၂၀၂၁ ခုနှစ်အတွင်း စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ခဲ့တဲ့မိတ်ဖက်လုပ်ငန်းရှင်တွေကို
Grab Myanmar က ဂုဏ်ပြုဆုချီးမြှင့်

အရှေ့တောင်အာရှရဲ့ ထိပ်တန်း နေ့စဉ်သုံးအက်ပလီကေးရှင်းဖြစ်တဲ့  Grab ဟာ  ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်ကာလအတွင်း GrabFood နဲ့ GrabMart ဒီဂျစ်တယ်ပလက်ဖောင်းပေါ်ရှိ စွမ်းဆောင်ရည်မြင့်မားပြီး စားသုံးသူနဲ့ ပို့ဆောင်သူများအကြား ကောင်းမွန်တဲ့ အကျိုးကျေးဇူး‌တွေ ပေးအပ်ခဲ့တဲ့ မိတ်ဖက်ဆိုင်လုပ်ငန်းတွေကို  ဆုအမျိုးအစားခေါင်းစဉ်  ၉ ခုနဲ့ ဆုရွေးချယ်ပေးအပ်ခဲ့ပါတယ်။ 

ဆုအမျိုးအစား ၁ ဖြစ်တဲ့ Big Heart Award ကို အစားအသောက်ပို့ဆောင်သူတွေရဲ့ မဲပေးမှုနဲ့  Lotteria နဲ့ The Pizza Company ၊ ဆုအမျိုးအစား ၂ ဖြစ်တဲ့ Local Hero Award ကို မူလလက်ဟောင်း လမ်း (၂၀) ( မိုယ်းမခ) ဂဏန်းကော်ကြော်၊  5 Star Merchant Award ကို BreadTalk Myanmar ၊ Most Loved by Bikers (YGN & MDY) ဆုကို Lotteria က နောက်ထပ်ဆုတစ်ခုအနေနဲ့  ရခဲ့သလို  COVID-19 Safety Award ကို The Pizza Company က ဒုတိယအကြိမ်၊  Green Merchant Award ကို Oishii Sushi ၊  Mandalay Merchant of the Year ဆုကို YKKO နဲ့ GrabMart Merchant of the Year ဆုကို Htoo Ice Cream တို့က အသီးသီး ရရှိသွားပါတယ်။ အောက်မှာ ဆုရှင်မိတ်ဖက်ဆိုင်တွေနဲ့ သူတို့ရဲ့ စကားသံတွေကို ဝေမျှပေးထားပါတယ်။