မြေပုံမှာ တည်နေရာတွေ တင်သွင်းပြီး ဆုကြေးတွေ ရယူနိုင်ပါပြီ

မိမိအပါအဝင် Grab အသုံးပြုသူတွေအတွက် နေ့စဉ် သွားလာရေးနဲ့ အစားအသောက်မှာယူပို့ဆောင်ရေးမှာ ပိုမိုလွယ်ကူ အဆင်ပြေစေဖို့အတွက် အက်ပလီကေးရှင်းမှာ နေရာအသစ်တွေ ထည့်သွင်းပေးတာပဲဖြစ်ဖြစ်၊ ရှိပြီးသားနေရာတွေကို ပြန်လည်ပြင်ဆင်ပေးတာဖြစ်ဖြစ် အပိုဆုကြေးတွေ ရယူနိုင်တယ်နော်။ 

တည်နေရာ အသစ်တစ်ခု ထည့်သွင်းတိုင်း (သို့) ရှိပြီးသား တည်နေရာကို ပြန်လည်ပြင်ဆင်မှုပြုတိုင်း  

📍 ဓာတ်ပုံပါရင် မြန်မာငွေ ၈၀၀ ကျပ် 

📍 ဓာတ်ပုံမပါရင် မြန်မာငွေ ၄၀၀ ကျပ် ရယူနိုင်မှာပါ။

ဆုကြေးတွေကို တည်နေရာ ပြင်ဆင်ထည့်သွင်းပြီး ၂ ပတ်အတွင်း Cash Wallet ထဲကို လွှဲပြောင်းပေးသွားမှာပါနော်။ 

 

တည်နေရာသစ် ဘယ်လိုတင်သွင်းမလဲ

ရှိပြီးသားတည်နေရာကို ဘယ်လိုပြုပြင်မလဲ

Campaign စည်းမျဉ်းများ

  • Campaign နှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက Grabမြေပုံအဖွဲ့မှ ဆုံးဖြတ်ချက်သာ အတည် ဖြစ်ပါသည်။
  • MYC Campaign တွင် ပါဝင်တင်သွင်းထားသော မိတ်ဖက်ပါတနာသည် တစ်ပတ်လျှင် အနည်းဆုံး ခရီးစဉ် ၂ကြောင်း(4W, 3W) သို့ အစားအသောက်ပို့ဆောင်သောအော်ဒါလက်ခံခြင်း ၂ကြောင်း(2W, 1W) ရှိရမည်။
  • င်သွင်းသူသည် တင်သွင်းမည့်နေရာနှင့် မီတာ ၃၀၀ ကျော်တွင် တည်ရှိပါက POI တည်နေရာမှု တိကျမှုမရှိသည့်အတွက် တင်သွင်းမှုများကို လက်ခံမည်မဟုတ်ပါ။ လက်ခံပြီးသား တင်သွင်းမှုများအတွက် မီတာ ၃၀၀ ကျော်တွင် တည်ရှိကြောင်းတွေ့ရှိပါက Fraud case ( လိမ်လည်မှု ) အဖြစ် သတ်မှတ်ပြီး ယခု campaign မှ ရာသက်ပန် ပိတ်ပင်ခြင်း ခံရမည်ဖြစ်သည်။ ထိုတင်သွင်းမှုများအတွက် ဆုကြေးငွေ ခံစားခွင့်ရှိမည် မဟုတ်ပါ။ အဆိုပါ မြေပုံတည်နေရာများအားလည်း ဖယ်ရှားသွားမည် ဖြစ်ပါသည်။
  • တင်သွင်းသူသည် တည်နေရာ အသစ်မတင်သွင်းခင် Grab မြေပုံတွင် ရှိနှင့်ပြီးသော တည်နေရာ ဟုတ်မဟုတ်စစ်ဆေးရမည်ဖြစ်ပြီး၊ ရှိနှင့်ပြီးသော တည်နေရာများကို ထပ်ခါထပ်ခါ တင်သွင်းနေခြင်းကို ၁၀ ကြိမ်နှင့် အထက် တွေ့ရှိရပါက Fraud case ( လိမ်လည်မှု ) အဖြစ် သတ်မှတ်ပြီး ယခု campaign မှ ရာသက်ပန် ပိတ်ပင်ခံရမည်ဖြစ်ပါသည်။ အဆိုပါ မှားယွင်းစွာ တင်သွင်းမှုများအတွက်လည်း ဆုကြေးငွေ ခံစားခွင့်ရှိမည် မဟုတ်ပါ။
  • တင်သွင်းမှုများကို လက်ခံရာတွင် AI ဖြင့် အလိုအလျောက်လက်ခံမှုများအတွက် Grab မြေပုံအဖွဲ့မှ အရည်အသွေးပြန်လည်စစ်ဆေးမည်ဖြစ်ပြီး စည်းကမ်းချက်များနှင့်မညီပါက လက်ခံပြီး တင်သွင်းမှုများဖြစ်သော်လည်း ဆုကြေးငွေအတွက် ခံစားခွင့်ရှိမည် မဟုတ်ပါ။
  • ပုံတင်သွင်းရာမှာ အခြားဖုန်း screen ကို ပြန်လည်ရိုက်ပြီး တင်သွင်းခြင်း၊ အင်တာနက်မှ  save လာသောပုံများ တင်သွင်းခြင်း၊ အမှန်တကယ် တည်ရှိသောနေရာမှာ တင်သွင်းခြင်း မပြုဘဲ၊ အိမ်မှဖြစ်စေ အခြားတစ်နေရာမှဖြစ်စေ တည်နေရာအမှားများကို စုပြုံတင်သွင်းခြင်းများ တွေ့ရှိရပါက Fraud case ( လိမ်လည်မှု ) အဖြစ် သတ်မှတ်ပြီး ယခု campaign မှ ရာသက်ပန် ပိတ်ပင်ခြင်း ခံရမည်ဖြစ်သည်။ ထိုမှားယွင်းစွာ တင်သွင်းမှုများအတွက်လည်း ဆုကြေးငွေ ခံစားခွင့်ရှိမည်မဟုတ်ပါ။