ပိတ်ရက်ရှည်အတွက် Grab App ကတစ်ဆင့် ဟိုတယ်ငှားလိုက်ပါ

ဖေဖေါ်ဝါရီလအကုန်ပိုင်းကစပြီး ဧပြီလအတွင်း ပိတ်ရက်ရှည်တွေ ဆက်နေတယ်ဆိုတာ သိကြပြီး မဟုတ်လား ..။  ကဲ Grab app သုံးစွဲသူတွေအတွက် ဟိုတယ်ဘွတ်ကင် အထူးလျှော့ဈေးတွေ ရှိပါတယ်နော်။  အနည်းဆုံး ၁၅ % ကနေ ၂၀% အထိ ပေးထားတာမို့ ခရီးသွားမယ်ဆိုတဲ့သူတွေ စရိတ်သက်သက်သာသာနဲ့  ငှားရမ်းနိုင်မယ့်အခွင့်အရေးပါ။  Grab app ထဲကတစ်ဆင့်  Booking.com မှာ ဘွတ်ကင်တင်မှ ဒီခံစားခွင့်တွေ ရမှာနော်။  

Esperado Lakeview Hotel, Yangon
15% discount

တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ‌ဖြေဖျောက်ဖို့ တော်ဝင်ဆန်တဲ့ ကန်တော်ကြီးနဲ့ အနီးဆုံးတည်ရှိနေတဲ့ ရန်ကုန်မြို့တော်ကြီးရဲ့ Esperado Lake View Hotel မှာ တည်းခိုရင်း အထူးလျှော့ဈေး ၁၅% ကို ခံစားလိုက်ပါ။

Sky View Hotel, Yangon
15% discount

ရန်ကုန်မြို့ကို အလုပ်ကိစ္စပဲဖြစ်ဖြစ် အလည်အပတ်ဖြစ်ဖြစ် လာမယ်ဆိုရင် အချက်အချာကျတဲ့နေရာနဲ့ ရေကူးကန်လေးလည်းပါတဲ့ Sky View Hotel မှာ အထူးလျော့ဈေး ၁၅% ကို ခံစားရင်း တည်းခိုလိုက်ပါ။

Bagan Thande Hotel, Old Bagan
20% discount

အစဉ်အလာကြီးတဲ့ ပုဂံမြို့တော်ဆီအလည်လာမယ်ဆိုရင် အထူးလျှော့ဈေး ၂၀% အထိ ခံစားခွင့်ရမယ့် Bagan Thande Hotel – Old Bagan မှာ လာရောက်တည်းခိုဖို့ ဖိတ်ခေါ်ပါရစေ။

Aye Yar River View Resort, Bagan
15% discount

ဧရာဝတီမြစ်ကမ်းဘေးက Aye Yar River View Resort မှာ မမေ့နိုင်တဲ့ အမှတ်တရတွေ ဖန်တီးဖို့ အထူးလျှော့ဈေး ၁၅% ကို အရယူရင်း ဒီပိတ်ရက်ရှည်မှာ ပုဂံကို အပြေးလေးသာ လာခဲ့တော့နော်။

Inle Cottage Boutique Hotel
15% discount

အင်းလေးကန်ရဲ့အလှနဲ့အတူ ဖောင်တော်ဦးဘုရားဖူးရင်း ရှမ်းတိုင်းရင်းသားတို့ရဲ့ ဖော်ရွေမူတွေကို အတူခံစားဖို့ Inle Cottage Boutique Hotel ရဲ့ အထူးလျှော့ဈေး ၁၅% ကို အရယူပြီး ကြိုတင်အခန်းယူထားလိုက်ကြမယ်။

Spring Lodge Inle
15% discount

Spring Lodge Inle မှာ အထူးလျှော့ဈေး ၁၅% ကို ခံစားရင်း လာမယ့်နှစ်သစ်ကူးပိတ်ရက်ရှည်ကို ဖြတ်သန်းကြမယ်။ အင်းလေးကန်ရင်ပြင်ရဲ့အလှနဲ့အတူ အင်းသားတို့ရဲ့ ဓလေ့ထုံးတမ်းတွေ လေ့လာကြမယ်။
 

Gold Leaf Hotel Mandalay
18% discount

မန္တလေးတောင်ရဲ့အလှကို ခံစားရင်း မန္တလေးမြို့ရဲ့ ကျုံးကြီးကို ပတ်ပြီး ညနေဘက် လမ်းလျှောက်ထွက်ရတာ ပျော်စရာပဲလေ။ Gold Leaf Hotel Mandalay ရဲ့ အထူးလျှော့ဈေး ၁၈% က လာမယ့်ပိတ်ရက်ရှည်မှာ သင့်ကို စောင့်ကြိုနေတယ်နော်။

Yuan Sheng Hotel, Mandalay
15% discount

မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ တည်ရှိပြီး အထင်ကရနေရာတွေနဲ့ မဝေးတဲ့ Yuan Sheng Hotel ရဲ့ ပိတ်ရက်ရှည်အထူးလျှော့ဈေး ၁၅% ကို အရယူပြီး ဒီနွေမှာ အပြတ်ကဲကြမလား။

Amata Resort & Spa Ngapali
15% discount

သဘာဝတရားကြီးရဲ့ လှိုင်းခတ်သံကို ခံစားရင်း မနက်နေရောင်ခြည်လေးကို သဲသောင်ပြင်ပေါ်မှာ ခံစားကြည့်ချင်မိလား။ အသစ်ထွက်ပေါ်လာမယ့်နေမင်းကြီးရဲ့စွမ်းအင်ကို အရယူရင်း ပင်ပန်းနွမ်းနယ်သမျှကို ‌‌ဖြေဖျောက်ဖို့ Amata Resort & Spa Ngapali ရဲ့ အထူးလျှော့ဈေး ၁၅% ကို မလွတ်တမ်းအရယူကြစို့။

Pleasant View Resort Ngapali
15% discount

လတ်ဆတ်တဲ့ ပင်လယ်စာတွေသုံးဆောင်မယ်၊ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ အုန်းရည်လေးကို ဇိမ်နဲ့ သောက်ရင်း ငပလီကမ်း‌ခြေရဲ့ အလှတရားကြီးကို ခံစားကြမယ်။ Pleasant View Resort Ngapali ရဲ့ အထူးလျှော့ဈေး ၁၅% က သင့်ကို ရွေးချယ်မှု မမှားစေဘူးလေ။

စည်းကမ်းသတ်မှတ်ချက်များ (Wallet/Flex)

၁။ ယခုပေးထားသော  ၁၀% cashback ခံစားခွင့်မှာ မြန်မာနိုင်ငံတွင်း နေထိုင်လျက်ရှိသူများ (IP address အရ) က  Grab အက်ပ်ပလီကေးရှင်းထဲမှ Hotels ဆိုသော ဝန်ဆောင်မှုမှ Booking.com သို့ ဝင်ရောက်၍ မြန်မာနိုင်ငံတွင်း ဟိုတယ်များကို အခန်းဘွတ်ကင်တင်မှုများအတွက်သာ ရရှိမှာ ဖြစ်ပါတယ်။ ဘွတ်ကင်ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ‌ ရက်နေ့ မှ ဧပြီ ၅ ရက်နေ့ အတွင်း တင်ရမှာ ဖြစ်ပြီး ဘွတ်ကင်ရဲ့ check-out ထွက်မယ့်ရက်မှာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ  ၂၄ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အတွင်း ဖြစ်ရပါမယ်။ 

၂။ ပရိုမိုကို အသုံးပြုနိုင်ရန်အတွက်  Grab App ထဲမှာ Hotels ကို နှိပ်ပြီး Booking.com ကို ရွေးချယ်ပါ။ ပြီးလျှင် အောက်ပါအဆင့်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ 

က။  Grab App က သင့်ကို Booking.com အထဲသို့ အလိုအလျောက် စာရင်းသွင်းပေးပါလိမ့်မယ်။

(ခ) ‌‌ဟိုတယ်နဲ့ ခရီးသွားမယ့် ရက်ကို ရှာဖွေပါ။ 

(ဂ) ဟိုတယ်နဲ့ အခန်းအမျိုးအစားကို ‌ရွေးပြီး အခန်းခနဲ့ ပြန်လည်ရရှိမယ့် cashback တန်ဖိုးကို ကြည့်နိုင်ပါတယ်။ 

(ဃ) ‌ပေးချေမှုလုပ်တဲ့ စာမျက်နှာမှာ cashback to the card ‌‌ဘေးမှာ အမှန် ခြစ်ပါ။ 

၃။ Booking.com အက်ပ်ပလီကေးရှင်းမှ ဝင်၍ အခန်းဘွတ်ကင်ယူမှုများအတွက် ဒီပရိုမိုရှင်း ရရှိနိုင်မည် မဟုတ်ပါ။ 

၄။ အခန်းဘွတ်ကင်ပယ်ဖျက်မှု၊  ငှားပြီး မရောက်ရှိလာမှု “no show” ဘွတ်ကင်များအတွက် ဒီပရိုမိုးရှင်း အသုံးမပြုနိုင်ပါ။

၅။ Reward ကို တည်းခိုနေထိုင်ခဲ့တဲ့ နောက်ဆုံးရက်မှ အနည်းဆုံး ၆၇ ရက် အကြာမှာ Booking.com သုံးစွဲသူ အကောင့်ရဲ့ ‘My Rewards’ ထဲကို ထည့်ပေးမှာ ဖြစ်ပါတယ်။

၆။ Reward မှာ Booking.com သုံးစွဲသူ အကောင့်ရဲ့ ‘My Rewards’  ထဲကို credit အဖြစ်  ‌ပြန်ပေးမှာ ဖြစ်ပါတယ်။  Reward ကို သက်တမ်းကျန်ရှိသေးသော credit/ debit ကတ်ထဲသို့ လွှဲပြောင်းပေးနိုင်ပါတယ်။ 

၇။ credit/ debit ကတ်သို့ လွှဲပြောင်းခြင်း 

(က) သုံးစွဲသူမှာ  Booking.com တွင် သက်တမ်းရှိ အကောင့် ထည့်ထားရမှာဖြစ်ပြီး Reward ကို credit ကတ်ထဲသို့ ထည့်ပေးဖို့အတွက် credit ကတ်ရဲ့ အချက်အလက်များမှာ နောက်ဆုံးပေါ် up-to-date  ဖြစ်ရပါမယ်။ 

၈။ Credit ကတ် လက်မခံသော ဟိုတယ်များမှာ ပရိုမိုးရှင်း မရနိုင်ပါ။ ၎င်းဟိုတယ်များမှာ ငွေသားဖြင့် ပေးချေမှုပုံစံကိုသာ လက်ခံသော  ဟိုတယ်များ ဖြစ်ပြီး ဟိုတယ်များစာရင်းတွင် “cashback” badge ပုံလေး မရှိပါ။ 

၉။ ယခုခံစားခွင့်မှာ Booking.com ရဲ့ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဖြစ်ပြီး အငြင်းပွားဖွယ်ရာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက Booking.com နဲ့ Grab ရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါတယ်။

၁၀။ ဘွတ်ကင်လုပ်တဲ့ အချိန်မှာ ပရိုမိုးရှင်းအတွက် သတ်မှတ်ချက်များအားလုံးနဲ့ ကိုက်ညီရပါမယ်။ နောက်မှ ပရိုမိုးရှင်း ပြန်လည်တောင်းဆိုခြင်းများ ခွင့်မပြုပါ။ 

၁၁။ Wallet Credit မှာ Booking Wallet Payments ပေးချေမှုကို လက်ခံသော ဟိုတယ်များ အတွက်သာ redeem လုပ်နိုင်ပါတယ်။ 

၁၂။  ယခင်ရရှိထားသော Wallet Credit များနဲ့ ပေးချေသော ဘွတ်ကင်များအတွက် ထပ်မံပြီး Credit ရရှိနိုင်မှာ မဟုတ်ပါ။ 

၁၃။ Booking.com B.V. မှ ပေးအပ်မှာ ဖြစ်သော အများဆုံးပမာဏမှာ  ယူရိုငွေ € ၁,၀၀၀ ဖြစ်ပါတယ်။ 

၁၄။ Wallet Credit ကို ဘွတ်ကင်တင်တဲ့ သုံးစွဲသူအကောင့်ထဲသာ ထည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

၁၅။ Wallet Credits များရဲ့ သက်တမ်းမှာ Booking.com မှ သတ်မှတ်ချက်များအလိုက် အချိန်နဲ့အမျှ မတူညီတဲ့ သက်တမ်းကုန်ဆုံးရက် ရှိပါတယ်။ 

၁၆။ Booking.com Wallet Credit များကို လွှဲပြောင်းပေးခြင်း၊ ငွေသားဖြင့် လဲလှယ်ခြင်း၊ အခြားတစ်ခုခုဖြင့် လဲလှယ်ခြင်းနဲ့ (ခံစားခွင့်တွဲသုံးခွင့် ရှိပါတယ်ဟု မဖော်ပြထားမချင်း) အခြား လျှော့ဈေးများ၊ ပရိုမိုးရှင်းများနဲ့ တွဲသုံးလို့မရပါ။ 

၁၇။ Booking Wallet နဲ့ Wallet Credit များရဲ့ အသုံးပြုမှု သတ်မှတ်ချက်များအပြည့်အစုံကို ဒီမှာ ကြည့်ပါ (Booking.com အကောင့်နဲ့ လော့ဒ်အင် ဝင်ဖို့ လိုအပ်ပါတယ်)။ အသုံးပြုမှု အကျဉ်းချုပ် သတ်မှတ်ချက်များတွင် ပါရှိသည်များနဲ့ ကွဲပြားမှု၊ မကိုက်ညီမှုများ ရှိခဲ့ပါက တရားဝင်ခွင့်ပြုထားသော အသုံးပြုမှု သတ်မှတ်ချက် အပြည့်အစုံကသာ အမှန်ဖြစ်ပါတယ်။ 

၁၈။ ခံစားခွင့်နဲ့ ပတ်သက်ပြီး မေးမြန်းလိုသည်များ ရှိပါက အောက်ဖော်ပြပါ Booking.com သုံးစွဲသူ ဝန်ဆောင်မှုဌာန https://www.booking.com/content/contact-us.html ကို ဆက်သွယ်နိုင်ပါတယ်။