Unlock the awesomeness of Super Friday Deals!

Super Friday Deals ရဲ့ စိတ်လှုပ်ရှားပျော်ရွှင်စရာတွေကို ဖွင့်ကြည့်လိုက်ရအောင်

လူအများစု ပျော်ကြတဲ့ သောကြာနေ့ကို Grab က ပိုလို့ ရှင်သန်နိုးကြားသွားအောင် အားဖြည့်ပေးဖို့ GrabRewards ရဲ့ Super Friday Deals အစီအစဉ် လာပါပြီ။ ရက်တစ်သတ္တပတ်တာအတွင်း အထူးအမျိုးအမည်တစ်ခုကို ၅၀ ရာခိုင်နှုန်းလျှော့ဈေး နဲ့ ဝယ်ယူနိုင်မယ့် အစီအစဉ်မို့ အသင့်ပြင်ထားကြတော့နော်။ သောကြာနေ့တိုင်း ဈေးဖွင့်ပေးမှာ ဖြစ်ပြီး တစ်ပတ်တာလုံး ဝယ်ယူနိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။ ပထမဆုံးဈေးဖွင့်မယ့်ရက်က ၂၀၁၈၊ ဇွန်လ ၁ ရက်နေ့နော်။

Super Friday Deals မှာ ဘယ်လို ပါဝင် ဝယ်ယူမလဲ


အထူးလဲလှယ်ဝယ်ယူခြင်း အစီအစဉ်ကို ဘယ်လို ပါဝင်ဆင်နွှဲမလဲ။

ဒါက လွယ်ပါတယ်။ တစ်ကြိမ် ဝယ်ယူမှုတိုင်းက GrabRewards ပွိုင့် ၅၀ နဲ့ ညီမျှပါတယ်။ ရက်သတ္တပတ်တစ်ပတ်တာအတွင်း အပြိုင်အဆိုင် လဲလှယ်ဝယ်ယူရမယ့် အမျိုးအမည်ကို ပိုင်ဆိုင်ဖို့ အခွင့်အလမ်းက အကြိမ်ရေအများဆုံး ပါဝင်ဝယ်ယူတဲ့သူ လက်ထဲမှာ ရှိပါတယ်။ ဒါကြောင့် ဒီအမျိုးအမည်ကို လဲလှယ်ဝယ်ယူတဲ့အကြိမ်အရေအတွက် များလေ၊ အနိုင်ရရှိဖို့ အခွင့်အလမ်းများလေပါ။ လာမယ့် ဇူလိုင် ၆ ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ်တာချင်းမှာ အထူးအမျိုးအမည်အသစ်တွေကို ဈေးပြိုင်ဝယ်ယူနိုင်ဖို့ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များ

(၁) ရက်သတ္တပတ်တစ်ပတ်တာအတွင်း အကြိမ်ရေအများဆုံး လဲလှယ်ဝယ်ယူတဲ့သူဟာ ဆုပစ္စည်းကို ရရှိမှာပါ။ ဒါပေမယ့် တစ်ကြိမ်ထက် ပိုပြီး ဆုကို ခံစားခွင့် မရှိပါဘူး။ (၂) ပြိုင်ပွဲအတွက် ဆုရှင်ကို ပစ္စည်းအမျိုးအမည်အသစ် မိတ်ဆက်အပြီး ကြာသပတေးနေ့တိုင်းမှာ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ (၃) အမြင့်ဆုံးအကြိမ်အရေအတွက် တူနေပါက အရင်ဆုံး ပွိုင့် ပြည့်မီသွားတဲ့သူကို ဆုရှင်အဖြစ် သတ်မှတ်ပေးမှာပါ။ (၄) ဆုတွေကို အချင်းချင်း လွှဲပြောင်းလို့ မရပါ။ ငွေသားနဲ့ လဲလှယ်မပေးပါ။ ပွိုင့်နဲ့ ပြန်လည်လဲလှယ်ခြင်းကိုလည်း လက်ခံမှာ မဟုတ်ပါ။

အထူးလဲလှယ်ဝယ်ယူခြင်းအစီအစဉ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အပြည့်အစုံ