GrabFood Merchant Photo Contest

ကိုယ့်ဆိုင်က စားစရာတွေကို ဖုန်းနဲ့ ပုံလှလှလေးရိုက်ပြီး မီနူး (menu) ပုံများ ၇၀% ပြည့်မှီအောင် Grab Merchant App ထဲမှာ တင်ရုံနဲ့ iPhone 12 Pro (128GB ၊ Pacific Blue) သို့မဟုတ် GrabFood စားစရာ ဘောက်ချာတွေ ကံထူးနိုင်ပါတယ်။

ပြိုင်ပွဲပါဝင်ပုံ အဆင့်ဆင့်

အဆင့် (၁) မိမိဆိုင်မှာရှိတဲ့ အစားအသောက်ကို ဖုန်းနဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးပါ။

အဆင့် (၂) ရိုက်ထားတဲ့ မီနူး (menu) ဓာတ်ပုံများကို Grab Merchant App ထဲတွင် တင်ပါ။ မီနူးရဲ့ ၇၀% မှာ ပုံရှိရမှာ ဖြစ်ပါတယ်။

အဆင့် (၃) Google ဖောင် ဖြည့်ပြီးတာနဲ့ ပြိုင်ပွဲမှာပါဝင်နိုင်ပါပြီ။

မဲဖောက်ပေးမယ့် ဆုမဲများ 

iPhone 12 Pro (128GB ၊ Pacific Blue) ၁ လုံး

ဆိုင်တစ်ဆိုင်လျှင် ၁၀,၀၀၀ ကျပ်တန် ဘောက်ချာ ၅ ခု x ၂၀ ဆု

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၂၀၂၂ ခုနှစ်အထိ ပါဝင်နိုင်ပါတယ်။ ဆုရရှိသူများကို ကျပန်း မဲနှိုက်ရွေးချယ်သွားမှာ ဖြစ်ပြီး ၂ပတ်အတွင်း ပြန်လည် အကြောင်းပြန် ကြေညာပေးသွားမှာပါ။

ဖုန်းနဲ့ စားစရာ ဓါတ်ပုံဘယ်လိုရိုက်မလဲ

စည်းကမ်းသတ်မှတ်ချက်များ

၁။ အခုပြိုင်ပွဲဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်ကနေ ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ် (မြန်မာစံတော်ချိန်)အထိ ဖြစ်ပါတယ်။ 

၂။ မြန်မာနိုင်ငံတွင်း Grab နဲ့ လက်တွဲထားသော မည်သည့်မိတ်ဖက်ဆိုင်များမဆို ပါဝင်နိုင်ပါတယ်။ ပြိုင်ပွဲတွင်ပါဝင်ရန် ဖောင် တွင် ဖော်ပြထားသော အချက်များအားလုံး ပြည့်စုံကာ ဖောင်ဖြည့်ထားသော ဆိုင်များကိုသာ ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်မှာ ဖြစ်ပါတယ်။

၃။ ကံထူးရှင်များကို ကျပန်း ရွေးချယ်သွားကာ ကံထူးသူများကို ရုံးဖွင့်ရက် ၇ ရက်အတွင်းမှာ Grab Merchant App မှာ ကြေညာပေးမှာဖြစ်ပါတယ်။ ဆုလက်ဆောင် လက်ခံမယ့် သူမှာ ဆိုင်၏ အဆုံးအဖြတ်သာ ဖြစ်ပြီး Grab နှင့် မသက်ဆိုင်ပါ။

၄။ Grab အနေနဲ့  မရိုးသားမှု တစ်စုံတစ်ရာ ရှိမရှိ ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပြီးမှ ဆုများကို  ထုတ်ပေးမှာ ဖြစ်ပါတယ်။ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက Grab တာဝန်ရှိသူများရဲ့ အဆုံးအဖြတ်ကသာ အတည်ဖြစ်ပါတယ်။

၅။ Grab (Myanmar) Limited က ကျင်းပသော ဤအစီအစဉ်ကို မြန်မာနိုင်ငံတွင်း နေထိုင်သူများနဲ့ မြန်မာနိုင်ငံသားအားလုံး ပါဝင်နိုင်ပါတယ်။  Grab (Myanmar) Limited ရဲ့ မည်သည့်ဝန်ထမ်းအမျိုးအစားမဆိုနဲ့ မိသားစုဝင်များမှ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။ အနိုင်ရရှိသူသည် ယခင် Grab ၏ မားကတ်တင်း ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ဖူးသူ မဖြစ်ရပါ။ အကယ်၍ ဆုရှင်မှာ ယခင်ပြိုင်ပွဲတစ်ခုခုတွင် အနိုင်ရရှိခဲ့ဖူးပါက အခြားဆုရှင် တစ်ဦးကို အလိုအလျောက်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

၆။ ဒီအစီအစဉ်မှာ ပါဝင်ခြင်းအားဖြင့် Grab မှ သင့်နာမည်နှင့် သင့်ဓာတ်ပုံကို ဆုရှင်ကြေညာသောအခါ အသုံးပြုရန် ခွင့်ပေးပြီး ဖြစ်ပါတယ်။ ဤအချက်ကို သဘောတူညီမှု မရှိပါက သင်၏ ဆုကို လက်လွှတ်ဆုံးရှုံးရမည်ဖြစ်ပြီး နောက်ထပ် ဆုရှင်တစ်ဦးကို အလိုအလျောက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ 

၇။ Grab မှ သင့်အား ကြိုတင်အကြောင်းကြားမှု မပြုလုပ်ဘဲ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဘယ်အချိန်မဆို စည်းမျဉ်းသတ်မှတ်ချက်များရဲ့ ဘယ်အချက်အလက်ကိုမဆို ‌ပြောင်းလဲ၊ ပြင်ဆင်၊ ဖြုတ်ခွင့်ကို အပြည့်အဝ ရရှိထားပြီး သင့်အနေနဲ့ ‌ပြောင်းလဲမှုများကို သဘောတူညီလက်ခံပါတယ်။

၈။ အစီအစဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုကိစ္စရပ်မဆို Grab ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။ Grab အနေနဲ့ သင် သို့မဟုတ် တခြားသူတစ်စုံတစ်ဦးမှ အမြတ်ဆုံးရှုံးခြင်း၊ မတော်တဆပျက်စီးမှု၊ လက်ငင်းပျက်စီးမှုများ သို့မဟုတ် အစီအစဉ်နဲ့ ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပျက်စီးဆုံးရှုံးမှုများ ရှိပါတယ်ဟု ‌တောင်းဆိုမှုအပေါ် ‌ဖြေရှင်းပေးရန် တာဝန်မရှိပါ။ 

၉။ Grab အနေနဲ့ မူလဆုကို မ‌ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပွားခဲ့ပါက ဆုကို တူညီတဲ့ တန်ဖိုးရှိ ဆုတစ်ခုခုနဲ့ အစားထိုး‌ပေးနိုင်ခွင့် ရှိပါတယ်။ 

၁၀။ ဆုထုတ်ယူအသုံးပြုရာတွင် Grab အနေနဲ့ အငြင်းပွားဖွယ်ရာများကို ကာကွယ်ရန် ဆုရှင်အား အတည်ပြုဖို့ အထောက်အထား တစ်စုံတစ်ရာ ‌တောင်းခံကောင်း ‌တောင်းခံနိုင်ပါတယ်။ 

၁၁။ GrabFood လျှော့ဈေး ဘောက်ချာ ဆုများကို သတ်မှတ်ထားသော ကာလအတွင်းသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ သက်တမ်းကျော်လွန်သွားပါက ဆုကို အဆုံးရှုံးခံရမှာ ဖြစ်ပြီး နစ်နာကြေး ‌တောင်းခံခွင့် မရှိပါ။

၁၂။ ခြွင်းချက်အဖြစ် သတ်မှတ်ထားခြင်း မရှိပါက ဆုများကို ‌ငွေသား သို့မဟုတ် credit မည်သည့် ပုံစံနဲ့မဆို လွှဲပြောင်းခြင်း၊ လဲလှယ်ခြင်းများကို ခွင့်မပြုပါ။