Cash Wallet ထဲမှ မိမိငွေကို Credit Wallet ထဲသို့ ဘေလ်ဖြည့် / လွဲပြောင်းပုံ အဆင့်ဆင့်

  1. ရှေးဦးစွာ Driver App ၏ Menu ထဲမှ GrabPay Wallet ထဲသို့ ဝင်ရောက်ပါ။

  1. ရွေးချယ်စရာ နှစ်ခုရှိသည့်အနက် အပေါ်မှ Credit Wallet ထဲသို့ ထပ်မံ ဝင်ရောက်ပါ။

  1. Credit Wallet Menu သို့ ရောက်လျှင် အပေါ်ဆုံးမှ Top Up with Account ကို နှိပ်ပါ။

  1. Top Up Menu သို့ ရောက်လျှင် မိမိ၏ Cash Wallet တွင် ကျန်ရှိသည့် လက်ကျန်ငွေနှင့် Credit Wallet ထဲတွင် ရှိနေသည့် ငွေကို မြင်နိုင်မှာ ဖြစ်ပြီး မိမိဖြည့်သွင်းလိုသည့် ငွေပမာဏကို ရိုက်ထည့်ပြီး Next ကိုနှိပ်ပါ။

  1. Top Up Now ကိုနှိပ်ပါ။

  1. အခုလို Message လေးပေါ်လာရင်တော့ ရပါပြီ။ Close ကိုနှိပ်ပါ။

အထက်ပါအဆင့်တွေအတိုင်း မိမိ Cash Wallet ထဲမှ Credit Wallet ထဲသို့ အလွယ်တကူ Top Up (Bill ဖြည့်) လုပ်နိုင်ပြီ ဖြစ်ပါတယ်။

[သတိပြုရန်]

Cash Wallet ထဲမှ ငွေများမှာ ည ၁၂နာရီကျော်လျှင် မိမိဘဏ်အကောင့်ထဲသို့ အလိုအလျောက် လွဲပြောင်းသွားမည် ဖြစ်သောကြောင့် Cash Wallet ထဲမှ ငွေဖြည့်လိုသူများမှာ ည၁၂ နာရီမတိုင်မီ ဖြည့်သွင်းပေးကြပါရန် အသိပေးအပ်ပါသည်။