မိတ်ဆွေက Grab ပလက်ဖောင်းပေါ်မှာ ရှိနေပြီးသား၊ အော်ဒါတွေလည်း ရနေပြီ။ ဒါပေမဲ့ ပုံမှန်တိုးတက်လာဖို့ဆိုတာကတော့ အကန့်အသတ်လေးတွေ ရှိနေနိုင်ပါတယ်။ “စားသုံးသူတွေက ကိုယ့်ဆိုင်ကို ပိုတွေ့အောင် ဘယ်လိုလုပ်ရမလဲ”၊ “တခြားဆိုင်တွေထဲမှာ ပေါ်လွင်နေအောင် ဘာတွေလုပ်သင့်လဲ” ဒါမှမဟုတ် “လုပ်ငန်းတိုးတက်ဖို့ ဘာတွေဆက်လုပ်ရမလဲ” ဆိုတာတွေကို စဉ်းစားနေရတယ်ဆိုရင် ဒါဟာ မိတ်ဆွေတစ်ယောက်တည်း ကြုံတွေ့နေရတဲ့ အခက်အခဲ မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုကို လည်ပတ်နေရတာတင် အားစိုက်ထုတ်မှု အများကြီး လိုအပ်တာမို့ Grab ပေါ်မှာ လုပ်ငန်းတိုးချဲ့ဖို့အတွက် ထပ်ပြီး ခေါင်းမကိုက်ချင်တော့ဘူး မဟုတ်လား။
ဒါကြောင့် GrowNow အစီအစဉ်ကို ဖန်တီးပေးလိုက်ပါပြီ။
GrowNow အစီအစဉ်ဆိုတာ ဘာလဲ။
GrowNow ဆိုတာကတော့ Grab ရဲ့ မားကက်တင်းနည်းလမ်းတွေကို အသုံးပြုပြီး လုပ်ငန်းတိုးတက်ဖို့၊ အောင်မြင်လာစေဖို့နဲ့ လေ့လာသင်ယူဖို့ ကူညီပေးနိုင်တဲ့ အစီအစဉ်တစ်ခုပါ။
သင်က GrabAds ကို အခုမှ စတင်သုံးစွဲသူဖြစ်စေ၊ ဒါမှမဟုတ် အော်ဒါတွေ ပိုရချင်လို့ပဲဖြစ်စေ၊ ဖောက်သည်အသစ်တွေဆီ ရောက်ရှိချင်လို့ပဲဖြစ်စေ၊ ဆိုင်ကို လူသိပိုများလာစေဖို့ပဲဖြစ်စေ၊ ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်နိုင်ဖို့အတွက် GrowNow က ကူညီပေးနိုင်ပါတယ်။ လုပ်ငန်းကြီးငယ်မရွေး ဘယ်လိုအခြေအနေမှာမဆို အကောင်းဆုံး ဖြစ်လာစေဖို့ ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။
ဒီအစီအစဉ်ကနေ ဘာတွေ ရနိုင်မလဲ။
GrowNow ဟာ လုပ်ငန်းရှင်တွေအတွက် အလိုအပ်ဆုံးဖြစ်တဲ့ ပညာပေး အစီအစဉ်တွေ၊ အကြံဉာဏ်သစ်တွေနဲ့ အသိအမှတ်ပြုမှုတွေအပေါ် အဓိက လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ မိတ်ဆွေရဲ့ လုပ်ငန်းကို မိတ်ဆွေစိတ်တိုင်းကျ စားသုံးသူတွေဆီ ပိုရောက်နိုင်ဖို့နဲ့ စီးပွားရေး ပိုတိုးတက်လာစေဖို့ ဒီဇိုင်းဆွဲ ဖန်တီးထားတာပါ။
ဒါဆို ကျွန်တော်တို့ ဘယ်လို ပံ့ပိုးပေးသွားမှာလဲ။
ဘာလို့ အခု စတင်ရမှာလဲ။
ကြော်ငြာ (Ads) သုံးတာက ကုန်ကျစရိတ် အပိုတစ်ခုပဲလို့ ထင်ရသလို အစပိုင်းမှာလည်း နားမလည်တာတွေ ရှိနိုင်တယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါကြောင့်ပဲ GrowNow အစီအစဉ်က ရှိနေတာပါ။ ဒီအစီအစဉ်မှာတော့ ဘယ်အရာက လုပ်ငန်းအတွက် ထိရောက်မယ်ဆိုတာကို နားလည်ရလွယ်ကူပြီး လက်တွေ့ ချက်ချင်း အသုံးချနိုင်မယ့် အကြောင်းအရာတွေကို ပြသပေးသွားမှာပါ။ Ads ကို စနစ်တကျ၊ မှန်မှန်ကန်ကန် သုံးမယ်ဆိုရင် ဖောက်သည်သစ်တွေဆီ ပိုရောက်နိုင်ပြီး ဆိုင်လည်း လူသိပိုများလာမှာဖြစ်သလို အော်ဒါတွေလည်း ပိုပြီး ရရှိလာမှာပါ။ ဒါကပဲ သင်လိုချင်နေတဲ့ အရာပဲ မဟုတ်လား။
ဒါက ခြေလှမ်းအစလေးပဲ ရှိပါသေးတယ်။ GrowNow အစီအစဉ်ကို ၂၀၂၆ ခုနှစ်အတွင်းမှာ စတင်သွားမှာ ဖြစ်ပြီး အစီအစဉ်သစ်တွေ၊ အောင်မြင်မှု ခရီးစဉ်တွေနဲ့ အခွင့်အလမ်းသစ်တွေအကြောင်း ပုံမှန်တင်ဆက်ပေးသွားမှာပါ။
ဒါကြောင့် GrabMerchant Website နဲ့ ကျွန်တော်တို့ရဲ့ ဆိုရှယ်မီဒီယာ ချန်နယ်လ်တွေမှာ အမြဲမပြတ် စောင့်ကြည့်ပေးကြပါဦး။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar