Press Centre

Grab မှ မိဘမဲ့ကလေးများအတွက် ငွေကျပ် သိန်း ၁၅၀ ကျော်နှင့် ကျောင်းသုံးပစ္စည်းများလှူဒါန်း

ရန်ကုန်၊ မြန်မာ၊ မေလ ၃၁ ရက်နေ့၊ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေး စနစ် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab မှ ယနေ့ကျင်းပသည့် လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့ ကျောင်းသုံးပစ္စည်းများအပါအဝင် စုစုပေါင်း အလှူငွေကျပ် ၁၅,၇၅၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁,၆၁၆ ခန့်) ကို ပေးအပ်လှူဒါန်းခဲ့သည်။ လှူဒါန်းငွေများတွင် Grab မှ ငွေကျပ် ၆,၇၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့်) ဖြင့် စတင် မတည်ပေးခဲ့ပြီး Grab ခရီးသည်များက ၈,၉၇၂,၀၀၀ […]

ရန်ကုန်၊ မြန်မာ၊ မေလ ၃၁ ရက်နေ့၊ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေး စနစ် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Grab မှ ယနေ့ကျင်းပသည့် လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့ ကျောင်းသုံးပစ္စည်းများအပါအဝင် စုစုပေါင်း အလှူငွေကျပ် ၁၅,၇၅၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁,၆၁၆ ခန့်) ကို ပေးအပ်လှူဒါန်းခဲ့သည်။ လှူဒါန်းငွေများတွင် Grab မှ ငွေကျပ် ၆,၇၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့်) ဖြင့် စတင် မတည်ပေးခဲ့ပြီး Grab ခရီးသည်များက ၈,၉၇၂,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၆၁၆ ခန့်) အား ၎င်းတို့၏ GrabRewards ပွိုင့်များကို Grab မှတစ်ဆင့် ငွေသားအဖြစ် ပြောင်းလဲကာ ပါဝင်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ခင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဌာနမှ ဦးစီးလျက်ရှိသော မိဘမဲ့ကလေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် Grab မှ ရန်ပုံငွေ ရှာဖွေပေးသည့် အစီအစဉ်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့အထိ Grab အက်ပလီကေးရှင်း အတွင်းရှိ GrabRewards ကတ်တလောက်တွင် ထည့်သွင်းပြုလုပ်ခဲ့ပြီး အဆိုပါ လှူဒါန်းမှုတွင် Grab ခရီးသည်များမှလည်း ၎င်းတို့၏ GrabRewards ပွိုင့်များ အသုံးပြု၍ ပါဝင်ကုသိုလ်ပြုနိုင်ရန် အသိပေး ဖိတ်ခေါ်ခဲ့ပါသည်။ GrabRewards ပွိုင့်ဆိုသည်မှာ ရန်ကုန်မြို့တွင် ခရီးသည်တစ်ဦးမှ GrabTaxi ငှားရမ်းစီးနင်းလိုက်တိုင်း ရရှိသော ပွိုင့်များဖြစ်ပါသည်။ အဆိုပါ ရန်ပုံငွေ အစီအစဉ်တွင် Grab အသုံးပြုသူ ခရီးသည်များမှ လိုအပ်နေသူများအတွက်  ကူညီထောက်ပံ့လိုသော စိတ်ထားများဖြင့် တက်ညီလက်ညီ ပါဝင်လှူဒါန်းခဲ့ကြပြီး လက်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနတွင် ခိုလှုံလျက်ရှိသော အသက် ၁၀ နှစ်အောက် မိဘမဲ့ ကလေးငယ်ပေါင်း ၉၂ ဦးအတွက် အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

Grab Myanmar ၏ ယာယီ Country Head ဖြစ်သူ Alvin Loh မှ “Grab က မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာအောင် ကူညီထောက်ပံ့ပေးရုံသာမက ကျွန်တော်တို့ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ နေထိုင်မှုဘဝ တိုးတက်မြင့်မားလာစေဖို့အတွက်ပါ ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းပေါင်း မျိုးစုံကိုလည်း ပြန်လည်အကျိုးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အခုလို အချိန်တိုလေးအတွင်းမှာ  ရွှေဂုံတိုင် ကလေးပြုစုရေးဌာနက ကလေးငယ်တွေကို လှူဒါန်းဖို့အတွက် မထင်မှတ်ထားလောက်တဲ့ အလှူငွေတန်ဖိုးရရှိအောင် ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး လှူဒါန်းကြတဲ့ Grab ခရီးသည်တွေအတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီလို ပရဟိတ လှုပ်ရှားမှုတွေကနေ လူ့အဖွဲ့အစည်းရဲ့ ညီညွတ်မှုအင်အားကို ပြသနိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ မိတ်ဖက်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကလည်း အခုလို အခြားသူတွေရဲ့ဘဝကို ပိုပြီးကောင်းမွန်လာအောင် လုပ်ပေးတဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြရလို့ အရမ်းပဲ ဝမ်းသာကြည်နူးမိကြမှာပါ။  ငွေသားအလှူအပြင် Grab က မိဘမဲ့ ကျောင်းသားကလေးတွေ လာမယ့်စာသင်နှစ်မှာ အသုံးပြုဖို့အတွက်  ကျောင်းသုံးပစ္စည်းတွေလည်း လှူဒါန်းခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ယနေ့ မနက်ခင်းတွင် ကျင်းပခဲ့သော အခမ်းအနား၌ Alvin Loh နှင့် ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှ တာဝန်ရှိသူ ဒေါ်ခင်ယုဒါရီ တို့မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ Grab အဖွဲ့သားများက လှူဒါန်းငွေ ပမာဏကို ကြေညာခဲ့ပြီးနောက် မိဘမဲ့ ကလေးငယ်များအတွက် ကျောင်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး ၎င်းတို့နှင့်အတူ  နေ့လယ်စာ စားရင်း အတူတကွ အချိန်ကုန်ဆုံးခဲ့သည်။

“Grab Myanmar နဲ့ Grab ခရီးသည်တွေရဲ့ ဒီနေ့ လှူဒါန်းမှုကုသိုလ်အတွက် တကယ့်ကို ပီတိဖြစ်ရပါတယ်။ ကျွန်မတို့ရဲ့ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှာ အသက် ငါးနှစ်ကနေ ဆယ်နှစ်အရွယ်ရှိတဲ့ ကလေးငယ်တွေကို အခြေခံ မူလတန်းအထိ သင်ကြားပေးပြီး သူတို့လေးတွေ နေထိုင်စားသောက်ဖို့၊ လိမ္မာရေးခြားရှိအောင် သင်ကြားပြသပေးဖို့အထိ ကူညီပေးနေပါတယ်။ Grab က လှူဒါန်းတဲ့ အလှူငွေနဲ့ ကျောင်းသုံးပစ္စည်းတွေကို ကျွန်မတို့ ကလေးတွေအတွက်  ပျော်ရွှင်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ အကျိုးရှိရှိ အသုံးပြုသွားမှာပါ” ဟု ဒေါ်ခင်ယုဒါရီ ကပြောသည်။

အကြီးတန်း မန်နေဂျာ တစ်ဦးနှင့် Grab ပလက်တီနမ် အဆင့် အသင်းဝင်တစ်ဦးဖြစ်ပြီး အလှူတွင် ပါဝင်ခဲ့သည့် မခိုင်ယမုံ က “Grab အက်ပလီကေးရှင်းထဲမှာ တစ်ချက်၊ နှစ်ချက် နှိပ်လိုက်ရုံနဲ့ Grab ရဲ့ ပရဟိတ ရန်ပုံငွေပွဲမှာ လှူလို့ရတဲ့အတွက် ကျွန်မတို့လို ခရီးသည်တွေအတွက် လှူရတာ အရမ်းပဲ အဆင်ပြေလွယ်ကူပါတယ်။ ဒီနေ့ အလှူကို Grab ခရီးသည်တွေ ကိုယ်စား တက်ရောက်ပေးဖို့ Grab ကနေ ဖိတ်ကြားပေးတဲ့အတွက်လည်း ဝမ်းသာမိပါတယ်ရှင်။ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနက သားငယ်၊ သမီးငယ်တွေလည်း ကလေးဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပြီး အနာဂတ်မှာ  အောင်မြင်သူတွေ  ဖြစ်လာနိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

Grab မှ ခရီးသည်များအား ပွိုင့်များဖြင့် လဲလှယ်အသုံးပြုနိုင်မည့် အထူးဈေးနှုန်းများနှင့် အကျိုးခံစားခွင့်များအပြင် အလှူအတန်းများ ပြုလုပ်ရန်အတွက် ရန်ပုံငွေ ရှာဖွေသည့် အစီအစဉ်များကိုလည်း အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Grab အက်ပလီကေးရှင်းတွင်ပါရှိသော GrabRewards ကတ်တလောက်ကို ပုံမှန်စစ်ဆေးစေရန် တိုက်တွန်းလိုပါသည်။ ယခု လက်ရှိတွင် Grab ခရီးသည်များ အနေဖြင့် မိမိတို့ ရရှိထားသော GrabRewards ပွိုင့်များကို သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် နေရာဒေသများအပါအဝင် လိုအပ်နေသောအဖွဲ့အစည်းများအတွက် ရန်ပုံငွေများ တိုးမြှင့်ရရှိစေရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့အစည်းနှင့် လခြမ်းနီ အသင်း IFRC သို့ အလှူငွေအဖြစ် ပြောင်းလဲလှူဒါန်း နိုင်ပါသည်။ မြန်မာနိုင်ငံရှိ Grab အသုံးပြုသူများမှာ မြန်မာငွေ ကျပ် ၅၀၀ မှ စတင်လှူဒါန်းနိုင်ပြီး ယင်းသည် GrabRewards ၂၃၀ ပွိုင့်နှင့် ညီမျှသည်။GrabRewards အစီအစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက https://www.grab.com/mm/hello_grabrewards/ တွင်လည်းကောင်း၊ Grab Myanmar နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါကhttp://www.grab.com သို့မဟုတ် www.facebook.com/GrabMM တွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter

Grab က ၂၀၂၀ အတွင်း GrabFood နှင့် GrabMart ပေါ်ရှိ စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား ရွေးချယ်ဆုပေးအပ်

Grab က ၂၀၂၀ အတွင်း GrabFood နှင့် GrabMart ပေါ်ရှိ  စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား  ရွေးချယ်ဆုပေးအပ် ရန်ကုန်၊ မြန်မာ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ […]

Grab သည် ကိုဗစ်-၁၉ ကပ်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေး တိုးမြှင့်လုပ်ဆောင်ပြီး SMEs နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များအတွက် ပံ့ပိုးပေးလျက်ရှိ

●    မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်နှင့်အညီ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း Grab က မိတ်ဖက်အရောင်းဆိုင်များ ရှင်သန်ရပ်တည်ရေးအတွက် ပံ့ပိုးကူညီလျက်ရှိ ●      ၂၀၂၀ ခုနှစ် မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ၏ နေ့စဉ် ပျှမ်းမျှ အော်ဒါအရေအတွက် (၄၇၀%) နီးပါး မြင့်တက်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ပလက်ဖောင်းကို အသုံးပြုသည့် မိတ်ဖက်အရောင်းဆိုင် အရေအတွက် (၈၀%) အထိ တိုးတက်လာခဲ့သည်။ ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ – အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ခဲ့သည့် ကိန်းဂဏန်း အချက်အလက်များကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း ရရှိခဲ့သော ရလဒ်များမှာ ယခုကဲ့သို့ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ကပ်ရောဂါကာလအတွင်း မိုဘိုင်းနည်းပညာကုမ္ပဏီတစ်ခုမှ ၎င်း၏ပလက်ဖောင်းမှတစ်ဆင့် customer များအား ဝန်ဆောင်မှုပေးအပ်နိုင်ရန် ကြိုးပမ်းခဲ့ပုံများနှင့် ပြည်တွင်းရှိ မိတ်ဖက်အရောင်းဆိုင်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးအပ်ခဲ့ပုံများကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားတွင် ခရီးသွားလာခြင်းကို တားမြစ်ထားပြီး မိမိတို့ နေအိမ်တွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားခြင်းကြောင့် စားသုံးသူများအတွက် GrabFood ကို အသုံးပြုပြီး အစားအသောက်များ မှာယူနိုင်ရန်နှင့် GrabMart အသုံးပြုပြီး နေ့စဉ် မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် လုခြုံစိတ်ချစွာဖြင့် အလွယ်တကူ အသုံးပြုနိုင်သော ပလက်ဖောင်းတစ်ခုကို Grab က ပံ့ပိုးလည်ပတ်လျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကြောင့် သက်ရောက်မှု ရှိခဲ့သည့် လုပ်ငန်းရှင်များ၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက် ရှိပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း Grab ၏ ဝန်ဆောင်မှု အမျိုးအစား အားလုံးတွင် သန်းနှင့်ချီသော မှာယူအသုံးပြုမှုများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အရေအတွက်မှာ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသုံးသူများ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုမှုကြောင့် တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် Grab အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ အစပြု၍ အသုံးပြုမှုနှုန်း သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ကြောင်း ထင်ဟပ်စေပါသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ခုနှစ်တွင် Grab အက်ပလီကေးရှင်းအတွင်း ပြုလုပ်ခဲ့သည့် လစဉ်  မှာယူအသုံးပြုမှု အရေအတွက်မှာ (၂၅%) အထိ တိုးတက်လာခဲ့ပါသည်။ “Grab ကနေ ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ တိုးပွားလာတဲ့ customer တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပေးအပ်နေခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ GrabFood နဲ့ GrabMart ဝန်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့နိုင်ဖို့အတွက် ကျွန်မတို့မှာ ရှိထားပြီးသား နည်းပညာ၊ ကြီးမားကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်နဲ့ စနစ်ကျတဲ့ လုပ်ငန်းလည်ပတ်မှုပုံစံတွေကို အသုံးချခဲ့ပြီးတော့ လစဉ် ပုံမှန်အသုံးပြုသူအရေအတွက်က တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏန်း နှစ်နေရာစာ တိုးပွားလာနေပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် စားသုံးသူ အများစုအနေနဲ့ အပြင်မှာဖွင့်ထားတဲ့ဆိုင်တွေအထိ သွားဝယ်စားဖို့ အဆင်မပြေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ မိတ်ဖက်အရောင်းဆိုင်တွေအတွက် ဒစ်ဂျစ်တယ်စနစ်ကနေ ဝင်ငွေလမ်းကြောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သူတို့ ရှင်သန်ရပ်တည်နိုင်ရေးမှာ တစ်ဖက်တစ်လမ်းက ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။ GrabFood က စားသောက်ကုန်လုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ဝန်ဆောင်မှု၏ နေ့စဉ် အော်ဒါမှာယူမှု ပမာဏမှာ (၄၇၀%)နီးပါး အထိ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် customers များကို ဝန်ဆောင်မှုပေးရန် ပလက်ဖောင်း အသုံးပြုထားသည့် GrabFood မိတ်ဖက်စားသောက်ဆိုင် အရေအတွက် (၈၀%) အထိ တိုးတက်လာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် GrabFood ဝန်ဆောင်မှုအား ချိတ်ဆက်အသုံးပြုနေသော လိုင်စင်ရ စားသောက်ကုန်လုပ်ငန်း စုစုပေါင်း (၁,၅၀၀) ကျော်အထိ ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး မြို့ကြီး (၂) မြို့ရှိ စားသုံးသူ အများအပြားမှာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ပြောင်းလဲအသုံးပြုလာကြပြီး ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလ အတွင်း လစဉ် GrabFood အသုံးပြုသူ စုစုပေါင်း၏ (၇၅%) မှာ ဝန်ဆောင်မှုကို ပထမဦးဆုံးအကြိမ် အသုံးပြုသူများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်လာရန်ဆိုသည့် Grab ၏ မျှော်မှန်းချက်အတွက် ရရှိခဲ့သော အောင်မြင်မှုတစ်ခုမှာ Grab အား သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် customers များ၏ (၅၂%) သည် ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း လစဉ် GrabFood ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လက်လီအရောင်းဆိုင်များအတွက် အရေးပါသော ပံ့ပိုးမှုများ ပေးအပ်ခဲ့သည့် GrabMart GrabMart သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စားသုံးသူများအတွက် နေ့စဉ်မရှိမဖြစ် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ရန် စတင်ဝန်ဆောင်မှုပေးခဲ့ပါသည်။ ယခုအခါ ရန်ကုန်မြို့ရှိ အရောင်းဆိုင် (၂၀၀) ကျော်မှ လူသုံးကုန်ပစ္စည်းများ၊ အသင့်စား စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပရေးရာ အသုံးအဆောင်ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ စသည့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်း အမျိုးအစားပေါင်း များစွာကို GrabMart တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabMart ၏ နေ့စဉ် ပျှမ်းမျှအော်ဒါ ပမာဏမှာ (၂၇) ဆ အထိ မြင့်တက်လာခဲ့ပြီး အဆိုပါ ပမာဏအတွင်း GrabMart ဈေးဝယ်ယူသူ အသစ်များထံမှ အော်ဒါများမှာ (၇၀%) ပါရှိသောကြောင့် ဝန်ဆောင်မှုအသစ်အား သိသိသာသာ ရယူအသုံးပြုလျက်ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။ […]

မြန်မာနိုင်ငံတွင် GrabFood ဝန်ဆောင်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်နှင့်အတူစားသောက်ကုန်လုပ်ငန်းများကိုအကျိုးဖြစ်ထွန်းစေပြီးလူမှုဘဝများ တိုးတက်ကောင်းမွန်စေမည်ဟူသော ကတိကဝတ်ကို ထပ်မံအတည်ပြု

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ – လွန်ခဲ့သည့် တစ်နှစ်က အရှေ့တောင်အာရှ၏ ထိပ်တန်း everyday everything app တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် မိမိတို့နှစ်သက်ရာ စားသောက်ဖွယ်ရာများကို ရှေ့အရောက် ပို့ဆောင်ပေးနိုင်ရန် GrabFood ဝန်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့ပါသည်။ […]