Grab နှင့် Microsoft တို့ မဟာဗျူဟာမြောက် Cloud partnership အဖြစ် ပူးပေါင်းလုပ်ဆောင်
စင်ကာပူ နှင့် ရက်ဒ်မွန်မြို့၊ ဝါရှင်တန်၊ အောက်တိုဘာလ ၉ ရက်၊ ၂၀၁၈ ခုနှစ် – Microsoft Corp. နှင့် အရှေ့တောင်အာရှဒေသတွင်း ထိပ်တန်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ မိုဘိုင်းငွေပေးချေမှုနှင့် online –to-offline ဝန်ဆောင်မှု ပလက်ဖောင်းဖြစ်သော Grab တို့သည် မဟာဗျူဟာမြောက် ပေါင်းစည်းလုပ်ကိုင်သည့် သဘောတူညီချက်တစ်ခုကို ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသဘောတူညီချက်တွင် Microsoft ၏ Machine Learning နှင့် အခြား AI ဆိုင်ရာ စွမ်းဆောင်ရည်များ၏ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်မှုကို အသုံးပြုပြီး ဒေသတွင်း […]
စင်ကာပူ နှင့် ရက်ဒ်မွန်မြို့၊ ဝါရှင်တန်၊ အောက်တိုဘာလ ၉ ရက်၊ ၂၀၁၈ ခုနှစ် – Microsoft Corp. နှင့် အရှေ့တောင်အာရှဒေသတွင်း ထိပ်တန်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ မိုဘိုင်းငွေပေးချေမှုနှင့် online –to-offline ဝန်ဆောင်မှု ပလက်ဖောင်းဖြစ်သော Grab တို့သည် မဟာဗျူဟာမြောက် ပေါင်းစည်းလုပ်ကိုင်သည့် သဘောတူညီချက်တစ်ခုကို ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသဘောတူညီချက်တွင် Microsoft ၏ Machine Learning နှင့် အခြား AI ဆိုင်ရာ စွမ်းဆောင်ရည်များ၏ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်မှုကို အသုံးပြုပြီး ဒေသတွင်း ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အသွင်မြှင့်တင် ပြောင်းလဲသွားမည် ဖြစ်သည်။ ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းလုပ်ဆောင်ခြင်း၏ ပထမအဆင့်အနေဖြင့် Grab သည် Miscrosoft Azure ကို ၎င်း၏ ဦးစားပေး cloud ပလက်ဖောင်းအနေဖြင့် ရယူအသုံးပြုမည်ဖြစ်ပြီး Microsoft မှလည်း Grab တွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်မည်ဖြစ်သည်။
“ဒီပူးပေါင်းလုပ်ဆောင်မှုဟာ Microsoft နဲ့အတူ Grab ရဲ့ အရှေ့တောင်အာရှတွင်း နေ့စဉ်သုံးဝန်ဆောင်မှုတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်ပြောင်းလဲသွားစေနိုင်တဲ့ ဒေတာပမာဏအများအပြားနဲ့ AI နည်းပညာတွေ အပါအဝင် နည်းပညာပိုင်းဆိုင်ရာ ပရောဂျက်တွေမှာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အချက်ပြလိုက်တာ ဖြစ်ပါတယ်” ဟု Grab ၏ ဥက္ကဌ ဖြစ်သူ Ming Maa က ပြောသည်။ “ကမ္ဘာ့ နည်းပညာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Microsoft ရဲ့ ရင်းနှီး မြှုပ်နှံမှုဟာ ဒီဒေသတွင်းမှာ တိုးတက်ပြောင်းလဲလာတဲ့ ကျွန်တော်တို့ Grab ရဲ့ နည်းပညာဆိုင်ရာ ထိပ်တန်း ဦးဆောင်သူဆိုတဲ့ အနေအထားကို ပိုပြီး ခိုင်မာစေပါတယ်။ Grab အနေနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍကို မြှင့်တင်နိုင်ဖို့နဲ့ သုံးစွဲသူတွေရဲ့ online-to-offline အတွေ့အကြုံတွေ ပိုမိုချောမွေ့စေဖို့ Miscrosoft နဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်” ဟု သူက ပြောသည်။
“Grab နဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ လျင်လျင်မြန်မြန် တိုးတက်လာတဲ့ လုပ်ငန်းနယ်ပယ်နဲ့ ဒေသတွင်း ဖွံဖြိုးတိုးတက်မှု နှစ်ခုစလုံးမှာ ဆန်းသစ်တီထွင်မှုတွေ ရှိလာဖို့ အခွင့်အလမ်းအသစ်တွေကို လမ်းဖွင့် ပေးလိုက်တာပါပဲ” ဟု Microsoft ၏ အမှုဆောင်ဒုဥက္ကဌဖြစ်သူ Peggy Johnson က ဆိုသည်။ “ဘေးကင်း လုံခြုံပြီး ဈေးနှုန်းသက်သာစွာ သွားလာနိုင်ရေး၊ အစားအသောက်နဲ့ ကုန်စည်ပို့ဆောင်နိုင်ရေး၊ မိုဘိုင်းငွေပေးချေနိုင်ရေးနဲ့ တခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ အသုံးပြုနိုင်ရေးတို့အတွက် Grab ကို အားထားတဲ့ သုံးစွဲသူ သန်းပေါင်းများစွာအတွက် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု လုပ်ငန်းတွေကို မြှင့်တင်နိုင်ဖို့ အပါအဝင် သုံးစွဲသူတွေရဲ့ အတွေ့အကြုံကို ပိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ အခုလို ပူးပေါင်းလုပ်ဆောင်ရမှာကို စိတ်လှုပ်ရှားမိပါတယ်” ဟု သူက ပြောသည်။
အရှေ့တောင်အာရှတွင်း ထိပ်တန်း online-to-offline မိုဘိုင်းပလက်ဖောင်းအနေဖြင့် Grab သည် အရှေ့တောင်အာရှနိုင်ငံ ၈ နိုင်ငံတွင်းရှိ မြို့ပေါင်း ၂၃၅ မြို့တွင် လုပ်ငန်းလည်ပတ် လုပ်ဆောင်နေပြီး Grab ၏ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ဖြစ်သည့် GrabPay သည် အရှေ့တောင်အာရှတွင်းတွင် ထိပ်တန်းငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းအဖြစ် ရပ်တည်လျက် ရှိသည်။
ယခု ပူးပေါင်းလုပ်ဆောင်မှုမှတစ်ဆင့် Grab သည် Microsoft Azure ကို ၎င်း၏ ဦးစားပေး cloud ပလက်ဖောင်း အနေုဖြင့်သတ်မှတ်ပြီး Miscrosoft ၏ intelligent cloud နှင့် AI စွမ်းဆောင်ချက်များကို ရယူခြင်းဖြင့် Grab ပလက်ဖောင်း၏ စွမ်းဆောင်ရည် တိုးတက်စေကာ လုပ်ဆောင်နိုင်စွမ်းရည်ကို မြှင့်တင် သွားမည် ဖြစ်သည်။ ယခုကဲ့သို့ ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် နောက်ဆုံးပေါ် ဆန်းသစ်သည့် နည်းပညာ ပရောဂျက် အမြောက်အမြားကို ရှာဖွေစမ်းသပ်နိုင်မည် ဖြစ်သောကြောင့် Grab သုံးစွဲသူများ၊ မိတ်ဖက်ယာဉ်မောင်းများ၊ ကုန်သည်များနှင့် ကိုယ်စားလှယ်များ အသုံးပြုရာတွင် ပိုမိုကောင်းမွန် အဆင်ပြေ လာစေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ ထို ဆန်းသစ်တီထွင်မှုများ ပါဝင်သည့် အထူးပရောဂျက်များ တွင် အောက်ပါတို့ ပါဝင်သည်။
ဒေတာ ပမာဏ အများအပြား၊ AI နှင့် Machine Learning
- ခရီးသည်များနှင့် ယာဉ်မောင်းများအတွက် ဘေးကင်းလုံခြုံမှုကို မြှင့်တင် ပေးနိုင်ရန် Grab သည် Microsoft နှင့် ပူးပေါင်းလျက် ၎င်းတို့၏ မိုဘိုင်းများတွင် မျက်နှာပုံစံများကို မှတ်သားထားနိုင်သည့် AI နည်းပညာကို ရွေးချယ်စရာတစ်ခုအနေဖြင့် အက်ပလီကေးရှင်းအတွင်း ထည့်သွင်းထားပြီး အကောင့် ပိုင်ရှင်မှန်ကန်ကြောင်း အတည်ပြုနိုင်ရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုကြောင့် အကောင့် ID များကို စစ်ဆေးမည့်အစား ခရီးသည်နှင့် ယာဉ်မောင်းနှစ်ဘက်စလုံးမှ မျက်နှာပုံပန်းသွင်ပြင် စစ်ဆေးခြင်းဖြင့် အချင်းချင်း ချိတ်ဆက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
- Grab သည် ၎င်း၏ ပလက်ဖောင်းပေါ်တွင် မသမာသော အပေးအယူ လုပ်ဆောင်ချက်များကို ယခု ထက်ပို၍ ကြိုတင်သိရှိပြီး ဟန့်တားနိုင်ရန် Microsoft Azure ၏ ဒေတာအချက်အလက် စစ်ဆေး သုံးသပ်ချက်များနှင့် လိမ်လည်မှုများကို တားဆီးပေးနိုင်သည့် ဝန်ဆောင်မှုများကို အသုံးပြုမည် ဖြစ်သည်။
- Grab နှင့် Microsoft တို့သည် Grab သုံးစွဲသူများအချင်းချင်း အပြန်အလှန် ချိတ်ဆက်ပြောဆိုရာတွင် ပိုမို အဆင်ပြေနိုင်ရန် AI chatbot တစ်ခုကို ဖန်တီးလျက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ ဘာသာပြန် ပေးနိုင်သည့် Miscrosoft ၏ ပင်ကိုယ် ဘာသာစကား နားလည်လေ့လာနိုင်စွမ်းကို အသုံးပြုရန် စီစဉ်ထားသည်။
- Microsoft ၏ Machine Learning နှင့် AI စွမ်းရည်များကို Grab ၏ ခေတ်မီ အကြံပြုလမ်းညွှန် ပေးနိုင်သည့် နည်းစနစ် (recommendation engine) အား အဆင်မြှင့်တင်နိုင်ရန် အားဖြည့်ပေးသည့် အနေဖြင့် အသုံးပြုမည် ဖြစ်သည်။ ယင်းသည် သုံးစွဲသူ အချက်အလက်များနှင့် အပြုအမူများကို စိစစ်သုံးသပ်နိုင်ပြီး Grab အက်ပလီကေးရှင်းမှတဆင့် သုံးစွဲသူများအတွက် မိမိ အပြုအမူအလိုက် ကိုက်ညီမှုရှိသည့် ဝန်ဆောင်မှုများနှင့် အကြံပေး လမ်းညွှန်မှုများကို ပြုလုပ် ပေးနိုင်တော့မည် ဖြစ်သည်။
- Grab သည် ပုံရိပ်များကို မှတ်ထားနိုင်ခြင်းနှင့် ကွန်ပျူတာပုံရိပ် နည်းပညာများကို စူးစမ်းလေ့လာနိုင်ရန် Microsoft နှင့် ပူးပေါင်းလုပ်ဆောင်ရန်လည်း စီစဉ်ထားသည်။ ထို့ကြောင့် ခရီးသည်နှင့် ယာဉ်မောင်း တို့၏ ခရီးစဉ်ကြိုပို့ခြင်း အတွေ့အကြုံကို ပိုမို အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ ဥပမာ – ခရီးသည်များသည် ၎င်းတို့ ရှိနေသည့်နေရာကို ဓာတ်ပုံရိုက်ကူး၍ ယာဉ်မောင်းထံ ပေးပို့ခြင်းအားဖြင့် လိပ်စာအမှန်ကို သိရှိစေနိုင်မည် ဖြစ်သည်။
- လမ်းပြမြေပုံ အဆင့်မြှင့်တင်ခြင်းနှင့် နေရာဖြည့်စွက်ရာတွင် ပိုမို အဆင်ပြေစေရန် Microsoft ၏ Machine Learning စွမ်းရည်ကို ရယူအသုံးပြုရန် စီစဉ်ထားသည်။
ပူးပေါင်းဆောင်ရွက်မည့် အခြား လုပ်ငန်းနယ်ပယ်များ
- Microsoft Outlook နှင့် ပေါင်းစည်းခြင်း : Grab သည် Outlook အသုံးပြုသူများထံသို့ အငှားယာဉ်များ ဘွတ်ကင်ခ်တင်နိုင်မည့် အခွင့်အလမ်းများ ပံ့ပိုးပေးမည် ဖြစ်သည်။ ထို့ကြောင့် အသုံးပြု သူများသည် အက်ပလီကေးရှင်းထဲတွင် ခရီးစဉ်များ အဆင်တပြေ ငှားရမ်းနိုင်မည်ဖြစ်ပြီး ပြက္ခဒိန်အတွင်း မှတ်သား အကြောင်းကြားခြင်းများဖြင့် သတိပေးနိုင်မည် ဖြစ်သည်။
- Microsoft Kaizala : Grab သည် ကြီးမားသော အဖွဲ့အစည်းများအတွင်း ဆက်သွယ်ပြောဆိုခြင်းနှင့် လုပ်ငန်း စီမံခန့်ခွဲခြင်းများအတွက် ဝန်ဆောင်မှုပေးသည့် မိုဘိုင်း အက်ပလီကေးရှင်းတစ်ခု ဖြစ်သော Microsoft ၏ Kaizala နည်းပညာကို Grab ၏ Customer Service အဖွဲ့များတွင် လုပ်ငန်းစွမ်းရည် ပိုမို တိုးတက်ကောင်းမွန်လာစေရန် စမ်းသပ် အသုံးပြုသွားမည် ဖြစ်သည်။
- ကားအတွင်း ဆောင်ရွက်မှုများ : Grab နှင့် Microsoft တို့သည် အရှေ့တောင်အာရှ ဒေသတစ်လွှား ကားအတွင်း ဖျော်ဖြေရေး ဝန်ဆောင်မှုများနှင့် ကားအတွင်း နည်းပညာ ထုတ်လုပ်နိုင်မှု လုပ်ငန်းစဉ်များ အတွက် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။
- Rewards ဆိုင်ရာ ပေါင်းစည်းလုပ်ဆောင်ခြင်း : Microsoft ၏ Microsoft Rewards လက်ဆောင် ကတ်များကို Grab Rewards loyalty program တွင် ပေါင်းစည်း လုပ်ဆောင်မည် ဖြစ်သည်။
Media Inquiries
Contact the Grab media teamGrab Stories
Explore the ideas and people that define GrabEngineering Stories
Learn more about our technology developmentGrab က ၂၀၂၀ အတွင်း GrabFood နှင့် GrabMart ပေါ်ရှိ စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား ရွေးချယ်ဆုပေးအပ်
Grab က ၂၀၂၀ အတွင်း GrabFood နှင့် GrabMart ပေါ်ရှိ စားသုံးသူနှင့် အစားအသောက်ပို့ဆောင်သူများအကြား ကောင်းမွန်သည့် အကျိုးကျေးဇူးများ ပေးအပ်ခဲ့သည့် မိတ်ဖက်ဆိုင်လုပ်ငန်းများအား ရွေးချယ်ဆုပေးအပ် ရန်ကုန်၊ မြန်မာ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ […]
Grab သည် ကိုဗစ်-၁၉ ကပ်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေး တိုးမြှင့်လုပ်ဆောင်ပြီး SMEs နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များအတွက် ပံ့ပိုးပေးလျက်ရှိ
● မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်နှင့်အညီ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း Grab က မိတ်ဖက်အရောင်းဆိုင်များ ရှင်သန်ရပ်တည်ရေးအတွက် ပံ့ပိုးကူညီလျက်ရှိ ● ၂၀၂၀ ခုနှစ် မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ၏ နေ့စဉ် ပျှမ်းမျှ အော်ဒါအရေအတွက် (၄၇၀%) နီးပါး မြင့်တက်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ပလက်ဖောင်းကို အသုံးပြုသည့် မိတ်ဖက်အရောင်းဆိုင် အရေအတွက် (၈၀%) အထိ တိုးတက်လာခဲ့သည်။ ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ – အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ခဲ့သည့် ကိန်းဂဏန်း အချက်အလက်များကို ယနေ့ ထုတ်ပြန်လိုက်ပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း ရရှိခဲ့သော ရလဒ်များမှာ ယခုကဲ့သို့ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ကပ်ရောဂါကာလအတွင်း မိုဘိုင်းနည်းပညာကုမ္ပဏီတစ်ခုမှ ၎င်း၏ပလက်ဖောင်းမှတစ်ဆင့် customer များအား ဝန်ဆောင်မှုပေးအပ်နိုင်ရန် ကြိုးပမ်းခဲ့ပုံများနှင့် ပြည်တွင်းရှိ မိတ်ဖက်အရောင်းဆိုင်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးအပ်ခဲ့ပုံများကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားတွင် ခရီးသွားလာခြင်းကို တားမြစ်ထားပြီး မိမိတို့ နေအိမ်တွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားခြင်းကြောင့် စားသုံးသူများအတွက် GrabFood ကို အသုံးပြုပြီး အစားအသောက်များ မှာယူနိုင်ရန်နှင့် GrabMart အသုံးပြုပြီး နေ့စဉ် မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် လုခြုံစိတ်ချစွာဖြင့် အလွယ်တကူ အသုံးပြုနိုင်သော ပလက်ဖောင်းတစ်ခုကို Grab က ပံ့ပိုးလည်ပတ်လျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကြောင့် သက်ရောက်မှု ရှိခဲ့သည့် လုပ်ငန်းရှင်များ၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက် ရှိပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း Grab ၏ ဝန်ဆောင်မှု အမျိုးအစား အားလုံးတွင် သန်းနှင့်ချီသော မှာယူအသုံးပြုမှုများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အရေအတွက်မှာ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသုံးသူများ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပြောင်းလဲအသုံးပြုမှုကြောင့် တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် Grab အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ အစပြု၍ အသုံးပြုမှုနှုန်း သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ကြောင်း ထင်ဟပ်စေပါသည်။ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ခုနှစ်တွင် Grab အက်ပလီကေးရှင်းအတွင်း ပြုလုပ်ခဲ့သည့် လစဉ် မှာယူအသုံးပြုမှု အရေအတွက်မှာ (၂၅%) အထိ တိုးတက်လာခဲ့ပါသည်။ “Grab ကနေ ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ တိုးပွားလာတဲ့ customer တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပေးအပ်နေခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ GrabFood နဲ့ GrabMart ဝန်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့နိုင်ဖို့အတွက် ကျွန်မတို့မှာ ရှိထားပြီးသား နည်းပညာ၊ ကြီးမားကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်နဲ့ စနစ်ကျတဲ့ လုပ်ငန်းလည်ပတ်မှုပုံစံတွေကို အသုံးချခဲ့ပြီးတော့ လစဉ် ပုံမှန်အသုံးပြုသူအရေအတွက်က တစ်နှစ်ထက်တစ်နှစ် ကိန်းဂဏန်း နှစ်နေရာစာ တိုးပွားလာနေပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် စားသုံးသူ အများစုအနေနဲ့ အပြင်မှာဖွင့်ထားတဲ့ဆိုင်တွေအထိ သွားဝယ်စားဖို့ အဆင်မပြေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ မိတ်ဖက်အရောင်းဆိုင်တွေအတွက် ဒစ်ဂျစ်တယ်စနစ်ကနေ ဝင်ငွေလမ်းကြောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သူတို့ ရှင်သန်ရပ်တည်နိုင်ရေးမှာ တစ်ဖက်တစ်လမ်းက ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ်” ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က ပြောသည်။ GrabFood က စားသောက်ကုန်လုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabFood ဝန်ဆောင်မှု၏ နေ့စဉ် အော်ဒါမှာယူမှု ပမာဏမှာ (၄၇၀%)နီးပါး အထိ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် customers များကို ဝန်ဆောင်မှုပေးရန် ပလက်ဖောင်း အသုံးပြုထားသည့် GrabFood မိတ်ဖက်စားသောက်ဆိုင် အရေအတွက် (၈၀%) အထိ တိုးတက်လာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် GrabFood ဝန်ဆောင်မှုအား ချိတ်ဆက်အသုံးပြုနေသော လိုင်စင်ရ စားသောက်ကုန်လုပ်ငန်း စုစုပေါင်း (၁,၅၀၀) ကျော်အထိ ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး မြို့ကြီး (၂) မြို့ရှိ စားသုံးသူ အများအပြားမှာ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ပြောင်းလဲအသုံးပြုလာကြပြီး ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလ အတွင်း လစဉ် GrabFood အသုံးပြုသူ စုစုပေါင်း၏ (၇၅%) မှာ ဝန်ဆောင်မှုကို ပထမဦးဆုံးအကြိမ် အသုံးပြုသူများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နေ့စဉ်သုံး Everyday Everything App တစ်ခုဖြစ်လာရန်ဆိုသည့် Grab ၏ မျှော်မှန်းချက်အတွက် ရရှိခဲ့သော အောင်မြင်မှုတစ်ခုမှာ Grab အား သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် customers များ၏ (၅၂%) သည် ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း လစဉ် GrabFood ဝန်ဆောင်မှုကို စမ်းသပ်အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လက်လီအရောင်းဆိုင်များအတွက် အရေးပါသော ပံ့ပိုးမှုများ ပေးအပ်ခဲ့သည့် GrabMart GrabMart သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စားသုံးသူများအတွက် နေ့စဉ်မရှိမဖြစ် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ရန် စတင်ဝန်ဆောင်မှုပေးခဲ့ပါသည်။ ယခုအခါ ရန်ကုန်မြို့ရှိ အရောင်းဆိုင် (၂၀၀) ကျော်မှ လူသုံးကုန်ပစ္စည်းများ၊ အသင့်စား စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပရေးရာ အသုံးအဆောင်ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများ စသည့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်း အမျိုးအစားပေါင်း များစွာကို GrabMart တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလအတွင်း GrabMart ၏ နေ့စဉ် ပျှမ်းမျှအော်ဒါ ပမာဏမှာ (၂၇) ဆ အထိ မြင့်တက်လာခဲ့ပြီး အဆိုပါ ပမာဏအတွင်း GrabMart ဈေးဝယ်ယူသူ အသစ်များထံမှ အော်ဒါများမှာ (၇၀%) ပါရှိသောကြောင့် ဝန်ဆောင်မှုအသစ်အား သိသိသာသာ ရယူအသုံးပြုလျက်ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။ […]
မြန်မာနိုင်ငံတွင် GrabFood ဝန်ဆောင်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်နှင့်အတူစားသောက်ကုန်လုပ်ငန်းများကိုအကျိုးဖြစ်ထွန်းစေပြီးလူမှုဘဝများ တိုးတက်ကောင်းမွန်စေမည်ဟူသော ကတိကဝတ်ကို ထပ်မံအတည်ပြု
ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ – လွန်ခဲ့သည့် တစ်နှစ်က အရှေ့တောင်အာရှ၏ ထိပ်တန်း everyday everything app တစ်ခုဖြစ်သော Grab သည် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် မိမိတို့နှစ်သက်ရာ စားသောက်ဖွယ်ရာများကို ရှေ့အရောက် ပို့ဆောင်ပေးနိုင်ရန် GrabFood ဝန်ဆောင်မှုကို စတင် မိတ်ဆက်ခဲ့ပါသည်။ […]