Grab အငှားယာဉ်ဘိုကင်ပယ်ဖျက်မှုတွေဟာဆိုရင် ခရီးသည်နှင့်ယာဉ်မောင်းနှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်မပြေမှုများဖြစ်စေပါတယ်။
ဒါကြောင့် Grab အငှားယာဉ်ဘိုကင်ပြုလုပ်ပြီးနောက် ယာဉ်မောင်းများမှ မိတ်ဆွေထံသို့လာနေစဉ်အတွင်း ၅ မိနစ်အကျော်တွင် ခရီးစဉ်ပယ်ဖျက်ပါက ခရီးသည်များအနေနဲ့ Cancellation Fees ၁,၀၀၀ ကျပ်ပေးဆောင်ရမှာဖြစ်ပါတယ်။
ခရီးသည်များထံမှရရှိသော ထိုအခကြေးငွေများကိုလည်း ယာဉ်မောင်းများအား ၁၀၀% ပြန်လည်ပေးအပ်သွားမှာပါ။
ခြွင်းချက်အနေနဲ့ ယာဉ်မောင်းမှကြိုဆိုရန်နေရာသို့မလာဘဲ ပိုဝေးသောလမ်း သို့မဟုတ် ပြောင်းပြန်မောင်းသွားပါက မိတ်ဆွေအား ခရီးစဉ်ပယ်ဖျက်ခ လုံးဝကောက်ခံသွားမှာမဟုတ်ပါ။
ယာဉ်မောင်းမှ ခရီးသည်ကြိုရန် လာနေစဉ်အတွင်း သတ်မှတ်အချိန်ထက် နောက်ကျမှ ခရီးစဉ်ပယ်ဖျက်ခြင်း နဲ့ ခရီးစဉ်ဘိုကင်တင်ပြီး ယာဉ်မောင်းလာကြိုသည့်အခါ ရှိရမယ့်နေရာမှာ ရှိမနေခြင်းတို့အတွက် ယခုကဲ့သို့ အခကြေးငွေကောက်ခံခြင်းကို တွေ့ကြုံရနိုင်ပါတယ်။
ဒါကြောင့် မိတ်ဆွေအနေနဲ့ ခရီးစဉ်ဘိုကင်တင်အပြီး ခရီးစဉ်ကို အလွယ်တကူ ပယ်ဖျက်ခြင်း၊ ခရီးစဉ်ပယ်ဖျက်မှုမရှိဘဲ အခြားလမ်းကြောင်းဖြင့် လိုက်သွားခြင်း၊ မိမိစောင့်ရမည့်နေရာတွင် ရှိမနေခြင်းတို့ကို မပြုလုပ်မိစေရန် သတိထားပေးစေလိုပါတယ်။
၁။ ယာဉ်မောင်းဘက်က ခရီးစဉ်ဘိုကင်ပယ်ဖျက်ပေးရန် ဖုန်းဆက်တောင်းဆိုသည့်အတွက် ပယ်ဖျက်ပေးရတဲ့အပေါ် အခကြေးငွေ ကောက်ခံမှု ရှိမှာလား။
ယာဉ်မောင်းဘက်က တောင်းဆိုမှုကြောင့် ခရီးစဉ်ပယ်ဖျက်ရမှုအပေါ် ပယ်ဖျက်ကြေး ကောက်ခံမည်မဟုတ်ပါ။ ခရီးစဉ်ပယ်ဖျက်ရန် တောင်းဆိုသူ ယာဉ်မောင်းများကို အရေးယူနိုင်ရန် Grab အက်ပ်ရဲ့ အကူအညီစင်တာက တစ်ဆင့် သတင်းပေးပို့ပေးနိုင်ပါတယ်။
၂။ ကျွန်တော်/မတို့ရဲ့ Grab ခရီးစဉ်တွေကို ယာဉ်မောင်းတွေဘက်က ပယ်ဖျက်မှုတွေလည်း ရံဖန်ရံခါ ကြုံရပါတယ်။ ယာဉ်မောင်းဘက်က ခရီးစဉ်ပယ်ဖျက်မှုတွေအတွက်ရော ဘယ်လို အရေးယူမှုရှိပါသလဲ။
မိတ်ဖက်ယာဉ်မောင်းများဘက်မှ ခရီးစဉ်ပယ်ဖျက်မှုများအတွက် Grab ဘက်မှ သတိပေးခြင်း၊ ပလက်ဖောင်းပေါ်မှ အကောင့်ဆိုင်းငံ့ထားခြင်း ( သို့) အကောင့် ပိတ်လိုက်ခြင်းများဖြင့် အရေးယူလျက် ရှိပါတယ်။
၃။ Grab အက်ပ်မှတစ်ဆင့် ယာဉ်မောင်းရောက်လာကြောင်း အသိပေးစာပို့သော်လည်း သူ/သူမ ရှိမနေပါ။ ဒီအတွက် အခကြေးငွေ ကောက်ခံရနိုင်ချေရှိပါသလား။
ယာဉ်မောင်းဘက်မှ သူရောက်လာကြောင်း အသိပေးစာပို့သော်လည်း သင့်ဆီ မရောက်လာသေးပါက ခရီးသည်ဘက်မှ အခကြေးငွေပေးဆောင်စရာမလိုအပ်ပါ။
၄။ ယာဉ်မောင်းဟာ Grab အက်ပ်ထဲရှိ ခန့်မှန်းရောက်ရှိရမည့်အချိန်အတိုင်း လာကြိုမည့်နေရာသို့ ရောက်မလာပါ။ ထိုအချက်ကြောင့် ဘိုကင်ကို ခရီးသည်ဘက်မှ ပယ်ဖျက်လိုက်ပါက အခကြေးငွေ ကောက်ခံရနိုင်ချေရှိပါသလား။
ယာဉ်မောင်းအား ခန့်မှန်းရောက်ရှိချိန်ထက် ၁၀ မိနစ်ထက် ပိုမိုစောင့်ဆိုင်းရပါက ခရီးသည်ဘက်မှ အခကြေးငွေမပေးဆောင်ရပါ။
မည်သို့ပင်ဆိုစေကာမူ သင့်အား အကြောင်းပြချက်မရှိဘဲ အခကြေးငွေကောက်ခံထားကြောင်း ခံစားရပါက ဤ Grab Help Centre မှတစ်ဆင့် ဆက်သွယ်လိုက်ပါ။ မရည်ရွယ်ဘဲ မတော်တဆမှားယွင်းကောက်ခံမိပါကလည်း ပြန်လည်စိစစ်ပြီး အခကြေးငွေကို အများဆုံး (၂)ရက်အတွင်း ပြန်လည်ပေးချေသွားမှာဖြစ်ပါတယ်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar