Thursday May 21st, 2020 GrabMart is now live! | Shop for home essentials and get them instantly GrabMart မှ ဈေးဝယ်နိုင်ပါပြီ။ အိမ်အတွက် လိုတာ မှန်သမျှ ခု ဝယ်၊ ခုရနိုင်ပါပြီ။ GrabMart မိတ်ဆက် – ကုန်စုံပစ္စည်းများကို လိုတဲ့အချိန်မှ ချက်ချင်း ဝယ်နိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ အသင့်စားသောက်ကုန်များ၊ အအေးများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေး ပစ္စည်းများ စတဲ့ များစွာသော တစ်နေ့တာ လိုအပ်တဲ့ ပစ္စည်း အစုံအလင်ကို Grab App ထဲက မိတ်ဖက် စတိုးဆိုင်များကနေ ဝယ်ယူနိုင်ပါပြီ။ မှာပြီးတာနဲ့ ၁ နာရီအတွင်း ချက်ချင်း သင့်ဆီ အရောက်ပို့ဆောင်ပေးမှာပါ။ မိတ်ဖက် စတိုးဆိုင်များ မေးလေ့ရှိသော မေးခွန်းများ GrabMart ကနေ မှာနိုင်တဲ့ ပစ္စည်းတွေက ဘာတွေလဲ။ သင် အော်ဒါမှာဖို့ ရွေးထားတဲ့ ဆိုင်ပေါ်မှာ မူတည်ပြီး ဝယ်ယူနိုင်တဲ့ ပစ္စည်းတွေက အသင့် စားသောက်ကုန်များ (မုန့်ခြောက်များ၊ ကော်ဖီ၊ ချော့ကလက်၊ ခေါက်ဆွဲခြောက် စသဖြင့်) ကျန်းမာရေးဆိုင်ရာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများ (ဆေးဝါး၊ အားဆေး၊ ရေချိုးဆပ်ပြာ၊ lotion စသဖြင့်) ကုန်ပစ္စည်းများ (ဘက်ထရီ၊ သတင်းစာ စသဖြင့်) ပို့ဆောင်ခက ဘယ်လောက်ပါလဲ။ ပို့ဆောင်ခက ၂၅၀၀ ကျပ်က စပါတယ်။ GrabMart မှာ အနည်းဆုံး မှာရမယ့် ပမာဏ ရှိပါသလား။ မရှိပါ။ GrabMart က ဘယ်ကို ပို့ဆောင်ပါသလဲ။ လက်ရှိပို့ဆောင်ပေးလျက်ရှိတဲ့ မြို့နယ်များကတော့ ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လသာ၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်နဲ့ မရမ်းကုန်း (တောင်ပိုင်း) တို့ဖြစ်ပါတယ်။ မကြာခင် GrabMart ကို ဆက်လက်တိုးချဲ့သွားမှာမို့ စောင့်မျှော်ပေးကြပါဦး။ Share: