Send a meal or essential items easily via the Grab app

ချစ်ခင်ရတဲ့သူတွေဆီ စားစရာ ပို့ပါ 

GrabFood က ငွေသားမဲ့ ပေးချေမှုနဲ့ဆိုရင် အမျိုးတွေ၊ သူငယ်ချင်းတွေဆီ အစားအသောက်တွေ အလွယ်ဆုံး ပို့နိုင်ပါပြီ။ သူတို့ရဲ့ နေရပ်လိပ်စာကို ဖြည့်ပါ၊ သူတို့ ကြိုက်တတ်တဲ့ စားစရာတွေ ရွေးပါ၊ ပေးချေမှုပုံစံမှာ ကတ်ကို ရွေးပါ။ ပြီးတော့ စားစရာရောက်ရင် ကျွန်တော်တို့ရဲ့ မိတ်ဖက် ပို့ဆောင်သူ ဆက်သွယ်နိုင်ဖို့ သူတို့ရဲ့ ဖုန်းနံပါတ်လေးတွေပါ ဖြည့်ပေးဖို့ မမေ့ပါနဲ့နော်။ 

GrabFood နဲ့ GrabMart က အော်ဒါများရဲ့ ပို့ဆောင်ခ ၁၀၀% လုံးကို မိတ်ဖက်ပို့ဆောင်သူများက အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့နဲ့အတူတူ မိတ်ဖက် ယာဉ်မောင်းတွေ၊ ပို့ဆောင်သူတွေကို လက်ဆောင်ပေးပါ

ဒီလို ခက်ခဲတဲ့ အချိန်ကာလအတွင်းမှာ ဝင်ငွေ များစွာထိခိုက်ခဲ့ရတဲ့ မိတ်ဖက်ယာဉ်မောင်းများနဲ့ ပို့ဆောင်သူများကို အထောက်အပံ့ဖြစ်စေဖို့ Grab မြန်မာ ဝန်ထမ်းများက ဆန်၊ ဆီနဲ့ အခြား အခြေခံ စားသောက်ကုန်များကို လှူဒါန်းထားပါတယ်။ မေလ ၂၀၂၁ အတွင်းမှာ မိတ်ဖက်ပေါင်း ၃၀၀ ကျော်ကို အကူအညီပေးပြီး ဖြစ်ပါတယ်။ 

တကယ်လို့ မိတ်ဆွေအနေနဲ့ ပါဝင်လှူဒါန်းချင်တယ်ဆိုရင် အောက်က ခလုတ်ကို နှိပ်ပြီး လှူနိုင်ပါတယ်။ သို့မဟုတ် Grab app ထဲက လိပ်စာမှာ ‘Donate to Bikers/Drivers’ ကို ရွေး၊ ‘Donate to Bikers/Drivers’ ဆိုင်ကို ရွေး၊ လှူလိုတဲ့ စားသောက်ကုန်ကို ရွေးပြီး ကတ်ဖြင့် ပေးချေမှုနဲ့ မှာလိုက်ရုံပါပဲ။ အပတ်တိုင်းမှာ လိုအပ်ချက်ရှိတဲ့ မိတ်ဖက် ယာဉ်မောင်းများ၊ ပို့ဆောင်သူများအနေနဲ့ ရုံးကို ဆက်သွယ်ပြီး လှူဒါန်းထားတဲ့ ပစ္စည်းတွေကို ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီအော်ဒါတွေနဲ့ လှူဒါန်းမှုတွေအတွက် သင့်ရဲ့ မိုဘိုင်းဖုန်းမှာ Grab အက်ပ်ပလီကေးရှင်း ဒေါင်းလော့ဒ်ဆွဲပြီး အကောင့်ဖွင့်ထားဖို့တော့ လိုအပ်ပါတယ်ခင်ဗျာ။ 

ဟုတ်ကဲ့၊ လိုပါတယ်။ ဒီမှာ Grab app ကို ဒေါင်းလော့ဒ်ဆွဲပြီး စာရင်းသွင်းပေးရပါမယ်။ ပြီးတော့ အော်ဒါတွေကို မြန်မာ (ကျပ်)ငွေနဲ့ ကောက်ခံထားတာကြောင့် exchange rate (ငွေလဲနှုန်း) ရှိနိုင်တာ သတိပြုပေးစေလိုပါတယ်။

ကျွန်တော်တို့ရဲ့ မိတ်ဖက် ပို့ဆောင်သူတွေက ဖုန်းဆက် အတည်ပြုပါလိမ့်မယ်။ မြန်မာနိုင်ငံက လက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်ကို ထည့်ထားပေးခြင်းအားဖြင့် သူတို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါလိမ့်မယ်။ ထည့်သွင်းထားတဲ့ အော်ဒါလက်ခံယ့်နေရာမှာ လက်ခံမယ့်သူ ရှိဖို့ လိုပါတယ်။ ငွေသားမဲ့ ပေးချေမှုစနစ် (ကတ်)ကို ရွေးထားတာ ဟုတ်ရဲ့လားဆိုတာကိုလည်း နှစ်ခါပြန် စစ်ပေးဖို့ အကြံပြုပါရစေ။

မကြာခဏ အသုံးပြုလေ့ရှိတဲ့ နေရာတွေကို ‘Saved Places’ မှာ ထည့်ပြီး shortcut အဖြစ် မှတ်ထားလို့ရပါတယ်။ 

ကျေးဇူးပြုပြီး သင့်ရဲ့ မိုဘိုင်းဖုန်းမှာ Grab app ထည့်ထားဖို့လိုတာ သတိပြုပေးပါ။ ဖုန်းမဟုတ်တဲ့ စက်ပစ္စည်းတွေမှာ အလုပ်လုပ်မှာ မဟုတ်ပါ။ ဖုန်းမှာ ဖွင့်လို့ အဆင်မပြေသေးပါက ကျေးဇူးပြုပြီး GrabMart က ‘Donate to bikers/drivers’ ဆိုင်ကို ရွေးပါ။ မှာယူရန် လိပ်စာကို  ‘Donate to bikers/drivers’ သို့ပြောင်းပါ။ အကူအညီလိုအပ်ပါက Grab Myanmar Facebook page ကို ဆက်သွယ်နိုင်ပါတယ်။ 

Grab Myanmar ရဲ့ တရားဝင် Facebook messenger ကနေ (သို့) Grab app  ထဲက Help Centre က ဆက်သွယ်နိုင်ပါတယ်။

ဆိုင်က နေ့စဉ် မနက် ၈ နာရီမှ ညနေ ၇ နာရီအထိ ဖွင့်ပါတယ်။