Press Centre

Grab မှ မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရေး ပံ့ပိုးကူညီရန် အက်ပလီကေးရှင်းအတွင်း ဟိုတယ်ဘွတ်ကင်တင်နိုင်သော လုပ်ဆောင်ချက်ထည့်သွင်း

Agoda ၊ Booking.com တို့နှင့် ပူးပေါင်း၍ Grab အသုံးပြုသူများအတွက် Grab app မှတစ်ဆင့် ဟိုတယ်ခန်း (၂) သန်းကျော်အား အထူးသက်သာသော ဈေးနှုန်းဖြင့် ဘွတ်ကင်ရယူနိုင်ရန် ဆောင်ရွက်ပေးလိုက်ပြီ ဖြစ်သည်။

Agoda Booking.com တို့နှင့် ပူးပေါင်း၍ Grab အသုံးပြုသူများအတွက် Grab app မှတစ်ဆင့် ဟိုတယ်ခန်း () သန်းကျော်အား အထူးသက်သာသော ဈေးနှုန်းဖြင့် ဘွတ်ကင်ရယူနိုင်ရန် ဆောင်ရွက်ပေးလိုက်ပြီ ဖြစ်သည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း Super app တစ်ခုဖြစ်သော Grab က Agoda နှင့် Booking.com တို့တွင် ရရှိနိုင်သော ဟိုတယ်နှင့် အခြား နေရာထိုင်ခင်းအစီအစဉ်များအား Grab App မှ တိုက်ရိုက် ဘွတ်ကင်တင်နိုင်မည့် ‘Hotels’ အမည်ရှိ ဝန်ဆောင်မှုအသစ်တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ လာမည့် ခရစ်စမတ်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များ မတိုင်မီ မြန်မာနိုင်ငံရှိ Grab အသုံးပြုသူများမှာ ‘Hotels’ လုပ်ဆောင်ချက်ကို စတင် အသုံးပြုနိုင်ပြီဖြစ်သောကြောင့် အရည်အသွေးအမြင့်စားနှင့်  ဈေးနှုန်းသက်သာသော ဟိုတယ်ခန်းများမှစပြီး တိုက်ခန်းနှင့် အပန်းဖြေအိမ်များအထိ တည်းခိုစရာနေရာ အမျိုးအစားပေါင်း () သန်းကျော်အတွင်း ဈေးနှုန်းများကို အလွယ်တကူ နှိုင်းယှဉ်ကြည့်ကာ ဘွတ်ကင်တင်နိုင်မည် ဖြစ်ပါသည်။ 

ကျွန်မတို့ရဲ့ ကိုယ်ပိုင်လေ့လာဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံက လူတွေဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာရတာ နှစ်သက်ကြတယ်ဆိုတာ သိထားပါတယ်။ Grab ရဲ့ ‘Hotels’ ဘွတ်ကင်ဝန်ဆောင်မှုက အသုံးပြုသူတွေကို လာမယ့် ပိတ်ရက်ခရီးအတွက်ပဲဖြစ်ဖြစ်၊ staycation နေပြီး နားချင်လို့ပဲဖြစ်ဖြစ် ဟိုတယ်တစ်ခုခုမှာ ဘွတ်ကင်တင်တဲ့အခါ ပိုပြီး စိတ်ကျေနပ်မှုရှိစေမှာပါ။ ဒီဝန်ဆောင်မှုက ပိတ်ရက်တွေမှာ မကြာခဏ ခရီးထွက်တတ်တဲ့ လုပ်ငန်းခွင်က လူငယ်တွေ၊ မိသားစုခရီးထွက်ဖို့ ဈေးအတန်ဆုံးတည်းခိုစရာ နေရာရှာချင်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ ‘Hotels’ ဝန်ဆောင်မှုကို သုံးပြီး Grab အသုံးပြုသူတွေဟာ ကမ္ဘာ့ထိပ်တန်း ဟိုတယ်ဘွတ်ကင် ဝက်ဘ်ဆိုက်တွေကနေ ကိုယ့်ရဲ့ဘတ်ဂျတ်တွင်းမှာရှိတဲ့ အကောင်းဆုံးဟိုတယ်တွေကို ရှာနိုင်မှာဖြစ်တဲ့အပြင် Grab သုံးတဲ့သူတွေပဲ ရနိုင်မယ့် အထူးဈေးနှုန်းတွေနဲ့ သီးသန့်လျှော့ဈေးတွေကိုလည်း ရရှိခံစားနိုင်မှာပါဟု Grab Myanmar Country Head ဖြစ်သူ Cindy Toh က ပြောသည်။

ဆက်လက်ပြီး သူမကအခု ‘Hotels’ ဝန်ဆောင်မှုဟာ မြန်မာနိုင်ငံက ခရီးသွားတွေအတွက် ကျွန်မတို့ ပေးထားပြီးဖြစ်တဲ့ အကျိုးခံစားခွင့်တွေ အများကြီးထဲက တစ်ခုပါပဲ။ ရန်ကုန်မြို့တွင်းသွားလာဖို့ ဈေးစကားပြောစရာမလိုတဲ့ GrabTaxi တွေနဲ့ မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ နာရီအလိုက် ငှားရမ်းနိုင်တဲ့ Premium Rentals ဝန်ဆောင်မှုတွေ အပါအဝင်ပေါ့။ Grab အသုံးပြုသူတွေဟာ သူတို့ရဲ့ GrabRewards ပွိုင့်တွေသုံးပြီး အရှေ့တောင်အာရှအတွင်းက အထင်ကရ လေဆိပ်တွေမှာရှိတဲ့ နားနေခန်းတွေနဲ့ စားသောက်ဆိုင်တွေမှာ အထူးလျှော့ဈေးတွေ ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အစစ်မှန်ဆုံး Super app ဖြစ်လာဖို့ ရှေ့လျှောက်ဝန်ဆောင်မှုတွေအများကြီးကို ဆက်ပြီး မိတ်ဆက်ပေးသွားပါမယ်ဟု ပြောသည်။

Grab App အတွင်းရှိ ‘Hotels’ လုပ်ဆောင်ချက်သည် ခရီးသွားလာရန် အကောင်းဆုံးနှင့် ဈေးအသက်သာဆုံး နေရာ ထိုင်ခင်းများ ရှာဖွေလိုသော်လည်း ကမ္ဘာ့စံနှုန်းမီ   appsများနှင့် ဝန်ဆောင်မှုများကို  အသုံးပြုရန် မဝံ့မရဲဖြစ်နေသူများအတွက် အလွန် အထောက်အကူပြုနိုင်မည် ဖြစ်သည်။ လွန်ခဲ့သောနှစ်များအတွင်း ပြည်တွင်းခရီးသွားကဏ္ဍ တိုးတက်လာသည်နှင့်အမျှ လူအများမှာ ကိုယ်တိုင်စီစဉ်သည့် ခရီးစဉ်များကို ပိုမို နှစ်သက်သဘောကျလာသောကြောင့် Grab မှ အသုံးပြုသူများအား ဟိုတယ် ဘွတ်ကင် အလွယ်တကူ ပြုလုပ်နိုင်ရန် Agoda နှင့် Booking.com တို့အား အက်ပလီကေးရှင်းအတွင်း ဂုဏ်ယူဝမ်းမြောက်စွာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါသည်။

“Agoda က နည်းပညာကို သုံးပြီး ခရီးသွားလာတာတွေ ပိုမိုလွယ်ကူစေလာဖို့အတွက် နည်းလမ်းတွေ အမြဲလေ့လာရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုတွေ အရှိအဟုန်ကောင်းကောင်းနဲ့ ဖြစ်ပေါ်လာခဲ့ပြီး အထူးသဖြင့် ခရီးသွားနယ်ပယ်  မှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ထင်ထင်ရှားရှား ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက Grab အသုံးပြုသူတွေအနေနဲ့ Grab အက်ပလီကေးရှင်းကတစ်ဆင့် Agoda ပလက်ဖောင်းပေါ်က ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ ဟိုတယ်တွေကို အဆင်ပြေပြေနဲ့ ဘွက်ကင်တင်နိုင်မယ့် အခွင့်အလမ်းကိုလည်း တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်းဝင်လာကြမယ်လို့ ယုံကြည်ပါတယ်” ဟု Agoda မှ VP Strategic Partnerships & Programs ဖြစ်သူ Damien Pfirsch က ပြောကြားခဲ့သည်။

ယနေ့မှစ၍ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပုဂံမြို့ရှိ Grab အသုံးပြုသူများမှာ အက်ပလီကေးရှင်း၏ အဖွင့် စာမျက်နှာတွင် ‘Hotels’ ဝန်ဆောင်မှု ရယူနိုင်သော နေရာတစ်ခုကို တွေ့မြင်ကြရမည် ဖြစ်သည်။ အဆိုပါ နေရာကို နှိပ်လိုက်ပါက အသုံးပြုသူများအတွက် မိမိတို့၏ Agoda နှင့် Booking.com အကောင့်များသို့ ဝင်ရောက်ရန်နှင့် Grab အကောင့်မရှိသေးသူများ အကောင့်အသစ်ဖွင့်လှစ်ရန် စတင်ပြုလုပ်နိုင်ပါသည်။ ထို့နောက် Grab app မှ ထွက်ရန်မလိုဘဲ Agoda နှင့် Booking.com တို့တွင် ဖော်ပြထားသည့် ဟိုတယ်များအတွင်း ဝင်ရောက်ကြည့်ရှု့ရွေးချယ်နိုင်ပြီး တည်းခိုလိုသည့် ဟိုတယ်ကို တိုက်ရိုက်ဘွတ်ကင်ပြုလုပ်နိုင်မည် ဖြစ်သည်။ ဘွတ်ကင်ပြုလုပ်ပြီးစီးပါက မိမိရွေးချယ်လိုက်သည့် နေရာမှ အသုံးပြုသူများထံ အတည်ပြုသည့် မေးလ်တစ်စောင် ပြန်လည်ပေးပို့မည် ဖြစ်ပါသည်။

    

Grab အသုံးပြုသူများမှာ ‘Hotels’ ဘွတ်ကင်ဝန်ဆောင်မှု စတင်မိတ်ဆက်လိုက်သည့် အထိမ်းအမှတ်အဖြစ် အထူး သီးသန့် လျှော့ဈေးများကို ထပ်မံ ရယူနိုင်မည် ဖြစ်သည်။

  • Agoda – Grab ပလက်တီနမ်အဆင့် အသုံးပြုသူများမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၀၀) အသုံးပြု မှုတိုင်းအတွက်  Agoda မှတစ်ဆင့် ဟိုတယ်ဘွတ်ကင်ပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာ (၁၀) အထိ ပြန်လည်ရရှိနိုင်သည့် ဘောက်ချာများ ပေးအပ်သွားမည်ဖြစ်ပြီး ရွှေနှင့် ငွေအဆင့် အသုံးပြုသူများမှာ အမေရိကန်ဒေါ်လာ () ဒေါ်လာအထိ ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ အထူးအစီအစဉ်ကို ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာမဆို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) မတိုင်မီ တည်းခိုရန် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အတွင်း ကြိုတင်ပြုလုပ်ထားသည့် ဘွတ်ကင်များအတွက် အသုံးပြုနိုင်မည် ဖြစ်သည်။ အသုံးပြုသူတစ်ဦးလျှင် တစ်ကြိမ်သာ အထူးအစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။
  • Booking.com – Grab အသုံးပြုသူအားလုံး Booking.com အတွင်းရှိ အချို့သော ဟိုတယ်များတွင် Grab App မှတစ်ဆင့် ဘွတ်ကင်ပြုလုပ်ပါက ကုန်ကျစရိတ်၏ (၁၀%) ငွေသားပြန်အမ်းပေးမည် ဖြစ်ပါသည်။ အဆိုပါ အထူးအစီအစဉ်ကို ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာမဆို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) မတိုင်မီ တည်းခိုရန် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အတွင်း ကြိုတင်ပြုလုပ်ထားသည့် ဘွတ်ကင်များအတွက် အသုံးပြုနိုင်မည် ဖြစ်သည်။

လာမည့် လများအတွင်း ‘Hotels’ ဝန်ဆောင်မှုတွင် လုပ်ဆောင်ချက်အသစ်များနှင့် အကျိုးခံစားခွင့် အသစ်များ ပိုမိုရရှိနိုင်ရန် ထပ်မံ ထည့်သွင်းပေးသွားမည် ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် Booking Holdings နှင့် Grab တို့၏ မဟာဗျုဟာကျ ပူးပေါင်း  ဆောင်ရွက်မှုဖြင့် လိုအပ်သည့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ၎င်းတို့၏ အက်ပလီကေးရှင်းများမှတစ်ဆင့်  ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး Grab အသုံးပြုသူများသည်  Booking.com နှင့် Agoda တို့တွင်  ဖော်ပြထားသော ကမ္ဘာ့တစ်ဝန်းရှိ မည်သည့်နေရာမှ နေရာထိုင်ခင်းကိုမဆို ဘွတ်ကင်ပြုလုပ်နိုင်ပြီ ဖြစ်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းခရီးသွားလာရေး ပလက်ဖောင်းနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း O2O မိုဘိုင်းပလက်ဖောင်းတို့သည် အရှေ့တောင်အာရှနှင့် ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ ခရီးသွားများအတွက် ပိုမို ရိုးရှင်းလွယ်ကူစွာ  အသုံးပြုနိုင်ပြီး လိုအပ်သည့်  ခရီးသွားလာရေး ဆိုင်ရာ လိုအပ်ချက်များအား နည်းပညာဖြင့်  ဝန်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် Grab ကို အရှေ့တောင်အာရှဒေသအတွင်းရှိ ထိပ်တန်း online-to-offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုအဖြစ် အသိအမှတ်ပြုသည့်အနေဖြင့် Booking Holdings သည် Grab တွင် အမေရိကန်ဒေါ်လာ သန်း (၂၀၀) ရင်းနှီးမြုပ်နှံခဲ့သည်။

 

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter