ခရီးစဉ်အတွင်းမှာလည်း ပရိုမိုသုံးလို့ ရပြီနော်

ပရိုမိုကုဒ်တွေကို GrabTaxi ဘိုကင်မတင်ခင် အကြောင်းအမျိုးမျိုးကြောင့် မသုံးလိုက်ရတဲ့အခါ ခရီးစဉ်အတွင်းမှာ ပြန်လည် ထည့်သွင်းအသုံးပြုလို့ ရပါတယ်။

GrabTaxi စီးနင်းနေချိန်အတွင်း ပရိုမိုကုဒ်အသုံးပြုပုံအဆင့်ဆင့်ကို အောက်တွင် ကြည့်ရှုလို့ရပါတယ်။

ဘိုကင်တင်ပြီးချိန်မှာ သင့် GrabTaxi ခရီးစဉ်အသေးစိတ် ပါဝင်တဲ့စာမျက်နှာရဲ့ အောက်ခြေအဆုံးတွင် ပရိုမိုကုဒ်ကိုထည့်နိုင်ပါတယ်။ 

ပေ့ဂျ်ရဲ့အပေါ်တွင် ငွေပေးချေမှုပုံစံများနဲ့အတူ ပရိုမိုကုဒ်ပါထည့်သွင်းနိုင်တဲ့ မိတ်ဆွေရဲ့ GrabTaxi စီးနင်းမှုအချက်အလက်များကို ဖော်ပြထားပါတယ်။ 

ပရိုမိုကုဒ်ဘေးကပ်လျက်ရှိ “Add” ကို နှိပ်ပြီး ပရိုမိုကုဒ်ကို ထည့်သွင်းနိုင်ပါတယ်။

မိတ်ဆွေရဲ့ခရီးစဉ်မပြီးဆုံးခင် ယာဉ်မောင်းနဲ့အတူရှိနေသရွေ့ လက်ရှိခရီးစဉ်အတွက် ပရိုမိုကုဒ်ကို ထည့်နိုင်ပါတယ်။

သင့်အနေနဲ့ ခရီးစဉ်မစတင်ခင် ယာဉ်မောင်းကို စောင့်နေချိန်မှာလည်း ပရိုမိုကုဒ်ကို ထည့်သွင်းနိုင်ပါတယ်။ 

မိတ်ဆွေရဲ့ယာဉ်မောင်းကို လေးစားခြင်းဖြင့် ခရီးစဉ်အတွင်း ပရိုမိုကုဒ်ထည့်ထားကြောင်းကို ကြိုတင်အသိပေးပါ။

ဒါမှသာ သူတို့အတွက်လည်း ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။ 

ပရိုမိုကုဒ်ကိုပြောင်းခြင်း နဲ့  ဖျက်ခြင်းများ လုပ်ဆောင်၍ မရသေးပါဘူးနော်။ 

ပရိုမိုကုဒ်ကိုထည့်လိုက်တာနဲ့တစ်ပြိုင်နက် ဘာမှ ထပ်မံပြုပြင်လို့မရတော့တာကြောင့် ဖြစ်ပါတယ်။

အသိပေးစာရောက်ပါတယ်။  ငွေပေးချေမှုပုံစံပြောင်းလိုက်တာပဲဖြစ်စေ၊ ပရိုမိုကုဒ်ထည့်လိုက်တာပဲဖြစ်စေ မိတ်ဆွေရဲ့ ယာဥ်မောင်းဆီကို အကြောင်းကြားစာရောက်မှာပဲ ဖြစ်ပါတယ်။ ငွေပေးချေမှုပုံစံပြောင်းလိုက်တဲ့ မိတ်ဆွေရဲ့ ခရီးစဉ်အချက်အလက်တွေနဲ့ ဘောက်ချာကိုလည်း ယာဥ်မောင်းဘက်မှ တွေ့မြင်ရမှာပါ။

မိတ်ဆွေရဲ့ ယာဥ်မောင်းကို လေးစားသောအားဖြင့် ခရီးစဉ်အတွင်း ပရိုမိုကုဒ်ထည့်ထားကြောင်းနဲ့ ငွေပေးချေမှုပြောင်းလိုက်‌ကြောင်းကို ကြိုတင်အသိပေးပါ။ (ပရိုမိုကုဒ်ထည့်သွင်းထားပါတယ်ဆိုတဲ့ အသိပေးချက်တစ်ခုကိုလည်း သင့်ယာဉ်မောင်းမှ တွေ့မြင်ရမှာ ဖြစ်ပါတယ်။)

ပြောသင့်ပါတယ်။ မိမိရဲ့ယာဥ်မောင်းကို လေးစားသောအားဖြင့် ပရိုမိုကုဒ်အသုံးပြုလိုက်တဲ့အကြောင်းကို သေချာပြောပြဖို့ အကြံပေးလိုပါတယ်။

မိတ်ဆွေတို့ ပရိုမိုကုဒ်ထည့်လိုက်တာနဲ့ အသိပေးစာပေါ်လာမှာမို့ Grab app ကို စစ်ဆေးဖို့ မိတ်ဆွေရဲ့ယာဥ်မောင်းကို ပြောလိုက်ပါနော်။

မိတ်ဆွေအနေနဲ့ သက်တမ်းကုန်ဆုံးပြီးသား ပရိုမိုကုဒ်တစ်ခုကို ထည့်ထားမိတာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိတ်ဆွေရဲ့ပရိုမိုကုဒ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်များကို ပြန်လည်စစ်ဆေးကြည့်ပါ။