်ဆောင်မည် ဖြစ်သည်။
လက်ရှိ အခြေအနေတွင် Grab နှင့် Uber မှ ယာဉ်မောင်းများ အားလုံးသည် ယခင် မောင်းနေကျအတိုင်း ဆက်လက် မောင်းနှင်နိုင်မည် ဖြစ်သည်။ Uber app ကို ဧပြီလ ၈ ရက်နေ့အထိ ဆက်လက် သုံးစွဲနိုင်မည်ဖြစ်ပြီး Grab ပလက်ဖောင်းပေါ်သို့ Uber ယာဉ်မောင်း အယောက်စီတိုင်း ရောက်ရှိလာနိုင်စေရန် လုပ်ဆောင်နေစဉ်အချိန်အတွင်း Uber ယာဉ်မောင်းများမှာ ပုံမှန်အတိုင်း ဆက်လက် မောင်းနိုင်မည်ဖြစ်သည်။ Grab ပလက်ဖောင်းနှင့် ချိတ်ဆက်မောင်းနှင်လိုသည့် ယာဉ်မောင်းများ အနေဖြင့် Uber ဝန်ဆောင်မှု မရပ်တန့်မီ Grab နှင့် မောင်းနှင်နိုင်ရန်အတွက် အချိန်မီ မှတ်ပုံတင်စာရင်းသွင်းရန် တိုက်တွန်းထားပါသည်။ ယာဉ်မောင်းများ အနေဖြင့် ပိုမို များပြားသည့် ခရီးသည် အရေအတွက်နှင့်အတူ ပိုမို ကြီးမားလာသည့် Grab ကွန်ယက်၏ အကျိုးကျေးဇူးများကို ခံစားနိုင်မည် ဖြစ်သည်။ အဆိုပါ အကျိုးကျေးဇူးများတွင် ခရီးစဉ် ပိုမိုရရှိလာမှုနှင့် ခရီးသည်နှင့် ယာဉ်မောင်းကြား အဆင်ပြေ ကောင်းမွန်သော အချိတ်အဆက်များဖြင့် ဝင်ငွေ ပိုမို တိုးပွားလာမှုတို့ ပါဝင်ပါသည်။
ခရီးသည်များအတွက်လည်း ယခင်ကဲ့သို့ပင် သင့်တင့်သော ဈေးနှုန်းဖြင့် ဆက်လက် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။ Uber အသုံးပြုသူများအနေဖြင့် Grab app အား download ရယူပြီးနောက် လိုရာ ခရီးအတွက် စတင် ငှားရမ်းနိုင်မည် ဖြစ်ပါသည်။ ယခုအခါ Grab အက်ပလီကေးရှင်း တစ်ခုတည်းဖြင့် မြန်မာနိုင်ငံမှ ခရီးသည်များအတွက် ပိုမို များပြားလာသည့် ယာဉ်မောင်းများနှင့် ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ အပါအဝင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပိုမို ရွေးချယ်လာနိုင်ပြီ ဖြစ်ပါသည်။
Grab Myanmar အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက http://www.grab.com နှင့် www.facebook.com/GrabMM တို့တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။
Media Inquiries
Contact the Grab media teamGrab Stories
Explore the ideas and people that define GrabEngineering Stories
Learn more about our technology developmentပိုမိုပြည့်စုံကောင်းမွန်သောရန်ကုန်မြို့ကြီးဖြစ်လာရန် သွားလာရေးအခက်အခဲများကို တိုင်ပင်ဆွေးနွေးသည့်အစည်းအဝေးပွဲ ကျင်းပပြုလုပ်
ရန်ကုန်၊ မြန်မာ၊ ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၉ ခုနှစ် – Impact Hub Yangon သည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ အေဒင်စင်တာ မသန်စွမ်းကလေးများကျောင်း၊ Grab နှင့် အခြားလူမှုအဖွဲ့ အစည်းများအပါအဝင် မိတ်ဖက်လုပ်ငန်းများနှင့်ပူးပေါင်း၍ […]
Grab Myanmar မှ ၂၀၁၈ ခုနှစ်အတွင်း အောင်မြင်မှုမှတ်တိုင်များနှင့် ၂၀၁၉ ခုနှစ် လုပ်ဆောင်သွားမည့်အစီအစဉ်များကို အသိပေးမိတ်ဆက်
ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂၄ ရက်၊၂၀၁၉ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab သည် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း ဝန်ဆောင်မှုအသစ်များ ဖြစ်သော GrabShare […]
Grab နဲ့အတူ နှစ်သစ်ကို ကြိုဆိုကြခြင်း
ပျော်ရွှင်စရာနှစ်သစ်ပါ။ ၂၀၁၈ ကို နှုတ်ဆက်ပြီး နှစ်သစ်ထဲ ဝင်ရောက်တဲ့အချိန် သင် ဘယ်နေရာမှာ ရှိနေခဲ့ပြီး အဲဒီနောက်ဆုံးနေ့ရက်ရဲ့ ညနေပိုင်းလေးကို ဘယ်လိုအချိန်ကုန်ဆုံးခဲ့သလဲဆိုတာလေး သတိထားမိလား။ သင်ဟာ နှစ်သစ်ကူးညဉ့်သန်းခေါင်တည့်တည့်မှာ Grab ကားထဲရှိနေတဲ့ ခရီးသည်ပေါင်း ၆၃၀၀၀ ကျော်ထဲက တစ်ယောက် […]