ဒရာမာမရှိ။ စိတ်လှုပ်ရှား စရာမရှိ။ အရမ်းကို ပျင်းဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ Grab စီးနင်းတဲ့အခါမှာလည်း အဲ့လိုပဲ ဖြစ်စေချင်တာပါ။
မနှစ်က Grab စီးနင်းမှု ၉၉.၉၉% ကျော်ဟာ ချောမွေ့စွာ ပြီးစီးခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အချက်ပါ၊ ဘာလို့လဲဆိုတော့ ဒါကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးများဟာ သူတို့ဘာသာ တစ်ဦးတည်း ဘေးကင်းလုံခြုံပြီး စိုးရိမ်စရာမရှိဘဲ သွားလာနိုင်ကြောင်းပြသလို့ပါပဲ။
ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးများ လွတ်လွတ်လပ်လပ်၊ အမှီအခိုကင်းကင်းနဲ့ သွားလာနိုင်ခွင့် ရှိတာကို ဂုဏ်ပြုချင်ပါတယ်။ ပြီးတော့ ဒီထက်ပိုကောင်းအောင် လုပ်ဖို့ကတိပြုပါတယ်။ ပျင်းစရာကောင်းပြီး ဘာမှထူးခြားမှုမရှိတဲ့ ခရီးစဉ်တစ်ခုကနေ စပါမယ်။
ဇာတ်ကားကို ကြည့်ပါ။
အရမ်းစိတ်လှုပ်ရှားစရာ မပါဘူးဆိုတာ အာမခံပါတယ်။
အောက်ပါ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်များဖြင့် ပိုမိုလုံခြုံမှုကို ခံစားလိုက်ပါ
အမျိုးသမီးများကို ကြောက်ရွံ့ခြင်းမရှိဘဲ လွတ်လပ်စွာ ခရီးသွားလာစေရန် စွမ်းဆောင်နိုင်ရေး ပန်းတိုင်သို့ ဦးတည်ကြိုးပမ်းနေချိန်မှာ ကျွန်တော်တို့ Grab app ရဲ့ ဘေးကင်းရေးဆိုင်ရာ ဝန်ဆောင်မှုများကို တိုးမြှင့်ခြင်းနှင့် ပိုမိုကောင်းမွန်လာအောင် ပြုလုပ်လျက်ရှိပါတယ်။
ခရီးစဉ် စောင့်ကြည့်ခြင်း
ကျွန်တော်တို့က အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် ခရီးစဉ်အားလုံးကို စောင့်ကြည့်ပေးနေပါတယ်။ သင့်ယာဉ်မောင်းက သွားရမယ့်ခရီးစဉ်နဲ့ ကွဲလွဲနေတဲ့အခါ သို့မဟုတ် ရပ်တန့်ရန် အကြောင်းမရှိဘဲ ရပ်တန့်တဲ့အခါ သင့်ထံ ကျွန်တော်တို့ ဆက်သွယ်ပေးမှာပါ။
သွားနေသော ခရီးစဉ်ကို လင့်ခ် share ခြင်း
သင်၏ စီးနင်းမှု အသေးစိတ်အချက်အလက်များကို သင်ချစ်ရသူများနှင့် Share ခြင်းဖြင့် စီးနင်းမှုတစ်လျှောက်တွင် သင်ရောက်ရှိနေသော နေရာကို အသိပေးနေနိုင်မှာ ဖြစ်ပါတယ်။
အရေးပေါ် ခလုတ် ပါရှိခြင်း
သင် သို့မဟုတ် ယာဉ်မောင်း အန္တရာယ်ရှိတဲ့အခါ အရေးပေါ်ခလုတ်ကို တစ်ချက်နှိပ်ရုံနဲ့ Grab Safety Team မှ တာဝန်ရှိသူများနဲ့ ချက်ချင်းချိတ်ဆက်ပေးမှာဖြစ်ပါတယ်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar