Grab နဲ့မျှဝေ ဖေဖေ့ကို မပြောဖြစ်ခဲ့တဲ့ စကားတွေ – Yu Thet Paing

Yu Thet Paing
Grab နဲ့မျှဝေ ဖေဖေ့ကို မပြောဖြစ်ခဲ့တဲ့ စကားတွေ
 

ဒီနေ့အထိ ဖေဖေ့ကို “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားတောင် သေချာမပြောဖူးဘူး။ ဒါပေမဲ့ ဖေဖေ့ရဲ့ မေတ္တာနဲ့ အနစ်နာခံမှုတွေကို သမီး အမြဲခံစားနေရတယ်။

သမီးအတွက် ပင်ပန်းခဲ့တဲ့နေ့တွေ၊ စိုးရိမ်ခဲ့တဲ့ညတွေ၊ မပြောဘဲ တိတ်တိတ်လေး ထမ်းပိုးပေးခဲ့တဲ့ တာဝန်တွေကို အခုမှ ပိုနားလည်လာတယ်။

တစ်ခါတလေ သမီးက ဆိုးခဲ့တယ်၊ စိတ်ကောက်ခဲ့တယ်၊ စကားနားမထောင်ခဲ့ဘူး။ ဒါပေမဲ့ ဖေဖေကတော့ ဒီနေ့အထိ သမီးကို ဘယ်တော့မှ မဆူ မရိုက်ခဲ့ဘူး ။

ဖေဖေက အမြဲတမ်း အားအထားရဆုံး၊ အလေးစားရဆုံး လူတစ်ယောက်ပါ

သမီးက ဖေဖေ့ကို အရမ်းချစ်ပါတယ်လို့ 😘😘

ဖေဖေ ကျန်းကျန်းမာမာနဲ့ သမီးဘေးမှာ အချိန်အကြာကြီး ရှိပေးပါနော်။