Press Centre

စီးသူအကြိမ်ရေပေါင်း ၁ ဘီလီယံပြည့်မြောက်ခဲ့သည့် Grab

စင်ကာပူ၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab က အရှေ့တောင်အာရှနိုင်ငံတစ်ဝန်း Grab ငှားရမ်းစီးနင်းကြိမ်ပေါင်း ၁ ဘီလီယံ ပြည့်မြောက်သွားခဲ့ပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေငြာလိုက်ပါသည်။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် Grab စီးနင်းကြိမ်ပေါင်း ၁ ဘီလီယံ ပြည့်မြောက်သွားခဲ့ပြီး အဆိုပါ ၁ ဘီလီယံ ပြည့်မြောက်သွားခဲ့သည့် နောက်ဆုံး ၁ စက္ကန့် အချိန်အတွင်း […]

စင်ကာပူ၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ရက် – အရှေ့တောင်အာရှ၏ ထိပ်တန်း သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Grab က အရှေ့တောင်အာရှနိုင်ငံတစ်ဝန်း Grab ငှားရမ်းစီးနင်းကြိမ်ပေါင်း ၁ ဘီလီယံ ပြည့်မြောက်သွားခဲ့ပြီဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေငြာလိုက်ပါသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် Grab စီးနင်းကြိမ်ပေါင်း ၁ ဘီလီယံ ပြည့်မြောက်သွားခဲ့ပြီး အဆိုပါ ၁ ဘီလီယံ ပြည့်မြောက်သွားခဲ့သည့် နောက်ဆုံး ၁ စက္ကန့် အချိန်အတွင်း စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာ စသည့် အရှေ့တောင်အာရှ ၇ နိုင်ငံတွင် Grab ငှားရမ်းစီးနင်းမှုအကြိမ်ရေ ၆၆ ကြိမ်ရှိခဲ့ပါသည်။

ငှားရမ်းစီးနင်းမှုအကြိမ်ရေ တိုးတက်မှုမှာ ယခုနှစ်အတွင်း လျှင်မြန်စွာ အရှိန်မြင့်တက်သွားခဲ့သည်။ ယခုကဲ့သို့ စီးနင်းမှုကြိမ်ရေ လျှင်မြန်စွာတိုးတက်လာခြင်းကို ကြည့်ခြင်းအားဖြင့် အရှေ့တောင်အာရှတွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် ကြီးမားသော အခွင့်အလမ်းများစွာ ကျန်ရှိနေကြောင်းနှင့် Grab ၏ ဒေသခံများအပေါ် တက်ကြွစွာ ချဉ်းကပ်သည့်ပုံစံများ အပါအဝင် ၎င်း၏ ကမ္ဘာ့အဆင့်မီ နည်းပညာများဖြင့် ဖွဲ့စည်းထားသော လုပ်ငန်းပုံစံကြောင့် ယခုကဲ့သို့ Grab အသုံးပြုသူများ၏ ငှားရမ်းမှုနှုန်းကို ပြည့်မီအောင် ဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိနိုင်ပါသည်။

Grab ၏ Co-Founder နှင့် CEO ဖြစ်သူ Anthony Tan က “ဒီရလဒ်ဟာ ကျွန်တော်တို့ Grab လုပ်ငန်းတွေရဲ့ အင်အားကိုပြသနိုင်မယ့် အကောင်းဆုံးသက်သေဖြစ်သလို အခုလို အချိန်တိုအတွင်းမှာ သိသိသာသာ တိုးတက်လာတာဟာ ကျွန်တော်တို့ဝန်ထမ်းတွေက ဝန်ဆောင်မှုကောင်းကောင်းရအောင် အမြဲ ပေးအပ်နိုင်ခဲ့တာကြောင့်တင်မကပါဘူး။ ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေကို အသုံးချပြီး လူနေမှုဘဝတွေကို ပြောင်းလဲပေးနိုင်ခဲ့တာတွေ၊ ဒေသတွင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တာတွေ၊ စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်ကြံဆပြီး လုပ်ငန်းတိုးတက်အောင် လုပ်ဆောင်ခဲ့တာတွေရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဒီလိုကြီးမားလှတဲ့ အောင်မြင်တိုးတက်မှုကြီးကို  ပြည့်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အရည်အချင်းပြည့်ဝတဲ့ Grab အဖွဲ့သားတွေနဲ့အတူ မိတ်ဖက်အငှားယာဉ်မောင်းတွေ၊ ခရီးသည်တွေ၊ မိတ်ဖက်လုပ်ငန်းတွေနဲ့ ရင်နှီးမြုပ်နှံသူတွေအပါအဝင် အားလုံးရဲ့ အားပေးထောက်ပံ့မှုတွေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

“နောက်ထပ် ငှားရမ်းစီးနင်းကြိမ်ရေပေါင်း ၁ ဘီလီယံရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ အခုထက်ပိုပြီး သေသေချာချာ ကြိုးပမ်းသွားပါမယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို အကောင်းဆုံး သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့လည်း မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိုဘိုင်းငွေပေးချေမှုစနစ်ရဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်းအဖြစ် GrabPay နဲ့ အရှေ့တောင်အာရှမှာရှိတဲ့လူတိုင်း သယ်ယူပို့ဆောင်ရေးအတွက်တင်မကပဲ ငွေကြေးဝန်ဆောင်မှုတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို လက်လှမ်းမီနိုင်အောင် ဆောင်ရွက်သွားမှာပါ။ မကြာခင်အချိန်မှာပဲ ကျွန်တော်တို့ရဲ့ GrabPay ဝန်ဆောင်မှုအကြိမ်ရေ ၁ ဘီလီယံ ပြည့်မြောက်အောင် ဆောင်ရွက်သွားပါမယ်”

ယခုကဲ့သို့ ငှားရမ်းစီးနင်းမှုကြိမ်ရေပေါင်း ၁ ဘီလီယံ ပြည့်မြောက်အောင် Grab က ၎င်း၏ လေ့လာဆန်းသစ်ရေးစင်တာ (R&D) နှင့် နည်းပညာ အသုံးချနိုင်စွမ်းများကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ထားပြီး သိသိသာသာ တိုးပွားလာသော မိတ်ဖက်အငှားယာဉ်မောင်းများနှင့် ခရီးသည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လုပ်ကိုင်လျှက်ရှိပါသည်။ မကြာသေးမီက Grab ၏ Chief Technology Officer အဖြစ် Theo Vassilakis ကို ခန့်အပ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီး ယခုနှစ်အစောပိုင်းတွင်လည်း Grab က ၎င်း၏ လေ့လာဆန်းသစ်မှုစင်တာ ၃ ခုမှ ၆ ခုအဖြစ် နှစ်ဆတိုးမြှင့်ကာ အိန္ဒိယနိုင်ငံ ဘင်္ဂလား၊ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် စင်တာအသစ်များ ထပ်မံဖွင့်လှစ်ခဲ့သည်။

ယခုအခါ Grab သည် ကိုယ်ပိုင်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် အငှားကားဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံပေါင်း ၇ နိုင်ငံရှိ မြို့ပေါင်း ၁၄၂ မြို့တွင် လုပ်ကိုင်လျက်ရှိပြီး အရှေ့တောင်အာရှတွင် ခရီးသည် ၃ ဦးလျှင် တစ်ဦးမှာ Grab မှ ဝန်ဆောင်မှုအမျိုးမျိုးကို အသုံးပြုလျှက်ရှိပါသည်။ Grab သည် မိတ်ဖက် Taxi ယာဉ်မောင်းများဖြင့် အငှားယာဉ်ဝန်ဆောင်မှု ဈေးကွက်ဝေစု ၉၅% နှင့် ကိုယ်ပိုင်ယာဉ်များဖြင့် အငှားယာဉ်ဝန်ဆောင်မှု ဈေးကွက်ဝေစု ၇၂% ရရှိထားပြီး အရှေ့တောင်အာရှတွင် အငှားယာဉ်ဈေးကွက်တွင် ဒေသတွင်းပျမ်းမျှ တစ်နာရီလုပ်အားခထက် ၅၅% ပိုမိုရှာဖွေနိုင်သည့် မိတ်ဖက်အငှားယာဉ်မောင်းပေါင်း ၂.၀ သန်းကျော်ဖြင့် အကြီးမားဆုံး အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် ရပ်တည်လျက်ရှိပါသည်။ Grab သည် နေ့စဉ်ငှားရမ်းစီးနင်းမှုပေါင်း ၃.၅ သန်းကျော်ဖြင့် ဒေသတွင်း မကြာခဏ အသုံးပြုလေ့ရှိသော မိုဘိုင်းအငှားယာဉ်ဝန်ဆောင်မှုများအတွင်း တစ်ခုအပါအဝင်ဖြစ်ပြီး မိုဘိုင်းဖုန်းများအတွင်း Grab အက်ပလီကေးရှင်း ဒေါင်းလုဒ်ဆွဲသူပေါင်း ၆၈ သန်းကျော် ရှိနေပြီဖြစ်ပါသည်။ ကမ္ဘာ့ဈေးကွက်သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် TNS မှ ထုတ်ပြန်ချက်အရ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများတွင် အသုံးပြုလျက်ရှိသော အငှားယာဉ်ဝန်ဆောင်မှုနှင့် တက္ကစီဝန်ဆောင်မှု အက်ပလီကေးရှင်းများအတွင်း Grab ကို အများဆုံးအသုံးပြုကြကြောင်း တွေ့ရှိရပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter