ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ရတာ အစအဆုံး အကုန်လုံးကို တစ်ယောက်တည်း ဒိုင်ခံလုပ်နေရသလိုမျိုး ခံစားဖူးပါသလား။ အော်ဒါနဲ့ မီနူးတွေ စီမံရတာတွေ၊ ဖောက်သည်တွေ စိတ်ကျေနပ်အောင် ဂရုစိုက်ရတာနဲ့တင် တကယ်တမ်း လုပ်ငန်းတိုးချဲ့ဖို့အတွက် အချိန်မပေးနိုင်၊ အာရုံမစိုက်နိုင် ဖြစ်နေတတ်ပါတယ်။
ဒါကြောင့်ပဲ GrabMerchant App က Merchant AI လက်ထောက်လေးကို ထည့်သွင်းပေးလိုက်တာပေါ့။
အောက်မှာပြထားတဲ့ နည်းလမ်း (၅) သွယ်ကို အရင်လေ့လာကြည့်လိုက်ပါ။ ပြီးရင်တော့ AI ကို ပေးရမယ့် လမ်းညွှန်ချက် စာသား (Prompt) တွေကို ကူး၊ AI လက်ထောက်လေးဆီမှာ တိုက်ရိုက်ထည့်သွင်းပြီး စမ်းသုံးကြည့်လို့ ရပါပြီ။ ဒါမှမဟုတ် လင့်ခ်လေးကို နှိပ်ပြီးတော့လည်း တိုက်ရိုက် အသုံးပြုလို့ ရပါပြီနော်။
သင့်ရဲ့ Merchant App ကို ဖွင့်ပြီး AI Assistant ခလုတ် (သို့မဟုတ်) Tile လေးကို နှိပ်လိုက်ပါ။ ပြီးရင်တော့ ဒီ Prompt စာသားကို Paste လုပ်ပြီး ထည့်လိုက်ရုံပါပဲ။
📣 #၁ မားကက်တင်း နဲ့ ကမ်ပိန်းတွေကို ဦးစားပေးရွေးချယ်ပါ။
ဘယ်လို ကြော်ငြာ (Ads)တွေ၊ ပရိုမိုးရှင်းတွေနဲ့ Spotlight ကမ်ပိန်းတွေ သုံးရမလဲ ဝေခွဲမရဖြစ်နေတယ်ဆိုရင် Merchant AI လက်ထောက်က လက်ရှိမှာ ဘာက အလုပ်တကယ်ဖြစ်တယ်၊ ဘာကတော့ အဆင်မပြေဖြစ်နေတယ်ဆိုတာကို သေချာဆန်းစစ်ပေးပြီး ရလဒ်ပိုကောင်းဖို့ ဘတ်ဂျက်ကို ဘယ်နေရာမှာ ပိုသုံးသင့်တယ်ဆိုတာကို စနစ်တကျ ပြောပြပေးသွားမှာပါ။
ကိုယ်တိုင်ထည့်သွင်းရမယ့် စာသား (MANUAL PROMPT): ဒီလအတွက် ဆိုင်မှာ ဘယ်လို ကြော်ငြာတွေ၊ ပရိုမိုးရှင်းတွေ၊ Spotlight ကမ်ပိန်းတွေ သုံးသင့်လဲ။ ဘာတွေက ရလဒ်သိပ်မကောင်းဘူးလဲ၊ ဘတ်ဂျက်ကို ဘယ်နေရာမှာ ပိုသုံးသင့်လဲ။
သင့်ရဲ့ မားကက်တင်း အခြေအနေကို ဆန်းစစ်ဖို့ ဒီနေရာမှာ နှိပ်ပါ
🍽️ # ပိုကောင်းတဲ့ ကြော်ငြာတွေဟာ ပိုကောင်းတဲ့ မီနူးက စတာပါ။
Merchant AI Assistant က ဘယ်ဟင်းပွဲတွေက ပိုရောင်းကောင်းလဲဆိုတာကို ဆန်းစစ်ပြီးတော့ ဟင်းပွဲပုံတွေကို ပိုလှအောင်ပြင်ပေးတာမျိုး၊ ဒါမှမဟုတ် ပုံအသစ်တွေ ဖန်တီးပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ ပြီးတော့ ဆိုင်ရဲ့ အချက်အလက်တွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ပြင်ဆင်ပေးနေမှာပါ။ ဒါဆို သင့်ဆိုင်ရဲ့ အမိုက်စား ပုံစံနဲ့ဆို ကြော်ငြာတွေကလည်း ပိုပြီး အလုပ်ဖြစ်သွားပြီပေါ့။
ကိုယ်တိုင်ထည့်သွင်းရမယ့် စာသား (MANUAL PROMPT)။ ။ ဆိုင်မှာ ရောင်းအကောင်းဆုံး မီနူးတွေက ဘာတွေလဲ။ ဘယ်ဟင်းပွဲပုံတွေကို ပိုကောင်းအောင် လုပ်ရမလဲ။ ကြော်ငြာတွေ ပိုပြီး အလုပ်ဖြစ်ဖို့ ဆိုင်ရဲ့ ဘယ်အချက်တွေကို ပြင်သင့်လဲ။
သင့်ဆိုင်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဖို့ ဒီနေရာမှာ နှိပ်ပါ
📊 #၃ ဆိုင်ရဲ့ ရောင်းအားစာရင်းတွေကို သေချာသိပါစေ။
ကိုယ့်ဆိုင်ရဲ့ ရောင်းအား၊ ဝယ်သူတွေရဲ့ အလေ့အထ၊ အဆင့်သတ်မှတ်ချက်တွေနဲ့ အော်ဒါပယ်ဖျက်မှု အခြေအနေတွေကို Merchant AI လက်ထောက်က အလွယ်ကူဆုံး နားလည်အောင် ရှင်းပြပေးနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ ကိုယ့်ဆိုင် အခြေအနေကို တခြားဆိုင်တွေရဲ့ ဒေတာ၊ အချက်အလက်တွေနဲ့လည်း ယှဉ်ပြပေးသွားမှာဆိုတော့ ကိုယ် ဘယ်အခြေအနေမှာ ရှိလဲဆိုတာ အမြဲ သိနိုင်ပြီလေ။
ကိုယ်တိုင်ထည့်သွင်းရမယ့် စာသား (MANUAL PROMPT)။ ။ ဆိုင်ရဲ့ ရောင်းအား၊ ဝယ်သူတွေရဲ့ အလေ့အထ၊ အဆင့်သတ်မှတ်ချက် နဲ့ အော်ဒါပယ်ဖျက်မှု ရာနှုန်း အခြေအနေတွေကို နားလည်လွယ်တဲ့ စကားလုံးတွေနဲ့ ရှင်းပြပေးပါ။ တခြားဆိုင်တွေနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိလဲ၊ ဘယ်နေရာတွေကို ပိုကောင်းအောင် ပြင်ရမလဲ ပြောပြပါ။
သင့်ဆိုင်ရဲ့ အခြေအနေကို ကြည့်ရှုဖို့ ဒီနေရာမှာ နှိပ်ပါ
💰#၄ ငွေစာရင်းဆိုလည်း အေးဆေး။
Merchant AI လက်ထောက်နဲ့ဆို ငွေပေးချေမှုစာရင်း (Settlements)၊ ငွေလွှဲမှတ်တမ်း (Transactions) နဲ့ ငွေထုတ်ယူမှု အသေးစိတ် (Payouts) အားလုံးကို တစ်နေရာတည်းမှာ ကြည့်နိုင်ပါပြီ။ တကယ်လို့များ ငွေစာရင်းလွဲချော်နေတာမျိုးတွေ (သို့) ဖြတ်တောက်ခံရတာမျိုးတွေ (Clawbacks) ရှိရင်လည်း ချက်ချင်း အသိပေး၊ အချက်ပြမှာဆိုတော့ အေးဆေးပေါ့။
ကိုယ်တိုင်ထည့်သွင်းရမယ့် စာသား (MANUAL PROMPT): ငွေပေးချေမှုစာရင်းတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေနဲ့ ငွေထုတ်ယူမှုတွေကို စစ်ဆေးပေးပါ။ ပုံမှန်မဟုတ်တာရှိရင် အချက်ပြပေးပြီး ငွေစာရင်း လွဲနေတာ ဒါမှမဟုတ် ဖြတ်တောက်ခံရတာရှိရင် သေချာရှင်းပြပေးပါ။
ငွေစာရင်းအခြေအနေကို သေချာကြည့်ဖို့ ဒီနေရာမှာ နှိပ်ပါ
🛠️ #၅ လိုအပ်တဲ့အချိန်တိုင်း ကူညီပေးမယ့် လက်ထောက်လေး
ပစ္စည်းပို့ဆောင်သူ/ ယာဉ်မောင်း စောင့်ဆိုင်းချိန်ကစ ဝန်ထမ်းစီမံခန့်ခွဲမှုထိ Merchant AI လက်ထောက်က သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ချောချောမွေ့မွေ့ ဖြစ်စေဖို့ ကူညီပေးမှာပါ။ တကယ်လို့များ ပြဿနာတစ်ခုခု ရှိလာရင်လည်း အလိုအလျောက် အဖြေရှာပေးပြီး လိုအပ်ရင် လူကိုယ်တိုင် ကူညီပေးနိုင်မယ့်သူဆီ အမြန်ဆုံး လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်တိုင်ထည့်သွင်းရမယ့် စာသား (MANUAL PROMPT): ပို့ဆောင်သူရဲ့ စောင့်ဆိုင်းချိန်တွေ၊ ဝန်ထမ်းစီမံခန့်ခွဲမှုတွေလိုမျိုး ပြဿနာတွေကို ကူပြီး ဖြေရှင်းပေးပါ။ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းကို ရှင်းပြပြီး အမြန်ဆုံး ပြင်ဆင်နိုင်မယ့် နည်းလမ်းကို ညွှန်းပေးပါ။
သင့်ဆိုင်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဒီနေရာကို နှိပ်ပါ
စဉ်းစားနေစရာ မလိုတဲ့ ပိုကောင်းတဲ့ ရလဒ်
လုပ်ငန်းတိုးချဲ့ဖို့ နည်းလမ်းတွေ အများကြီးထဲကမှ ဘာကို အရင်ဦးစားပေးရမလဲဆိုတာက အရေးကြီးပါတယ်။ Merchant AI Assistant (AI လက်ထောက်)က သင်အဓိက အာရုံစိုက် ဦးစားပေးရမယ့်အရာတွေကို ကွက်တိထုတ်ပြပေးမှာဆိုတော့ စမ်းတဝါးဝါး ဖြစ်နေစရာ မလိုတော့ဘူးပေါ့။ ဆိုလိုတာက ခေါင်းစားစရာ မလိုတော့ဘူး၊ မြန်မြန် အကောင်အထည်ဖော်နိုင်ပြီး ပိုကောင်းတဲ့ ရလဒ်တွေက စောင့်နေပြီဆိုတာပါပဲ။ ဒီလိုဆို လုပ်ငန်း ကြီးပွားတိုးတက်လာဖို့ အချိန်ပိုပေးနိုင်ပြီပေါ့။ 🚀
အမိုက်စား နည်းလမ်းတွေနဲ့ နောက်ဆုံးရ သတင်း အချက်အလက်သစ်တွေကို ပိုသိရဖို့ ကျွန်တော်တို့ ဆိုရှယ်မီဒီယာ ချန်နယ်လ်တွေနဲ့ GrabMerchant Website ကို စောင့်ကြည့်ပေးဖို့လည်း မမေ့နဲ့နော်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar