မိတ်ဖက်တွေရဲ့ နေ့စဉ် ဖြတ်သန်းမှုမှာ တစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်စေရေးအတွက် မိတ်ဖက်အကူအညီရန်ပုံငွေကို ၂၀၂၂ ခုနှစ် ဩဂုတ်လ က စတင်ပြီး နှစ်စဉ် ပံ့ပိုးပေးလာခဲ့တာ အခု ၅ နှစ်နီးပါး ရှိခဲ့ပါပြီ။
Grab ပလက်ဖောင်းပေါ်မှာ အမှီပြုလုပ်ကိုင်နေကြတဲ့ မိတ်ဖက်တွေ တစ်နေ့တစ်ခြား များပြားလာတဲ့အလျောက် အမှန်တကယ် တစ်စိုက်မတ်မတ် မောင်းနှင်ပို့ဆောင်နေကြတဲ့ မိတ်ဖက်တွေအတွက် ရန်ပုံငွေကို ပိုမို ထိရောက်စွာ ပံ့ပိုးပေးနိုင်ဖို့ Grab Myanmar အနေနဲ့ အခု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စပြီး မိတ်ဖက်အကူအညီရန်ပုံငွေလျှောက်ထားနိုင်မယ့် သတ်မှတ်ချက်တွေကို အောက်ပါအတိုင်း ပြင်ဆင်ထားပါတယ်။ တစ်ဦးချင်းစီ လျှောက်ထားနိုင်တဲ့ ရန်ပုံငွေပမာဏကတော့ အပြောင်းအလဲမရှိဘဲ အများဆုံး ၁၀၀,၀၀၀ ကျပ်အထိ ရယူနိုင်မှာပါ။
✔️ ဘယ်သူတွေ လျှောက်ထားနိုင်မလဲ
ပလက်ဖောင်းပေါ် လက်ရှိမောင်းနှင်နေတဲ့ မိတ်ဖက်များအားလုံး ( ယာဉ်မောင်း နဲ့ ပို့ဆောင်သူများ )ထဲက
ပြီးခဲ့တဲ့ ၆ လအတွင်း တစ်လကို အနည်းဆုံး ခရီးစဉ် (သို့) အော်ဒါ ၁၅ ကြောင်းစီ ပြည့်မီသူများ
✔️ဘယ် အချိန်မှာ လျှောက်ထားနိုင်မလဲ
✔️လျှောက်ထားနိုင်မယ့် အကြောင်းကိစ္စရပ်များ
🙌 ခရီးစဉ်ပြင်ပ မတော်တဆထိခိုက်မှုများ
🙌 ဆေးရုံတက်/ ဆေးခန်းပြကိစ္စရပ်များ (မိမိနှင့် မိသားစုဝင် – ဇနီးနဲ့ သားသမီး)
🙌 အသက်ဆုံးပါးမှုနဲ့ နာတာရှည်မသန်စွမ်းမှုများ ( ယာဉ်မောင်းကိုယ်တိုင်)
🙌 သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်တဲ့ ပျက်စီးမှုများ
🙌 အကြီးစားအက်ဆီးဒန့်ကြောင့် ဖြစ်တဲ့ ကားပျက်စီးမှု
🙌 အသက်မွေးဝမ်းကျောင်းသင်တန်း ( မိမိကိုယ်တိုင်နဲ့ သားသမီးအတွက်)
လျှောက်ထားမှုတိုင်းအတွက် ပြည့်စုံတဲ့ စာရွက်စာတမ်းတွေ လိုအပ်မှာပါ။
မိတ်ဖက်တို့အနေနဲ့ အကူအညီ ရန်ပုံငွေ လိုအပ်လာပြီဆိုရင် အောက်က Help Center လင့်ခ်ကနေတစ်ဆင့် အလွယ်တကူ လျှောက်ထားနိုင်ပါတယ်။
ခရီးစဉ်ပြင်ပ မတော်တဆထိခိုက်မှုများ
ဆေးရုံတက်/ ဆေးခန်းပြကိစ္စရပ်များ (မိမိနှင့် မိသားစုဝင် (ဇနီးနဲ့ သားသမီး)
ကိုယ်တိုင်
ဇနီးနှင့် သားသမီးအတွက်
အသက်ဆုံးပါးမှု ( မိတ်ဖက်ယာဉ်မောင်း သာ)
နာတာရှည်မသန်စွမ်းမှုများ (( မိတ်ဖက်ယာဉ်မောင်း သာ)
သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်တဲ့ ပျက်စီးမှုများ
အကြီးစားအက်ဆီးဒန့်ကြောင့် ဖြစ်တဲ့ ကားပျက်စီးမှု
သက်မွေးဝမ်းကျောင်းသင်တန်း ( မိမိကိုယ်တိုင်နဲ့ သားသမီးအတွက်)
ကိုယ်တိုင်
သားသမီး
စီးတီးတက်စီ လိုင်စင်လျှောက်ခြင်းနဲ့ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) အသင်းဝင်ခြင်း ကုန်ကျစရိတ်
မိတ်ဖက်စောင့်ရှောက်မှု ရန်ပုံငွေအစီအစဉ်တွင် တစ်ဦးလျှင် ပမာဏဘယ်လောက် လျှောက်ထားနိုင်ပါသလဲ။
တစ်ဦးကို အများဆုံး ငွေ ၁၀၀,၀၀၀ ကျပ်ထိ လျှောက်ထားနိုင်ပါတယ်။
မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေအတွက် ယာဉ်မောင်း/ အစားအသောက်ပို့ဆောင်သူအား ငွေဘယ်လိုလွှဲပေးမှာလဲ။
သက်ဆိုင်ရာ အထောက်အထားများ တင်ပြီး Grab မှ ပြန်လည်ဆက်သွယ်သည့်အချိန်မှစ၍ တစ်ပတ်အတွင်း Cash Wallet က တစ်ဆင့် လွှဲပေးမှာပါ။
မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေကို ဘယ်နှစ်ကြိမ်လျှောက်ထားနိုင်ပါသလဲ။
တစ်ဦးလျှင် ပြက္ခဒိန် တစ်နှစ်အတွင်း တစ်ကြိမ်သာ လျှောက်ထားနိုင်ပါတယ်။
ယာဉ်မောင်း/ အစားအသောက်ပို့ဆောင်သူမှ စကားမပြောနိုင်ပါက မိသားစုဝင်မှ ကိုယ်စားလျှောက်ထားနိုင်ပါသလား။
လျှောက်ထားနိုင်ပါတယ်။
လွန်ခဲ့သော ၆ လအတွင်း တစ်လလျှင် Grab ခရီးစဉ် / အော်ဒါ ၁၅ ကြောင်း ရှိရမည့်သတ်မှတ်ချက်နှင့်မကိုက်ညီသူများအတွက် အခြားအစီအစဉ်ရှိပါသလား။
ယခုသတ်မှတ်ချက်နှင့် ကိုက်ညီမှသာ မိတ်ဖက်စောင့်ရှောက်မှုရန်ပုံငွေကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်အစီအစဉ်တွေရှိခဲ့ရင် အကြောင်းကြားပေးသွားပါမယ်။
ဘာကြောင့် သတ်မှတ်ချက်ကို တိုးမြှင့်လိုက်တာလဲ။
Grab ပလက်ဖောင်းပေါ်မှာ မိတ်ဖက်တွေ များပြားလာတာနဲ့အမျှ အမှန်တကယ်မောင်းနှင်နေတဲ့ မိတ်ဖက်တွေကို ပိုမိုထိရောက်စွာ အကူအညီပေးနိုင်ဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ သားသမီး ၂ ယောက်ရှိပါတယ်။ ၂ ယောက်စလုံးရဲ့ ပညာရေးအတွက် လျှောက်ထားနိုင်ပါသလား။
မိတ်ဖက်တစ်ဦးလျှင် တစ်နှစ်အတွင်း တစ်ကြိမ်သာ လျှောက်ထားခွင့်ရှိပြီး သက်မွေးဝမ်းကျောင်းသင်တန်းအတွက် ပံ့ပိုးပေးတာဖြစ်ပါတယ်။
ယာဉ်တိုက်မှုမှာ ပျက်စီးသွားတဲ့ ကားပြင်စရိတ်အတွက် လျှောက်ထားနိုင်တယ်ဆိုတော့ ဘယ်လိုအထောက်အထားပြရမှာလဲ။
ကားဝပ်ရှော့မှ ပြေစာအား ပြသလျှောက်ထားနိုင်ပါတယ်။
တစ်ဦးချင်း သတ်မှတ်ပမာဏ ၁ သိန်းထက် ပိုကုန်ကျတယ်ဆိုရင် ဘယ်လိုလုပ်ပေးမလဲ။
ယခုအစီအစဉ်မှာ ရန်ပုံငွေလျှောက်ထားမှုအတွက် ငွေကျပ် ၁ သိန်းအထိပဲ အများဆုံး သတ်မှတ်ထားပါတယ်။
လျှောက်ထားဖို့ အတွက် မည်သည့် စာရွက်စာတမ်းများ လိုအပ်ပါသလဲ။
လျှောက်ထားသူရဲ့ မှတ်ပုံတင် (မိတ္တူ)၊ သန်းခေါင်စာရင်း (မိတ္တူ)၊ လျှောက်ထားမှုနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် ကုန်ကျစရိတ်ဘောက်ချာများ၊ ဥပမာ ဆေးရုံ/ ဆေးခန်းပြမှုအတွက် လျှောက်ထားမည်ဆိုပါက ဆေးရုံ/ ဆေးခန်းဆိုင်ရာ အထောက်အထားများနဲ့ ကုန်ကျစရိတ်ဘောက်ချာများ လိုအပ်ပါတယ်။
မိတ်ဖက်စောင့်ရှောက်မှု ရန်ပုံငွေကို ဘယ်လို လျှောက်ရမလဲ။
မိတ်ဖက်အကူအညီ ရန်ပုံငွေကို ဖော်ပြပါ Help Center မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။
Grab Center 1
11 A, Kanbawza Yeik Thar Street,
Shwe Taung Kyar Ward,
Bahan Township, Yangon,
Myanmar
Grab Center 2
BOC petrol Station
Number 2 Main Road,
Intersection of South & North Dagon,
Yangon, Myanmar