Press Centre

Grab နှင့် Mastercard တို့မှ အရှေ့တောင်အာရှဒေသ တွင်းရှိ ဘဏ်စာရင်းမရှိသူ သန်းပေါင်း ၄၀၀ အတွက် ကြိုတင်ငွေဖြည့်ကတ်များ မိတ်ဆက်

GrabPay နှင့် Mastercard ကြိုတင်ငွေဖြည့်ကတ်တို့ ပူးပေါင်းဆောင်ရွက်လိုက်ခြင်းဖြင့် အရှေ့တောင်အာရှမှသည် ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနိုင်သည့် ပထမဆုံး e-wallet များအတွင်း တစ်ခု အပါအဝင် ဖြစ်လာစေမည် ဖြစ်သည်။ အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး အက်ပလီကေးရှင်းဖြစ်သည့် Grab နှင့် ချိတ်ဆက်ထားသော ကတ်ဖြင့် သန်းပေါင်းများစွာသော သုံးစွဲသူများသည် ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာတစ်ဝှမ်းရှိ ကုန်သည်များနှင့် ဝန်ဆောင်မှုပေးသူများထံတွင် ငွေသားကိုင်ဆောင်ရန်မလိုဘဲ ပေးချေနိုင်မည်ဖြစ်ပြီး rewards ပွိုင့်များ ပြန်လည်ရယူနိုင်တော့မည် ဖြစ်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့တောင်အာရှဒေသတွင်းရှိ  မိုဘိုင်းဖုန်းပေါင်း သန်း ၁၁၀ […]

  • GrabPay နှင့် Mastercard ကြိုတင်ငွေဖြည့်ကတ်တို့ ပူးပေါင်းဆောင်ရွက်လိုက်ခြင်းဖြင့် အရှေ့တောင်အာရှမှသည် ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနိုင်သည့် ပထမဆုံး e-wallet များအတွင်း တစ်ခု အပါအဝင် ဖြစ်လာစေမည် ဖြစ်သည်။
  • အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး အက်ပလီကေးရှင်းဖြစ်သည့် Grab နှင့် ချိတ်ဆက်ထားသော ကတ်ဖြင့် သန်းပေါင်းများစွာသော သုံးစွဲသူများသည် ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာတစ်ဝှမ်းရှိ ကုန်သည်များနှင့် ဝန်ဆောင်မှုပေးသူများထံတွင် ငွေသားကိုင်ဆောင်ရန်မလိုဘဲ ပေးချေနိုင်မည်ဖြစ်ပြီး rewards ပွိုင့်များ ပြန်လည်ရယူနိုင်တော့မည် ဖြစ်သည်။
  • ယခု ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့တောင်အာရှဒေသတွင်းရှိ  မိုဘိုင်းဖုန်းပေါင်း သန်း ၁၁၀ ကျော် တွင် ရှိနေသည့် Grab အက်ပလီကေးရှင်းနှင့် ဈေးဆိုင်ပေါင်း ၃ သန်းကျော်တွင် အသုံးပြုနိုင်သည့် Mastercard တို့၏ ခိုင်မာသော ကွန်ရက်များမှ အားသာချက်တို့ ပေါင်းစည်းလိုက်ခြင်း ဖြစ်ပါသည်။

 စင်ကာပူ၊ နိုဝင်ဘာလ  ရက်၊ ၂၀၁၈ ခုနှစ် – အရှေ့တောင်အာရှ၏ထိပ်တန်း Offline-to-online (O2O) ပလက်ဖောင်းဖြစ်သည့် Grab နှင့် Mastercard တို့သည် လူဦးရေ သန်းပေါင်း ၆၄၀ ကျော်ရှိပြီး အလျင်အမြန် ဖွံဖြိုးတိုးတက်လျက်ရှိကာ လက်ရှိအချိန်အထိ ငွေသားကို ကျယ်ပြန့်စွာ အသုံးပြုနေဆဲဖြစ်သည့် အရှေ့တောင်အာရှဒေသနှင့် ကိုက်ညီမှုရှိသည့် ကြိုတင်ငွေဖြည့်ကတ်များကို ထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက် မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ Grab မှ အက်ပလီကေးရှင်းနှင့် တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်ကတ်နှင့် ပုံမှန်ကတ် နှစ်မျိုးစလုံးကို ထုတ်လုပ်သွားမည် ဖြစ်သည်။ သုံးစွဲသူများသည် Mastercard အသုံးပြုနိုင်သည့် ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်ဆိုင်များတွင်မဆို အွန်လိုင်းဖြစ်စေ၊ အော့ဖ်လိုင်းဖြစ်စေ ငွေပေးချေနိုင်ရန် မိမိတို့ ကတ်များအတွင်း ငွေဖြည့်ထားနိုင်မည် ဖြစ်ပါသည်။ Grab Pay အနေဖြင့် Mastercard ကြိုတင်ငွေဖြည့်ကတ်များ ထုတ်ပေးနိုင်သောကြောင့် Grab အက်ပလီကေးရှင်း၏ မိုဘိုင်းငွေပေးချေမှု ပလက်ဖောင်းများသည် အရှေ့တောင်အာရှမှသည် ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနိုင်သည့် ပထမဆုံး e-wallet များအတွင်း တစ်ခု အပါအဝင် ဖြစ်လာပြီ ဖြစ်ပါသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့တောင်အာရှ ဒေသတွင်းရှိ သုံးစွဲသူ မိုဘိုင်းဒေါင်းလုတ်ပေါင်း သန်း ၁၁၀ ကျော်ရှိသည့် ထိပ်တန်း super app ဖြစ်သည့် Grab နှင့် ကမ္ဘာ့အကြီးဆုံး ကုန်သည်ဆိုင်ကြီးများ ကွန်ရက်အတွင်း တစ်ခုအပါအဝင်ဖြစ်သည့် Mastercard ၏ အားသာချက်များကို ပေါင်းစည်းပေးလိုက်ခြင်း ဖြစ်သည်။ Grab app တွင် ပါဝင်သော အငှားယာဉ်ဝန်ဆောင်မှုနှင့် မျှဝေစီးနင်းနိုင်သည့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အပါအဝင် အစားအသောက်၊ ကုန်ပစ္စည်းနှင့် ပါဆယ်ပစ္စည်း ပို့ဆောင်ရေးစသည့် ဝန်ဆောင်မှုအမျိုးမျိုးကို အရှေ့တောင်အာရှ၏ ထိပ်တန်း ငွေပေးချေမှုပလက်ဖောင်းဖြစ်သည့် GrabPay နှင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ အဆိုပါ ဝန်ဆောင်မှုများနှင့်အတူ GrabPay သည် ဒေသတွင်းရှိ သန်းပေါင်း များစွာသော လူများအတွက် မရှိမဖြစ် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော နေ့စဉ်သုံး အက်ပလီကေးရှင်း  ဖြစ်လာခဲ့သည်။ အရှေ့တောင်အာရှ ဒေသအတွင်း လူ လေးယောက်လျှင် ၃ ယောက် တစ်နည်းဆိုသော် လူဦးရေ သန်းပေါင်း ၄၀၀ ကျော်သည် ဘဏ်စာရင်းမရှိသောကြောင့် ယခု မိတ်ဆက်လိုက်သည့် ဒစ်ဂျစ်တယ် ကတ်နှင့် ပုံမှန်ကတ်များသည် Grab ၏ ပင်မ ဝန်ဆောင်မှုကို အလုံးစုံပြီးမြောက်စေပြီး သုံးစွဲသူပေါင်း များစွာအတွက် ပထမဆုံးအကြိမ်အဖြစ် ငွေသားအသုံးပြုခြင်းထက် လွန်စွာ မြန်ဆန်ထိရောက်မှုရှိသော ကမ္ဘာသုံး ကတ်စနစ်အား အသုံးပြုနိုင်ရန် အခွင့်အရေးတစ်ခု ရရှိစေနိုင်ပါသည်။

Grab Financial ၏ စီနီယာ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Reuben Lai က “ ဒီပူးပေါင်းဆောင်ရွက်မှုဟာ Grab က ကြိုတင်ငွေဖြည့်ကတ်တွေ ထုတ်ပေးတယ်ဆိုတာထက် အရှေ့တောင်အာရှအတွက် ကြီးမားတဲ့ အလေ့အထ အပြောင်းအလဲတစ်ခု ဖြစ်စေမှာပါ။ အခုဆိုရင် ကျွန်တော်တို့ဟာ ဒေသတွင်းအသုံးပြုနိုင်တဲ့ အဆင့်ကနေ ကမ္ဘာအနှံ့ လက်ခံအသုံးပြုနိုင်တဲ့ ပထမဆုံး e-wallet ဖြစ်သွားပါပြီ။ ဒါက အရှေ့တောင်အာရှရဲ့ ငွေကြေးစီမံ ခန့်ခွဲမှုဆိုင်ရာ နည်းပညာမှာ ဦးဆောင်သူအဖြစ် အသိအမှတ်ပြုခံထားရတဲ့ အနေအထားကို ပိုပြီး ခိုင်မာစေရုံ သာမကဘဲ  ဒေသတွင်းက ဘဏ်စာရင်းမရှိသူ၊ ဘဏ်ဝန်ဆောင်မှု အပြည့်မရရှိသူ သန်းပေါင်း ၄၀၀ ကို အွန်လိုင်းကနေ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြုအောင် ပြုလုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ အရင်ကတော့ အရှေ့တောင်အာရှဒေသတွင်း လူဦးရေ ၁၀ ရာခိုင်နှုန်း အောက်လောက်ပဲ ခရက်ဒစ်ကတ် အသုံးပြုနိုင်ကြတာပါ” ဟု ပြောသည်။

Digital & Emerging Partnerships and New Payment Flows မှ Executive Vice President ဖြစ်သူ Rama Sridhar က “ Grab နဲ့ ပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက် အရှေ့တောင်အာရှ ဒေသတွင်းမှာ ကျွန်တော်တို့ရဲ့  ပေါက်ရောက်မှုအနေအထားကို သိသိသာသာ ကျယ်ပြန့်သွားစေပြီး ကုန်သည်တွေနဲ့ သုံးစွဲသူ အားလုံး အတွက် ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးချေမှုကို တိုးချဲ့ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်နဲ့လည်း ကိုက်ညီ စေပါတယ်။ အခုဆိုရင် အခြေခံ နည်းပညာစနစ်ကို ပြောင်းလဲစရာ မလိုဘဲ ကုန်သည်တွေကို အရှေ့တောင်အာရှ ဒေသတွင်း မိုဘိုင်းဖုန်း ၆ လုံးမှာ ၁ လုံး ပါဝင်တဲ့ Grab ရဲ့ တိုးပွားနေတဲ့ လူလတ်တန်းစား သုံးစွဲသူပမာဏနဲ့ ချိတ်ဆက်နိုင်တဲ့ အခွင့်အလမ်းတစ်ခု ပေးအပ်နိုင်ပါပြီ။ အခုလို သုံးစွဲသူတွေနဲ့ ကုန်သည်တွေ အတွက် ပိုပြီးကောင်းမွန်တဲ့ ငွေပေးချေမှု ပုံစံအမျိုးမျိုးနဲ့ စိတ်ချလက်ချ၊ အလွယ်တကူ ငွေပေးငွေယူလုပ်နိုင်တဲ့ ဝန်ဆောင်မှုကို ဆက်ပေးသွားနိုင်မှာဖြစ်လို့ ပျော်ရွှင်စိတ်လှုပ်ရှားမိပါတယ်” ဟု ပြောသည်။

ကြိုတင်ငွေဖြည့်ကတ်ကို စတင်မိတ်ဆက်ချိန်ကစပြီး အရှေ့တောင်အာရှတစ်လွှားရှိ Grab အသုံးပြုသူများမှာ အဆိုပါကတ်ကို နေရာတိုင်းတွင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ဒေသတွင်း သုံးစွဲသူများသည် ကြိုတင်ငွေဖြည့်ကတ် ရယူနိုင်ရန် Grab app ဆီမှတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်ပြီး မိမိတို့၏ Grab app ထဲရှိ GrabPay wallet အတွင်း ဒစ်ဂျစ်တယ်ကတ်တစ်ခု လက်ခံရရှိမည် ဖြစ်သည်။ ထို့အပြင် NFC နှင့် EMV chip နည်းပညာသုံး ငွေလက်ခံစက် နှစ်ခုစလုံးတွင် အသုံးပြုနိုင်သော ပုံမှန်  ကြိုတင်ငွေဖြည့်ကတ် တစ်ခုကိုလည်း Grab က ပေးအပ်မည် ဖြစ်သည်။ ကတ်ငွေဖြည့်ခြင်းကိုလည်း GrabPay ပလက်ဖောင်းပေါ်ရှိ ယာဉ်မောင်းများ၊ အေးဂျင့်များနှင့် ကုန်သည်များပါဝင်သည့် Grab ၏ အသေးစားလုပ်ငန်းရှင် ၈ သန်းအတွင်း မည်သူ့ကိုမဆို ငွေသားဖြင့် ရှင်းပေးခြင်းကဲ့သို့ပင် အလွယ်တကူ လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ အသေးစား လုပ်ငန်းရှင်များသည် မိုဘိုင်း ATM များအဖြစ် ထိရောက်စွာ ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ၎င်းတို့ ထုတ်ပေးလိုက်ရသော ငွေသားများအတွက် ထပ်ဆောင်း အပိုငွေများကိုလည်း ရယူခံစားနိုင်မည် ဖြစ်ပါသည်။

အဆိုပါ ကတ်အသစ်သည် အရှေ့တောင်အာရှ၏ မပြည့်မီသေးသည့် အကြီးဆုံးသော လိုအပ်ချက်များထဲမှ အချို့ကို ထိရောက်စွာ ပြေလည်စေမည်ဖြစ်သည်။ Google နှင့် Temasek ၏ e-Conomy SEA Spotlight report  အရ အရှေ့တောင်အာရှ ဒေသတွင်းရှိ တိုးပွားလာသည့် လူလတ်တန်းစားဦးရေသည် ပိုလျှံသော ဝင်ငွေများကို ခရီးသွားခြင်းနှင့် အွန်လိုင်းပေါ်တွင် ဈေးဝယ်ခြင်းတို့တွင် ပိုမို သုံးစွဲလာကြကြောင်း တွေ့ရသည်။  ငွေသား အသုံးပြုမည့်အစား ကတ်ကို ကိုင်ဆောင်သုံးစွဲခြင်းသည် အရှေ့တောင်အာရှ၏ တိုးတက်လာသည့် အလတ်တန်းစား စီးပွားရေး လုပ်ငန်းများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေပြီး ပိုမို လုံခြုံမှုရှိစေပါသည်။ ဒစ်ဂျစ်တယ်ကတ်သည် e-commerce ဝက်ဘ်ဆိုက်များ သို့မဟုတ် Mastercard ၏ ကမ္ဘာအနှံ့အပြားရှိ  ဈေးဆိုင်များကွန်ရက်အတွင်း မည်သည့် အွန်လိုင်းအရောင်းဆိုင်များတွင်မဆို အသုံးပြုရန် အဆင်ပြေ သင့်တော်ပါသည်။

ဒစ်ဂျစ်တယ်ကတ်ကို ကမ္ဘာ့အန့ှံအပြားရှိ NFC နည်းပညာသုံး POS စက်ရှိသည့် Mastercard သုံးနိုင်သော မည်သည့် အရောင်းဆိုင်တွင်မဆို အသုံးပြုနိုင်သောကြောင့် ခရီးသွားလာရာတွင် အသုံးပြုရန် သင့်တော်သော ကတ်အမျိုးအစား ဖြစ်သည်။ အသုံးပြုသူများသည် မိမိ ကတ်အတွင်း နှစ်သက်ရာ ငွေကြေးအမျိုးအစား  ဖြည့်နိုင်သည့်အတွက် ကြီးမြင့်သည့် ငွေလဲလှယ်မှုနှုန်းနှင့် အရောင်းအဝယ်များအတွက် ကျသင့်ငွေကို ချွေတာ  နိုင်သည်။ ပုံမှန်ကတ်များသည် အင်တာနက်ဆက်သွယ်မှု လိုင်းအားမကောင်းသည့် နေရာများတွင် အရောင်း အဝယ်ပြုကြသည့် သုံးစွဲသူများအတွက်နှင့် မြေအောက်ရထားခ သို့မဟုတ် လမ်းဖြတ်သန်းခ စသည့်  ငွေပေးချေ မှုများအတွက် အသုံးပြုရန် သင့်တော်ပါသည်။

Grab နှင့် Mastercard သည် ကြိုတင်ငွေဖြည့်ကတ်များကို ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်အတွင်းတွင် အရှေ့တောင် အာရှဒေသတွင်း ဘဏ်သုံးစွဲမှု အမြင့်ဆုံးနိုင်ငံထဲမှ တစ်ခုဖြစ်သည့် စင်ကာပူ (ဘဏ်စာရင်းရှိ လူဦးရေ ၉၈%) နှင့် ဘဏ်သုံးစွဲမှု အနိမ့်ဆုံးနိုင်ငံများထဲမှာ တစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ (ဘဏ်စာရင်းရှိ လူဦးရေ ၃၄%) တို့တွင် စတင်ထုတ်ပေးသွားရန် မျှော်မှန်းထားသည်။

                                                                             -ပြီး-

Grab အကြောင်း

Grab သည် အရှေ့တောင်အာရှတွင် အများဆုံး အသုံးပြုလျက်ရှိသော ထိပ်တန်း O2O မိုဘိုင်းပလက်ဖောင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော  နေ့စဉ်သုံး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ သွားလာရေး၊ အစားအသောက်၊ အိမ်အရောက် ဈေးဝယ်ခြင်း စသည်တို့ကို e-wallet တစ်ခုတည်းဖြင့် ငွေပေးချေနိုင်သည်။ အရှေ့တောင်အာရှ နိုင်ငံသားတိုင်း ဒစ်ဂျစ်တယ် စီးပွားရေးမှ အကျိုးကျေးဇူးများ ရရှိသင့်သည်ဟု Grab က ယုံကြည်သည့်အတိုင်း ကုမ္ပဏီသည် လုံခြုံစိတ်ချရပြီး ဈေးနှုန်းသင့်တင့်သော သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နှင့် ပစ္စည်း ပို့ဆောင်ရေး၊ မိုဘိုင်း ငွေချေစနစ်နှင့် ငွေကြေး ဝန်ဆောင်မှုများ ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် Grab သည် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ အသေးစိတ်အချက်အလက်များ ထပ်မံသိရှိလိုပါက http://www.grab.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Mastercard အကြောင်း

Mastercard ( NYSE: MA),  www.mastercard.com သည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နယ်ပယ်ရှိ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။  အင်တာနက်အသုံးပြုသည့် ကျွနု်ပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုသည် နိုင်ငံပေါင်း ၂၁၀ ကျော်နှင့် နယ်နိမိတ်များရှိ စားသုံးသူများ၊ ဘဏ္ဏာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကုန်သည်များ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ပေးသည်။ Mastercard ထုတ်ကုန်များနှင့် လုပ်ဆောင်ချက်များသည် ဈေးဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ လုပ်ငန်းတစ်ခု လည်ပတ်ခြင်းနှင့် ဘဏ္ဏာရေးဆိုင်ရာများ စီမံခန့်ခွဲခြင်းကဲ့သို့သော နေ့စဉ် ရောင်းဝယ်ဖောက်ကားသည့်လှုပ်ရှားမှုများကို လူတိုင်းအတွက် ပိုမိုလွယ်ကူစေပြီး ပိုမိုလုံခြုံစိတ်ချရကာ ထိရောက်မှုပိုလာစေသည်။  Twitter  www.mastercard.com ကတစ်ဆင့် Beyond the Transaction Blog ပေါ်မှ ဆွေးနွေးပွဲတွင် ပါဝင်နိုင်ပြီး၊ Engagement Bureau ပေါ်မှ နောက်ဆုံးသတင်းများရယူရန် subscribe လုပ်ပါ။

 

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter