Win MMK 150,000 Grab Ride Rewards

Grab နဲ့ လုံခြုံစွာ သွားလာရင်း ၁ သိန်းခွဲ (၁၅၀,၀၀၀ ကျပ်)ဖိုး သက်သာခွင့် ရနိုင်ပါသေးတယ်။ Lucky draw ထဲ ပါဝင်ပြီး Grab စီးနင်းခွင့် rewards တွေ ကံစမ်းပါ။ 

စည်းကမ်းသတ်မှတ်ချက်များ

၁။ အခုပြိုင်ပွဲဟာ ၂၀၂၀ ခုနှစ်၊ ဩဂုတ် ၁၇  ရက်ကနေ ဩဂုတ် ၃၁ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ် (မြန်မာစံတော်ချိန်)အထိ ဖြစ်ပါတယ်။ 

၂။ အပတ်စဉ်ကံထူးရှင်များကို ကျပန်း ရွေးချယ်သွားမှာ ဖြစ်ပြီး ပထမ ကံထူးရှင် (၁၀) ဦးကို ဩဂုတ်လ ၂၆ ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပြီး နောက်ထပ် ကံထူးရှင် (၁၀) ဦးကို စက်တင်ဘာလ ၂ ရက်နေ့မှာ Grab Facebook စာမျက်နှာမှာ ကြေညာပေးမှာဖြစ်ပါတယ်။

၃။ မြန်မာနိုင်ငံတွင်း Grab သုံးစွဲသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။

၄။ ဆုရှင်များအနေနဲ့ Grab မှ ဆက်သွယ်ပြီးတာနဲ့ ဆုများကို Grab App ရဲ့ My Rewards မှာ ပို့ထားတာကို တွေ့ရမှာ ဖြစ်ပြီး စတင်အသုံးပြုနိုင်ပါပြီ။ 

၅။ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Grab တာဝန်ရှိသူများရဲ့ အဆုံးအဖြတ်ကသာ အတည်ဖြစ်ပါတယ်။

၆။ Grab (Myanmar) Limited က ကျင်းပသော ဤအစီအစဉ်ကို မြန်မာနိုင်ငံတွင်း နေထိုင်သူများနဲ့ မြန်မာနိုင်ငံသားအားလုံး ပါဝင်နိုင်ပါတယ်။  Grab (Myanmar) Limited ရဲ့ မည်သည့်ဝန်ထမ်းအမျိုးအစားမဆိုနဲ့ မိသားစုဝင်များမှ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။ အနိုင်ရရှိသူသည် ယခင် Grab ၏ မားကတ်တင်း ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ဖူးသူ မဖြစ်ရပါ။ အကယ်၍ ဆုရှင်မှာ ယခင်ပြိုင်ပွဲတစ်ခုခုတွင် အနိုင်ရရှိခဲ့ဖူးပါက အခြားဆုရှင် တစ်ဦးကို အလိုအလျောက်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

၇။ ဒီပြိုင်ပွဲမှာ ပါဝင်လိုက်တာဟာ အခု ဖော်ပြထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို Grab ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ ပေါ်လစီနဲ့အညီ အသုံးပြုဖို့ လက်ခံခွင့်ပြုတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အောက်မှာ ဖော်ပြထားတဲ့ တရားဝင် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြိုင်ပွဲစီစဉ်သူရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံသဘောတူတယ်လို့ သဘောသက်ရောက်ပါတယ်။ စီစဉ်သူရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း လက်ခံပြီးသား ဖြစ်ပါတယ်။ 

၈။ Grab စီးနင်းခွင့် Rewards ကို လွှဲပြောင်းပေးခြင်း၊ ငွေသားနဲ့ ပြန်လဲလှယ်ခြင်း သို့မဟုတ် တခြားပစ္စည်းနဲ့ ပြန်လဲလှယ်ခြင်းတို့ မပြုလုပ်ရပါ။ Grab ဘက်က သတ်မှတ်ပေးတဲ့အချိန်ကာလအတွင်း အသုံးပြုခြင်း မရှိပါက rewards များ ထပ်မံ ရရှိမှာ မဟုတ်ဘဲ အဆုံးရှုံးခံရမှာ ဖြစ်ပါတယ်။ 

၉။ Rewards ဆုက လွဲပြီး အခြားအပိုကုန်ကျစရိတ်တွေကို Grab က တာဝန်ယူမှာ မဟုတ်ပါဘူး။

၁၀။ ပြိုင်ပွဲ သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်တွေကို Grab ဘက်က ကြိုတင်အကြောင်းကြားမှုမပြုဘဲ ရပ်တန့်ခြင်း သို့မဟုတ် ပြုပြင်ခြင်း စတာတွေကို အချိန်မရွေး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၁၁။ ပြိုင်ပွဲကို ဝင်ရောက်ရာမှာ ဒါမှမဟုတ် Rewards လက်ခံရယူရာမှာ အကျိုးဆက်အနေနဲ့ သင် ခံစားတွေ့ကြုံရတဲ့ ထိခိုက်မှု ၊ ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျမှု စတဲ့ အမှုအရာတွေအပေါ် Grab က တာဝန်မရှိကြောင်း သဘောတူရမှာပါ။