Grab နှင့် Denko ဆီဆိုင်တို့ ပူးပေါင်း၍ မိတ်ဖက်ယာဉ်မောင်း ၅,၀၀၀ အတွက် အကျိုးရှိစေမည့် စက်သုံးဆီအပို ပြန်လည်ရရှိနိုင်သည့် ပထမဆုံးအစီအစဉ်ကို မိတ်ဆက်
ရန်ကုန်၊ မြန်မာ၊ မတ်လ ၂၁ ရက်နေ့၊ ၂၀၁၉ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ Grab မိတ်ဖက်ယာဉ်မောင်းများအတွက် ပြည်တွင်းထိပ်တန်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သော Denko ဆီဆိုင်နှင့် ပူးပေါင်း၍ စက်သုံးဆီအပို ပြန်လည်ရရှိနိုင်သည့် အစီအစဉ်သစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ နေ့စဉ် အငှားယာဉ် မောင်းနှင်ရာတွင် အများဆုံး အသုံးပြုရသော ကုန်ကျစရိတ်ကို လျျှော့ချပေးနိုင်ရန် ရည်ရွယ်သည့် အဆိုပါ အစီအစဉ်သစ်သည် […]
![](https://assets.grab.com/wp-content/uploads/sites/15/2019/03/21140806/Image-4_Grab-and-Denko-Partnership_Credit-to-Grab.jpg)
ရန်ကုန်၊ မြန်မာ၊ မတ်လ ၂၁ ရက်နေ့၊ ၂၀၁၉ ခုနှစ် – အရှေ့တောင်အာရှ၏ ထိပ်တန်း Online-to-Offline (O2O) မိုဘိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် Grab က ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ Grab မိတ်ဖက်ယာဉ်မောင်းများအတွက် ပြည်တွင်းထိပ်တန်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သော Denko ဆီဆိုင်နှင့် ပူးပေါင်း၍ စက်သုံးဆီအပို ပြန်လည်ရရှိနိုင်သည့် အစီအစဉ်သစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ နေ့စဉ် အငှားယာဉ် မောင်းနှင်ရာတွင် အများဆုံး အသုံးပြုရသော ကုန်ကျစရိတ်ကို လျျှော့ချပေးနိုင်ရန် ရည်ရွယ်သည့် အဆိုပါ အစီအစဉ်သစ်သည် Grab မိတ်ဖက်ယာဉ်မောင်းများ၏ နေထိုင်မှုဘဝ ပိုမို တိုးတက်ကောင်းမွန်လာစေရေး ဆောင်ရွက်လျက်ရှိသည့် Better 365 စီမံကိန်းမှ တိုးချဲ့လုပ်ဆောင်ချက် အသစ်တစ်ခု ဖြစ်ပါသည်။
ယနေ့ စတင်မိတ်ဆက်လိုက်သည့် ပူးပေါင်းဆောင်ရွက်မှုအရ Grab နှင့် Denko အမှတ်တံဆိပ်နှစ်ခု ပါဝင်သည့် Smile Card (၅,၀၀၀) ကို Gold နှင့် Platinum အဆင့် မိတ်ဖက်ယာဉ်မောင်းများအတွက် Grab မှ ထုတ်ပေးသွားမည် ဖြစ်ပါသည်။ မိတ်ဖက်ယာဉ်မောင်းများသည် ရန်ကုန်တိုင်းဒေသကြီးရှိ Denko ဆီဆိုင် (၁၆) ဆိုင်နှင့် မန္တလေး တိုင်းဒေသကြီးရှိ Denko ဆီဆိုင် (၂၂) ဆိုင်အတွင်း မည်သည့် ဆိုင်တွင်မဆို စက်သုံးဆီဝယ်ယူရာ၌ Grab Denko Smile Card ကို အသုံးပြုနိုင်ပြီး ပြန်အမ်းငွေများ ပြန်လည်ရယူနိုင်မည် ဖြစ်သည်။ Grab နှင့် Denko တို့ ပူးပေါင်းဆောင်ရွက်လိုက်သည့် အစီအစဉ်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော အထူးသီးသန့် စက်သုံးဆီ ပြန်လည်ရရှိနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ Denko မှ ပြုလုပ်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုများအတွင်း ယခုကဲ့သို့ ထိပ်တန်းကုမ္ပဏီနှစ်ခု ပူးပေါင်း ဆောင်ရွက်ခြင်းမှာ ပထမဦးဆုံး ဖြစ်ပါသည်။
မိတ်ဖက်ယာဉ်မောင်းများမှာ Grab Denko Smile Card ဖြင့် စက်သုံးဆီဝယ်ယူရန် ငွေကျပ် (၁၀၀) အသုံးပြုတိုင်း တစ်ပွိုင့်လျှင် ငွေ (၁) ကျပ်တန်ဖိုးရှိသော ပွိုင့်ပေါင်း (၁.၅) ပွိုင့် ရရှိနိုင်ပါသည်။ ထို့ကြောင့် မိတ်ဖက်ယာဉ်မောင်း တစ်ဦးမှာ ငွေကျပ် (၁၀,၀၀၀) ဖိုး စက်သုံးဆီဝယ်ယူတိုင်း ငွေကျပ် (၁၅၀) တန်ဖိုးရှိ ပွိုင့်ပေါင်း (၁၅၀) ပြန်လည် ရရှိမည်ဖြစ်သည်။ အဆိုပါ ပွိုင့်များကို စက်သုံးဆီ ဝယ်ယူတိုင်း ပေါင်းထည့်ပေးသွားမည်ဖြစ်ပြီး မိတ်ဖက် ယာဉ်မောင်းများအနေဖြင့် Denko ဆီဆိုင်များ၌ စက်သုံးဆီ ထပ်မံဝယ်ယူရာတွင် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Denko မှ ပြုလုပ်မည့် အခြား ပရိုမိုးရှင်းအစီအစဉ်များတွင်လည်း Grab Denko Smile Card ဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။
Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က “ကျွန်မတို့ မိတ်ဖက်ယာဉ်မောင်းတွေဟာ Grab ကို ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတွေရဲ့ ယုံကြည်အားထားရတဲ့ အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်လာအောင် ပုံဖော်ပေးခဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်လာစေဖို့ အလေးထားတဲ့အတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့တဲ့ Grab ရဲ့ Better 365 စီမံကိန်းအရ စွမ်းဆောင်ရည်မြင့် မိတ်ဖက်ယာဉ်မောင်းတွေကို အထူးခံစားခွင့်တွေပေးအပ်ခဲ့ပြီး သူတို့ရဲ့ သက်မွေး ဝမ်းကျောင်းအလုပ်မှာ ဝင်ငွေပိုရလာအောင်နဲ့ ပိုပြီး ဘေးကင်းလုံခြုံမှုရှိအောင် ပံ့ပိုးကူညီပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်း အတက်အကျတွေ ဖြစ်ပေါ်ခဲ့တာကို ကျွန်မတို့ တွေ့ရှိခဲ့ရပြီး ဒီလို ဈေးနှုန်းအပြောင်းအလဲတွေကြောင့် ကျွန်မတို့ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ဝင်ငွေထိခိုက်စေတာကို သတိပြုမိခဲ့ပါတယ်။ အခုတော့ ကျွန်မတို့ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး မိတ်ဖက်ယာဉ်မောင်းတွေကို ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ Denko နဲ့ ပူးပေါင်းပြီး စက်သုံးဆီ ပြန်လည်ရရှိနိုင်မယ့် အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ အသိပေးချင်ပါတယ်” ဟု ပြောသည်။
Grab Denko Smile Card လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ
လာမည့် ဧပြီလ ၁ ရက်မှ စပြီး Grab မှ Gold နှင့် Platinum အဆင့်ရှိ မိတ်ဖက်ယာဉ်မောင်းများ အားလုံးကို Grab Denko Smile Card အသုံးပြုခွင့်ရကြောင်း ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး ကတ်များ စတင် ထုတ်ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ကတ်အသုံးပြုရန် လျှောက်ထားလိုသော Gold နှင့် Platinum အဆင့်ရှိ မိတ်ဖက်ယာဉ်မောင်းများအနေဖြင့် Grab Partner Care အဖွဲ့ကို ဆက်သွယ်ပြီး Grab မှ သတ်မှတ်ထားသော ယာဉ်မောင်းအဆင့် စံနှုန်း၊ အလုပ် လက်ခံနှုန်းနှင့် ပယ်ဖျက်နှုန်း စသည်တို့ အပါအဝင် လိုအပ်သည့် အချက်အလက်များကို စုံစမ်းမေးမြန်းနိုင်ပါသည်။
Denko ဆီဆိုင်တွင် စက်သုံးဆီ ပြန်လည်ရယူနိုင်ရန် မိတ်ဖက်ယာဉ်မောင်းအနေဖြင့် Gold သို့မဟုတ် Platinum အဆင့်ကို ထိန်းသိမ်းထားရန် လိုအပ်ပါသည်။ Grab Denko Smile Card ရရှိပြီး လအနည်းငယ် အကြာတွင် Grab မိတ်ဖက်ယာဉ်မောင်းအဖြစ် မလုပ်ကိုင်တော့သည့် မည်သည့်ယာဉ်မောင်း၏ ကတ်ကိုမဆို အသုံးပြုခွင့် ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။
Grab Denko Smile Card အသုံးပြုရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ
မိတ်ဖက်ယာဉ်မောင်းများအနေဖြင့် Grab Denko Smile Card ပွိုင့်များ ရယူနိုင်ရန်အတွက် အနည်းဆုံး ဆီပမာဏ မည်မျှဖြည့်ရမည်ဟု ကန့်သတ်ထားခြင်း မရှိပါ။ ဆီဖြည့်ပေးသည့် ဝန်ထမ်းအား Grab Denko Smile Card ပေးလိုက်ရုံဖြင့် ကတ်အတွင်း ပွိုင့်များ ပေါင်းထည့်ပေးသွားမည် ဖြစ်ပါသည်။
Grab နှင့် Denko ဆီဆိုင်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ ခြောက်လကြာ ပြုလုပ်သွားရန် သဘောတူညီထားပြီး အစီအစဉ်၏ အောင်မြင်မှုအတိုင်းအတာကို နှစ်ဦးနှစ်ဖက် ပြန်လည် လေ့လာဆန်းစစ်ကာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးသွားမည် ဖြစ်သည်။ Grab Denko Smile Card အသုံးပြုနိုင်ရန် လိုအပ်သည့် အချက်အလက်များနှင့် ကတ်သက်တမ်းကို Grab Myanmar နှင့် Denko ဆီဆိုင်တို့မှ လိုအပ်ချက်အရ ပြောင်းလဲနိုင်ခွင့်ရှိမည် ဖြစ်ပါသည်။
Grab Denko Smile Card အသုံးပြုရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို https://www.grab.com/mm/blog/driver/platinum-gold-drivers-blog/ တွင် ကြည့်ရှုနိုင်ပါသည်။
“အငှားယာဉ်မောင်းတစ်ယောက်အတွက် နေ့တိုင်း ဆီဖြည့်ဖို့ လိုအပ်ပါတယ်။ ဆီဈေး အတက်အကျတွေကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဝင်ငွေတွေ အချိန်တော်တော်ကြာ အပြောင်းအလဲ ရှိခဲ့ပါတယ်။ အခုလို Denko နဲ့ပေါင်းပြီး စက်သုံးဆီ ပြန်ရမယ့် အစီအစဉ်တစ်ခုကို စတင် အကောင်အထည်ဖော်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အရမ်း ဝမ်းသာပါတယ်။ ဒီ အစီအစဉ်ကနေရတဲ့ ပွိုင့်တွေနဲ့ နောက်ပိုင်း ဆီဆိုင်မှာ ပြန်ဝယ်တဲ့အခါ ငွေသားအဖြစ် ပြန်သုံးနိုင်တော့မှာဖြစ်လို့ ကုန်ကျစရိတ် ချွေတာနိုင်တာပေါ့” ဟု Grab မိတ်ဖက်ယာဉ်မောင်းအဖြစ် တစ်နှစ်ကျော် လုပ်ကိုင်ခဲ့သူ ကိုပြည်ဦးရှိန်က ပြောသည်။
Grab မိတ်ဖက်ယာဉ်မောင်းအဖြစ် နှစ်နှစ်ကျော် လုပ်ကိုင်ခဲ့သူ ကိုသော်တာအောင်က “အခုလို Grab ရဲ့ Denko နဲ့ ပူးပေါင်းမှုပုံစံမျိုးဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မိတ်ဖက်ယာဉ်မောင်းတွေအတွက် အခွင့်အရေး ကောင်းတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ Grab Denko Smile Card နဲ့ ငွေပိုစုနိုင်ပြီး မိသားစုကို ပိုထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်ဗျာ” ဟု ပြောသည်။
Grab Myanmar အကြောင်း အသေးစိတ် သိရှိလိုပါက www.grab.com သို့မဟုတ် www.facebook.com/GrabMM တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှု့နိုင်ပါသည်။