Take GrabTaxi for a chance to win an OPPO F11 Pro

သြဂုတ် ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း Grab ယာဉ် အနည်းဆုံး ၁ ကြောင်း စီးနင်းပြီး Oppo F11 Pro တစ်လုံး ကံစမ်းပါ။ Grab စီးနင်းတဲ့အခါ လျှော့ဈေးမပါ ပရိုမိုကုဒ် F11PRO ကို အသုံးပြုရုံပါပဲ။ ဆုရှင် ၃ ဦးကို ကျပန်းမဲနှိုက်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များ

၁။ ပရိုမိုးရှင်းကာလ ၂၁.၈.၂၀၁၉ ရက်နေ့မှ ၃၁.၈.၂၀၁၉ ရက်နေ့အတွင်းသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

၂။ ပရိုမိုကုဒ် F11PRO မှာ လျှော့ဈေးမပါဝင်ပါဘူး။ ငွေသားနဲ့ရော GrayPay (debit/ credit card)နဲ့ပါ သုံးစွဲစီးနင်းလို့ ရပါတယ်။

၃။ မြန်မာနိုင်ငံတွင်း Grab app က ငှားရမ်းတဲ့ ခရီးစဉ်တိုင်းအတွက် အကျုံးဝင်ပါတယ်။ အခြားပရိုမိုးရှင်းတွေနဲ့ တွဲသုံးလို့ မရပါဘူး။

၎။ ပြိုင်ပွဲကာလပြီးဆုံးပြီး ရုံးဖွင့်ရက် ၁၅ ရက်အတွင်းမှာ ဆုရရှိသူကို Grab Facebook စာမျက်နှာနဲ့ Oppo Facebook စာမျက်နှာမှာ ကြေညာပေးမှာဖြစ်ပြီး Grab ဘက်က ဆုရရှိသူကို ထပ်မံဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ ဆုတွေကို Grab ရုံးခန်းမှာ ၃ ရက်အတွင်း ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်မှာပါ။

၅။ ပရိုမိုကုဒ် F11PRO အသုံးပြုထားတဲ့ ခရီးစဉ်တစ်ကြောင်းစီတိုင်းအတွက် တစ်မဲ သတ်မှတ်ပြီး မဲနှိုက်ရွေးချယ်မှာပါ။

၆။ ဆုရှင် ရွေးချယ်တဲ့အခါ Grab တာဝန်ရှိသူများကသာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

၇။ Grab (Myanmar) Limited က စီစဉ်ပေးအပ်ထားတဲ့ ပရိုမိုကို မြန်မာနိုင်ငံတွင်း နေထိုင်သူများနဲ့ မြန်မာနိုင်ငံသားအားလုံး အသုံးပြုနိုင်ပြီး Grab (Myanmar) Limited ရဲ့ မည်သည့်ဝန်ထမ်းအမျိုးအစားမဆို အသုံးပြုယှဉ်ပြိုင်ခွင့် မရှိပါ။

၈။ အနိုင်ရရှိသူသည် ယခင် Grab ၏ မားကတ်တင်းပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ဖူးသူ မဖြစ်ရပါ။