Cash Wallet မှ မိမိ ဘဏ်အကောင့်သို့ ငွေလွဲပြောင်းခြင်း

Grab Pay Wallet ထဲက “Cash Wallet” ဆိုတဲ့ Feature ကို Grab က မကြာသေးမီက ထုတ်ဖော် ဖွင့်လှစ်ပေးခဲ့ပါတယ်။ “Cash Wallet” ကနေ Credit Wallet ထဲကို လွဲပြောင်းတဲ့ လုပ်ဆောင်ချက်ကြောင့်လည်း မိတ်ဆွေယာဉ်မောင်းတွေရဲ့ Top Up လုပ်ရာမှာ လွယ်ကူ လျှင်မြန်စေခဲ့ပါတယ်။

ယခုတစ်ခါမှာတော့ Cash Wallet ထဲကနေ၊ မိမိရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ကို တိုက်ရိုက်လွဲပြောင်းပုံကို ပြသပေးသွားမှာပါ။

အရင်ဆုံး Grab Driver App ရဲ့ ဘယ်ဘက်ဘေးနားက Menu ထဲက GrabPay Wallet ထဲကို ဝင်ရောက်လိုက်ပါ။

ပြီးရင် အောက်ဖက်ထဲက Cash Wallet ထဲကို ထပ်မံဝင်ရောက်လိုက်ပါ။

Cash Wallet ထဲမှာ Menu နှစ်ခုရှိတဲ့အထဲက အပေါ်က ‘Transfer to Account’ ဆိုတဲ့ထဲကို ဝင်လိုက်ပါ။

အထဲမှာ သင့်ရဲ့ Cash Wallet နဲ့အတူ သင့်ရဲ့ ဘဏ်အကောင့်ကို အတူတကွတွေ့ရမှာ ဖြစ်ပြီး Enter an amount ဆိုတဲ့နေရာမှာ ကိုယ်လွဲပြောင်းလိုတဲ့ ငွေပမာဏကို ရိုက်ထည့်ရမှာပါ။

မိမိထည့်သွင်းလိုတဲ့ ပမာဏကို ရိုက်ထည့်ပြီး ‘Next’ ဆိုတဲ့ ခလုတ်အစိမ်းကိုနှိပ်လိုက်ပါ။

နောက်တစ်ဆင့်မှာတော့ မိမိလွဲပြောင်းလိုတဲ့ ငွေပမာဏကို ပြသပေးမှာဖြစ်ပြီး ‘Transfer Now’ ကိုနှိပ်လိုက်ပါ။

ဒါဆိုရင်တော့ “Request Sent” ဆိုတဲ့ ပြေစာနဲ့အတူ ငွေလွဲပြောင်းမှု ပြီးဆုံးသွားပြီဖြစ်ပြီး Close ကိုနှိပ်ပြီး ပိတ်ထားနိုင်ပါပြီ။

ဒါကြောင့် ယခင်အတိုင်း ည၁၀ နာရီမှာ ‘ဝ’ ကျပ်ဖြစ်သွားတဲ့ စနစ်အစား Cash Wallet ထဲမှ ပိုက်ဆံတွေကို အထက်ပါအတိုင်း လွဲပြောင်းလိုက်တာနဲ့ နောက်တစ်နေ့မှာ သင့်ဘဏ်အကောင့်ထဲကို လွဲပြီးပိုက်ဆံတွေဝင်ရောက်နေတာကို တွေ့ရမှာပါ။

အထက်ပါအတိုင်း မိမိစိတ်ကြိုက် လွဲပြောင်းထုတ်ယူနိုင်တဲ့ စနစ်ကို Grab က အစားထိုးပြောင်းလဲသွားပြီ ဖြစ်တာကြောင့် ဖော်ပြပါအဆင့်တွေကို လေ့လာထားကြဖို့ တိုက်တွန်းအပ်ပါတယ်။