ခရီးစဉ်တိုင်း ပိုမိုရင်းနှီးလုံခြုံအောင် ကြိုးစားလျှက်ပါ
ပထမဆုံး ချိန်းတွေတဲ့အချိန် လေတက်ဖို့ ၂ ခါစဉ်းစားဖူးလား… ဒါမှမဟုတ် အဖွားအနားမှာရှိတဲ့အခါ စကားကြမ်းကြမ်းတမ်းတမ်း မပြောဆိုမိဖို့ ထိန်းသိမ်းဖူးလား။
အဖြေက ဟုတ်တယ်ဆိုရင် အဲဒါက တစ်ယောက်ယောက်က သင့်ကို မြင်နိုင်တယ်၊ ကြားနိုင်တယ်ဆိုတာ သိနေတဲ့အခါ အားလုံးက ပိုကောင်းအောင် ပြုမူနေတာကြောင့်ဖြစ်ပါတယ်။
“Hawthorne Effect” ကိုလေ့လာမှုတစ်ခုတွင် စက်ရုံလုပ်သားများသည် မန်နေဂျာတစ်ဦးမှ စောင့်ကြည့်ညွှန်ကြားနေတဲ့အခါ အလုပ်များ ပိုမိုအကျိုးဖြစ်ထွန်းကြောင်း သုတေသီများက သိရှိခဲ့ပါတယ်။
AudioProtect ဟာ ထိုစိတ်ကူးကိုအခြေခံပြီး ဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။ Grab ခရီးစဉ်အတွင်း အသံမှတ်တမ်းတင်ထားပြီး တစ်စုံတစ်ဦးက (AudioProtect) နားထောင်နေကြောင်းကို သိနေသောကြောင့် လူတိုင်း တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးစွာဆက်ဆံစေဖို့ မျှော်လင့်ပါတယ်။
AudioProtect ဘယ်လိုအလုပ်လုပ်လဲ?
ခရီးစဉ်တိုင်းကို နှစ််ဦးနှစ်ဖက်လုံး လုံခြုံစိတ်ချရတဲ့ အတွေ့အကြုံတွေရဖို့ AudioProtect ကို အခုပဲ သုံးလိုက်ကြပါစို့။
အသံမှတ်တမ်း လုပ်ဆောင်ရန်အတွက်၊ နှစ်ဖက်စလုံး AudioProtect ကို ဖွင့်ရန် လိုအပ်ပါတယ်။
စိတ်ပြောင်းသွားပြီလား? အသံမှတ်တမ်းခြင်းကို ဖွင့် (သို့မဟုတ်) ပိတ်ဖို့ လုပ်ဆောင်ချက်အတူတူပါပဲ။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar