“Grab နဲ့ဝေမျှ မေမေနဲ့အမှတ်တရ” အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ
၁။ အစီအစဉ်ကာလ
ဤအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၈ ရက်နေ့ (ည ၁၁:၅၉ နာရီ) အထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။
၂။ ပါဝင်နိုင်သူများ
- Grab အသုံးပြုသူများ (User များ) သာ ပါဝင်နိုင်ပါသည်။
- Grab ၏ ဝန်ထမ်းများ၊ Grab နှင့် တိုက်ရိုက်ပတ်သက်နေသော Influencer များ၊ KOL များ အား ဆုရွေးချယ်ခြင်းတွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
- ပါဝင်ယှဉ်ပြိုင်သည့် Facebook Account သည် အနည်းဆုံး (၆) လ သက်တမ်းရှိသော Account အစစ်အမှန် (Real Account) ဖြစ်ရပါမည်။
၃။ ပါဝင်ပုံအဆင့်ဆင့်
- မိမိ၏ Facebook Account တွင် မေမေနှင့်အတူတွဲရိုက်ထားသော ဓာတ်ပုံကို “Grab နဲ့ဝေမျှ မေမေနဲ့အမှတ်တရ” Caption နှင့်အတူ #GrabFoodMomsDay Hashtag အသုံးပြု၍ Public Setting ဖြင့် ပို့စ်တင်ရပါမည်။
- တင်ထားသော ပို့စ်၏ Link ကို Grab ၏ မူရင်း Facebook ပို့စ်အောက်တွင် မေမေ့အတွက် ရင်တွင်းစကားလေးနှင့်အတူ Comment ပေးပို့ကာ ပါဝင်ယှဉ်ပြိုင်ရပါမည်။
၄။ ဆုရွေးချယ်ခြင်း
- အထူးဆု (၁ ဦး): မိမိတို့တင်ထားသော Facebook Post တွင် React အရေအတွက် အများဆုံး ရရှိသူကို iPhone 17 Pro နှင့် ၁ သိန်းဖိုး GrabFood ဘောက်ချာ ချီးမြှင့်ပါမည်။
- ကံထူးရှင် (၉ ဦး): ကျန်ရှိသော ပါဝင်သူများထဲမှ စည်းကမ်းချက်နှင့် ညီညွတ်သူများကို Random Picker စနစ်ဖြင့် ရွေးချယ်ပြီး Skincare sets နှင့် ၁ သိန်းဖိုး GrabFood ဘောက်ချာများ ချီးမြှင့်ပါမည်။
- ပါဝင်သူတစ်ဦးလျှင် ဆုတစ်ဆုသာ ရရှိနိုင်မည် ဖြစ်ပါသည်။
၅။ ဓာတ်ပုံအသုံးပြုခွင့်နှင့် မှန်ကန်မှု
- ပါဝင်သူများသည် မိမိတို့အသုံးပြုသော ဓာတ်ပုံသည် မိမိကိုယ်တိုင်ပိုင်ဆိုင်သော ပုံဖြစ်ကြောင်း အာမခံရမည်။ သူတစ်ပါးပုံ သို့မဟုတ် အင်တာနက်မှ ပုံများဖြစ်ပါက ပယ်ဖျက်မည်။
- ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် မိမိတို့၏ ဓာတ်ပုံ၊ အမည်နှင့် ရင်တွင်းစကားများကို Grab မှ ကြော်ငြာနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းကို သဘောတူပြီးဖြစ်သည်ဟု မှတ်ယူမည်။
၆။ မသမာမှုနှင့် အငြင်းပွားမှုများ
- React ဝယ်ယူခြင်း၊ အလိုအလျောက်စနစ်များ (Bots) အသုံးပြုခြင်း သို့မဟုတ် အခြားမသမာသော နည်းလမ်းများဖြင့် React များပြားအောင် ပြုလုပ်ခြင်းကို စစ်ဆေးတွေ့ရှိပါက အသိပေးချက်မရှိဘဲ ယှဉ်ပြိုင်မှုမှ ချက်ချင်းပယ်ဖျက်မည်။
- ဆုလက်ဆောင်များကို ငွေသားဖြင့် လဲလှယ်ခြင်း မပြုရပါ။
- အစီအစဉ်နှင့် ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာ ရှိလာပါက Grab ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
- Grab အနေဖြင့် အစီအစဉ် စည်းကမ်းချက်များကို အချိန်မရွေး ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်ကို ရပ်စဲခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။