Grab Myanmar အနေနဲ့ မိတ်ဖက်တွေရဲ့ နေ့စဉ်ဘဝ အထောက်အကူဖြစ်စေရေးအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး A Bank နဲ့ ပူးပေါင်းစီစဉ်ထားတဲ့ ဘဏ်ချေးငွေအစီအစဉ်ကို အခု ဇူလိုင် ၇ ရက်က စပြီး ပိုမိုသက်သာတဲ့ အတိုးနှုန်းအသစ်နဲ့အတူ ရန်ကုန်မြို့၊ မန္တလေးမြို့တွင်းရှိ မိတ်ဖက်တွေအတွက်ပါ ချေးငွေလျှောက်ထားမှုကို တိုးချဲ့ လက်ခံသွားတော့မှာဖြစ်ပါတယ်။  

ချေးငွေလျှောက်နိုင်ဖို့ သတ်မှတ်ချက်နှင့် ပြန်လည်ပေးဆပ်ရန် နည်းလမ်းများ

  • Grab ပလက်ဖောင်းပေါ်မှာ အနည်းဆုံး တစ်နှစ် မောင်းနှင်သက်တမ်းရှိပြီး ပြီးခဲ့တဲ့ သုံးလအတွင်း ပျှမ်းမျှဝင်ငွေ ကျပ် ၄၀၀,၀၀၀ ရှိဖို့ လိုပါတယ်။
  • ချေးယူနိုင်တဲ့ပမာဏကို အရင်ကနဦးအတိုင်း ကျပ် တစ်သိန်းမှ ကျပ်ငွေ ၅၀၀,၀၀၀ အထိ သတ်မှတ်ထားပြီး ချေးငွေအကျေပြန်ဆပ်တဲ့ကာလကို ၃ လ (သို့) ၆ လကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ချေးငွေချပေးတဲ့အချိန်မှာ အတိုးကို တစ်ပါတည်း ကောက်ခံထားမှာ ဖြစ်ပြီး ကျန်ချေးငွေကို အပတ်စဉ် ပြန်ဆပ်ရမှာဖြစ်ပါတယ်။ 
  • ရရှိသည့် ချေးငွေပမာဏပေါ် မူတည်၍ A+ Wallet မှ တစ်ဆင့် (သို့) နီးစပ်ရာဘဏ်ခွဲသို့ သွားရောက်ပြီး အပတ်စဥ် ပေးသွင်းရမှာ ဖြစ်ပါတယ်။

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ 

  • နိုင်ငံသားမှတ်ပုံတင် ( မူရင်းနှင့် မိတ္တူ) 
  • သန်းခေါင်စာရင်း (မူရင်းနှင့် မိတ္တူ)
  •  ရပ်ကွက်ထောက်ခံစာ (မူရင်း)
  • အာမခံပေးသူ ၂ဦး၏အထောက်အထားများ (တစ်ဦးမှာ မိသားစုဝင် ဖြစ်၍ ကျန်တစ်ဦး မှာ  လုပ်ဖော်ကိုင်ဖက် Grab ယာဥ်မောင်း  ဖြစ်ရမည်။)
    • အာမခံပေးသူ (မိသားစုဝင်) ရဲ့   နိုင်ငံသားမှတ်ပုံတင် (မူရင်းနှင့် မိတ္တူ) 
    • အာမခံပေးသူ ( Grab ယာဉ်မောင်း) ရဲ့ နိုင်ငံသားမှတ်ပုံတင် ( မူရင်းနှင့် မိတ္တူ)။ Grab ယာဉ်မောင်းအိုင်ဒီ ( Grab ယာဉ်မောင်းအက်ပ်က ပရိုဖိုင် စကရင်ရှုမိတ္တူ နဲ့ သန်းခေါင်စာရင်း ( မူရင်းနှင့် မိတ္တူ)  

ချေးငွေလျှောက်ထားပုံအဆင့်ဆင့်

(၁) ဘဏ် ချေးငွေဆိုင်ရာ လိုအပ်တဲ့အချက်အလက်တွေကို ပေးအပ်ရန် တောင်းခံဖို့အတွက် အောက်ပါ Grab Help Center ကတစ်ဆင့် လိုအပ်တဲ့ အချက်အလက်တွေကို အရင်ဆုံး ဖြည့်သွင်းပေးပို့ရပါမယ်။ 

https://help.grab.com/driver/my-mm/900004414243

(၂) Grab ဘက်က မိတ်ဖက်ယာဉ်မောင်းပေးပို့လာတဲ့ တောင်းခံလွှာအတိုင်း ဘဏ်ချေးငွေရယူဖို့ လိုအပ်တဲ့ သတ်မှတ်ချက် ပြည့်မီမှု ရှိမရှိနဲ့ ဘဏ်ဘက်ဆီ တောင်းခံသူမိတ်ဖက်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဝင်ငွေအထောက်အထားတို့ကို နှစ်ပတ် အတွင်း ပေးပို့ပေးမှာဖြစ်ပြီး ဘဏ်ဆီ မူရင်းအထောက်အထားတွေနဲ့ သွားရောက်ဖို့ Grab ဘက်က အကြောင်းကြားပေးမှာပါ။ 

(၂) Grab ဘက်က အကြောင်းကြားတာနဲ့ သတ်မှတ်ထားတဲ့ ဘဏ်ခွဲ (၅) ခုထဲက နီးစပ်ရာ A bank ဘဏ်ခွဲကို သွားရောက်ပြီး မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း၊ ရပ်ကွက်ထောက်ခံစာနဲ့ အာမခံပေးသူ ၂ ဦးရဲ့ အချက်အလက်များဖြင့် လူကိုယ်တိုင် လျှောက်ထားရပါမယ်။ (အထက်က ချေးငွေလျှောက်ထားရန် လိုအပ်ချက်များကို ကြည့်ပါ။)

(၃) ဒီစာရွက်စာတမ်းတွေနဲ့အတူ A Bank ဘဏ်ခွဲတွေဖြစ်တဲ့ 

  • နတ်မောက်လမ်းဘဏ်ခွဲ၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်
  • ဝါးတန်းလမ်းဘဏ်ခွဲ ၊အမှတ်(၇၉၀) ၊ အခန်း(၁၁၂ / ၁၁၃) ၊ မြေညီထပ် ၊ ဓနသီဟအိမ်ယာ ၊ ဝါးတန်းလမ်း ၊ လမ်းမတော်မြို့နယ်
  • သင်္ဃန်းကျွန်းဘဏ်ခွဲ၊ အမှတ် (၈၇၆) ၊ လေးထောင့်ကန်လမ်း ၊ ငမိုးရိပ်ရပ်ကွက် ၊ သင်္ဃန်းကျွန်းမြို့နယ်
  • တာမွေဘဏ်ခွဲ၊ အမှတ်-၁၆၉၊ ဗညားဒလလမ်း၊ မအူကုန်း ရပ်ကွက်၊ တာမွေမြို့နယ်
  • ဘုရင့်နောင်ဘဏ်ခွဲ၊ အမှတ် (ည-၈၁) ၊ ယုဇနလမ်း နှင့် ဘုရင့်နောင်လမ်း ၊ မရမ်းကုန်းမြို့နယ်
  • မန္တလေး (၇၃) လမ်းဘဏ်ခွဲ။ အကွက်အမှတ် (၆၈၂)၊ ၇၃ လမ်း ( ၃၄ x ၃၅) လမ်းကြား၊ မောရဂီဝါရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တွေမှာ ဖောင်ဖြည့်လျှောက်လွှာတင်ရမှာဖြစ်ပါတယ်။

‘A bank | Grab Driver Partner Loan’ အထူးချေးငွေအစီအစဉ်နှင့် ပတ်သက်၍ 

မေးလေ့မေးထရှိသော မေးခွန်းများ

(၁) မေး – ချေးငွေက ဘယ်လိုလူတွေ ချေးလို့ ရတာလဲ။ ဘယ်လို သတ်မှတ်ချက်တွေ ရှိလဲ။

ဖြေ – ပြီးခဲ့တဲ့ ၃လအတွင်း တစ်လပျမ်းမျှ ဝင်ငွေ ကျပ် ၄ သိန်းနဲ့အထက် ရှိပြီး Grab ဖြင့် တစ်နှစ်နှင့်အထက် လက်တွဲအလုပ်လုပ်နေတဲ့ အသက် ၁၈ မှ ၆၀ နှစ် အတွင်းရှိ Grab မိတ်ဖက်ယာဥ်မောင်းတိုင်း ချေးငွေလျှောက်ခွင့် ရှိမှာဖြစ်ပါတယ်။  

(၂) မေး − ချေးငွေပမာဏ ဘယ်လောက်အထိ လျှောက်ထားနိုင်ပါသလဲ။

ဖြေ − အနည်းဆုံး ကျပ် ၁ သိန်းမှ အများဆုံး ကျပ် ၅ သိန်းအထိ လျှောက်ထားနိုင်ပါတယ်။

(၃) မေး – ချေးငွေသက်တမ်းနဲ့ ပြန်ဆပ်ရမဲ့ပုံစံက ဘယ်လိုမျိုးလဲ။ 

ဖြေ − ချေးငွေသက်တမ်းက ၃ လ နှင့် ၆ လ ဖြစ်ပြီး အတိုးကို ချေးငွေချပေးချိန်တွင် တစ်ခါတည်းကောက်ခံနုတ်ယူထားမှာ ဖြစ်ပြီး ကျန်ချေးငွေကို အပတ်စဉ် ပြန်ဆပ်ရမှာဖြစ်ပါတယ်။ အပတ်စဉ် ပြန်ဆပ်ရမယ့် ပမာဏကို ဘဏ်မှ ချေးငွေခွင့်ပြုပြီးနောက် A+ Wallet (သို့) A bank ဘဏ်ခွဲမှတစ်ဆင့် ပြန်လည် ပေးသွင်း၍ ဆပ်ရမှာဖြစ်ပါတယ်။ 

(၄) မေး − ချေးငွေလျှောက်ထားဖို့ ဘယ်လိုစာရွက်စာတမ်းတွေ လိုလဲ။ လျှောက်ထားပုံအဆင့်ဆင့်ကို သိချင်ပါတယ်။

ဖြေ − လျှောက်ထားပုံအဆင့်ဆင့်ကတော့

(၁) Grab Help Center မှတစ်ဆင့် ချေးငွေဆိုင်ရာ လိုအပ်တဲ့ အချက်အလက်တွေကို အရင်ဆုံး ဖြည့်သွင်းရပါမယ်။ တောင်းခံတဲ့ အချက်အလက်တွေကို Grab က ဘဏ်ဘက်ဆီ လွှဲပြောင်းပေးအပြီး မိတ်ဖက်ယာဉ်မောင်းထံ  မူရင်းနဲ့ မိတ္တူ အထောက်အထားများနဲ့အတူ ဘဏ်လာရောက်လျှောက်ထားဖို့ ဖုန်းဆက် အတည်ပြုပေးမှာပါ။

(၂) အဲဒီအခါ သတ်မှတ်ထားတဲ့ ဘဏ်ခွဲ (၅) ခုထဲက နီးစပ်ရာ A bank ဘဏ်ခွဲကို သွားရောက်ပြီး မှတ်ပုံတင်မူရင်းနဲ့မိတ္တူ၊ သန်းခေါင်စာရင်းမူရင်းနဲ့ မိတ္တူ၊ ရပ်ကွက်ထောက်ခံစာနဲ့ အာမခံပေးသူ ၂ ဦးရဲ့ အချက်အလက်များဖြင့် လူကိုယ်တိုင် လျှောက်ထားရပါမယ်။ (ချေးငွေလျှောက်ထားရန် လိုအပ်ချက်များကို ကြည့်ပါ။)

(၃) ဒီစာရွက်စာတမ်းတွေနဲ့အတူ A Bank ဘဏ်ခွဲတွေဖြစ်တဲ့ နတ်မောက်လမ်းဘဏ်ခွဲ၊ ဝါးတန်းလမ်းဘဏ်ခွဲ၊ သင်္ဃန်းကျွန်းဘဏ်ခွဲ၊ တာမွေဘဏ်ခွဲ၊ ဘုရင့်နောင်ဘဏ်ခွဲတွေမှာ ဖောင်ဖြည့်လျှောက်လွှာတင်ရမှာဖြစ်ပါတယ်။

 (၅) မေး −  အတိုးနှုန်းက ဘယ်လောက်လဲ။ ဘယ်လိုကောက်ခံမှာလဲ။ 

ဖြေ − ချေးငွေသက်တမ်း ၃ လဆိုပါက တစ်လအတွက် အတိုးနှုန်း ၀.၆၆% ဖြစ်ပြီး ၆ လ ဆိုပါက တစ်လ အတိုးနှုန်း ၀.၅ % ဖြစ်ပါတယ်။ အတိုးကို ချေးငွေ စတင်ထုတ်ပေးချိန်မှာ တစ်ခါတည်း ကောက်ခံ နုတ်ယူမှာ ဖြစ်ပါတယ်။

 (၆) မေး − လျှောက်ထားပြီး ဘယ်နှရက်ကြာရင် ချေးငွေရတာလဲ။

ရုံးဖွင့်ရက် ၅ ရက်တွင်း ချေးငွေဆုံးဖြတ်ချက်ကို ရရှိပါမယ်။ ချေးငွေကိုတော့ အပတ်စဥ် တနင်္လာနေ့တိုင်း ထုတ်ပေးမှာ ဖြစ်ပါတယ်။ ချေးငွေ ရရှိတဲ့ Grab မိတ်ဖက်ယာဉ်မောင်းကို A bank မှ ဆက်သွယ်အကြောင်းကြားပေးပါမယ်။ ထိုအခါမှာ လိုအပ်တဲ့ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးပြီးပါက ချေးငွေကို ရရှိမှာ ဖြစ်ပါတယ်။

 (၇) မေး − ချေးငွေ ရယူဖို့ အသက်အရွယ် ကန့်သတ်ချက် ရှိပါသလား။

ဖြေ − အသက် ၁၈ နှစ် မှ ၆၀ နှစ်အထိ လျှောက်ထားနိုင်ပါတယ်။

 (၈) မေး − အာမခံပေးသူ (Guarantors) တွေက မိသားစုဝင် မဟုတ်ရင်ရော ရပါသလား။

ဖြေ − အာမခံပေးသူ (Guarantors) ၂ ဦးမှာ တစ်ဦးက မိသားစုဝင် ဖြစ်ဖို့ လိုအပ်ပါတယ်။ မိသားစုမရှိပါက မိတ်ဆွေသူငယ်ချင်းက အာမခံပေးလို့ရပါတယ်။  နောက်တစ်ဦးကတော့ Grab မှ လုပ်ဖော်ကိုင်ဖက် ယာဥ်မောင်း ဖြစ်ရပါမယ်။  (Grab ယာဉ်မောင်း အက်ပလီကေးရှင်းက ပရိုဖိုင် Screenshot မိတ္တူကို ပြသနိုင်ရပါမယ်)။ Grab ယာဉ်မောင်းတစ်ဦးက အများဆုံး အခြား ၂ ဦးကိုသာ အာမခံ (Guarantee) ပေးနိုင်ပါတယ်။

 (၉) မေး − အာမခံပေးသူ (Guarantors) က ဘယ်အချက်တွေ ပြည့်စုံဖို့ လိုသလဲ။

ဖြေ − ချေးငွေ လျှောက်လွှာတွင် တောင်းဆိုသော အချက်အလက်များကို ပြည့်စုံစွာ ဖြည့်နိုင်ရမည်၊ နိုင်ငံသားမှတ်ပုံတင် ရှိရမည်၊ ချေးငွေရယူသူမှ ချေးငွေပြန်မဆပ်ပါက ပေးလျော်နိုင်သူ ဖြစ်ရမည်။

 (၁၀) မေး − ချေးငွေအကုန် ပြန်ဆပ်ပြီးတဲ့အခါ ထပ်ချေးလို့ရပါသလား။

ဖြေ − ချေးငွေ ပြန်လည်ပေးဆပ်မှု မှန်ကန်ပြီး အကျေ ဆပ်ပြီးတဲ့အခါ နောက်ထပ် ချေးငွေ ပြန်လည် လျှောက်ထားနိုင်ပါတယ်။

(၁၁) မေး − ချေးငွေရရင် ဘယ်မှာ သွားထုတ်ရမှာလဲ။

ဖြေ − ချေးငွေရရှိပါက A+ Wallet ထဲတွင် စစ်ဆေးကြည့်ရှုနိုင်ပြီး နီးစပ်ရာ A bank ဘဏ်ခွဲ (သို့) Prime Agent များတွင် ထုတ်ယူနိုင်ပါတယ်။

 (၁၂) မေး − ခွင့်ပြုချေးငွေကို မထုတ်ဖြစ်ခဲ့ရင်ရော ဘယ်လိုဖြစ်သွားမှာလဲ။

ဖြေ − ခွင့်ပြုချေးငွေကို A+ Wallet Account ထဲသို့ ထည့်ပေးမှာ ဖြစ်တဲ့အတွက် မထုတ်ဖြစ်ပါကလည်း Customer မှ ချေးငွေစတင် ရရှိသည့် သ‌ဘော သက်ရောက်မှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်မကျခင်သာ ပယ်ဖျက်လို့ ရပါမယ်။

 (၁၃) မေး − မှတ်ပုံတင် မူရင်းပျောက်နေလို့ မိတ္တူနဲ့ရော ချေးငွေ လျှောက်ထားလို့ရပါသလား။

ဖြေ − မရပါ။ ချေးငွေလျှောက်ထားဖို့အတွက် မှတ်ပုံတင်မူရင်းလိုအပ်ပါတယ်။

 (၁၄) မေး − သတ်မှတ်ချိန်အတွင်း ချေးငွေ ပြန်မဆပ်နိုင်ခဲ့ပါက ဘယ်လိုဖြစ်မလဲ။

ဖြေ − သတ်မှတ်ချိန်အတွင်း ချေးငွေ ပြန်ဆပ်ဖို့ ပျက်ကွက်ခဲ့ရင် A+ Wallet Application မှတစ်ဆင့် ဘဏ်က သတိပေးစာ ၂ ကြိမ် ပေးပို့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Grab မှလည်း အကြောင်းကြားစာ ၂ကြိမ် ပေးပို့မှာပါ။ အဲဒီနောက် အကြွေးတောင်းခြင်းဆိုင်ရာ ဘဏ် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ကျကြေးအတွက် ပျက်ကွက်တဲ့ ပမာဏအပေါ်မှာ တစ်လလျှင် ၁% ထပ်မံ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

(၁၅) မေး − ချေးငွေအစီအစဉ်ကို  မန္တလေးက မိတ်ဖက်ယာဉ်မောင်းတွေ လျှောက်ထားလို့ရနိုင်ပါသလား။

ဖြေ −  သတ်မှတ်ချက်ပြည့်မီတဲ့ မည်သည့် Grab ယာဉ်မောင်းမဆို လျှောက်ထားနိုင်ပါတယ်။