ONE GrabFood order to win BIG!

GrabFood က အော်ဒါလေး တစ်ခု မှာလိုက်ရုံနဲ့ iPhone 12 Pro နဲ့ ဆုကြီးတွေ ရရှိနိုင်ပါတယ်။ လျှော့ဈေးမပါ ပရိုမိုကုဒ် GRAB12PRO ကို အသုံးပြုပြီး မှာယူမှု အောင်မြင်သော GrabFood အော်ဒါတိုင်းအတွက် ကံစမ်းမဲ လက်မှတ် တစ်စောင် ရရှိမှာ ဖြစ်ပါတယ်။ အပတ်တိုင်းမှာ ဆုတစ်ခုစီ ဖောက်ပေးသွားမှာ ဖြစ်ပြီး ဘယ်အပတ်စဉ်မှာ ပါဝင်ပါဝင် နောက်ဆုံး Grand prize – iPhone 12 Pro ကို ကံစမ်းခွင့် ရရှိမှာပါ။ GrabFood များများမှာလေ မဲလက်မှတ် များများရလေမို့ အခွင့်အရေးကို လက်မလွှတ်ပါနဲ့နော်။ 

  • ပထမအပတ်အတွက် ဆု ။ ။ ၁၀၀,၀၀၀ ကျပ် တန်ဖိုးရှိ GrabFood vouchers များ (၆ လ အတွင်း အသုံးပြုနိုင်ပါတယ်) 
  • ဒုတိယအပတ်အတွက် ဆု။ ။  AirPods Pro 
  • တတိယအပတ်အတွက် ဆု ။ ။ Apple Watch Series 6
  • Grand Prize: iPhone 12 Pro (128 GB ၊ pacific blue)
ပထမအပတ်အတွက် ကံထူးရှင်ကတော့….
Ko Thu Ra Htay ဖြစ်ပါတယ်။ ကျပ် ၁၀၀,၀၀၀ တန်ဖိုးရှိတဲ့ GrabFood vouchers တွေနဲ့ စိတ်ကြိုက် အဝစားလိုက်တော့နော်။
 
လာမယ့်အပတ်တွေမှာ Apple AirPods Pro ၊ Apple Watch နဲ့ iPhone 12 Pro ဆုလက်ဆောင်တွေ ကံစမ်းမဲ ထပ်ဖောက်ပေးဦးမှာနော်။ GrabFood က လျှော့ဈေးမပါပရိုမိုကုဒ် GRAB12PRO ကိုသုံးပြီး တစ်ခါ မှာလိုက်ရုံနဲ့ ကံစမ်းပြီးသား ဖြစ်မှာပါ။

အနိုင်ရရှိသူ ရွေးချယ်ပုံကို ဒီဗီဒီယိုမှာ ကြည့်ပါ။

စည်းကမ်းသတ်မှတ်ချက်များ 

၁။ ကံစမ်းခွင့် ကာလမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့မှ အောက်တိုဘာ ၃ ရက်နေ့ ၂၀၂၁ ခုနှစ် အထိသာ ဖြစ်ပါတယ်။ 

၂။ Campaign မှာ မြန်မာနိုင်ငံတွင်းသာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားတွင် Grab အသုံးပြုမှုများကို ထည့်သွင်းတွက်ပေးမှာ မဟုတ်ပါ။

၃။ လျှော့ဈေးမပါ ပရိုမိုကုဒ် ‘GRAB12PRO’ သုံးကာ မှာယူထားသော GrabFood အော်ဒါများသာ ကံစမ်းမဲအဖြစ် အကျုံးဝင်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ယူ (Self Pick-up) အော်ဒါများအတွက် အကျုံးမဝင်ပါ။ 

၄။ ကတ် သို့မဟုတ် ငွေသားဖြင့် ပေးချေမှုပုံစံကို အသုံးပြုနိုင်ပါတယ်။ 

၅။ မှာယူမှု အောင်မြင်သော GrabFood အော်ဒါမှသာ အပတ်စဉ် ဆုများ (သို့) Grand Prize အတွက် ကံစမ်းမဲမှာ အကျုံးဝင်သွားပြီ ဖြစ်ပါတယ်။ 

၆။ ကံထူးရှင်များကို အပတ်စဉ် ကျပန်း ရွေးချယ်ပါမယ်။ ၁ ပတ်အတွင်း အကြောင်းကြားပေးပြီး Grab မြန်မာရဲ့ တရားဝင် Facebook စာမျက်နှာမှလည်း ကြေညာပေးသွားပါမယ်။ 

၇။ Grab အနေနဲ့  မရိုးသားမှု တစ်စုံတစ်ရာ ရှိမရှိ ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပြီးမှ ဆုများကို  ထုတ်ပေးမှာ ဖြစ်ပါတယ်

၈။ Grab ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခွင့် မရှိပါ။ 

၉။ သင့်အနေနဲ့ Grab အပလီကေးရှင်းထဲ ပါရှိသော Grab ဝန်ဆောင်မှုများရဲ့ စည်းမျဉ်းသတ်မှတ်ချက်များကို သဘောတူလက်ခံပါတယ်။ GrabFood Reward Vouchers များကို အသုံးပြုရာမှာ တစ်ခုစီအလိုက် သတ်မှတ်ချက်များ ကွဲပြားပါတယ်။ စည်းမျဉ်းသတ်မှတ်ချက်များကို reward တစ်ခုစီထဲမှာ ဝင်ဖတ်နိုင်ပါတယ်။

၁၀။ ဒီအစီအစဉ်မှာ ပါဝင်ခြင်းအားဖြင့် Grab မှ သင့်နာမည်နှင့် သင့်ဓာတ်ပုံကို ဆုရှင်ကြေညာသောအခါ အသုံးပြုရန် ခွင့်ပေးပြီး ဖြစ်ပါတယ်။ ဤအချက်ကို သဘောတူညီမှု မရှိပါက သင်၏ ဆုကို လက်လွှတ်ဆုံးရှုံးရမည်ဖြစ်ပြီး နောက်ထပ် ဆုရှင်တစ်ဦးကို အလိုအလျောက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ 

၁၁။ Grab မှ သင့်အား ကြိုတင်အကြောင်းကြားမှု မပြုလုပ်ဘဲ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဘယ်အချိန်မဆို စည်းမျဉ်းသတ်မှတ်ချက်များရဲ့ ဘယ်အချက်အလက်ကိုမဆို ‌ပြောင်းလဲ၊ ပြင်ဆင်၊ ဖြုတ်ခွင့်ကို အပြည့်အဝ ရရှိထားပြီး သင့်အနေနဲ့ ‌ပြောင်းလဲမှုများကို သဘောတူညီလက်ခံပါတယ်။

၁၂။ အစီအစဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုကိစ္စရပ်မဆို Grab ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။ Grab အနေနဲ့ သင် သို့မဟုတ် တခြားသူတစ်စုံတစ်ဦးမှ အမြတ်ဆုံးရှုံးခြင်း၊ မတော်တဆပျက်စီးမှု၊ လက်ငင်းပျက်စီးမှုများ သို့မဟုတ် အစီအစဉ်နဲ့ ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပျက်စီးဆုံးရှုံးမှုများ ရှိပါတယ်ဟု ‌တောင်းဆိုမှုအပေါ် ‌ဖြေရှင်းပေးရန် တာဝန်မရှိပါ။ 

၁၃။ Grab အနေနဲ့ မူလဆုကို မ‌ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပွားခဲ့ပါက ဆုကို တူညီတဲ့ တန်ဖိုးရှိ ဆုတစ်ခုခုနဲ့ အစားထိုး‌ပေးနိုင်ခွင့် ရှိပါတယ်။ 

၁၄။ ဆုထုတ်ယူအသုံးပြုရာတွင် Grab အနေနဲ့ အငြင်းပွားဖွယ်ရာများကို ကာကွယ်ရန် ဆုရှင်အား အတည်ပြုဖို့ အထောက်အထား တစ်စုံတစ်ရာ ‌တောင်းခံကောင်း ‌တောင်းခံနိုင်ပါတယ်။ 

၁၅။ ဆုများကို သတ်မှတ်ထားသော ကာလအတွင်းသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ သက်တမ်းကျော်လွန်သွားပါက ဆုကို အဆုံးရှုံးခံရမှာ ဖြစ်ပြီး နစ်နာကြေး ‌တောင်းခံခွင့် မရှိပါ။

၁၆။ ခြွင်းချက်အဖြစ် သတ်မှတ်ထားခြင်း မရှိပါက ဆုများကို ‌ငွေသား သို့မဟုတ် credit မည်သည့် ပုံစံနဲ့မဆို လွှဲပြောင်းခြင်း၊ လဲလှယ်ခြင်းများကို ခွင့်မပြုပါ။ 

၁၇။ စည်းမျဉ်းသတ်မှတ်ချက်များကို မြန်မာနိုင်ငံရဲ့ ဉပဒေများအတိုင်း ပြဌာန်းထားခြင်းဖြစ်ပြီး အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ‌ဖြစ်ပွားခဲ့ပါက တရားရုံးများတွင် တရားစီရင်ခွင့် ခံယူနိုင်ပါတယ်။