Menu

GrabHeli ၊ ကိုယ်ပိုင် ငွေပေးချေမှုစနစ်၊ နေ့စဉ်သုံး အက်ပလီကေးရှင်းတစ်ခု

အရှေ့တောင်အာရှက လူတွေအနေနဲ့ Grab ကို လာမယ့် ၁၀ နှစ်တာကာလမှာ ဘယ်လိုမြင်ယောင်ထားကြလဲ ဆိုတာ သိရှိနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ Grab စီးနင်းမှုအကြိမ်ရေ သန်းပေါင်းတစ်ထောင်ပြည့် အထိမ်းအမှတ် ဘလော့ဂ်ပို့စ်မှာ မေးမြန်းခဲ့ပါတယ်။ မျှော်မှန်းထားတာထက်ကို ကျော်လွန်ပြီးတော့ ဒီမေးမြန်းမှုအစီအစဉ်ကနေ စိတ်ဝင်စားဖို့လည်းကောင်း၊ စိတ်အားတက်ကြွဖို့လည်းကောင်းတဲ့ ဖြေဆိုမှုပေါင်း ၅ဝဝ ကျော်ကို ပြန်ရရှိခဲ့ပါတယ်။

ဘယ်စကားလုံးတွေ အများဆုံး ဖြစ်မလဲ? ကျွန်တော်တို့ရဲ့ Word Cloud မှာ အားလုံးထည့်ပေးထားတယ်နော်!

 Grab ရဲ့ အနာဂတ် – သင့်ရဲ့ နေ့စဉ်သုံး အက်ပလီကေးရှင်း

ဖြေဆိုမှုတွေကို Word Cloud ထဲ ထည့်ပြီး ပုံဖော်ကြည့်တဲ့အခါမှာ ထပ်တလဲလဲပါဝင်နေတဲ့ ဆန္ဒတစ်ခုကတော့ Grab ကို တစ်ခုတည်းနဲ့ အားလုံးပြီးပြည့်စုံတဲ့ နေ့စဉ်သုံး အက်ပလီကေးရှင်း ဖြစ်လာဖို့ပါ။ အဲဒီလို ဆန္ဒပြုတဲ့လူအများစုကတော့ (သူတို့ကို ရှေ့ဖြစ်ဟောဆရာ/ နိမိတ်ဖိတ်သမားတွေလို့တောင် ကျွန်တော်တို့ သတ်မှတ်မိပါတယ်) Grab ကို သယ်ယူပို့ဆောင်ရေး အက်ပလီကေးရှင်းကနေ သူတို့ရဲ့ နေ့စဉ်ဘဝကို ပြီးပြည့်စုံစေတဲ့ လူနေမှုဆိုင်ရာ အက်ပလီကေးရှင်းအဖြစ် တိုးချဲ့စေချင်ကြတာပါ။ အနာဂတ်ကို ပုံဖော်ဖြေဆိုမှုတွေမှာ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်မှု၊ ခလုတ်နှိပ်လိုက်တာနဲ့ အကောင်အထည်ဖော်နိုင်မှု၊ Grab ကို ဘက်စုံထောင့်စုံက အသုံးပြုလိုမှုတွေ ပါဝင်ပါတယ်။ အစားအသောက်ပစ္စည်းတွေ၊ အွန်လိုင်းရှော့ပင်တွေ၊ အိမ်အရောက်ပို့ဆောင်မှု စတဲ့ စကားလုံးတွေကိုလည်း တွေ့ရပါတယ်။ စင်ကာပူက ဖြေဆိုမှုတစ်ခုကတော့ ဒီလိုပါ။

“Grab ဟာ အရှေ့တောင်အာရှရဲ့ အငှားယာဉ် ဝန်ဆောင်မှုပေးသူတစ်ယောက်အနေနဲ့သာမက ဝန်ဆောင်မှုအများစုကို (အစားအသောက်ပို့ဆောင်မှု ၊ အထုပ်အပိုးနဲ့ ထောက်ပံ့ပို့ဆောင်မှု စသည်ဖြင့်) ချိတ်ဆက်ပေးတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာပါလိမ့်မယ်”

ဖြေဆိုသူတွေထဲမှာ “စိတ်ကူးဥာဏ်ကွန့်မြူးကြသူတွေ ပါဝင်တဲ့” အုပ်စုကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ သူတို့က Grab ကို အခုလက်ရှိ ရနေတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေအပြင် ရထား၊ လေယာဉ်ပျံ၊ သဘောင်္၊ ထရပ်ကား၊ ဟယ်လီကော်ပတာ စတာတွေနဲ့ပါ  GrabTrain၊ GrabPlane၊ GrabSea၊ GrabTruck၊ GrabHeli ဆိုပြီး လုပ်စေချင်ကြပါတယ်။ နောက်ထပ် တွေ့ရတဲ့သူတွေကတော့ “ခေတ်ရှေ့ပြေး” အုပ်စုတွေပါ။ သူတို့ကတော့ Grab ကို လ ဆီ ပျံသန်းတဲ့ စီမံကိန်းလိုမျိုး မောင်းသူမဲ့ကား၊ ကားပျံတွေ၊ ကိုယ်ပိုင် ငွေပေးချေမှုစနစ်၊ မောင်းသူမဲ့ယာဉ်ပျံနဲ့ စက်ရုပ်တွေဆိုပြီး GrabDrones နဲ့ GrabBots စတဲ့ အနာဂတ်အစီအစဉ်တွေကိုတောင် လုပ်စေချင်ကြပါတယ်။

Grab ရဲ့ အနာဂတ်ကတော့ စိတ်လှုပ်ရှားစရာကောင်းတာ အသေအချာပါပဲ။ ဒီဖြေဆိုမှုတွေအားလုံး Grab ဆိုတဲ့ အစုအဝေးကြီးထဲမှာ စုစည်းပါဝင်လာတယ်လို့ တွေးကြည့်လိုက်ပါ။ မနက်ပိုင်း အိပ်ရာ နိုးတဲ့အချိန်ကနေ စပြီးတော့ သင့်ရဲ့ တစ်နေ့တာ လိုအပ်ချက်တွေအားလုံး အက်ပလီကေးရှင်းတစ်ခုတည်းနဲ့ ဖြေရှင်းသွားနိုင်တာမျိုးပေါ့။

သင် အိပ်ရာက နိုးလာမယ်၊ ပြီးတော့ တစ်နေ့တာအတွက် လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွေ၊ ချိန်းဆိုထားမှုတွေကို ကြည့်မယ်။ သင့်ရဲ့ ပထမဆုံးအစည်းအဝေးကို မီဖို့ လုပ်ငန်းခွင်ကို မနက် ၁၀ နာရီခွဲ နောက်ဆုံး ရောက်ဖို့ လိုမယ်။ သင် အိမ်ကထွက်ဖို့ အသင့်ဖြစ်ပြီ ဆိုရင်တော့ Grab app က သင့်ရဲ့ နေ့စဉ် လုပ်ဆောင်နေကျအရာတွေကို အခြေခံပြီး သင် သွားရမယ့် နေရာကို ကြိုတင်ဖော်ပြလိမ့်မယ်။ ပြီးရင် အခုလက်ရှိ ယာဉ်ကြောအခြေအနေပေါ် မူတည်ပြီး အိမ်ကနေ လုပ်ငန်းခွင်ဆီ ရောက်ဖို့ အချိန်ကို ခန့်မှန်းပေးလိမ့်မယ်။ အဲဒီအခါ သင့်အနေနဲ့ အချိန်လေး နည်းနည်း ယူလို့ ရ မရ ဆုံးဖြတ်နိုင်မယ်။ နောက်ပြီး ခရီးသွားလာရေး ၀န်ဆောင်မှုပုံစံမျိုးစုံထဲက ဈေးအသက်သာဆုံးလမ်းကြောင်းကို ရွေးလို့ ရသေးတယ်။ ပထမဆုံး ရထားဘူတာကို GrabShuttle နဲ့ ခရီးစပြီး အများပြည်သူသုံး ရထားဆက်စီးမယ်။ ပြီးရင် သင့်ရဲ့ နောက်ဆုံး ခရီးစဉ်လမ်းကြောင်းကို အီလက်ထရောနစ် GrabCar သုံးပြီး အရောက်သွားမယ်။ ဒီခရီးစဉ်ကြီးတစ်ခုလုံးမှာ မိုဘိုင်းပိုက်ဆံအိတ်လို့ ခေါ်တဲ့ GrabPay ကို သုံးပြီး သွားရုံပဲ။ အခု လမ်းပေါ်တော့ ရောက်နေပြီ။ ဒါပေမယ့် အိမ်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်ဆိုလည်း စိတ်ပူစရာမလိုပါဘူး။ GrabPay နဲ့ ချိတ်ပြီး သင်ဟာ မိုဘိုင်းပိုက်ဆံအိတ် ကိုင်ထားမယ် ဆိုရင်ပေါ့လေ။ သင် ရထားပေါ်က ဆင်းလာတဲ့အခါ သင့်အကြိုက်ဆုံး မုန့်ဟင်းခါး၊ နန်းကြီးသုတ်လို ဆိုင်မျိုးတွေမှာ GrabPay သုံးပြီး မနက်စာ ၀ယ်စားမယ်။ နောက် ကော်ဖီတစ်ခွက်ကိုတော့ GrabRewards ထဲကနေ ပွိုင့် သုံးပြီး လဲယူလိုက်မယ်။ သင် ခေါ်ထားတဲ့ GrabCar က ဆိုင်ရှေ့တည့်တည့် ရောက်လာပြီး လာကြိုသွားမယ်။ အဲ နောက်ဆုံး သင့်ကလေးကို ကျောင်းမုန့်ဖိုး ပေးလိုက်ဖို့ မေ့သွားတာကို အဲဒီအချိန်မှပဲ သတိထားမိသွားတယ် ဆိုရင်တောင် GrabPay Credits ကို သုံးပြီး ချက်ချင်း လွှဲပေးလိုက်လို့ ရပါသေးတယ်။ အလုပ်ပြီးချိန်မှာ ဈေးဝယ်ထွက်မယ်။ အဲဒီမှာလည်း ၀ယ်ထားတဲ့ အထုပ်အပိုး သယ်စရာတွေကို GrabExpress ကတစ်ဆင့် သင့် အိမ်တံခါးအ၀အရောက် ပို့ခိုင်းလိုက်ပေါ့။ နောက်ဆုံးအနေနဲ့ GrabCycle လေးနဲ့ အိမ်မပြန်ခင် မိသားစုနဲ့အတူ စားဖို့ ညစာကို GrabFood ကနေ မှာထားလိုက်ရုံပဲ။

သွားမယ် ၊ စားမယ် ၊ ဈေးဝယ်ထွက်မယ်။ မိုဘိုင်းပိုက်ဆံတစ်ခုတည်းနဲ့ ငွေချေမယ်။

အနာဂတ်ဟာ သိပ်မဝေးတော့ပါဘူး။ ဒီဗီဒီယိုလေးကို ကြည့်ပါ။

ဒါ သင် လိုချင်တဲ့ အနာဂတ်မျိုးလား။

Grab ရဲ့ အနာဂတ်အတွက် နောက်ထပ်ဆန္ဒများ!

Grab x ခရီးသွားလာရေးmore_vertစင်ကာပူက ဆန္ဒပြုထားတာကတော့ …

… အရှေ့တောင်အာရှအတွင်း ဘယ်ကိုပဲ ခရီးသွားသွား လုံခြုံစိတ်ချစွာ ခရီးသွားနိုင်ဖို့ Grab က ဆောင်ရွက်ပေးပါ။ close
“သိပ်နားမလည်တဲ့ ခရီးသွားတွေကို လှည့်ဖျားဖို့ လေဆိပ်မှာ ကျင်လည်ကျက်စားတတ်ကြတဲ့ တရားမဝင် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ မသမာသူတွေရဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်စေပြီးတော့ အရှေ့တောင်အာရှမှာ လုံခြုံစိတ်ချရတဲ့ ခရီးသွားလာနိုင်ရေးအတွက် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်စေချင်တယ်။ ဗီယက်နမ်ကို ပထမဆုံးအကြိမ် ကျွန်တော် တစ်ကိုယ်တည်း အလည်သွားတဲ့အချိန်မှာ Grab ရဲ့ ပေးတဲ့ စိတ်လုံခြုံမှုကို သေချာ ခံစားခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ စိတ်အေးချမ်းလုံခြုံစွာနဲ့ ခရီးသွားနိုင်တာက မတန်တဆ ဈေးကြီးမပေးရဘူးဆိုတာကို သိနေလို့၊ ပြီးတော့ ကိုယ် ဘယ်ကို သွားနေလဲဆိုတာ မြေပုံကနေ ပြနေလို့ပါ။ အဲဒီအတွက် ကျေးဇူးပါပဲ Grab ”

သင် သိပါသလား။အခုလို Grab အပေါ် သင့်ရဲ့ ယုံကြည်မှုအတွက် ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါတယ်။ ခရီးသွားရတာ ကြိုက်နှစ်သက်သူတွေအတွက် ဖနွမ်းပင်နဲ့ ဆီရမ်ရိ(ပ်)အတွင်း ၀န်ဆောင်မှုကိုလည်း အခု ထည့်သွင်းထားပါပြီ။ အရှေ့တောင်အာရှက နိုင်ငံ ၈ နိုင်ငံမှာ Grab ရောက်ရှိနေပြီး လုံခြုံစိတ်ချစွာ အဆင်သင့် သွားလာနိုင်တဲ့အတွက် ဒီနိုင်ငံတွေကို ခရီးသွားမယ့် သင့်အတွက် အကောင်းဆုံး အခြေအနေပဲပေါ့။ ဒီဆန္ဒဟာ ကျွန်တော်တို့ Grab တည်ထောင်သူတွေရဲ့ ပန်းတိုင်ဖြစ်တဲ့ ခရီးသည်တွေအတွက် စိတ်ချအားထားနိုင်တဲ့ ဝန်ဆောင်မှုကို တစ်နေရာကနေ တစ်နေရာတင်မကဘဲ တစ်နိုင်ငံကနေ တစ်နိုင်ငံအထိပါ ပံ့ပိုးပေးအပ်သွားနိုင်ဖို့ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

Grab x နည်းပညာ တီထွင်ဆန်းသစ်မှု
more_vert
မလေးရှားနဲ့ ဖိလစ်ပိုင်က အားထုတ်နေတာကတော့ …

အသစ်ဖြစ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နည်းပညာတွေနဲ့ ဆန်းသစ်ဖန်တီးမှုအပိုင်းမှာ တိုးတက် အောင်မြင်ဖို့ပါတဲ့။close

မလေးရှား။ “မလေးရှားမှာ GrabHeli မရှိသေးပေမယ့်လည်း ကျွန်တော်ကတော့ GrabHeli ပိုင်းလော့ ဖြစ်ချင်နေတာ။ အဲဒီအတွက် ကျွန်တော့်ကို လေ့ကျင့်ပေးပါနော်”။

ဖိလစ်ပိုင်။ “လေကြောင်းနဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ နည်းလမ်းတွေမှာ ဦးဆောင်သူ Grab”

သင် သိပါသလား။ ကျွန်တော်တို့ အရင်က GrabHeli ဆိုတာကို စမ်းသပ်လုပ်ကိုင်ဖူးပါတယ်! တီထွင်ဆန်းသစ်ထားတဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအနေနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ခရီးသည်တွေကို မကာတိမြို့ (Makati) ၊ ဘွန်နီဖာဆီယို (Bonifacio Global) ဂလိုဘယ်မြို့နဲ့ ပါဆေးမြို့ (Pasay) တွေဆီ လေကြောင်းလေ့လာရေး ခရီးစဉ်အဖြစ် စမ်းသပ်မောင်းနှင်ပေးခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း GrabHeli စီးနင်းမှုကို ကျွန်တော်တို့ရဲ့ ထိပ်တန်းအသုံးပြုသူတွေနဲ့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် အထူးသီးသန့် အစီအစဉ်အဖြစ် အင်ဒိုနီးရှားမှာ စီစဉ်ပေးခဲ့ပါတယ်။ ဒီပို့ဆောင်ရေးနည်းလမ်းဟာ ယာဉ်ကြောပိတ်ဆို့မှု အကြီးအကျယ် ကြုံတွေ့နေရတဲ့ နိုင်ငံတွေအတွက် နည်းပညာထွက်ပေါက် တစ်ခုပဲ ဖြစ်ပါတယ်။

စင်ကာပူက မောင်းသူမဲ့ကား အစီအစဉ်ရဲ့ အခြေအနေတွေကိုလည်း ကျွန်တော်တို့ လေ့လာနေပြီးတော့ ယာဉ်မောင်းတွေအတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ နောက်ထပ် လျှပ်စစ်ကားတွေကိုလည်း ကျွန်တော်တို့ ထည့်သွင်း မောင်းနှင်နေပါတယ်။ ပြီးတော့ ကားတွင်း ဖျော်ဖြေရေး ဝန်ဆောင်မှု၊ မောင်းသူမဲ့ကားတွေအတွက် စိတ်ချရတဲ့ မောင်းနှင်မှုဖြစ်စေဖို့ တယ်လီမက်တစ် (မော်တော်ယာဉ်ဆိုင်ရာ ဆက်သွယ်ရေး နည်းပညာအသစ်) တွေကိုလည်း ပိုပြီးကောင်းမွန်အောင် တပ်ဆင်ပေးနိုင်ဖို့ စဉ်းစားထားပါတယ်။ နည်းပညာဆိုင်ရာ အသစ်အသစ်သော တီထွင်မှုတွေကို စောင့်ကြည့်ကြပါဦး။ ကျွန်တော်တို့နဲ့အတူ ပိုပြီး ကြီးကျယ်ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနိုင်ဖို့ ဝိုင်းဝန်းစဉ်းစားပေးတာ ကျေးဇူးပါ!

Grab x အလွယ်တကူ ချိတ်ဆက်နိုင်မှု
more_vert
အင်ဒိုနီးရှားနဲ့ ထိုင်းတို့ရဲ့ ပြင်းပြတဲ့ ဆန္ဒကတော့…

… Grab အနေနဲ့ နိုင်ငံလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေးကို ချိတ်ဆက်ပေးနိုင်ဖို့ပါ။
close

အင်ဒိုနီးနား။ “Semoga bisa menjadi transportasi penghubung antar Pulau /propinsi” (Grab ကို ကျွန်းတွေ၊ ခရိုင်တွေအထိ ချိတ်ဆက်ပေးနိုင်တဲ့ သယ်ယူပို့ဆောင်ရေး ဖြစ်လာဖို့ မျှော်လင့်ပါတယ်)

သင် သိပါသလား။ အခုအချိန်မှာ ကျွန်တော်တို့ဟာ အင်ဒိုနီးရှားက မြို့နယ်နဲ့ ခရိုင် စုစုပေါင်း ၁၂၅ နေရာမှာ ရှိနေပါပြီ။ Grab ဟာ အေဆာ့ခ်ျ (Aceh) ကနေ ဂျရာပူရ (Jayapura) အထိ အင်ဒိုနီးရှားကျွန်းစုရဲ့ အနောက်စွန်းကနေ  အရှေ့စွန်းထိ ဖြန့်ကျက်ထားပြီး ဒေသခံတွေရဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ထပ်မံတိုးချဲ့ဖြန့်ကျက်ဖို့လုပ်ဆောင်နေပါတယ်။

ဒေသခံတွေအနေနဲ့ သွားလာဖို့ အခက်အခဲရှိတဲ့ ကျွန်းတွေအထိပါ ဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အင်ဒိုနီးရှား အရှေ့ပိုင်း နူဆာတန်ဂရာ (Nusa Tenggara)၊ အလောခရိုင် (Alor) ထဲက ပူရာကျွန်းဟာ ဥပမာတစ်ခုပါပဲ။ မြို့နေလူဦးရေ ၅၁၁၄ ယောက်၊ အခြေခံပညာကျောင်း ၈ ကျောင်းနဲ့ အထက်တန်းကျောင်း ၂ ကျောင်းရှိတဲ့ ဒီကျွန်းက သူ့ရဲ့ သဘာဝ ဖွဲ့စည်းတည်ဆောက်ပုံအရ  ၂ ဘီးတပ်၊ ၄ ဘီးတပ်ယာဉ်တွေ သွားလာဖို့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ကျောင်းကို နေ့စဉ်သွားရောက်ဖို့အတွက် လှေနဲ့ မော်တော်ဘုတ်တွေကို အဓိကထား အားကိုးနေရပါတယ်။ အဲဒီအတွက် ကျွန်းရဲ့ နေ့စဉ်သွားလာမှုကို ပိုမိုလွယ်ကူဖို့ Grab နဲ့ GrabHitch (Nebeng) ယာဉ်မောင်းအဖွဲ့တို့ ပူးပေါင်းပြီးတော့ စုပေါင်းစက်ဘီးနဲ့ သွားလာတဲ့ပုံစံမျိုးလိုပဲ လူတိုင်း စုပေါင်းငှားရမ်း စီးနင်းနိုင်မယ့် ရည်ရွယ်ချက်နဲ့ လှေ ၂ စင်း လှုဒါန်းခဲ့ပါတယ်။ တစ်ခါတလေမှာ လူတွေရဲ့ ဘဝကို ပိုပြီး ကောင်းမွန်စေမယ့် အဖြေတွေဟာ ခက်ခဲ နက်နဲ မနေပါဘူး!

ထိုင်း။ “แกร็บให้บริการทั่วประเทศไทย” (တစ်နိုင်ငံလုံးမှာ Grab ဝန်ဆောင်မှု ရချင်ပါတယ်)

စိတ်ဝင်စားစရာ အချက် တစ်နိုင်ငံလုံးမှာ ဝန်ဆောင်မှုရရှိဖို့ဆိုတာ ထိုင်းက အသုံးပြုသူတွေအတွက် ဒိထက်မကတဲ့ ဝန်ဆောင်မှုတွေ ပိုပြီးပေးအပ်နိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်နဲ့အတူတူပါ။ ဘန်ကောက်၊ ချင်းမိုင်ကနေ သိပ်မကြာခင် ထပ်တိုးတော့မယ့် ဘူရီရမ်အထိ ထိုင်းမြို့ပေါင်း ၁၆ မြို့မှာ ကျွန်တော်တို့ ဝန်ဆောင်မှုကို ရရှိနေပါပြီ။ ချင်းမိုင်ကလူတွေကို ပိုပြီးကောင်းမွန်စွာ ချိတ်ဆက်ပေးနိုင်ဖို့အတွက်တော့ နေရာဒေသ အခြေအနေအလိုက် ပြောင်းလဲပေးထားတဲ့ ဝန်ဆောင်မှုဖြစ်တဲ့ ဒေသခံတွေနဲ့ ရင်းနှီးပြီးသား လူ ၉ ယောက်ဆံ့  RodDaeng တို့၊ ထရပ်ကားနီတို့ကိုပဲ အသုံးပြုလို့ ရအောင် စီစဉ်ပေးထားပါတယ်။ ပြီးတော့ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ ဒေသခံ GrabRodDaeng မိတ်ဖက်ယာဉ်မောင်းတွေကို စမတ်ဖုန်းနဲ့ Grab အက်ပလီကေးရှင်း သုံးနည်းပါ သင်ပေးခဲ့ပါတယ်။

Grab x လူမှုဘဝ တိုးတက်ရေး
more_vert
ဗီယက်နမ်ရဲ့ ဆန္ဒကတော့ …

… ကျွန်တော်တို့ရဲ့မိတ်ဖက်ယာဉ်မောင်းတွေကို ပိုပြီးကောင်းမွန်တဲ့ နေထိုင်မှုဘဝ ဖန်တီးပေးဖို့ပါ။close

Vietnam: “Tôi hy vọng vào sự phát triển và hợp tác lâu dài nhằm đảm bảo thu nhập ổn định cho các đối tác tài xế”(” (ကျွန်တော့်အနေနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ Grab ရဲ့ မိတ်ဖက်ယာဉ်မောင်းတွေအတွက် ပုံမှန်ဝင်ငွေ ရရှိလာမယ်ဆိုတာ ယုံကြည်ထားပါတယ်)

ဗီယက်နမ်။ အရှေ့တောင်အာရှရဲ့ ၀င်ငွေတိုးတက်မှု အချက်အလက်တွေကို တစ်ချက်လောက် ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဗီယက်နမ်က မိတ်ဖက်ယာဉ်မောင်းတွေဟာ နိုင်ငံတွင်း အခြားအလုပ်သမားတွေရဲ့ တစ်နာရီ ပျမ်းမျှဝင်ငွေထက် ၅၅ ရာခိုင်နှုန်း ပိုပြီးတော့ ဝင်ငွေရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်းမှာ အမြင့်ဆုံး ရာခိုင်နှုန်းတစ်ခုပါ။

သုညကနေ စတင်ပြီး ကျွန်တော်တို့ တည်ထောင်ခဲ့တဲ့ နေ့ရက်တွေကတည်းက မိတ်ဖက်ယာဉ်မောင်းတွေဟာ ကုမ္ပဏီရဲ့ ပင်မကျောထောက်နောက်ခံအဖြစ် အမြဲရှိနေခဲ့ကြတာပါ။ သူတို့က ကျွန်တော်တို့ကို ယုံကြည်ပြီးတော့ အခွင့်အရေး ပေးခဲ့ပါတယ်။ ဒီနေ့ဒီအချိန် အရှေ့တောင်အာရှ တစ်ခွင်မှာတော့ ကျွန်တော်တို့ရဲ့ မိတ်ဖက်ယာဉ်မောင်းဦးရေ စုစုပေါင်း ၂.၇ သန်းကို ကျော်လွန်ခဲ့ပါပြီ။ ဗီယက်နမ်မှာရှိတဲ့ မိတ်ဖက်ယာဉ်မောင်း အများစုရဲ့ အသက်မွေးဝမ်းကြောင်းကို တိုးတက်ကောင်းမွန်စေနိုင်ဖို့ ဝင်ငွေတင်မကဘဲ သူတို့ရဲ့ အကြံပြုချက်တွေအပေါ် မူတည်ပြီး အမြဲ တိုးတက်လာအောင် ပံ့ပိုးကူညီပေးနေတဲ့ ကျွန်တော်တို့ရဲ့ Better 365 programme နဲ့ ယာဉ်မောင်းဘဝ ပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပါ တိုးတက်ကောင်းမွန်စေနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပျော်ရွှင်ရပါတယ်။

ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေက ဒီလောက်နဲ့ ရပ်မသွားဘဲ မိတ်ဖက်ယာဉ်မောင်းတွေရဲ့ မိသားစုအထိပါ ထပ်ပြီး ထည့်သွင်းစဉ်းစားထားပါတယ်။ ဒီနေ့ ဒီအချိန်ထိဆိုရင် ကျွန်တော်တို့ဟာ သူတို့ရဲ့ မိသားစုဝင်တွေ၊ ကလေးတွေအတွက် GrabSchool ၊ GrabAcademy နဲ့ GrabWives စတာတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ ဂရုစိုက်လုပ်ဆောင်ပေးမှုတွေထဲက တချို့တစ်ဝက်ကိုပဲ ဖော်ပြထားသေးတာပါ။