၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၄ မှ ဧပြီ ၅ ရက်အတွင်း Booking.com ၏ ပရိုမိုးရှင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ

စည်းကမ်းသတ်မှတ်ချက်များ (Wallet/Flex)

၁။ ယခုပေးထားသော ၁၀% cashback ခံစားခွင့်မှာ မြန်မာနိုင်ငံတွင်း နေထိုင်လျက်ရှိသူများ (IP address အရ) က Grab အက်ပ်ပလီကေးရှင်းထဲမှ Hotels ဆိုသော ဝန်ဆောင်မှုမှ Booking.com သို့ ဝင်ရောက်၍ မြန်မာနိုင်ငံတွင်း ဟိုတယ်များကို အခန်းဘွတ်ကင်တင်မှုများအတွက်သာ ရရှိမှာ ဖြစ်ပါတယ်။ ဘွတ်ကင်ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ‌ ရက်နေ့ မှ ဧပြီ ၅ ရက်နေ့ အတွင်း တင်ရမှာ ဖြစ်ပြီး ဘွတ်ကင်ရဲ့ check-out ထွက်မယ့်ရက်မှာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အတွင်း ဖြစ်ရပါမယ်။

၂။ ပရိုမိုကို အသုံးပြုနိုင်ရန်အတွက် Grab App ထဲမှာ Hotels ကို နှိပ်ပြီး Booking.com ကို ရွေးချယ်ပါ။ ပြီးလျှင် အောက်ပါအဆင့်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

က။ Grab App က သင့်ကို Booking.com အထဲသို့ အလိုအလျောက် စာရင်းသွင်းပေးပါလိမ့်မယ်။

(ခ) ‌‌ဟိုတယ်နဲ့ ခရီးသွားမယ့် ရက်ကို ရှာဖွေပါ။

(ဂ) ဟိုတယ်နဲ့ အခန်းအမျိုးအစားကို ‌ရွေးပြီး အခန်းခနဲ့ ပြန်လည်ရရှိမယ့် cashback တန်ဖိုးကို ကြည့်နိုင်ပါတယ်။

(ဃ) ‌ပေးချေမှုလုပ်တဲ့ စာမျက်နှာမှာ cashback to the card ‌‌ဘေးမှာ အမှန် ခြစ်ပါ။

၃။ Booking.com အက်ပ်ပလီကေးရှင်းမှ ဝင်၍ အခန်းဘွတ်ကင်ယူမှုများအတွက် ဒီပရိုမိုရှင်း ရရှိနိုင်မည် မဟုတ်ပါ။

၄။ အခန်းဘွတ်ကင်ပယ်ဖျက်မှု၊ ငှားပြီး မရောက်ရှိလာမှု “no show” ဘွတ်ကင်များအတွက် ဒီပရိုမိုးရှင်း အသုံးမပြုနိုင်ပါ။

၅။ Reward ကို တည်းခိုနေထိုင်ခဲ့တဲ့ နောက်ဆုံးရက်မှ အနည်းဆုံး ၆၇ ရက် အကြာမှာ Booking.com သုံးစွဲသူ အကောင့်ရဲ့ ‘My Rewards’ ထဲကို ထည့်ပေးမှာ ဖြစ်ပါတယ်။

၆။ Reward မှာ Booking.com သုံးစွဲသူ အကောင့်ရဲ့ ‘My Rewards’ ထဲကို credit အဖြစ် ‌ပြန်ပေးမှာ ဖြစ်ပါတယ်။ Reward ကို သက်တမ်းကျန်ရှိသေးသော credit/ debit ကတ်ထဲသို့ လွှဲပြောင်းပေးနိုင်ပါတယ်။

၇။ credit/ debit ကတ်သို့ လွှဲပြောင်းခြင်း

(က) သုံးစွဲသူမှာ Booking.com တွင် သက်တမ်းရှိ အကောင့် ထည့်ထားရမှာဖြစ်ပြီး Reward ကို credit ကတ်ထဲသို့ ထည့်ပေးဖို့အတွက် credit ကတ်ရဲ့ အချက်အလက်များမှာ နောက်ဆုံးပေါ် up-to-date ဖြစ်ရပါမယ်။

၈။ Credit ကတ် လက်မခံသော ဟိုတယ်များမှာ ပရိုမိုးရှင်း မရနိုင်ပါ။ ၎င်းဟိုတယ်များမှာ ငွေသားဖြင့် ပေးချေမှုပုံစံကိုသာ လက်ခံသော ဟိုတယ်များ ဖြစ်ပြီး ဟိုတယ်များစာရင်းတွင် “cashback” badge ပုံလေး မရှိပါ။

၉။ ယခုခံစားခွင့်မှာ Booking.com ရဲ့ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဖြစ်ပြီး အငြင်းပွားဖွယ်ရာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက Booking.com နဲ့ Grab ရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါတယ်။

၁၀။ ဘွတ်ကင်လုပ်တဲ့ အချိန်မှာ ပရိုမိုးရှင်းအတွက် သတ်မှတ်ချက်များအားလုံးနဲ့ ကိုက်ညီရပါမယ်။ နောက်မှ ပရိုမိုးရှင်း ပြန်လည်တောင်းဆိုခြင်းများ ခွင့်မပြုပါ။

၁၁။ Wallet Credit မှာ Booking Wallet Payments ပေးချေမှုကို လက်ခံသော ဟိုတယ်များ အတွက်သာ redeem လုပ်နိုင်ပါတယ်။

၁၂။ ယခင်ရရှိထားသော Wallet Credit များနဲ့ ပေးချေသော ဘွတ်ကင်များအတွက် ထပ်မံပြီး Credit ရရှိနိုင်မှာ မဟုတ်ပါ။

၁၃။ Booking.com B.V. မှ ပေးအပ်မှာ ဖြစ်သော အများဆုံးပမာဏမှာ ယူရိုငွေ € ၁,၀၀၀ ဖြစ်ပါတယ်။

၁၄။ Wallet Credit ကို ဘွတ်ကင်တင်တဲ့ သုံးစွဲသူအကောင့်ထဲသာ ထည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

၁၅။ Wallet Credits များရဲ့ သက်တမ်းမှာ Booking.com မှ သတ်မှတ်ချက်များအလိုက် အချိန်နဲ့အမျှ မတူညီတဲ့ သက်တမ်းကုန်ဆုံးရက် ရှိပါတယ်။

၁၆။ Booking.com Wallet Credit များကို လွှဲပြောင်းပေးခြင်း၊ ငွေသားဖြင့် လဲလှယ်ခြင်း၊ အခြားတစ်ခုခုဖြင့် လဲလှယ်ခြင်းနဲ့ (ခံစားခွင့်တွဲသုံးခွင့် ရှိပါတယ်ဟု မဖော်ပြထားမချင်း) အခြား လျှော့ဈေးများ၊ ပရိုမိုးရှင်းများနဲ့ တွဲသုံးလို့မရပါ။

၁၇။ Booking Wallet နဲ့ Wallet Credit များရဲ့ အသုံးပြုမှု သတ်မှတ်ချက်များအပြည့်အစုံကို ဒီမှာ ကြည့်ပါ (Booking.com အကောင့်နဲ့ လော့ဒ်အင် ဝင်ဖို့ လိုအပ်ပါတယ်)။ အသုံးပြုမှု အကျဉ်းချုပ် သတ်မှတ်ချက်များတွင် ပါရှိသည်များနဲ့ ကွဲပြားမှု၊ မကိုက်ညီမှုများ ရှိခဲ့ပါက တရားဝင်ခွင့်ပြုထားသော အသုံးပြုမှု သတ်မှတ်ချက် အပြည့်အစုံကသာ အမှန်ဖြစ်ပါတယ်။

၁၈။ ခံစားခွင့်နဲ့ ပတ်သက်ပြီး မေးမြန်းလိုသည်များ ရှိပါက အောက်ဖော်ပြပါ Booking.com သုံးစွဲသူ ဝန်ဆောင်မှုဌာန https://www.booking.com/content/contact-us.html ကို ဆက်သွယ်နိုင်ပါတယ်။