Celebrate you parents, everyday

မိဘတွေအားလုံးအတွက် ပျော်ရွှင်စရာမိဘများနေ့ ဖြစ်ပါစေ။ မိဘများကို ဂုဏ်ပြုအထိမ်းအမှတ်အဖြစ်နဲ့ သင့်မိဘတွေကို Samsung Galaxy Note9 ဖုန်းအသစ်စက်စက် ၂လုံး လက်ဆောင်ပေးနိုင်မယ့် အစီအစဉ်လေးရှိပါတယ်။ သင့်ဘဝအတွက် အရေးအကြီးဆုံးလူတွေကို အကောင်းဆုံးလက်ဆောင်တွေ ပေးလိုက်ကြရအောင်လေ။

လေ ျှာ့ဈေးမပါ ပရိုမိုကုဒ် PARENTS ကို အသုံးပြုပြီး နေ့စဉ်သင့်သွားလာမှုမှာ Grab ကို ဖြစ်နိုင်သမ ျှ များများအသုံးပြုပါ။ ဇွန်လကုန်အထိ စီးနင်းမှုအများဆုံးသူက ဆုရရှိမှာ ဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များ

၁။ အခုပြိုင်ပွဲဟာ ၁.၆.၂၀၁၉  ရက်နေ့ကနေ ၃၀.၆.၂၀၁၉  ရက်နေ့အတွင်းသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

၂။ ပရိုမိုကုဒ် PARENTS မှာ လျှော့ဈေးမပါဝင်ပါဘူး။ ငွေသားနဲ့ရော GrayPay (debit/ credit card)နဲ့ပါ သုံးစွဲစီးနင်းလို့ ရပါတယ်။

၃။ မြန်မာနိုင်ငံတွင်း Grab app က ငှားရမ်းတဲ့ ခရီးစဉ်တိုင်းအတွက် အကျုံးဝင်ပါတယ်။ အခြားပရိုမိုးရှင်းတွေနဲ့ တွဲသုံးလို့ မရပါဘူး။

၄။ ပြိုင်ပွဲကာလပြီးဆုံးပြီး ရုံးဖွင့်ရက် ၁၅ ရက်အတွင်းမှာ ဆုရရှိသူကို Grab Facebook စာမျက်နှာမှာ ကြေညာပေးမှာဖြစ်ပြီး Grab ဘက်က ဆုရရှိသူကို ထပ်မံဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ ဆုတွေကို Grab ရုံးခန်းမှာ ၃ ရက်အတွင်း ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်မှာပါ။

၅။ ပရိုမိုကုဒ် PARENTS အသုံးပြုထားတဲ့ ခရီးစဉ်အရေအတွက်အများဆုံး ခရီးသည်ကို Samsung Galaxy 128 GB Note 9 (၂)လုံးကို ပိုင်ဆိုင်မယ့် ဆုရှင်အဖြစ် ရွေးချယ်မှာပါ။

၆။ ဆုရှင် ရွေးချယ်တဲ့အခါ Grab တာဝန်ရှိသူများကသာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

၇။ Grab (Myanmar) Limited က စီစဉ်ပေးအပ်ထားတဲ့ ပရိုမိုကို မြန်မာနိုင်ငံတွင်း နေထိုင်သူများနဲ့ မြန်မာနိုင်ငံသားအားလုံး အသုံးပြုနိုင်ပြီး Grab (Myanmar) Limited ရဲ့ မည်သည့်ဝန်ထမ်းအမျိုးအစားမဆို အသုံးပြုယှဉ်ပြိုင်ခွင့် မရှိပါ။

၈။ တစ်ဦးလျှင် တစ်ကြိမ်ထက် ပိုပြီး ဆုရယူခွင့် မရှိပါ။

၉။ PARENTS အသုံးပြုထားတဲ့ အများဆုံံးခရီးစဉ်ကြောင်းရေ စီးနင်းခဲ့သူ ၁ ဦးထက်မက ရှိနေပါက တူညီတဲ့ ခရီးစဉ်ကြောင်းရေကို အရင်ဆုံး ပြီးစီးခဲ့သူကို ရွေးချယ်မှာဖြစ်ပါတယ်။

၁၀။ ဒီပြိုင်ပွဲမှာ ပါဝင်လိုက်တာဟာ အခု ဖော်ပြထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို Grab ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာပေါ်လစီနဲ့အညီ အထက်မှာ ပြောထားတဲ့အတိုင်း အသုံးပြုဖို့ လက်ခံခွင့်ပြုတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အောက်မှာ ဖော်ပြထားတဲ့ တရားဝင် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြိုင်ပွဲစီစဉ်သူရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံသဘောတူတယ်လို့ သဘောသက်ရောက်ပါတယ်။

၁၁။ ဆုကို လွှဲပြောင်းပေးခြင်း၊ ငွေသားနဲ့ ပြန်လဲလှယ်ခြင်း သို့မဟုတ် တခြားပစ္စည်းနဲ့ ပြန်လဲလှယ်ခြင်းတို့ မပြုလုပ်ရပါ။ Grab ဘက်က သတ်မှတ်ပေးတဲ့အချိန်ကာလအတွင်း လာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ သတ်မှတ်အချိန်ကာလအတွင်း ထုတ်ယူခြင်း မရှိပါက အထက်မှာ ဖော်ပြထားတဲ့စည်းမျဉ်းအတိုင်း တခြားဆုရှင်တစ်ယောက်ကို ထပ်မံရွေးချယ်ပေးအပ်မှာဖြစ်ပါတယ်။

၁၂။ ဆုက လွဲပြီး တခြားအပိုကုန်ကျစရိတ်တွေကို Grab က တာဝန်ယူမှာ မဟုတ်ပါဘူး။

၁၃။ ပြိုင်ပွဲ သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်တွေကို Grab ဘက်က ကြိုတင်အကြောင်းကြားမှုမပြုဘဲ ရပ်တန့်ခြင်း သို့မဟုတ် ပြုပြင်ခြင်း စတာတွေကို အချိန်မရွေး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၁၄။ ပြိုင်ပွဲကို ဝင်ရောက်ရာမှာ ဒါမှမဟုတ် ဆုကို လက်ခံရယူရာမှာ အကျိုးဆက်အနေနဲ့ သင် ခံစားတွေ့ကြုံရတဲ့ ထိခိုက်မှု ၊ ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျမှု စတဲ့ အမှုအရာတွေအပေါ် Grab က တာဝန်မရှိပါ။

၁၅။ အနိုင်ရရှိသူသည် ယခင် Grab ၏ မားကတ်တင်း ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ဖူးသူ မဖြစ်ရပါ။