Grab Myanmar မှ Covid-19 ကြောင့် မိတ်ဖက်ယာဉ်မောင်းများနှင့် အစားအသောက်ပို့ဆောင်သူများ ထိခိုက်ဆုံးရှုံးမှုရှိပါက ထောက်ပံ့ကူညီသွားမည်​

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၇ ရက် – မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အညီ Grab က မိတ်ဖက်ယာဉ် မောင်းများ နှင့် မိတ်ဖက် အစားအသောက်ပို့ဆောင်သူများ၏ အသက်မွေးဝမ်းကျောင်းအလုပ်များ ဆက်လက်လုပ်ကိုင်နိုင်စေရန်နှင့် ယခုအချိန်တွင် ရောင်းအားကျဆင်းပြီး ဝင်ငွေအမြတ်အစွန်းရရှိရန် GrabFood ကဲ့သို့သော အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းများကို ပိုမိုမှီခိုအားထားလာရသည့် မိတ်ဖက် စားသောက်ဆိုင်ပိုင်ရှင်များကို ကူညီပံ့ပိုးသည့် အနေဖြင့် Grab ၏ သယ်ယူပို့ဆောင်ရေးနှင့် အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဆက်လက် ပေးအပ်သွားမည် ဖြစ်သည်။

Grab မိတ်ဖက်အကူအညီ ရန်ပုံငွေ

Grab အနေဖြင့် မိတ်ဖက်ယာဉ်မောင်းများနှင့် မိတ်ဖက်အစားအသောက်ပို့ဆောင်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးသည် အရေးအကြီးဆုံး ဦးစားပေးကဏ္ဍဖြစ်သည်ဟု ခံယူထားသည့်အလျောက် Grab မိတ်ဖက်အကူအညီ ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ (၂၀,၀၀၀) မ,တည် ပံ့ပိုးသွားမည် ဖြစ်ပါသည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မည်သည့် မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက် အစားအသောက်ပို့ဆောင်သူ မဆို COVID-19 ရောဂါ ကူးစက်ခံရပါက (သို့မဟုတ်) ကျန်းမာရေး တာဝန်ရှိသူများမှ ၎င်းတို့ သတ်မှတ်ထား သည့် နေရာအဆောက်အဦတစ်ခုခုတွင် အသွားအလာကန့်သတ် စောင့်ကြည့်ရန် တရားဝင် ညွှန်ကြားခံရပါက ဆေးကုသမှု ခံယူနေစဉ် (သို့မဟုတ်) ကန့်သတ်စောင့်ကြည့်နေစဉ် ကာလတွင် နစ်နာဆုံးရှုံးရမည့် နေ့စဉ် ဝင်ငွေကို ကာမိစေပြီး မိသားစုများကို ဆက်လက်ပံ့ပိုးနိုင်ရန် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) ထောက်ပံ့ပေးအပ်မည် ဖြစ်ပါသည်။

 Grab ပလက်ဖောင်းပေါ်တွင် နေ့စဉ်ပုံမှန် ဝန်ဆောင်မှုပေးနေသည့် GrabFood မိတ်ဖက်အစား အသောက်ပို့ဆောင်သူများနှင့် Grab ပလက်ဖောင်းပေါ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း (သို့) မတိုင်မီက စတင်လက်တွဲလုပ်ကိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ခရီးစဉ်အကြောင်းရေ (၁၀၀) ပြီးမြောက်အောင် ပို့ဆောင်ပေးခဲ့သည့် မိတ်ဖက်ယာဉ်မောင်းများသည် Grab မိတ်ဖက်အကူအညီ ရန်ပုံငွေမှ ပေးအပ်သည့် ငွေကြေး အထောက်အပံ့ကို ရရှိခံစားနိုင်ကြမည် ဖြစ်ပါသည်။ Grab Myanmar မှ ပေးအပ်သည့် ငွေကြေးအထောက်အပံ့ ရယူ ခံစားနိုင်ရန် မိတ်ဖက်ယာဉ်မောင်းများနှင့် မိတ်ဖက် အစားအသောက်ပို့ဆောင်သူများမှာ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန (MOHS) မှ အတည်ပြု ထားသည့် COVID-19 ကူးစက်ခံထားရကြောင်း ဆေးစစ်ချက် အဖြေ (သို့) MOHS မှ သတ်မှတ်ထားသည့် နေရာအဆောက်အဦးတစ်ခုခုတွင် ၁၄ ရက် အသွားအလာကန့်သတ် စောင့်ကြည့်ရန် မဖြစ်မနေ လိုအပ်ကြောင်း ညွှန်ကြားချက်တို့ကို တင်ပြရမည် ဖြစ်ပါသည်။

 မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များ၏ သွားလာထိတွေ့မှုလမ်းကြောင်း ခြေရာခံစစ်ဆေးခြင်း

Grab Myanmar သည် တစ်စုံတစ်ဦး၏ သွားလာထိတွေ့ခဲ့သည့် လမ်းကြောင်းကို ခြေရာခံ စစ်ဆေးနိုင်ရန် လိုအပ်လာပါက ဒေသခံ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ကူညီရန် အသင့်ရှိပါသည်။ Grab မှ ဖန်တီးထားသော dashboard ဖြင့် အချိန်အတိုင်းအတာတစ်ခုအတွင်း မိတ်ဖက်ယာဉ်မောင်းတစ်ဦးမှ ပို့ဆောင်ပေးခဲ့သော ခရီးသည်များ၊ ခရီးသည် တစ်ဦးအား ပို့ဆောင်ပေးခဲ့သည့် မိတ်ဖက်ယာဉ်မောင်းများ စသည်ဖြင့် ခရီးသည်နှင့် ယာဉ်မောင်းများ၏ သွားလာ ထိတွေ့မှုကို လျင်မြန်စွာ ဖော်ထုတ်ပေးနိုင်မည် ဖြစ်သည်။ ထို့သို့ ခြေရာခံစစ်ဆေးမှု တစ်ခုသည် အချိန် (၅) မိနစ်ထက် မပိုဘဲ လိုအပ်ပါက ခြေရာခံစစ်ဆေးနိုင်သည့် စွမ်းရည်ကို ထပ်မံ တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

COVID-19 ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို တားဆီးနိုင်ရန် တိုးမြှင့်ဆောင်ရွက်ခဲ့သည့် ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုများ

Grab ၏ နေ့စဉ် ပိုမို ဘေးကင်းလုံခြုံရေး (Safer Everyday) ကတိကဝတ်အရ မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေရှိသည့် COVID-19 ဆိုင်ရာအခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်မှုများ စတင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်နှင့် မန္တလေးမြို့ရှိ မိတ်ဖက်ယာဉ်မောင်းများအတွက် ကျန်းမာရေးနှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည် ထောင်ပေါင်းများစွာကို စတင် ဖြန့်ဝေပေးခဲ့ပြီး အသုံးပြုနည်းများကို မျှဝေပေးခဲ့သည်။ 

Grab Myanmar အနေဖြင့် အောက်ပါ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ဆောင်မှုအသစ်များကိုလည်း စတင်ခဲ့သည်။

  •  Grab ယာဉ်မောင်းစင်တာများတွင် အကြံပြုချက်များ မျှဝေခြင်း – Grab မှ မိတ်ဖက်ယာဉ်မောင်းများအတွက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် သန့်ရှင်းရေးနှင့် ဘေးကင်းလုံခြုံရေး အကြံပြုချက်များကို Grab ယာဉ်မောင်းစင်တာများတွင် လည်းကောင်း၊ နောက်ဆုံးရ လမ်းညွှန်ချက် များကို လူမှုကွန်ရက်နှင့် အက်ပလီကေးရှင်းအတွင်း အသိပေးချက်များဖြင့်လည်းကောင်း စဉ်ဆက်မပြတ် မျှဝေပေးလျက် ရှိပါသည်။ ထို့ပြင် မိတ်ဖက်ယာဉ်မောင်းနှင့် မိတ်ဖက် အစားအစာ ပို့ဆောင်သူများ အကြား နေ့စဉ် သွားလာ လုပ်ကိုင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် သန့်ရှင်းရေး အလေ့အကျင့်များကို ပိုမို သတိပြုမိစေရန် အခန်းဆက် ပညာပေးဗီဒီယိုများကို လူမှုကွန်ရက်တွင် မျှဝေပေးသွားမည် ဖြစ်ပါသည်။
  • ဖျားနာနေသည်ဟု သံသယရှိသော ခရီးသည်နှင့် ယာဉ်မောင်းများအား သတင်းပေးပို့ခြင်း -Grab အက်ပလီကေးရှင်းရှိ Help Center တွင် ထည့်သွင်းထားသည့် သတင်းပေးရန် channel အသစ်တစ်ခုမှတစ်ဆင့် ယာဉ်မောင်းဖြစ်စေ၊ ခရီးသည်ဖြစ်စေ ဖျားနာနေသည်ဟု သံသယရှိပါက Grab ၏ ၂၄ နာရီ ဝန်ဆောင်မှုပေးလျက် ရှိသော Customer Service ဌာနသို့ အချိန်မရွေး တိုင်ကြားနိုင်ပါသည်။ Grab ၏ Customer Services အဖွဲ့မှ အဆိုပါ တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးပြီး မှန်ကန်မှုရှိပါက မိတ်ဖက်ယာဉ်မောင်း (သို့)  ခရီးသည်၏ အကောင့်ကို ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် ရရှိသည်အထိ ယာယီ ဆိုင်းငံ့ထားမည် ဖြစ်ပါသည်။
  • အစားအသောက် ပို့ဆောင်သူများအတွက် စိတ်အချရဆုံး သန့်ရှင်းမှု အလေ့အကျင့်များကို လိုက်နာစေခြင်း – ရန်ကုန်မြို့တွင် နေထိုင်သူအများစုမှာ GrabFood အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုအပေါ် အားထားနေရသောကြောင့်Grab Myanmar မှ မိတ်ဖက်စားသောက်ဆိုင်များအား တတ်နိုင်သမျှ အကောင်းဆုံး သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိစေရန် အကြံပြုချက်များ မျှဝေပေးလျက် ရှိပါသည်။ ထို့အပြင် GrabFood မိတ်ဖက်ဆိုင်အမျိုးမျိုးတို့မှ စားသုံးသူများထံ ပို့ဆောင်ပေးရမည့် အစားအသောက်များကို တစ်နေရာတည်းမှ ပြင်ဆင်ပေးနိုင်မည့် GrabKitchen ဝန်ဆောင်မှုကို Grab Myanmar မှ မကြာမီ စတင်မိတ်ဆက်တော့မည်ဖြစ်ရာ အမြင့်ဆုံး အစားအစာ သန့်ရှင်းမှု စံနှုန်းများဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

Grab Myanmar မိတ်ဖက်ယာဉ်မောင်းများနှင့် မိတ်ဖက် အစားအသောက်ပို့ဆောင်သူများအားလုံးကို နိုးနိုး ကြားကြား သတိရှိကြရန်၊ သတိပေးချက်များကို လိုက်နာကြရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးပေး ဂရုစိုက်ရန် စဉ်ဆက်မပြတ် အသိပေးလျက်ရှိပါသည်။ မိတ်ဖက်ယာဉ်မောင်းများနှင့် မိတ်ဖက် ပို့ဆောင်ရေးဝန်ထမ်းများကို ခရီးသည် ပို့ဆောင်နေချိန်၊ အစားအသောက် အော်ဒါများ ပို့ဆောင်နေချိန်တွင် ကျန်းမာရေးနှာခေါင်းစည်းများ ဝတ်ဆင်ထားကြရန် အသိပေးမှာကြားမှုများ ပြုလုပ်လျက် ရှိပါသည်။ ထို့အပြင် မိမိတို့ ကိုယ်လက်မအီမသာ ခံစားရသည်ဖြစ်စေ၊ ဖျားနာနေသူတစ်ဦးတွင် သံသယဖြစ်ဖွယ် လက္ခဏာများ တွေ့ရှိရသည်ဖြစ်စေ ဆေးကုသမှုခံယူပြီး သက်ဆိုင်ရာအဖွဲ့များထံ အသိပေးကြရန် မှာကြားထားပြီး ဖြစ်ပါသည်။

တစ်စုံတစ်ခု အကူအညီလိုအပ်ပါက Grab အသုံးပြုသူများအနေဖြင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ဝန်ဆောင်မှုပေး နေသည့် Customer Service ဖုန်းနံပါတ် – ၀၉ ၉၇ ၇၀၈ ၃၃၃၀ သို့ ခေါ်ဆိုအကြောင်းကြားနိုင်ပါသည်။ Grab Myanmar အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက www.grab.com  သို့မဟုတ် www.facebook.com/GrabMM တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။