…📢 လမ်းပေါ်မှာ အချိန်နည်းနည်းနဲ့ သေချာတဲ့အပိုဝင်ငွေ ဖန်တီးလိုတဲ့ မိတ်ဖက်တွေအတွက် မိမိစိတ်ကြိုက် အချိန်၊ နေရာ ရွေးပြီး မောင်းနှင်နိုင်မယ့် Streak Zone အစီအစဉ်မှာ ပါဝင်နိုင်ပါပြီ။
Streak Zone ဆိုတာ ဘာလဲ။
သတ်မှတ်ဧရိယာမှာ သတ်မှတ်အချိန်အတွင်း အွန်လိုင်းဆက်တိုက်ဖွင့်ထားပြီး ခရီးစဉ်လက်ခံပို့ဆောင်ရတဲ့ အစီအစဉ်ဖြစ်ပြီး၊ သတ်မှတ်ချက်ပြည့်မီတာနဲ့ သေချာတဲ့ အပိုဝင်ငွေကို နောက်တစ်နေ့မှာ လက်ခံရရှိမှာ ဖြစ်ပါတယ်။
Streak Zone တွေကို ဘယ်လို ရယူမလဲ။
👉🏻အပိုဝင်ငွေ ဖန်တီးနိုင်မယ့် Streak Zone အတွက် အက်ပ်ထဲက Booking Planner မှာ နေ့ရက်အလိုက် မိမိ မောင်းနှင်လိုတဲ့ ဧရိယာ၊ အချိန်အလိုက် ရွေးချယ်ပြီး အပတ်စဉ် ကြိုတင် စာရင်းသွင်း Sign up လုပ် ရမှာပါ။
Sign up လုပ်ပြီးတဲ့အခါ မိမိစာရင်းသွင်းထားတဲ့နေ့ရက်၊ အချိန်နဲ့ နေရာမှာ မဖြစ်မနေ ခရီးစဉ်ဘိုကင်သွားယူဖို့ လိုပါတယ်။
ဆက်တိုက် အွန်လိုင်းဖွင့် လုပ်ဆောင်မှု ဖြစ်တဲ့ Streak ကို ဘယ်လို အဆင့်ဆင့် လုပ်ဆောင်မလဲ
Streak နဲ့ပတ်သက်ပြီး စတင်စာရင်းသွင်းနိုင်တဲ့ အချိန်၊ မိမိ စာရင်းသွင်းထားတဲ့အချိန်၊ Streak ထဲ ပါဝင်နေစဉ် လိုအပ်တဲ့အချက်တွေကို အက်ပ်ထဲကတစ်ဆင့်အချိန်နဲ့တစ်ပြေးညီ အသိပေးချက် ပေးပို့ပေးနေမှာ ဖြစ်လို့ မက်ဆေ့ချ်တွေကို သတိထားပေးဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် မိမိ ရွေးချယ်ထားတဲ့အချိန်၊ နေ့ရက်အတွင်း ရွေးချယ်ထားတဲ့ ဇုန်အတွင်းမှာ ပထမဆုံးခရီးစဉ်ကို မဖြစ်မနေ စတင်ယူရမှာဖြစ်ပြီး သတ်မှတ်အချိန်နာရီပြီးစီးသည်အထိ အွန်လိုင်းဖွင့် ခရီးစဉ်လက်ခံဖို့ လိုပါတယ်။
❗ တစ်ရက်အတွင်းမှာ Streak Zone တွေကို တစ်ခုထက်ပိုပြီး ပြီးမြောက်အောင်လုပ်နိုင်တာမို့ သေချာတဲ့ အပိုဝင်ငွေဖန်တီးနိုင်ဖို့ မိမိ မောင်းနှင်နိုင်တဲ့ အချိန်အတိုင်း ကြိုတင်စာရင်းသွင်းပြီး လုပ်ဆောင်နိုင်ပါတယ်နော်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar