Samsung Galaxy Note 9 ကို ပိုင်ဆိုင်ရဖို့ GRAB A NOTE မှာ ပါဝင်လိုက်ပါ

ပရိုမိုအစီအစဉ်

  • ပရိုမိုကုဒ် NOTE9 ကို သုံးပြီး Grab နဲ့ စီးနင်းပါ။
  • တစ်ပတ်တာအတွင်း ပရိုမိုကုဒ် NOTE9 သုံးပြီး စီးနင်းမှုအကြောင်းရေအများဆုံးခရီးသည်က 128 GB ပါတဲ့ Samsung Galaxy Note9 တစ်လုံးကို ပိုင်ဆိုင်ရရှိမှာပါ။
  • ပရိုမိုကုဒ်ကို အသုံးပြုနိုင်တဲ့ကာလက စက်တင်ဘာ ၈ ရက်ကနေ အောက်တိုဘာ ၅ ရက်အထိဖြစ်ပါတယ်။
    • ပထမရက်သတ္တပတ် :  စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ
    • ဒုတိယရက်သတ္တပတ် : စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ
    • တတိယရက်သတ္တပတ် : စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ
    • စတုတ္ထရက်သတ္တပတ် : စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၅ ရက်အထိ
  • စုစုပေါင်း ဆုရှင် ၄ ဦး ရှိမှာ ဖြစ်ပြီး  Grab Myanmar ရဲ့ Facebook Page ကနေ ကြေညာပေးမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ပါဝင်နိုင်တဲ့နည်းလမ်း

  • Grab app ကို ဖွင့်ပါ။
  • သင့်ကို ကြိုရမယ့်နေရာ၊ ပို့ရမယ့်နေရာတွေကို ရိုက်ထည့်ပါ။
  • စကရင်ပေါ်က Promo အိုင်ကွန်ကို နှိပ်ပါ။
  • ပါ်လာတဲ့နေရာမှာ NOTE9 ကို ရိုက်ထည့်ပြီး Use Now ကို နှိပ်ပါ။
  • ပြီးရင် Book ကို နှိပ်လိုက်တဲ့အခါ စတင်စီးနင်းနိုင်ပြီဖြစ်ပါတယ်။
  • အခုဆိုရင် သင်ဟာ Samsung Galaxy Note9 ကို ပိုင်ဆိုင်ရဖို့ ခရီးစဉ်တစ်ကြောင်းစာ နီးစပ်သွားပြီဖြစ်ပါတယ်။

 စည်းကမ်းသတ်မှတ်ချက်များ

  • အခုပြိုင်ပွဲဟာ စက်တင်ဘာ ၈ ရက်ကနေ အောက်တိုဘာ ၅ ရက်အတွင်းအထိသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
  • ပရိုမိုကုဒ် NOTE9 မှာ လျှော့ဈေးမပါဝင်ပါဘူး။ ငွေသားနဲ့ရော GrayPay (debit/ credit card)နဲ့ပါ သုံးစွဲစီးနင်းနိုင်ပါတယ်။
  • ရန်ကုန်မြို့နဲ့ မန္တလေးမြို့ တွင်း Grab နဲ့ ခရီးစဉ်တိုင်းအတွက် အကျုံးဝင်ပြီး တခြားပရိုမိုးရှင်းတွေနဲ့ တွဲသုံးလို့ မရပါဘူး။
  • ပရိုမိုကုဒ် NOTE9 အသုံးပြုထားတဲ့ စီးနင်းမှုအရေအတွက်အများဆုံး ခရီးသည်ကို ဆုရှင်အဖြစ် ရွေးချယ်မှာပါ။
  • ပြိုင်ပွဲကာလပြီးဆုံးပြီး ရုံးဖွင့်ရက် ၁၀ ရက်အတွင်းမှာ ဆုရှင်တွေကို Grab Facebook စာမျက်နှာမှာ ကြေညာပေးမှာဖြစ်ပြီး Grab ဘက်ကလည်း ဆုရှင်တစ်ယောက်ချင်းစီကို ဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။
  • ဆုတွေကို  Grab ရုံးခန်းမှာ ၅ ရက်အတွင်း ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်မှာပါ။
  • အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Grab တာဝန်ရှိသူများရဲ့ အဆုံးအဖြတ်ကသာ အတည်ဖြစ်ပါတယ်။
  • Grab (Myanmar) Limited က စီစဉ်ပေးအပ်ထားတဲ့ ပရိုမိုကို မြန်မာနိုင်ငံတွင်း နေထိုင်သူများနဲ့ မြန်မာနိုင်ငံသားအားလုံး အသုံးပြုနိုင်ပြီး Grab (Myanmar) Limited ရဲ့ မည်သည့်ဝန်ထမ်းအမျိုးအစားမဆို အသုံးပြုပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။
  • တစ်ဦးလျှင် တစ်ကြိမ်ထက် ပိုပြီး ဆုရယူခွင့် မရှိပါ။
  • NOTE9 အသုံးပြုထားတဲ့ အများဆုံံးခရီးစဉ်ကြောင်းရေ စီးနင်းခဲ့သူ ၁ ဦးထက်မက ရှိနေပါက တူညီတဲ့ ခရီးစဉ်ကြောင်းရေကို အရင်ဆုံး ပြီးစီးခဲ့သူကို ရွေးချယ်မှာဖြစ်ပါတယ်။
  • ဒီပြိုင်ပွဲမှာ ပါဝင်လိုက်တာဟာ အခု ဖော်ပြထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို Grab ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာပေါ်လစီနဲ့အညီ အသုံးပြုဖို့ လက်ခံခွင့်ပြုတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အောက်မှာ ဖော်ပြထားတဲ့ တရားဝင် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြိုင်ပွဲစီစဉ်သူရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံသဘောတူတယ်လို့ သဘောသက်ရောက်ပါတယ်။
  • ဆုကို လွှဲပြောင်းပေးခြင်း၊  ငွေသားနဲ့ ပြန်လဲလှယ်ခြင်း သို့မဟုတ် တခြားပစ္စည်းနဲ့ ပြန်လဲလှယ်ခြင်းတို့ မပြုလုပ်ရပါ။ Grab ဘက်က သတ်မှတ်ပေးတဲ့အချိန်ကာလအတွင်း လာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ သတ်မှတ်အချိန်ကာလအတွင်း ထုတ်ယူခြင်း မရှိပါက အထက်မှာ ဖော်ပြထားတဲ့စည်းမျဉ်းအတိုင်း တခြားဆုရှင်တစ်ယောက်ကို ထပ်မံရွေးချယ်ပေးအပ်မှာဖြစ်ပါတယ်။
  • ဆုက လွဲပြီး တခြားအပိုကုန်ကျစရိတ်တွေကို Grab က တာဝန်ယူမှာ မဟုတ်ပါဘူး။
  • ပြိုင်ပွဲ သို့မဟုတ် စည်းကမ်းသတ်မှတ်ချက်တွေကို Grab ဘက်က ကြိုတင်အကြောင်းကြားမှုမပြုဘဲ ရပ်တန့်ခြင်း သို့မဟုတ် ပြုပြင်ခြင်း စတာတွေကို အချိန်မရွေး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
  • ပြိုင်ပွဲကို ဝင်ရောက်ရာမှာ ဒါမှမဟုတ် ဆုကို လက်ခံရယူရာမှာ အကျိုးဆက်အနေနဲ့ သင် ခံစားတွေ့ကြုံရတဲ့  ထိခိုက်မှု ၊ ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျမှု စတဲ့ အမှုအရာတွေအပေါ်  Grab က တာဝန်မရှိကြောင်း သဘောတူရမှာပါ။