Press Centre

Social Impact & SafetyConsumers & Drivers

Grab Myanmar က Novel Coronavirus ကူးစက်ပျံ့နှံ့ခြင်းမှ လူအများ ဘေးကင်းလုံခြုံမှုရှိစေရန် ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများ စတင်ဆောင်ရွက်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၆ ရက် – ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်ကြုံတွေ့နေရသည့် Novel Coronavirus ရောဂါပိုးပျံ့နှံ့မှုကြောင့် ကူးစက်ခံရနိုင်ခြေ လျော့နည်းစေရန်နှင့် Grab ဝန်ဆောင်မှု အသုံးပြုသူများ၊ မိတ်ဖက် သယ်ယူပို့ဆောင်သူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ ဘေးကင်းကျန်းမာစေရန် Grab Myanmar က လိုအပ်သည့် ပံ့ပိုးကူညီမှုများကို  စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ကြိုတင်မခန့်မှန်းနိုင်သည့် ကူးစက်ပျံ့နှံ့မှုအတွက် ကာကွယ်ရေး အစီအစဉ်များနှင့် လှုပ်ရှားမှုများကို ပိုမို ပံ့ပိုးမြှင့်တင်ပေးနိုင်ရန် Grab Myanmar က […]

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၆ ရက် – ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်ကြုံတွေ့နေရသည့် Novel Coronavirus ရောဂါပိုးပျံ့နှံ့မှုကြောင့် ကူးစက်ခံရနိုင်ခြေ လျော့နည်းစေရန်နှင့် Grab ဝန်ဆောင်မှု အသုံးပြုသူများ၊ မိတ်ဖက် သယ်ယူပို့ဆောင်သူများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ ဘေးကင်းကျန်းမာစေရန် Grab Myanmar က လိုအပ်သည့် ပံ့ပိုးကူညီမှုများကို  စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ကြိုတင်မခန့်မှန်းနိုင်သည့် ကူးစက်ပျံ့နှံ့မှုအတွက် ကာကွယ်ရေး အစီအစဉ်များနှင့် လှုပ်ရှားမှုများကို ပိုမို ပံ့ပိုးမြှင့်တင်ပေးနိုင်ရန် Grab Myanmar က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ပြီး ရန်ကုန်လေဆိပ်ရှိ ယာဉ်မောင်းအဖွဲ့များ၊ မိတ်ဖက် သယ်ယူပို့ဆောင်သူများမှအစ ရန်ကုန်နှင့် မန္တလေးမြို့များရှိ နေရာအသီးသီးမှ ယာဉ်မောင်းအဖွဲ့များအတွက် ကျန်းမာရေးနှာခေါင်းစည်း mask များနှင့် လက်ဆေးဆပ်ပြာရည်များကို ဝေမျှပံ့ပိုးမှုများကို လုပ်ဆောင်ခဲ့ပြီး မည်သို့ စနစ်တကျ အသုံးပြုရမည်ကို ပြသပေးခဲ့ကြသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည့် ကြိုတင်ကာကွယ်ရေး အဆင့်များကို မိတ်ဖက် ယာဉ်မောင်းများ၊ မိတ်ဖက် ပို့ဆောင်ရေးဝန်ထမ်းများနှင့် ခရီးသည်များ ပိုမို သိရှိ သတိပြုမိစေရန်အတွက် Grab အနေဖြင့် လူမှုမီဒီယာတွင် မျှဝေခြင်း၊ အက်ပလီကေးရှင်းအတွင်း အသိပေးချက်ပေးပို့ခြင်းများ ပြုလုပ်ပေး လျက်ရှိပါသည်။ ထို့အပြင် Grab ၏ မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များထံ ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ဝန်ထမ်းများ၏ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်မည့် အကြံဉာဏ်များကို ပေးပို့သွားမည်ဖြစ်သည်။

Grab Myanmar ရှိ မိတ်ဖက် ယာဉ်မောင်းများ၊ မိတ်ဖက် အစားအသောက်ပို့ဆောင်ရေးဝန်ထမ်းများ အားလုံးကို ရောဂါပိုး ပျံ့နှံ့မှုအတွက် နိုးနိုးကြားကြား သတိရှိကြရန်၊ သတိပေးချက်များကို လိုက်နာကြရန်နှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု အလေးပေး ဂရုစိုက်ကြရန် စဉ်ဆက်မပြတ် သတိပေးလျက်ရှိပါသည်။ မိတ်ဖက် ယာဉ်မောင်းများ၊ မိတ်ဖက် ပို့ဆောင်ရေးဝန်ထမ်းများကို ခရီးသည် ပို့ဆောင်နေချိန်၊ အစား အသောက် အော်ဒါများ ပို့ဆောင်နေချိန်တွင် ကျန်းမာရေး နှာခေါင်းစည်းများ ဝတ်ဆင်ထားကြရန် သတိပေးမှာကြားမှုများ ပြုလုပ်လျက် ရှိပါသည်။ ထို့အပြင် မိမိတို့ ကိုယ်လက် မအီမသာ ခံစားရသည်ဖြစ်စေ၊ ဖျားနာနေသူတစ်ဦးတွင် သံသယဖြစ်ဖွယ် လက္ခဏာများ တွေ့ရှိရသည်ဖြစ်စေ ဆေးကုသမှု ချက်ချင်းခံယူပြီး သက်ဆိုင်ရာအဖွဲ့များထံ အသိပေးကြရန် မှာကြားထားပြီး ဖြစ်ပါသည်။

Grab Myanmar အဖွဲ့သားများကလည်း Novel Coronavirus အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လျက် ရှိပြီး ဒေသတွင်း အစိုးရ ကျန်းမာရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့များ၏ လမ်းညွှန်ချက်များနှင့် အညီ ကြိုတင်ကာကွယ်ရေး အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ပါသည်။ Grab အနေဖြင့် ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအား အကူအညီပေးရန် အသင့်ရှိပြီး ဖြစ်ပွားနေသည့် အခြေအနေအရ လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်နိုင်ရန် မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိပါသည်။

တစ်စုံတစ်ခု အကူအညီ လိုအပ်ပါက Grab အသုံးပြုသူများအနေဖြင့် Customer Service ဖုန်းနံပါတ် – ၀၉ ၉၇ ၇၀၈ ၃၃၃၀ သို့ အချိန်မရွေး ခေါ်ဆိုအကြောင်းကြားနိုင်ပါသည်။

Visit our country press centres

Media Inquiries

Contact the Grab media team

Follow us on Grab social channels

  • Facebook
  • LinkedIn
  • Instagram
  • Twitter