Press Centre

Grab က ခရီးသည်များအတွက် အမှတ်တရဖြစ်စေမည့် Marvel Studio ၏ Avengers: Endgame ရုပ်ရှင်အထူးပွဲကို မင်္ဂလာရုပ်ရှင်ရုံတွင် စီစဉ်ပြသပေးခဲ့

 ရန်ကုန်၊ မြန်မာ၊ ဧပြီလ၊ ၂၈ ရက်၊ ၂၀၁၉ ခုနှစ် – ယခုနှစ်အတွင်း စိတ်ဝင်စားမှုအခံရဆုံး ရုပ်ရှင်ဇာတ်ကားများ အတွင်း တစ်ကားအပါအဝင်ဖြစ်သည့် Marvel Studio ၏ Avengers: Endgame ရုပ်ရှင်အား အထူးသီးသန့် ပွဲစဉ်တစ်ခုဖြင့် ကြည့်ရှုခံစားနိုင်ရန် စီစဉ်ပြသပေးခဲ့သောကြောင့် ယနေ့သည် Grab ခရီးသည်ပေါင်း (၃၀၀) ဦး နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအတွက် အမှတ်တရဖြစ်စေမည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ အရှေ့တောင်အာရှ၏ ထိပ်တန်း super app တစ်ခုဖြစ်သည့် Grab က […]

 ရန်ကုန်၊ မြန်မာ၊ ဧပြီလ၊ ၂၈ ရက်၊ ၂၀၁၉ ခုနှစ် – ယခုနှစ်အတွင်း စိတ်ဝင်စားမှုအခံရဆုံး ရုပ်ရှင်ဇာတ်ကားများ အတွင်း တစ်ကားအပါအဝင်ဖြစ်သည့် Marvel Studio ၏ Avengers: Endgame ရုပ်ရှင်အား အထူးသီးသန့် ပွဲစဉ်တစ်ခုဖြင့် ကြည့်ရှုခံစားနိုင်ရန် စီစဉ်ပြသပေးခဲ့သောကြောင့် ယနေ့သည် Grab ခရီးသည်ပေါင်း (၃၀၀) ဦး နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအတွက် အမှတ်တရဖြစ်စေမည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ အရှေ့တောင်အာရှ၏ ထိပ်တန်း super app တစ်ခုဖြစ်သည့် Grab က ၎င်း၏ အရှေ့တောင်အာရှဒေသတွင်း မိတ်ဖက်ကုမ္ပဏီဖြစ်သော Disney နှင့်အတူ စံရိပ်ငြိမ်၊ ဂမုန်းပွင့် ဈေးဝယ်စင်တာရှိ မင်္ဂလာရုပ်ရှင်ရုံတွင် ရုပ်ရှင် အထူးပွဲစဉ်တစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧပြီလ ၁၈ ရက်နေ့တွင် Grab က “Super app ဖြင့် နေ့စဉ်ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းလိုက်ပါ” အမည်ဖြင့် ကမ်ပိန်းတစ်ခုကို မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် စတင်မိတ်ဆက်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်သွားမည့် အဆိုပါ ကမ်ပိန်း မှတစ်ဆင့် Grab အသုံးပြုသူများသည် Marvel Studios ၏ Avengers: Endgame ရုပ်ရှင် အမှတ်တရ အထူး လက်ဆောင်ပစ္စည်းများ ရယူနိုင်ခွင့်နှင့် မင်္ဂလာရုပ်ရှင်ရုံများတွင် ကြည့်ရှုနိုင်သည့် ရုပ်ရှင်လက်မှတ် အစောင်ရေ (၇,၀၀၀) အထိ လဲလှယ်နိုင်မည့် အခွင့်အရေးများကို Grab အက်ပလီကေးရှင်း၏ နေ့စဉ်သုံး ဝန်ဆောင်မှုများ အသုံးပြုရုံဖြင့် ရရှိနိုင်မည် ဖြစ်ပါသည်။

ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ အောင်မြင့်မြတ်က “ကျွန်တော်က Marvel ရုပ်ပြကာတွန်းတွေနဲ့ Avengers ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်တာဆိုတော့ Avengers: Endgame ရုပ်ရှင်ကြည့်ဖို့ မနည်း သည်းခံပြီး စောင့် ခဲ့ရပါတယ်။ ဒီနေ့ ရုပ်ရှင် အထူးပွဲစဉ်မှာ Grab ခရီးသည်တွေနဲ့အတူတူ ကြည့်ရတာ အရမ်းပျော်ဖို့ကောင်း ပါတယ်။ အားလုံးလည်း ပျော်ပျော်ရွှင်ရွှင် ကြည့်ခဲ့ရပါတယ်။ ကျွန်တော့်မှာရှိတဲ့ GrabRewards ပွိုင့်တွေကို ရုပ်ရှင်လက်မှတ်နဲ့ လဲပြီး နောက်တစ်ပတ်မှာလည်း Avengers: Endgame ရုပ်ရှင်ကို ထပ်သွားကြည့်ဦးမှာပါ” ဟု ပြောသည်။

   “အခုလို ရုပ်ရှင်အထူးပွဲစဉ်မှာ ကြည့်ဖို့ ဖိတ်ကြားခံရတာ ပထမဆုံးအကြိမ်ပါ။ ဒီနေ့ အရမ်းကို ပျော်ဖို့ကောင်း ခဲ့ပါတယ်။ ကျွန်မသားက Iron Man နဲ့ Avengers ရုပ်ရှင်တွေ အရမ်းကြိုက်တဲ့အတွက် သူ့ကိုလည်း အတူ ခေါ်လာပါတယ်။ Grab က ခရီးသည်တွေအတွက် ထူးထူးခြားခြား လက်ဆောင်တွေ ပေးတဲ့အတွက် ဝမ်းသာ မိပါတယ်။ နောင်လည်း အခုလို ရုပ်ရှင်နဲ့ ပတ်သက်တဲ့ လက်ဆောင်တွေ ပေးစေချင်ပါတယ်” ဟု နေ့စဉ် လုပ်ငန်းခွင်နှင့် တစ်ကိုယ်ရေကိစ္စများအတွက် Grab စီးနင်းအသုံးပြုလေ့ရှိသည့် ခရီးသည်တစ်ဦးဖြစ်သူ မသက်မာက ပြောသည်။

   

Grab ခရီးသည်များသည် ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ အောက်ပါ Avengers: Endgame ဆု လက်ဆောင်များကို ရယူနိုင်မည် ဖြစ်သည်။

  • Stamp Cards for Cinema Tickets: ဧပြီလ ၂၂ ရက်မှ မေလ ၅ ရက်နေ့ မတိုင်ခင်အတွင်း ပရိုမိုမပါသည့် Grab ခရီးစဉ် (၈) ကြောင်း စီးနင်းပြီးသည့် ခရီးသည်များ၏ My Rewards ထဲတွင် တစ်စောင်လျှင် မြန်မာငွေကျပ် (၂,၅၀၀) တန်ဖိုးရှိသည့် လက်မှတ် (၂) စောင်  ရောက်ရှိလာမည်ဖြစ်သည်။ Grab အသုံးပြုသူများသည် အက်ပလီကေးရှင်းအတွင်း GrabRewards အသိပေးစာကို ပြသကာ မင်္ဂလာရုပ်ရှင်ရုံ လက်မှတ် အရောင်း  ကောင်တာများတွင် လက်မှတ်ထုတ်ယူနိုင်မည် ဖြစ်သည်။
  • GrabRewards: Grab app မှ GrabRewards ကတ်တလောက်ထဲတွင် Avengers ရုပ်ရှင်လက်မှတ်များနှင့် တရားဝင် ထုတ်လုပ်ထားသည့် Avengers: Endgame ရုပ်ရှင် အမှတ်တရ အထူးလက်ဆောင်ပစ္စည်းများကို GrabRewards ပွိုင့်များဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်မှ စတင်ကာ လဲလှယ်ဝယ်ယူနိုင်ပြီ ဖြစ်သည်။
  • New Users: Grab အား ယခုမှ စတင်သုံးစွဲမည့် သူများသည် ကမ်ပိန်းကာလအတွင်း “AVENGERS” ပရိုမိုကုဒ်အား အသုံးပြု၍ ပထမဆုံး Grab ခရီးစဉ် (၃) ကြောင်း စီးနင်းကာ Avengers: Endgame ရုပ်ရှင် လက်မှတ် (၂) စောင် ရရှိနိုင်မည် ဖြစ်သည်။

ရန်ကုန် နှင့် မန္တလေးမြို့ရှိ အောက်ပါ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်လက်မှတ်များ လဲလှယ်ရယူနိုင်မည် ဖြစ်သည်။

  • ရန်ကုန် – မင်္ဂလာစံပြ အဆင့်မြင့် ရုပ်ရှင်ရုံ၊ နေပြည်တော် ရုပ်ရှင်ရုံ၊ မင်္ဂလာ ရုပ်ရှင်ရုံ (၂) ၊ ဂမုန်းပွင့် မင်္ဂလာရုံ၊ မင်္ဂလာ (မြောက်ဥက္ကလာပ) ၊ မင်္ဂလာ စိန်ဂေဟာ (လှိုင်သာယာ)၊ မင်္ဂလာ တာမွေ
  • မန္တလေး – မင်္ဂလာဒိုင်းမွန်း အဆင့်မြင့် ရုပ်ရှင်ရုံ၊ မင်္ဂလာ (စင်ထရက်ပွိုင့်)

Grab က ၎င်း၏ အကောင်းဆုံး မိတ်ဖက်ယာဉ်မောင်းများအတွက်လည်း ရုပ်ရှင်ရုံများတွင် Avengers: Endgame ရုပ်ရှင်ကြည့်ရှုနိုင်မည့် ရုပ်ရှင်လက်မှတ်များ မေတ္တာလက်ဆောင် ပေးအပ်သွားမည် ဖြစ်သည်။ Grab နှင့် Disney တို့၏ ပူးပေါင်းဆောင်ရွက်မှုအရ ၂၀၁၉ ခုနှစ်အတွင်း ပြသမည့် ရုပ်ရှင်ဇာတ်ကား အသစ်များအတွက် ယခုကဲ့သို့ ကမ်ပိန်းများပြုလုပ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသအတွင်းရှိ ခရီးသည်များနှင့် မိတ်ဖက်ယာဉ်မောင်းများအတွက် အကျိုးခံစားခွင့်များ ဖန်တီးပေးအပ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ Grab Myanmar အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက www.grab.com နှင့် www.facebook.com/GrabMM တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter