CB ဘဏ် ရုံးဝန်ထမ်းများအတွက် သီးသန့်ပြိုင်ပွဲ

CB ဘဏ်ရုံးမှာ ကျင်းပခဲ့တဲ့ Wonderful World of Grab ပွဲကို လာရောက်ပြီး ကိုယ်ပိုင်သီးသန့်ပရိုမိုကုဒ်များ ပြုလုပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ တကယ်လို့ ပြိုင်ပွဲမှာ ပါဝင်ဖို့ ပရိုမိုကုဒ် မပြုလုပ်ခဲ့မိပါက htethtetmyo.hein@grabtaxi.com သို့ အီးမေးလ်ပေးပို့ပေးပါ။

ပြိုင်ပွဲတွင် ပါဝင်ရန်အတွက်နည်းလမ်းများ –
• အနည်းဆုံး Grab သုံးစွဲသူအသစ် ၂ ယောက်အတွက် ညွှန်းဆိုပြီး ကူညီအကောင့်ဖွင့်ပေးပါ။
• သင့်အတွက်ပေးထားတဲ့ ပရိုမိုကုဒ်ကို သုံးပြီး သူတို့ ၂ဦးကို စီးနင်းစေပါ။
• Note 9 ရရှိပိုင်ဆိုင်နိုင်မယ့် ကံစမ်းမဲအစီအစဉ်မှာ ပါဝင်သွားပြီ ဖြစ်ပါတယ်။
• ပြိုင်ပွဲကာလမှာ မတ်လ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။

မှတ်ချက်။ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ရန်အတွက် သုံးစွဲသူ အသစ် ၂ဦး ညွှန်းဆိုပြီးတာနဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး သုံးစွဲသူ အသစ်တစ်ဦး ရရှိတိုင်း သင့်အတွက် မဲတစ်စောင်ရရှိမှာမို့ ကံစမ်းမဲအစီအစဉ်မှာ သင် အနိုင်ရရှိဖို့ အခွင့်အရေး များလေပါပဲ။ ကံကောင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များ

၁။ အခုပြိုင်ပွဲဟာ မတ်လ ၃၁ ရက် အတွင်းအထိသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

၂။ သင့်သီးသန့်ပရိုမိုကုဒ်ဟာ သုံးစွဲသူအသစ်များသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၃။  ပြိုင်ပွဲကာလပြီးဆုံးပြီး ရုံးဖွင့်ရက် ၁၅ ရက်အတွင်းမှာ ဆုရှင်တွေကို. Grab ဘက်ကလည်း ဆုရှင်တစ်ယောက်ချင်းစီကို ဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ ဆုတွေကို Grab ရုံးခန်းမှာ အကြောင်းကြားပြီး ရုံးဖွင့်ရက် ၃ ရက်အတွင်း ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်မှာပါ။

၄။ သုံးစွဲသူ အသစ်တစ်ဦး ရရှိတိုင်း သင့်အတွက် မဲတစ်စောင်ရရှိမှာမို့ ကံစမ်းမဲအစီအစဉ်မှာ သင် အနိုင်ရရှိဖို့ အခွင့်အရေး များလေပါပဲ။ အနိုင်ရရှိသူကို ကျပန်းမဲစနစ်နဲ့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

၅။ အငြင်းပွားစရာ တစ်စုံတစ်ရာရှိခဲ့ပါက Grab တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

၆။ တစ်ဦးလျှင် တစ်ကြိမ်ထက် ပိုပြီး ဆုရယူခွင့် မရှိပါ။

၇။ ဒီပြိုင်ပွဲမှာ ပါဝင်လိုက်တာဟာ အခု ဖော်ပြထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို Grab ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာပေါ်လစီနဲ့အညီ အထက်မှာ ပြောထားတဲ့အတိုင်း အသုံးပြုဖို့ လက်ခံခွင့်ပြုတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အောက်မှာ ဖော်ပြထားတဲ့ တရားဝင် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြိုင်ပွဲစီစဉ်သူရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံသဘောတူတယ်လို့ သဘောသက်ရောက်ပါတယ်။

၈။ ဆုကို လွှဲပြောင်းပေးခြင်း၊ ငွေသားနဲ့ ပြန်လဲလှယ်ခြင်း သို့မဟုတ် တခြားပစ္စည်းနဲ့ ပြန်လဲလှယ်ခြင်းတို့ မပြုလုပ်ရပါ။ Grab ဘက်က သတ်မှတ်ပေးတဲ့အချိန်ကာလအတွင်း လာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ သတ်မှတ်အချိန်ကာလအတွင်း ထုတ်ယူခြင်း မရှိပါက အထက်မှာ ဖော်ပြထားတဲ့စည်းမျဉ်းအတိုင်း တခြားဆုရှင်တစ်ယောက်ကို ထပ်မံရွေးချယ်ပေးအပ်မှာဖြစ်ပါတယ်။

၉။ ဆုက လွဲပြီး တခြားအပိုကုန်ကျစရိတ်တွေကို Grab က တာဝန်ယူမှာ မဟုတ်ပါဘူး။

၁၀။ ပြိုင်ပွဲ သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်တွေကို Grab ဘက်က ကြိုတင်အကြောင်းကြားမှုမပြုဘဲ ရပ်တန့်ခြင်း သို့မဟုတ် ပြုပြင်ခြင်း စတာတွေကို အချိန်မရွေး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၁၁။ ပြိုင်ပွဲကို ဝင်ရောက်ရာမှာ ဒါမှမဟုတ် ဆုကို လက်ခံရယူရာမှာ အကျိုးဆက်အနေနဲ့ သင် ခံစားတွေ့ကြုံရတဲ့ ထိခိုက်မှု ၊ ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျမှု စတဲ့ အမှုအရာတွေအပေါ် Grab က တာဝန်မရှိပါ။